ကပ္ႀကီး သံုးပါး ေက်ာ္လႊားႏိုင္ေစဖို႔ မင္းကြန္းဆရာေတာ္ႀကီး၏ မိန္႕မွာခ်က္မ်ား
(၁)။ သူတကာေတြ ေလာဘႀကီးေသာ္လည္းမိမိက ေလာဘမႀကီးေအာင္ေနပါ။
ထိုသို႔ေနလၽွင္ သူတကာငတ္မြတ္ေခါင္းပါးျခင္း(ဒုဗၻိကၡႏၲရာယ္)ေဘးသင့္ေရာက္ေသာ္လည္း မိမိမွာထိုေဘးမွ လြတ္ေျမာက္မည္။
(၂)။ သူတကာေတြ ေဒါသႀကီးေသာ္လည္းမိမိက ေဒါသမႀကီးေအာင္ေနပါ။
ထိုသို႔ေနလၽွင္ သူတကာ လက္နက္ေဘးဆိုး အႏၲရာယ္(သတၱႏၲရကပ္)ဆိုက္ေရာက္ေသာ္လည္းမိမိမွာ ထိုေဘးမွ လြတ္ေျမာက္မည္။
(၃)။ သူတကာေတြ ေမာဟႀကီးေသာ္လည္းမိမိက ေမာဟမႀကီးေအာင္ေနပါ။
ထိုသို႔ေနလၽွင္ သူတကာ အနာေရာဂါေဘးဆိုး(ေရာဂႏၲရကပ္)ဆိုက္ေရာက္ေသာ္လည္းမိမိမွာ ထိုကပ္ေဘးမွ လြတ္ေျမာက္မည္။
ဤကား ေက်းဇူးေတာ္ရွင္မစိုးရိမ္ဆရာေတာ္ဘုရားႀကီး အျမဲမျပတ္ ဆိုဆုံးမေလ့ရွိေသာ ၾသဝါဒ ျဖစ္သည္။
ယေန႔ ယခု မ်က္ေမွာက္ အခ်ိန္အခါသည္ကား ထိုၾသဝါဒအတိုင္းလိုက္နာက်င့္သုံးရန္ အခ်ိန္တန္ေနၿပီျဖစ္၍
(၁)။ ေလာဘမႀကီးရန္ မိမိတတ္နိုင္သမၽွစြန္႔ၾကဲ ေပးကမ္း လႉဒါန္းပါ။ (ဒါန၊ စာဂ)
(၂)။ ေဒါသမႀကီးရန္ သတၱဝါအားလုံးတို႔အား ေမတၱာတရား ပြားမ်ားပို႔သပါ။(ေမတၱာ ဘာဝနာ)
(၃)။ ေမာဟမႀကီးရန္ ႐ုပ္နာမ္ဓမၼ သခၤါရတို႔၏ အနိစၥ ၊ ဒုကၡ၊ အနတၱ သေဘာကိုအခ်ိန္ရသမၽွ ဆင္ျခင္ပါ။ (ဝိပႆနာဘာဝနာ)
တိပိဋကဓရ၊တိပိဋကေကာဝိဒ ဓမၼဘ႑ာဂါရိကေက်းဇူးေတာ္ရွင္ မင္းကြန္းဆရာေတာ္ဘုရားႀကီး
ေလာဘ၊ ေဒါသ၊ ေမာဟ မ်ားကင္းေဝးကာေအးခ်မ္းၾကပါေစ။
ကပ်ကြီး သုံးပါး ကျော်လွှားနိုင်စေဖို့ မင်းကွန်းဆရာတော်ကြီး၏ မိန့်မှာချက်များ
(၁)။ သူတကာတွေ လောဘကြီးသော်လည်းမိမိက လောဘမကြီးအောင်နေပါ။
ထိုသို့နေလျှင် သူတကာငတ်မွတ်ခေါင်းပါးခြင်း(ဒုဗ္ဘိက္ခန္တရာယ်)ဘေးသင့်ရောက်သော်လည်း မိမိမှာထိုဘေးမှ လွတ်မြောက်မည်။
(၂)။ သူတကာတွေ ဒေါသကြီးသော်လည်းမိမိက ဒေါသမကြီးအောင်နေပါ။
ထိုသို့နေလျှင် သူတကာ လက်နက်ဘေးဆိုး အန္တရာယ်(သတ္တန္တရကပ်)ဆိုက်ရောက်သော်လည်းမိမိမှာ ထိုဘေးမှ လွတ်မြောက်မည်။
(၃)။ သူတကာတွေ မောဟကြီးသော်လည်းမိမိက မောဟမကြီးအောင်နေပါ။
ထိုသို့နေလျှင် သူတကာ အနာရောဂါဘေးဆိုး(ရောဂန္တရကပ်)ဆိုက်ရောက်သော်လည်းမိမိမှာ ထိုကပ်ဘေးမှ လွတ်မြောက်မည်။
ဤကား ကျေးဇူးတော်ရှင်မစိုးရိမ်ဆရာတော်ဘုရားကြီး အမြဲမပြတ် ဆိုဆုံးမလေ့ရှိသော သြဝါဒ ဖြစ်သည်။
ယနေ့ ယခု မျက်မှောက် အချိန်အခါသည်ကား ထိုသြဝါဒအတိုင်းလိုက်နာကျင့်သုံးရန် အချိန်တန်နေပြီဖြစ်၍
(၁)။ လောဘမကြီးရန် မိမိတတ်နိုင်သမျှစွန့်ကြဲ ပေးကမ်း လှူဒါန်းပါ။ (ဒါန၊ စာဂ)
(၂)။ ဒေါသမကြီးရန် သတ္တဝါအားလုံးတို့အား မေတ္တာတရား ပွားများပို့သပါ။(မေတ္တာ ဘာဝနာ)
(၃)။ မောဟမကြီးရန် ရုပ်နာမ်ဓမ္မ သင်္ခါရတို့၏ အနိစ္စ ၊ ဒုက္ခ၊ အနတ္တ သဘောကိုအချိန်ရသမျှ ဆင်ခြင်ပါ။ (ဝိပဿနာဘာဝနာ)
တိပိဋကဓရ၊တိပိဋကကောဝိဒ ဓမ္မဘဏ္ဍာဂါရိကကျေးဇူးတော်ရှင် မင်းကွန်းဆရာတော်ဘုရားကြီး
လောဘ၊ ဒေါသ၊ မောဟ များကင်းဝေးကာအေးချမ်းကြပါစေ။
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Monday, March 9, 2020
ကပ္ႀကီး သံုးပါး ေက်ာ္လႊားႏိုင္ေစဖို႔ မင္းကြန္းဆရာေတာ္ႀကီး၏ မိန္႕မွာခ်က္မ်ား
ကပ္ႀကီး သံုးပါး ေက်ာ္လႊားႏိုင္ေစဖို႔ မင္းကြန္းဆရာေတာ္ႀကီး၏ မိန္႕မွာခ်က္မ်ား
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
March 09, 2020
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment