CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, September 9, 2019
BPI မြွေဆိပ်ဖြေဆေးကို ဈေးသက်သာစွာနဲ့ အလွယ်တကူ ဝယ်ယူနိုင်အောင် ကြိုးစားဖော်ထုတ်ပေးခဲ့တဲ့သူပါ
BPI မြွေဆိပ်ဖြေဆေးကို ဈေးသက်သာစွာနဲ့
အလွယ်တကူ ဝယ်ယူနိုင်အောင် ကြိုးစားဖော်ထုတ်ပေးခဲ့တဲ့သူပါ
သုံးစွဲသူတွေအတွက် ဈေးသက်သာစွာနဲ့ ထိရောက်ပြီး
အသုံးတည့်တဲ့ ဆေးတွေ ထပ်မံဖော်ဆောင်ဖို့ပဲ
စိတ်ထဲ ထည့်ခဲ့တဲ့သူပါ
ကုန်ကြမ်းပြတ်လပ်နေတဲ့အချိန်မှာ
ဆေးကို တကယ်လိုအပ်နေတဲ့သူတွေ လိုအပ်နေတဲ့
အချိန်မှာ ဝယ်မရမှာ
ဆေးဝါး ပြတ်တောက်ခဲ့ရင် လိုအပ်နေတဲ့သူတွေ
အဆင်မပြေမှာတွေးပူတဲ့ စိတ် စေတနာတစ်ခုထဲနဲ့
ဆုံးဖြတ်ခဲ့မှုကိုလည်း
သူ့နေရာမှာကိုယ်သာ စိတ်စေတနာအပြည့်နဲ့
ဆရာဝန်တယောက်ဖြစ်ခဲ့ရင်လည်း ဒီလိုပဲ ဆုံးဖြတ်မိမှာပါ
ဆေးဝါးသစ်တစ်ခု ထုတ်ဖို့ဆိုတာ ဘယ်လောက်ခက်ခဲပြီး
ဘယ်လောက်ကြိုးစားခဲ့ရလဲဆိုတာ တွေးကြည့်တာနဲ့သိနိုင်ပါတယ်
ထားခဲ့တဲ့စေတနာကို တန်ဖိုးထားပါတယ် ဒေါက်တာ
စေတနာအမှားဆိုတာ ၁၀၀% လက်ခံတဲ့အတွက်
အမြန်အဆင်ပြေပါစေ ဆုတောင်းပေးပါတယ်
Crd . . . Zaw Moe
ဒီလိုလူမျိုး အဂတိနဲ့ ကန်ထုတ်ခံရတာ နာတယ်
နေဝင်းတက်ပြီး တိုင်းပြည်က ပညာရှင်တွေ
ကန်ထုတ်ခံရလို့ တိုင်းပြည်မွဲခဲ့တယ်
နောက်ပိုင်း ဒီမှာနေလဲ အကျိုးမထူးလို့ 
မြန်မာပြည်က ပညာရှင်တွေ နိုင်ငံတကာကို
ရွှေ့ ပြောင်းသွားကြတယ်
အခုလဲ အဲ့ဒီဇာတ်လမ်းမျိုး ချိုးနေပြီ
သူယုတ်မာ အုပ်စု အများထဲမှာ ပညာရှင်တွေ
ရပ်တည်ဖို့ ခက်ခဲပါတယ် အစိုးရ အနေနဲ့
အစစ်အမှန် ပညာရှင်များ ရှေ့ မှာ မားမား မတ်မတ်
ရပ်တည်ပေးဖို့ လိုပါတယ်
ကျနော်ပြောတဲ့ ပညာရှင် ဆိုတာ
ပညာရှင် အစစ် အမှန်ကို ပြောတာပါ
အစိုးရကို အချဉ်သိပ်မဲ့ ပညာရှင်မျိုး မပါပါဘူး
Hla Moe
ဘီပီအိုင်မှ အင်ဂျင်နီယာတစ်ဦး ရေးထားတဲ့
comment ကို ဖတ်ကြည့်ပါ
#####
ကြားသိရသလောက်တော့ သူ့ လုပ်ရပ်က
အစိုးရအလုပ်မဟုတ်ပဲ ကုမ္ပဏီ မှာသာဆိုရင် မင်းတော်တယ်
မောင်ပြူးဆိုပြီး ဆုချခံရမယ့်သူပါ။တင်ဒါ နဲ့ ၀ယ်ထားတဲ့
ကော်စေ့ တွေ မရောက်ခင် တစ်လ ခွဲလောက် ထုပ်လုပ်မှု
ရပ်ထားရမှာစိုးလို့ ပြည်တွင်း မှာရောက်ရှိနေတဲ့ တစ်ခြား
ကော်စေ့ တံဆိပ်တစ်မျိုးကို တစ်လခွဲစာလောက် ယူသုံးတယ်။
ကော်စေ့က ကွာလတီမီတယ်။ဒါပေမယ့် တင်ဒါနဲ့မှာထားတဲ့
ကော်စေ့နဲ့ တံဆိပ်ကွဲနေတယ်၊ပြသနာကဒါပါပဲ၊
ခေတ် အပြောင်းမှာ စက်ရုံတွေဟာ ကိုယ့် ၀င်ငွေနဲ့
ကိုယ်ရပ်တည် ကြရတယ်၊ ၀န်ထမ်း၂၀၀၀ လောက်
လခကတင်မနည်းဘူး၊ ဆေးတွေ ရောင်းရအောင်
သူကိုယ်တိုင် Marketing ဆင်းတယ်။နယ်တကာ
ဆေးရုံ အုပ်တွေဆီသွားပြီ စိတ်ရှည်လက်ရှည် အောက်ကြို့
ရှင်းပြစည်းရုံးတယ်လို့သိရတယ်။ဝယ်လိုအားကောင်းတဲ့
ဆေးတွေထုတ်တဲ့ဌာနတွေဆို တစ်နေ့ ၂ ဆိုင်း နဲ့
စနေ တနင်္ဂနွေ တွေပါထုတ်ကြရတယ်။
သူကစက်ရုံရဲ့ ငယ်မွေး ခြံပေါက်လို့ ပြောရင်ရမယ်။
အလုပ်စ၀င်တော့ ခုရာထူးရဲ့ ၄ ဆင့်လောက်ငယ်တဲ့ ရာထူးနဲ့
စ၀င်တယ်၊ ကုန်ထုတ်ဌာနပေါင်းစုံနဲ့ QC, QA ,Planning ဌာန
တွေမှာ လုပ်ခဲ့တယ်၊ စက်ရုံရောက်မှ ဆရာဝန် မာစတာဘွဲ့ကို
စက်ရုံနဲ့ သက်ဆိုင်တဲ့ Micro Biology အထူးပြုနဲ့ယူတယ်၊
တစ်ခြား အလုပ်မှာ အသုံးတဲ့မည့် သင်တန်းပေါင်းစုံလည်းတက်ခဲ့ တယ်။ စက်ရုံဝန်ထမ်းသက်တမ်း တစ်လျောက်မှာ သူ့ရဲ့
စွမ်းဆောင်ချက်တွေ အများကြီးပါ၊ နဂိုက ချမ်းသာပြီးသား၊စက်ရုံ အတွက်ပဲ ဘ၀ကိုမြုပ်နှံထားသူ စွမ်းဆောင်ရည်ရှိသူတစ်ယောက်ပါ၊quality ရှိသူတစ်ယောက်ပါ။ငွေ အတွက် ထင်ပေါ်မှုအတွက်
မဟုတ်ပဲ၊စွမ်းဆောင်ရည်ပြချင်စိတ် Esteen need အတွက် အလုပ်လုပ်နေသူ တစ်ယောက်လို့ပဲမြင်ပါတယ်၊
ခုခေတ်ကာလမှာ သူ့နေရာ အစားထိုးနိုင်ဖို့ဆိုရင် ရှာဖို့ခက်ပါမယ်။
ရှိရင်တောင် ရှားပါမယ်။ဒီလိုပဲမြင်ပါတယ်။စီမံခန့်ခွဲမှု
Motivation လဲ ကောင်းတယ်လို့မြင်ပါတယ်။
စာကြွင်းး ၊ ကော်စေ့တန်ဘိုးများလည်း
မပေးချေရသေးဟုကြားသိရပါတယ်။
#######
Copy,
Credit, Hinn Hinn Aye Lu
BPI မြွေဆိပ်ဖြေဆေးကို ဈေးသက်သာစွာနဲ့ အလွယ်တကူ ဝယ်ယူနိုင်အောင် ကြိုးစားဖော်ထုတ်ပေးခဲ့တဲ့သူပါ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
September 09, 2019
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment