ပိုက်ဆံမရှိလို့ ဟင်းရွက်ခူးရောင်းတယ်။
အပင်ပေါ်ကပြုတ်ကျ ခေါင်းပေါက်တယ်။
ကန်ကြီးထောင့်ဆေးရုံက ပုသိမ်ကို လွှဲတယ်။
သွားစရာ ကားခ မရှိ ဆေးရုံက စုပေးလိုက်တာ ၂သောင်း။
ကားငှားလာတာက တစ်သောင်း။ နောက်နေ့ ထမင်းစား မုန့်စား လိုတာလေးတွေဝယ်။
တစ်ရက်ခွဲအကြာမှာ ပါလာတဲ့ ငွေက ကုန်ပါလေရော။
ကျွန်တော် ညဘက် round လှည့်တုန်း ဒီလူနာရဲ့ ဒုက္ခကို တာဝန်ကျ ဆရာမက ပြောပြပါတယ်။
နက်ဖန်ဆိုတာ ထမင်းစားဖို့ မရေရာတဲ့ ဘဝတွေရယ်။
စိတ်မကောင်းစွာနဲ့ အလှူငွေ ငါးသောင်း ပေးလိုက်ပါတယ်။
လွန်ခဲ့တဲ့ ၂ရက် ရန်ကုန်သွားတုန်းက တပည့်ဟောင်းတွေဖြစ်တဲ့ နီနီ၊ နန်းအိ၊ မျိုးနွယ်၊ ဝါဝါတို့က ဆရာ လိုရာသုံးပါဆိုပြီး ကန်တော့တဲ့ငွေလေး အကျိုးရှိသွားခဲ့ပါပြီ။
ထမင်းဆာသူတွေကို ထမင်းကျွေးနိုင်သော အင်အား၊ ငိုနေသူတွေကို မျက်ရည်သုတ်စေမယ့် ခွန်အား တပည့်တော်အား ပေးသနားတော်မူပါ။
Dr.Than Min Htut
No comments:
Post a Comment