■ အရက်ဆိုင်အပိုင်း
တွေ့ရတဲ့ အရက်ဆိုင် CCTV မှတ်တမ်းအရ ဆရာဝန်ဟာ အရက်ဆိုင်မှထလာတော့မူးနေတာ သေချာတယ်။ အရက်သောက်တာ ကလေးကိုချီထားတယ်။ ပြန်ဖို့ထတဲ့အခါမှာ ယိုင်နေလို့ ဒီဘက်ရှိလူကတောင် ထထိန်းပေးရတယ်။ စားပွဲထိုးလားဘာလားတော့မသိ၊ တစ်ယောက်က ကလေးကို လာချီပေးရတယ်။ ကားပေါ်ထိ လိုက်ပို့ပေးတယ်။ ကားမောင်းထွက်သွားတယ်။
■ မြစ်ထဲကျသောနေရာအနေအထား
ရှင်ဥပဂုတ္တကျောင်းဆောင်ဘေး၊ ကွန်ကရစ်ခင်းထားတာ တွေ့ရတယ်။ အကာအရံအတားအဆီးကို တိုက်မိပြီး ထိုးကျသောအနေအထားမဟုတ်သဖြင့် ပတ်ဝန်းကျင်မှ အသံမကြားနိုင်။
■ ရေထဲရှိအနေအထား
ကားပက်လက်လန်နေတယ်။ ဆရာဝန်ရဲ့အလောင်းက ကားရှေ့ခန်းမှာသာရှိတယ်။ ယာဥ်မောင်းဘေးမှန်ကလည်း တင်ထားတယ်။ ကလေးက နောက်ခန်းမှာပဲ။
(ကိုယ်တိုင်ပါဝင်ဆယ်ယူသူများ၏ရေးသားမှု)
🎯 ကောက်ချက်
အရက်ဆိုင်မှထတော့ ယိုင်နေတယ်၊ မူးနေတယ်။
ကားမှန်ဖွင့်မောင်းလာတယ်။ လေလေးက တဝှီးဝှီးနဲ့ ဆိုတော့...
(((ကျနော်ကိုယ်တွေ့ထည့်ရေးမယ်။ ဘော်ဒါတစ်ကောင်နဲ့ ---မြို့မှာတုန်းက အခြားမြို့ကို အရက်သွားသောက်တယ်၊ ခပ်ဝေးဝေးကမျင်းကျောထပြီး သွားသောက်တာပေါ့။ သောက်နိုင်တယ်၊ ထတာလည်းပုံမပျက်ဘူး၊ အေးဆေးပဲ။ ကျနော်က အနောက်မှာထိုင်စီးသူ။ ၂ ကောင်သား စကားတပြောပြောနဲ့ ပြန်လာတယ်၊ ညဘက်ပေါ့။ ဘယ်အချိန် ကိုယ်လည်းသတိလစ်၊ မောင်းတဲ့ကောင်လည်း လစ်သွားလည်းမသိ။ ဖုန်းကနဲ ဆိုင်ကယ်မှောက်တယ်။ အေးဆေးပဲ၊ ဖုတ်ဖက်ခါပြီး ဆိုင်ကယ်ဆွဲထူ၊ ဆက်မောင်းပြီးပြန်တာပေါ့။ ဆက်မောင်းရင်း ဘယ်အချိန် ၂ ကောင်လုံး ထပ်သတိလစ်သွားပြန်လည်းမသိ... ဒီတစ်ကြိမ် မှောက်တာ အတော်ပြင်းထန်တယ်။ ဆိုင်ကယ်တခြား လူတခြား ၂ ကောင်လုံး လွင့်ထွက်သွားလေရဲ့။ ဆိုင်ကယ်ကာဗာတွေ မီးလုံးတွေ အကုန် မွစာကြဲလို့.. အဲ.. ကံကောင်းချက်က ၂ ကောင်လုံး ခြစ်ရာလေးတောင် ဒဏ်ရာမရဘူးရယ်။ ဘယ်ကား ဘယ်လူနဲ့မှလည်း မတိုက်မိ၊ သူတော်ကောင်းကို စောင့်ရှောက်သူရှိလို့ပဲဖြစ်မယ်။ ဟီးးးးး
ဆိုလိုချင်တာက အရက်ကို မူးတဲ့အထိ (မမှောက်ခင်အထိ) သောက်ပါ၊ သောက်ပြီး လေတဖြူးဖြူးနဲ့ ယာဥ်တစ်ခုခု မောင်းကြည့်။ ဆေးရုံ၊ ထောင်နဲ့သင်္ချိုင်းက ဝမ်းမလီးဝဲလ်ကမ်းပဲ။ အရက်က တဖြည်းဖြည်းနဲ့ အရှိန်လေးတက်လာ၊ လူက ငြိမ်ငြိမ်လေးယာဥ်မောင်းနေရ၊ လစ်ပြီလေ အသိစိတ်။ မယုံရင် ကိုယ်တိုင်စမ်းကြည့်ချေ။)))
ကလေးကို ဆရာဝန်က နောက်ခန်းမှာ ဖက်လျက်လေး ဘာညာဘာညာနဲ့၊ မြန်မာပြည်ထုံးစံအတိုင်း ဒရမ်မာတွေက ပါလာတယ်။
❌ မူးလျင်မမောင်းနဲ့၊ မောင်းလျင်မမူးနဲ့
အမှန်ပါပဲ။ ဆရာဝန်သားအဖ သေရတာ အရက်သောက်ထားလို့ပါ။
သို့သော်..
သူတို့ သားအဖကို သတ်လိုက်တဲ့အရာ ရှိပါတယ်။
အရက်က အဓိက တရားခံ မဟုတ်ပါဘူး။
အဲ့ဒါက
"အသိဥာဏ်နဲ့အလေ့အထ"
ကျနော်တို့ကိုယ်တိုင်..
မူးလည်းအေးဆေးပါ၊ ဒီကောင်ကကြွက်တွင်း ဘာညာဘာညာဆိုပြီး ကိုယ်နဲ့အတူသောက်သူ မူးနေလည်း သူ့ဟာသူပြန်နိုင်တယ်ဆိုပြီး နေတတ်ကြပါတယ်။ ကိုယ်တိုင်လည်း လုပ်ကြပါတယ်။
ဒီကောင် မမောင်းသင့်တော့ဘူး...
ငါမူးနေပြီ၊ မမောင်းသင့်ဘူး... ဆိုတဲ့ အတွေး အကျင့် မရှိကြပါဘူး။
မူးနေသူကို မမူးသူက ပြန်ပို့ပေးဖို့၊
အခြားကားတစ်စီးနဲ့ ပြန်စေဖို့၊
နီးစပ်ရာမှာသာအိပ်စေဖို့...
နိုးပါ။ 0.01% လောက်သာ ကိုယ်နဲ့သောက်ဖော်သောက်ဖက်/ ကိုယ်တိုင် ကို အဲ့လို ပြုမူစေပါတယ်။
ဆရာဝန်သားအဖ သေဆုံးတာကိုဖတ်ရင်းနဲ့ ကျနော့်အတွက်တော့ အသိလေးတစ်ခုကို သေသေချာချာ စွဲမှတ်ယူလိုက်ရပါတယ်။
မူးလျင်မမောင်းနဲ့၊ မောင်းလျင်မမူးနဲ့
😓😓
"မဟာပညာရွိစုံေထာက္ေပါေသာနိုင္ငံ"
■ အရက္ဆိုင္အပိုင္း
ေတြ႕ရတဲ့ အရက္ဆိုင္ CCTV မွတ္တမ္းအရ ဆရာဝန္ဟာ အရက္ဆိုင္မွထလာေတာ့မူးေနတာ ေသခ်ာတယ္။ အရက္ေသာက္တာ ကေလးကိုခ်ီထားတယ္။ ျပန္ဖို႔ထတဲ့အခါမွာ ယိုင္ေနလို႔ ဒီဘက္ရွိလူကေတာင္ ထထိန္းေပးရတယ္။ စားပြဲထိုးလားဘာလားေတာ့မသိ၊ တစ္ေယာက္က ကေလးကို လာခ်ီေပးရတယ္။ ကားေပၚထိ လိုက္ပို႔ေပးတယ္။ ကားေမာင္းထြက္သြားတယ္။
■ ျမစ္ထဲက်ေသာေနရာအေနအထား
ရွင္ဥပဂုတၱေက်ာင္းေဆာင္ေဘး၊ ကြန္ကရစ္ခင္းထားတာ ေတြ႕ရတယ္။ အကာအရံအတားအဆီးကို တိုက္မိၿပီး ထိုးက်ေသာအေနအထားမဟုတ္သျဖင့္ ပတ္ဝန္းက်င္မွ အသံမၾကားနိုင္။
■ ေရထဲရွိအေနအထား
ကားပက္လက္လန္ေနတယ္။ ဆရာဝန္ရဲ့အေလာင္းက ကားေရွ႕ခန္းမွာသာရွိတယ္။ ယာဥ္ေမာင္းေဘးမွန္ကလည္း တင္ထားတယ္။ ကေလးက ေနာက္ခန္းမွာပဲ။
(ကိုယ္တိုင္ပါဝင္ဆယ္ယူသူမ်ား၏ေရးသားမႈ)
ေကာက္ခ်က္
အရက္ဆိုင္မွထေတာ့ ယိုင္ေနတယ္၊ မူးေနတယ္။
ကားမွန္ဖြင့္ေမာင္းလာတယ္။ ေလေလးက တဝွီးဝွီးနဲ႔ ဆိုေတာ့...
(((က်ေနာ္ကိုယ္ေတြ႕ထည့္ေရးမယ္။ ေဘာ္ဒါတစ္ေကာင္နဲ႔ ---ၿမိဳ႕မွာတုန္းက အျခားၿမိဳ႕ကို အရက္သြားေသာက္တယ္၊ ခပ္ေဝးေဝးကမ်င္းေက်ာထၿပီး သြားေသာက္တာေပါ့။ ေသာက္နိုင္တယ္၊ ထတာလည္းပုံမပ်က္ဘူး၊ ေအးေဆးပဲ။ က်ေနာ္က အေနာက္မွာထိုင္စီးသူ။ ၂ ေကာင္သား စကားတေျပာေျပာနဲ႔ ျပန္လာတယ္၊ ညဘက္ေပါ့။ ဘယ္အခ်ိန္ ကိုယ္လည္းသတိလစ္၊ ေမာင္းတဲ့ေကာင္လည္း လစ္သြားလည္းမသိ။ ဖုန္းကနဲ ဆိုင္ကယ္ေမွာက္တယ္။ ေအးေဆးပဲ၊ ဖုတ္ဖက္ခါၿပီး ဆိုင္ကယ္ဆြဲထူ၊ ဆက္ေမာင္းၿပီးျပန္တာေပါ့။ ဆက္ေမာင္းရင္း ဘယ္အခ်ိန္ ၂ ေကာင္လုံး ထပ္သတိလစ္သြားျပန္လည္းမသိ... ဒီတစ္ႀကိမ္ ေမွာက္တာ အေတာ္ျပင္းထန္တယ္။ ဆိုင္ကယ္တျခား လူတျခား ၂ ေကာင္လုံး လြင့္ထြက္သြားေလရဲ့။ ဆိုင္ကယ္ကာဗာေတြ မီးလုံးေတြ အကုန္ မြစာၾကဲလို႔.. အဲ.. ကံေကာင္းခ်က္က ၂ ေကာင္လုံး ျခစ္ရာေလးေတာင္ ဒဏ္ရာမရဘူးရယ္။ ဘယ္ကား ဘယ္လူနဲ႔မွလည္း မတိုက္မိ၊ သူေတာ္ေကာင္းကို ေစာင့္ေရွာက္သူရွိလို႔ပဲျဖစ္မယ္။ ဟီးးးးး
ဆိုလိုခ်င္တာက အရက္ကို မူးတဲ့အထိ (မေမွာက္ခင္အထိ) ေသာက္ပါ၊ ေသာက္ၿပီး ေလတျဖဴးျဖဴးနဲ႔ ယာဥ္တစ္ခုခု ေမာင္းၾကည့္။ ေဆး႐ုံ၊ ေထာင္နဲ႔သခၤ်ိဳင္းက ဝမ္းမလီးဝဲလ္ကမ္းပဲ။ အရက္က တျဖည္းျဖည္းနဲ႔ အရွိန္ေလးတက္လာ၊ လူက ၿငိမ္ၿငိမ္ေလးယာဥ္ေမာင္းေနရ၊ လစ္ၿပီေလ အသိစိတ္။ မယုံရင္ ကိုယ္တိုင္စမ္းၾကည့္ေခ်။)))
ကေလးကို ဆရာဝန္က ေနာက္ခန္းမွာ ဖက္လ်က္ေလး ဘာညာဘာညာနဲ႔၊ ျမန္မာျပည္ထုံးစံအတိုင္း ဒရမ္မာေတြက ပါလာတယ္။
❌ မူးလ်င္မေမာင္းနဲ႔၊ ေမာင္းလ်င္မမူးနဲ႔
အမွန္ပါပဲ။ ဆရာဝန္သားအဖ ေသရတာ အရက္ေသာက္ထားလို႔ပါ။
သို႔ေသာ္..
သူတို႔ သားအဖကို သတ္လိုက္တဲ့အရာ ရွိပါတယ္။
အရက္က အဓိက တရားခံ မဟုတ္ပါဘူး။
အဲ့ဒါက
"အသိဥာဏ္နဲ႔အေလ့အထ"
က်ေနာ္တို႔ကိုယ္တိုင္..
မူးလည္းေအးေဆးပါ၊ ဒီေကာင္ကႂကြက္တြင္း ဘာညာဘာညာဆိုၿပီး ကိုယ္နဲ႔အတူေသာက္သူ မူးေနလည္း သူ႔ဟာသူျပန္နိုင္တယ္ဆိုၿပီး ေနတတ္ၾကပါတယ္။ ကိုယ္တိုင္လည္း လုပ္ၾကပါတယ္။
ဒီေကာင္ မေမာင္းသင့္ေတာ့ဘူး...
ငါမူးေနၿပီ၊ မေမာင္းသင့္ဘူး... ဆိုတဲ့ အေတြး အက်င့္ မရွိၾကပါဘူး။
မူးေနသူကို မမူးသူက ျပန္ပို႔ေပးဖို႔၊
အျခားကားတစ္စီးနဲ႔ ျပန္ေစဖို႔၊
နီးစပ္ရာမွာသာအိပ္ေစဖို႔...
နိုးပါ။ 0.01% ေလာက္သာ ကိုယ္နဲ႔ေသာက္ေဖာ္ေသာက္ဖက္/ ကိုယ္တိုင္ ကို အဲ့လို ျပဳမူေစပါတယ္။
ဆရာဝန္သားအဖ ေသဆုံးတာကိုဖတ္ရင္းနဲ႔ က်ေနာ့္အတြက္ေတာ့ အသိေလးတစ္ခုကို ေသေသခ်ာခ်ာ စြဲမွတ္ယူလိုက္ရပါတယ္။
မူးလ်င္မေမာင္းနဲ႔၊ ေမာင္းလ်င္မမူးနဲ႔
😓😓
No comments:
Post a Comment