CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, April 7, 2020
ရုပ်ရှင်သရုပ်ဆောင်မင်းရာဇာနှင့် ဇနီးဖြစ်သူက အိမ်အကူ အမျိုးသမီးကို အက်စစ်ဖြင့်ပက်
ရန်ကုန်၊ဧပြီ ၈
ရုပ်ရှင်သရုပ်ဆောင်မင်းရာဇာပါ (၃)ဦးသည် အိမ်အကူဖြစ်သူကို အက်စစ်ဖြင့် ပက်သောကြောင့် မိခင်ဖြစ်သူမှ ရွှေပေါက်ကံရဲစခန်းတွင် တိုင်ကြားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
မိခင်ဖြစ်သူဒေါ်သင်းသင်းခိုင်သည် လွန်ခဲ့သောရက်အနည်းက လှုမှုကွန်ရက်စာမျက်နှာပေါ်တွင် မင်းရာဇာနှင့် လူမှုရေးဖောက်ပြန်သော အသံဖိုင်အား ဇနီးဖြစ်သူမှတင်ထား
သည်ကို ကြားသိရ၍ သမီးဖြစ်သူထံသွားရောက်ရာ သမီးမှာ လမ်းလျှောက်ရာ မူမမှန်၍ မေးမြန်းရာ ရွှေပေါက်ကံရှိနေအိမ်သို့ မင်းရာဇာနှင့်ဇနီးဖြစ်သူ မဖူးငုံပွင့်တို့ရောက်ရှိလာပြီး"နင့်ကောင်မကို အက်စစ်နဲ့နင်ပက်မလား ငါပက်မရမလား နင်မပက်ရင် ငါပက်မှာ"ဟု ပြောဆိုသဖြင့် ဘောင်းဘီ
ချွတ်၍ အက်စစ်ဖြင့်ပက်ခဲ့ပြီး လွန်ခဲ့သော ၂ရက်ခန့်ကလည်း မင်းရာဇာ၏ယောက်ခမဖြစ်သူဦးမောင်မောင်အေးမှ ဦးခေါင်းအား တူဖြင့်ထု၍ သွေးထွက်ဒဏ်ရာရရှိခဲ့ကြောင်း မိခင်ဖြစ်သူကိုပြောဆို၍ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
လာတိုင်ထားတာဟုတ်ပါတယ်။ ကောင်မလေးကတော့ အခုဆေးရုံရောက်နေပါတယ်၊ ဟိုဘက်ရဲစခန်းနဲ့ ချိတ်ဆက်ဆောင်ရွက်နေပါတယ် ဟု ရွှေပေါက်ကံနယ်မြေရဲစခန်းမှ အတည်ပြုသည်။
ရွှေပေါက်ကံရဲစခန်းက ပြစ်မှုကျူးလွန်သူ.တာမွေမြို့နယ်၊ကျောက်မြောင်းရပ်ကွက်၊ဇောတိကလမ်းနေ ရုပ်ရှင်သရုပ်ဆောင်မင်းရာဇာ၊ ဇနီးဖြစ်သူမဖူးငုံပွင့်နှင့်ဦးမောင်မောင်အေးတို့အား (ပ)အမှတ် ၅၀၅၊ပုဒ်မ ၃၂၄၊၃၂၅၊၃၅၄၊၁၁၄တို့ဖြငိ့ အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
J-01
ZawGyi
ရန်ကုန်၊ဧပြီ ၈
J-01
#The_Voice_Daily #Crime
Website Link Down နေသဖြင့် ဒီတိုင်းတင်ပေးရခြင်းဖြစ်ပါတယ်။
Labels:
crime in Myanmar,
Myanmar Celebrity
ရုပ်ရှင်သရုပ်ဆောင်မင်းရာဇာနှင့် ဇနီးဖြစ်သူက အိမ်အကူ အမျိုးသမီးကို အက်စစ်ဖြင့်ပက်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
April 07, 2020
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment