CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, December 30, 2019
အက်စတာကို ဝေဖန်တဲ့သူတွေ ကိတ်လာအောင် ထိုင်ထ လုပ်နေလို့ ဒဲ့ပြောလိုက်တဲ့ ပန်ဆယ်လို
Myanmar Idol ပြိုင်ပွဲမှာ Winner Winner ရရှိခဲ့တဲ့ အက်စတာကို ဝေဖန်တိုက်ခိုက်မှုတွေပြုလုပ်နေကြတဲ့အပေါ် ပန်ဆယ်လိုက ခုလိုရေးလိုက်ပါတယ်။
Source : အိပန်ဆယ်လို
Candy -CeleConnections
ယူနီကုဒ်ဖြင့်ဖတ်ရန်
Cele Connections ပရိသတ်ကြီးရေ လတ်တလောမှာ ပရိသတ်တွေပါးစပ်ဖျားမှာ အငြင်းပွားနေကြတဲ့ အကြောင်းအရာကတော့ Myanmar Idol ပြိုင်ပွဲမှာ Winner ဆုရရှိခဲ့တဲ့ အကြောင်းအရာပဲ ဖြစ်ပါတယ်။ Winner ရရှိခဲ့တဲ့ အက်စတာကို ဝေဖန်တိုက်ခိုက်မှုတွေပြုလုပ်နေကြတဲ့အပေါ် ပြည်သူ့အချစ်တော် စာရေးဆရာမ ပန်ဆယ်လိုက ပညာသားပါပါနဲ့ သူမအမြင်ကို ပြောပြခဲ့တာပါ။
” အောင်မြင်မှုဟာ အဆိပ်လားလို့တောင် တွေးမိလာတယ်။ အထူးသဖြင့် ဝန်တိုခြင်းနိုင်ငံတော်မှာ အောင်မြင်ခြင်းဟာ အဆိပ်သင့်ခြင်း တစ်မျိုးပဲ။မြန်မာအိုင်ဒေါလ်ကို ဒီSeason မှာ လုံးဝမကြည့်ဖြစ်ဘူး။ ဘယ်သူ့ဖန်မှလည်း မဟုတ်ဘူး။ မကောင်းလို့လည်း မဟုတ်ဘူး။ ကိုယ့်ဟာကိုယ် ပျင်းလို့ မကြည့်ဖြစ်တာ။ Idol တစ်ခုလုံး ငိုပြနေကြလို့ ဧယဉ်ကျူးနေကြတာလားလေး မေးမိတာ အက်စတာကို တိုက်ခိုက်ပါတယ်ဆိုပြီး လာဝုန်းခံရသေးတယ်။
အက်စတာ နိုင်ငံခြားသွားတဲ့ ပုံတွေနဲ့ အရင်က ဆင်းရဲတယ်ဆိုပြီး မျက်ရည်ချူတယ်တို့၊ ပြိုင်ပွဲတွေမှာ ဆုရဖူးတယ်တို့ မရိုးသားတာ ဘာညာတွေ ရေးကြပြန်တယ်။ တကယ်ကလေ Myanmar Idol ဆိုတာ Reality Show ကြီး။ လူတွေရဲ့ စိတ်ခံစားမှုကို လှုပ်ယူနိုင်မှ ငွေရမှာ။ လူတွေကို စေတနာရှိလွန်းလို့ အလကား Entertains လုပ်နေတာမှ မဟုတ်တာ။ သူ့စင်ပေါ်မှာ တင်ပေးလိုက်တဲ့သူတိုင်းကို တစ်နိုင်ငံလုံးသိအောင် လုပ်ပေးနိုင်တယ်၊ အဲ့စင်တစ်ခု ဖြစ်လာဖို့လည်း ငွေတွေအများကြီး ရင်းနှီးထားရတယ်။ အဲ့အတွက် အဲ့ထက်ပိုတဲ့ငွေကို ပြန်ယူမှာပဲ။
ပြန်ရအောင် လုပ်မှာပဲ။ ပြန်ယူပေးနိုင်တဲ့ ဆွဲဆောင်မှုရှိတဲ့ရုပ်ရည်၊ ဆွဲဆောင်မှုရှိတဲ့ နောက်ခံဇာတ်ကြောင်းတွေ.. ဒါတွေကို ဖန်တီးမှာပဲ။ လိမ်တယ်ဆိုရင်တောင် စင်ပေါ်က မျောက်လေးတွေက လိမ်ရဲလားနဲ့ ဆန်ရဖို့ ပြမယ့်မျောက်လေးကို ဇာတ်ညွှန်းလှလှလေးတွေ ချပေးနိုင်သူက လိမ်ရဲလား ရိုးရိုးလေး တွေးကြည့်ရုံပဲ။
ပိုဆိုးလာတာက သူ့ဖန်တစ်ယောက်က စနောက်ပြီး လုပ်ထားမှန်း သိသာတဲ့ မောင်ဘယ်သူနဲ့ ဇနီးမအက်စတာဆိုတဲ့ ပုံကြီးကို အိမ်ထောင်ရှိပါတယ်ဆိုပြီး အတည်ပေါက်ကြီးနဲ့ ဖွနေကြတာမျိုး။ ပုံက ကြည့်လိုက်တာနဲ့ကို စထားမှန်း အသိသာကြီး။ အဲ့ဒါကြီးကို အတည်ကြီးတွေ ပြော၊ အတည်ကြီးတွေယုံနဲ့ ဘာတွေမှန်းတောင် မသိတော့ဘူး။ ဆက်ပြောရင် ကိုယ်က အက်စတာဖန်ဖြစ်ပြီး ဖျင်နာတယ် ထင်ကြဦးမယ်။
ကိုယ်က ဘယ်သူ့ကိုမှ ပလိန်းကြီး မတိုက်ခိုက်စေချင်တာပါ။ ဒီနေရာကို ရောက်လာကတည်းက စင်ပေါ်ရောက်လာသူတွေ အားလုံးရဲ့ အိပ်မက်ဟာ Winner ဖြစ်ဖို့ပဲမဟုတ်လား။ သူမှမဟုတ်ဘူး… ပြိုင်ပွဲဝင်အားလုံးဟာ ဒီဆုအတွက် ယှဉ်ပြိုင်ခဲ့ကြတာပဲ။သူများကို သနားလို့ နောက်ထပ်တစ်ယောက်ကို အကုသိုလ် ပွါးမယ့်အစား အတူတူ ထိုင်ထလုပ်ကြမလား..ဖျင်ကိတ်လာလို့ ဘောင်းဘီဆိုဒ်လေး တိုးလာမနည်းဘူးမဟုတ်လား..”
ပန်ဆယ်လို
Source : အိပန်ဆယ်လို
Labels:
gossip column,
Myanmar Celebrity
အက်စတာကို ဝေဖန်တဲ့သူတွေ ကိတ်လာအောင် ထိုင်ထ လုပ်နေလို့ ဒဲ့ပြောလိုက်တဲ့ ပန်ဆယ်လို
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 30, 2019
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment