ထိုင်းနိုင်ငံမြောက်ပိုင်းမှာ မြန်မာနိုင်ငံသား မိသားစု အသတ်ခံရ
အသတ်ခံရတဲ့ မြန်မာနိုင်ငံသား သုံးဦးဟာ ထိုင်းမြန်မာနယ်စပ် ချင်မိုင်းခရိုင် ချင်းဒေါင် မြို့ နယ် Mae Na မဲန ကျေးရွာအုပ်စုအမှတ် (၄)က သစ်သီးခြံအတွင်း အလုပ်လုပ်ကိုင်နေသူ မိသားစုဖြစ်ပါတယ်။
အမျိုးသား ဖြစ်သူ နိုင်ကျန်သ Chantha အသက် (၄၀)နဲ့  ဇနီး နန်း အွန် အသက် ၅၅ ရဲ့  သမီး နန်းခန် Kham အသက် ၂၈ တို့ ဟာ သူတို့ နေထိုင်နေတဲ့ စိုက်ပျိုးရေးခြံ အနီးက နေအိမ်မှာ သေဆုံး နေကြတာဟာ တရက်ကျော် ရှိနေပြီလို့  သိရပါတယ်။
ခြံပိုင်၇ှင်က သေဆုံးသူ မိသားစု အလုပ်မဆင်းလို့  သူတို့ နေထိုင်ရာနေရာကို လာကြည့်တဲ့အခါမှာ တံခါးပိတ်ထားတဲ့ နေအိမ်အတွင်း သေဆုံးနေတာတွေ့ ရပြီး သုံးဦးစလုံးရဲ့  ကိုယ်မှာ ရိုက်နှက် ထားတဲ့ ဒဏ်ရာတွေနဲ့  သေဆုံးနေကြတာဖြစ်ပါတယ်။
ချင်းဒေါင် ရဲမှူး နိုင် ၀ိနိချိုင် ပြောသွားတာကတော့ မိသားစုဝင် သုံးဦးသေဆုံးမှုနဲ့  ပါတ်သက်ပြီး သတ်သွားသူ တရားခံတွေဟာ သေဆုံးသူတွေရဲ့  ပိုင်ဆိုင်မှုတွေပါ လုယက်သွားကြတာဖြစ်ပြီး လူသတ်သမားတွေဟာ အုပ်စုလိုက် ကျူးလွန် (နှစ်ဦးထက်ပို) ခဲ့ ကြတာဖြစ်တယ်လို့  ထုတ်ဖေါ်ပြောဆိုသွားပါတယ်။
တရားခံတွေကို ဖမ်းမိနိုင်ဘို့  ဆက်လက် စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပြီး တရားခံတွေမည်သူမည်ဝါ ဖြစ်တယ် ဘာကြောင့် အသတ်ခံရတယ်ဆိုတာကို မကြာခင်ထုတ်ပြန်သွားမှာ ဖြစ်ကြောင်း ချင်းဒေါင်မြို့ နယ် ရဲတပ်ဖွဲ့ မှုးကပြောပါတယ်။
အသတ်ခံရတဲ့ မြန်မာနိုင်ငံသား မိသားစုဟာ ထိုင်းနိုင်ငံမှာ လာရောက်လုပ်ကိုင်နေကြတာ နှစ်နစ်ခန့် ရှိပြီဖြစ်ပါတယ်။။ SAW
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment