CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Saturday, September 21, 2019
လုိေသာသူ၊ယူထားပါ´ (ေႁမြဆိပ္ေျဖေဆး)
-တစ်ခါကကျနော်တို့လင်မယားမြဝတီဆေးရုံကိုလူနာမေးဘို့ရောက်သွားပါတယ်
ညနေ၅နာရီကျော်တော့မှောင်စပျိုးနေပြီလေလူနာရှင်တွေနဲ့စကားပြောနေတုံးယောက်ကျား၂ဦး
စောင်ကိုပုခက်ဆင်ပြီးလူနာတစ်ဦး
ထမ်းဝင်လာတာကိုတွေ့ရလို့သွားကြည့်လိုက်တော့ အတွင်းကွင်းကလေးရွာကအသက်၁၈နှစ်လောက်ရှိတဲ့ကရင်မလေးတယောက်ခြေညိုှးနဲ့ခြေမကြားမှာမြွေဟောက်အကိုက်ခံထားရတယ် သူ့ခ
မျာလည်းငိုညည်းနေပြီးကြိုးနဲ့စည်းထားလို့ဘယ်ခြေထောက်တခုလုံး
ရောင်ကိုင်းနေပါတော့တယ်။
-ဆရာဝန်လာကြည့်ပြီးပြန်သွားတော့ဆေးရုံကဓာတ်မှန်ဆရာလေးကိုကျ
နော်မေးကြည့်မိတယ်-
~မရတော့ဘူး ခန္ဓာကိုယ်တခုလုံးမြွေဆိပ်တွေပြန့်ကုန်လို့နောက်နေ့မကူးတော့ဘူး ~
လို့ ပြောပါတယ်-
-ခလေးမလေးလည်း အမိုး အမိုး လို့
ခေါ်ပြီး လူးလှိမ့်ကာငိုညည်းနေတာကို ဘာမှမမတတ်နိုင်တော့တဲ့သူ့အမေနဲ့ ရွာကပါလာတဲ့အစ်ကိုတော်တွေခမျာ မျာသူ့ကိုကြည့်ပြီးမျက်ရည်ကျရုံမှတပါးဘာမှ မတတ်နိုင်ရှာကြ
တော့ဘူးလေ အချိန်ကလည်းည ၉နာရီထိုးတော့မှာမို့ကျနော့်မိန်းးမကို
ကိုကျော်မင်းဦးကိုအကြိုးအကြောင်းပြောပြီးခေါ်လာဘို့ဆိုက်ကားတစီးခေါ်ပြီးကျနော်ဆရာအခေါ်လွှတ်လိုက်ပါတော့တယ်။
-ထိုအချိန်ကဆေးရုံမီးကလည်းည
၁ဝနာရီအထိသာမှိန်ပြပြပေးပါတယ်
ကျန်းမာရေးဝန်ထမ်းဆိုလို့လည်းတ
ယောက်မှမလာတော့ပါ ကျနော်လည်းလူနာရှင်တွေကို စိတ်မပူကြရန်နှင့် ကျနော်ဆေးဆရာအခေါ်လွှတ်လိုက်ပြီဖြစ်ကြောင်းပြောပြရာလူနာရှင်များမှာ ဖော်မပြနိုင်သောအားကိုးခြင်းမျက်နှာမျိုး
နဲ့ကျနော့်ကိုကြည့်နေကြပါတော့တယ်။
မကြာခင်မှာဘဲ ကိုကျော်မင်းဦးနဲ့
ကျနော့်အမျိုးသမီးတို့ရောက်လာပြီး
လူနာကုတင်ကိုအပြင်လူများမမြင်ရအောင်ပါလာသောစောင်များဖြင့်
ပတ်ကာအထဲတွင်လူနာမိခင်နှင့်
ကိုကျော်မင်းဦးတို့နှစ်ဦးသာလူနာ
ကုနေပါတော့တယ် အချိန်နာရီဝက်ခန့်ကြာသောအခါမှဆေးကုခြင်းလုပ်ငန်းပြီးစီးပြီးကာထားသောစောင်များကိုဖြုတ်ကာလူနာ၏ဘယ်ဖက်ခြေထောက်ကိုကုတင်အလွန်လေးထားပြီး၎င်းခြေထောက်အောက်တည့်တည့်ထွေးခံတလုံးထားထား
လိုက်ပါတယ် မကြာခင်မှာဘဲညိုမည်းသောအရည်များထွေးခံထဲသို့တစက်စက်ကျနေပြီးရောင်ကိုင်းနေသောခြေထောက်မှာလည်းတဖြည်းဖြည်းလျှော့ကျလာပါတယ် ကလေးမလေးလည်းငိုညည်းသံရပ်သွားပြီးတဖြည်းဖြည်းအိပ်ပျော်သွားပါတော့တယ် ကျနော်လည်းအိပ်ပျော်နေတဲ့ကလေးမလေးကိုတလှည့်သူ့မိဘမောင်နှမတွေကိုတလှည့်ကြည့်ရင်းရင်ထဲမှာပီတိတွေဝေနေပါတော့တယ်။
-မနက်မိုးလင်းတော့လူနာကအကောင်းပကတိဖြစ်နေပါပြီသူတို့မိသားစုတွေလည်းကျနော်တို့ကိုအထူးကျေးဇူးတင်ကြပြီးနောက်နေ့ဆေးရုံကဆင်းသွားကြပါတော့တယ်။
-တကယ်တော့ဆေးနည်းတစ်နည်းဆိုတာအတော်ပင်ရခဲပါတယ်
``သွားဆေး´´နည်းရစဉ်ကလည်းကျနော်နဲ့အလွန်ခင်မင်သောသူ့အဖေဆေးနည်း သူ့အဖေသေသည့်တိုင်မည်သူ့ကိုမျှမပေးခဲ့သူ့သားခိုးပေးသဖြင့်သာကျနော်ရခဲ့ပါတယ်-ကျနော်ရခဲ့လို့သာဝါသနာပါသူများ
လက်ထဲသို့ကျနော်ဖြန့်ဝေနိုင်ခဲ့ပါတယ်-
-ခုလည်းကြည့်``မြွေဆိပ်ဖြေဆေး´´
ကိုကျော်မင်းဦးအဖေက မည်သူ့ကိုမျှမပေးရန်မှာထားခဲ့သော်လည်းသူ့မိသားစုအခက်ခဲရှိစဉ်က
ကျနော်ကူညီခဲ့သောကျေးဇူးကြောင့်
ဆေးနည်းကျနော့်ကိုပေးခဲ့ပါတယ်
သူ့အဖေလည်းဆုံးပါးသွားပြီဖြစ်ပြီးသူလည်းဘယ်ရောက်နေသည်မသိပါ ကျနော့်ဆန္ဒကတော့အသက်ဘေးကြုံသူများအသက်ဘေးကလွတ်မြောက်ကြလျှင်ပင်ကျနော်ကြေနပ်ဝမ်းသာနေပြီးဖြသ်ပါတယ်။
``မြွေဆိပ်ဖြေဆေး´´
၁-ငန်းတော်ကြားမြွေ(ပြာ)။
၂-ဆီဖြူသီး (အစေ့)
၃-ဆေးတံချေးး(ချီး)
၄-ကြေး(နီ/ဝါ)စုတ် ၁ချောင်း။
၁-ငန်းတော်ကြားမြွေ လူတိုင်းးသိကြပါသည်ကားကြိတ်ဆိုင်ကယ်ကြိတ်၊ပိုက်တွင်ငြိ၍သေနေသောပံသကူငန်းတော်ကြားမြွေကိုယူ၍ မြေအိုးတွင်ထည့်အဖုံးဖုံးပြီးအဖုံးကိုရွှံ့စေးမံကာ မြေပြင်ပေါ်တွင်သစ်ကိုင်းများပုံ၍ပြာကျအောင်မီးရှို့ပါ။
၂-ဆီးဖြူနှင့်သျှိသျှား(ရှစ်ရှား)
ခွဲခြားတတ်ဘို့လိုပါသည် သျှိသျှားမှာအ
လုံးကြီးပြီးအသီးးတွင်ဒေါင့်ရောင်ရောင်ထင်ရှားစွာပေါ်သည် အပင်မြင့်၍အရွက်များစိမ်းလန်းကာ အရွက်ကိုနွားစားလျှင်ဝမ်းသွားပါသည်။
ဆီးဖြူသီးမှာလုံးဝိုင်းပြီးအသီးသေးကာအပင်မှာလည်းသျှိသျှားပင်ထက်နိမ့်ပြီးအခက်အလက်များပါ
သည်။ဆီးဖြူသီးအရင့်များကိုကြမ်းပေါ်တင်ပြီးလက်ရိုက်တုတ်ဖြင့်ရိုက်
ခြေကာအခင်းခင်းပြီးနေပူတွင်တပတ်ခန့်နေပူလှမ်းထားပါကအစေ့များကိုလွယ်ကူစွာရွေးယူနိုင်ပါ
သည်၎င်းအစေ့များကိုကြေညက်အောင်ထောင်းထားရပါသည်။
၃-ဆေးတံချေး(ချီး)
ယခုအခါဆေးတံချေးကိုငိုရှာလို့
တောင်မရတော့ပါယခုခေတ်လူငယ်
အတော်များများလည်းဆေးတံကိုမတွေ့ဘူးတော့ပါ ၎င်းကိုဉာဏ်ကူ၍ရ
ယူရပါသည် ဆေးရွက်ကြီး၁၀ိသားကိုရေအနေတော်ထား၍ပြုတ်ပါ ရေ
များခမ်းလာပြီးအရည်များညိုမဲလာ
လျှင်၎င်းအရည်များကိုငှဲ့ယူထားပြီး
ရေအသစ်ထပ်ထည့်ကာပြုတ်ပါရေ
ခမ်းပြီးအရည်များညိုမဲလာလျှင်ငှဲ့ယူ
စသည်စသည်ဖြင့်ပြုတ်ရေမမဲတော့
လျှင်ဆေးဖတ်များလွှင့်ပစ်ကာငှဲ့ထားသောအရဘ်ကိုလက်ကော်၍ရအောင်ပစ်ပစ်ကြိုလိုက်လျှင်ဆေးတံချေးရပါပြီ။
၄-ကြေးနီကြေးဝါဖြင့်ပြုလုပ်ထား
သောဆေးထိုးစုတ်တံကို ပရဆေး
ဆိုင်တွင်ဝယ်ယူ၍ရပါသည်။
- အထက်ပါဆေးသုံးမျိုးကိုအလေး
ချိန်အညီအမျှရောစပ်ပြီးသမအောင်မွှေပါ သမသွားလျှင်ရေနှင့်မပျော့
လွန်းမမာလွန်းစပ်ကာကျောက်ပျဉ်တွင်ဆေးကြိတ်သည့်ကျျဉ်ပွေ့ဖြင့်စေးပိုင်အောင်ကြိတ်ကာဆေးတောင့်များပြုလုပ်လျှက်နေပူတွင်အခြောက်လှန်းရပါသည် ဆေးလှမ်းနေစဉ်ဆေးတောင့်များပျောက်တတ်သဖြင့်သတိအမြဲထားရပါသည်ဆေးတောင့်များခြောက်သွားလျှင်အသုံး
ပြုနိုင်ပါပြီ။
-မည်သည့်မြွေမဆိုကိုက်ခဲ
ခြင်းခံရပါက ခန္တာကိုယ်မှအဝတ်များ
ချွတ်လိုက်ပါ ဆေးကိုရေဖြင့်သွေး၍
ခွက်ငယ်တခုတွင်ထည့်ပြီးလူ၏ငယ်
ထိပ်မှခါးအထိအထက်မှအောက်သို့
ခန္တာကိုယ်အနှ့ံထိုသွေးထားဆေးရည်ကိုကြေးစုတ်တံဖြင့်တို့ကာ တို့ကာထိုးချပါ မိန်းကလေးများဖြစ်လျှင် ရင်သားများကိုလည်းထိုးချပါ
၎င်းမှလူနာကိုမတ်တပ်ရပ်စေလျှက်
ခါးမှဒူးဆစ်အထိအထက်မှအောက်သို့နှံ့နှံ့စပ်စပ်ထိုးချပါ ၎င်းမှတဆင့်
ဒူးခေါင်းမှချေဖျားအထိအထက်မှအောက်သို့နံ့နှံ့စပ်စပ်ထိုးချပြီးမှ မြွေ
ကိုက်ထားသောဒါဏ်ရာပတ်ပတ်လည်ကိုစုတ်တံဖြင့်ခပ်နာနာထိုးထား
လျှင်အဆိပ်ရည်များတစက်စက်ကျဆင်းလာပါတော့သည်ကျလာ
သောအရည်များကိုလက်နှင့်မထိမိ
စေရန် ဂရုပြုရပါမည် အဆိပ်ပြေသွးသော်လည်း၂ရက်၃ရက်ကြာ၍ဒါဏ်ရာနေရာယားယံလာပါက၎င်းဆေးနှင့်ပင်မြွေကိုက်ထားသောဒါဏ်ရာပတ်ပတ်လည်နေရာကိုတကြိမ်ပြန်လည်ထိုးပေးလိုက်လျှင်ကျန်သောအဆိပ်များယိုကျလာမည်ဖြစ်ပါသည်။
ဤဆေးနည်းဖြင့်လူ့အသက်ပေါင်းများစွာကိုကယ်တင်နိုင်ကြရန်
ရည်ရွယ်လျှက်လျို့ဝှက်ထားသောမြန်မာ့နည်းမြန်မာ့ဟန်မြွေဆိပ်
ဖြေဆေးနည်းကိုဆေးရုံဆေးခန်းနှင့့်အလှမ်းဝေးကွာနေသောမြန်မာပြည်အနှံ့ကျေးလက်ဒေသနေပြည်သူများအတွက်ရေးသားဖော်ပြပေးလိုက်ရပါသည်။ ။
(ငန်းတော်ကြားမြွေရှာမရလျှင်မြွေဟောက် မြွေပွေးပြာများဖြင့်စမ်း
သတ်ပြုလုပ်သင့်ပါသည်)
-မြန်မာနိုင်ငံသူ နိုင်ငံသားများ မြွေအန္တရာယ်မှကင်းဝေးကြပါစေ-
စောချစ် မြဝတီ။ ။
- - - - - - - - - - -
-တစ္ခါကက်ေနာ္တုိ႔လင္မယားျမဝတီေဆးရုံကုိလူနာေမးဘုိ႔ေရာက္သြားပါတယ္
ညေန၅နာရီေက်ာ္ေတာ့ေမွာင္စပ်ိဳးေနၿပီေလလူနာရွင္ေတြနဲ႔စကားေျပာေနတုံးေယာက္က်ား၂ဦး
ေစာင္ကုိပုခက္ဆင္ၿပီးလူနာတစ္ဦး
ထမ္းဝင္လာတာကုိေတြ႕ရလုိ႔သြားၾကည့္လုိက္ေတာ့ အတြင္းကြင္းကေလး႐ြာကအသက္၁၈နွစ္ေလာက္ရွိတဲ့ကရင္မေလးတေယာက္ေျခညဳိွးနဲ႔ေျခမၾကားမွာေႁမြေဟာက္အကုိက္ခံထားရတယ္ သူ႔ခ
မ်ာလည္းငုိညည္းေနၿပီးၾကဳိးနဲ႔စည္းထားလုိ႔ဘယ္ေျခေထာက္တခုလုံး
ေရာင္ကုိင္းေနပါေတာ့တယ္။
-ဆရာဝန္လာၾကည့္ၿပီးျပန္သြားေတာ့ေဆးရုံကဓာတ္မွန္ဆရာေလးကုိက်
ေနာ္ေမးၾကည့္မိတယ္-
~မရေတာ့ဘူး ခနၶာကုိယ္တခုလုံးေႁမြဆိပ္ေတြျပန္႔ကုန္လုိ႔ေနာက္ေန႔မကူးေတာ့ဘူး ~
လုိ႔ ေျပာပါတယ္-
-ခေလးမေလးလည္း အမုိး အမုိး လုိ႔
ေခၚၿပီး လူးလွိမ့္ကာငုိညည္းေနတာကုိ ဘာမွမမတတ္ႏုိင္ေတာ့တဲ့သူ႔အေမနဲ႔ ႐ြာကပါလာတဲ့အစ္ကုိေတာ္ေတြခမ်ာ မ်ာသူ႔ကုိၾကည့္ၿပီးမ်က္ရည္က်ရုံမွတပါးဘာမွ မတတ္ႏုိင္ရွာၾက
ေတာ့ဘူးေလ အခ်ိန္ကလည္းည ၉
နာရီထုိးေတာ့မွာမုိ႔က်ေနာ့္မိန္းးမကုိ
ကုိေက်ာ္မင္းဦးကုိအၾကဳိးအေၾကာင္းေျပာၿပီးေခၚလာဘုိ႔ဆုိက္ကားတစီးေခၚၿပီးက်ေနာ္ဆရာအေခၚလႊတ္လုိက္ပါေတာ့တယ္။
-ထုိအခ်ိန္ကေဆးရုံမီးကလည္းည
၁၀နာရီအထိသာမွိန္ျပျပေပးပါတယ္
က်န္းမာေရးဝန္ထမ္းဆုိလုိ႔လည္းတ
ေယာက္မွမလာေတာ့ပါ က်ေနာ္လည္းလူနာရွင္ေတြကုိ စိတ္မပူၾကရန္နွင့္ က်ေနာ္ေဆးဆရာအေခၚလႊတ္လုိက္ၿပီျဖစ္ေၾကာင္းေျပာျပရာလူနာရွင္မ်ားမွာ ေဖာ္မျပႏုိင္ေသာအားကုိးျခင္းမ်က္နွာမ်ိဳး
နဲ႔က်ေနာ့္ကုိၾကည့္ေနၾကပါေတာ့တယ္။
-မၾကာခင္မွာဘဲ ကုိေက်ာ္မင္းဦးနဲ႔
က်ေနာ့္အမ်ိဳးသမီးတုိ႔ေရာက္လာၿပီး
လူနာကုတင္ကုိအျပင္လူမ်ားမျမင္ရေအာင္ပါလာေသာေစာင္မ်ားျဖင့္
ပတ္ကာအထဲတြင္လူနာမိခင္နွင့္
ကုိေက်ာ္မင္းဦးတုိ႔နွစ္ဦးသာလူနာ
ကုေနပါေတာ့တယ္ အခ်ိန္နာရီဝက္ခန္႔ၾကာေသာအခါမွေဆးကုျခင္းလုပ္ငန္းၿပီးစီးၿပီးကာထားေသာေစာင္မ်ားကုိျဖဳတ္ကာလူနာ၏ဘယ္ဖက္ေျခေထာက္ကုိကုတင္အလြန္ေလးထားၿပီး၎ေျခေထာက္ေအာက္တည့္တည့္ေထြးခံတလုံးထားထား
လုိက္ပါတယ္ မၾကာခင္မွာဘဲညဳိမည္းေသာအရည္မ်ားေထြးခံထဲသုိ႔တစက္စက္က်ေနၿပီးေရာင္ကုိင္းေနေသာေျခေထာက္မွာလည္းတျဖည္းျဖည္းေလ်ွာ႔က်လာပါတယ္ ကေလးမေလးလည္းငုိညည္းသံရပ္သြားၿပီးတျဖည္းျဖည္းအိပ္ေပ်ာ္သြားပါေတာ့တယ္ က်ေနာ္လည္းအိပ္ေပ်ာ္ေနတဲ့ကေလးမေလးကုိတလွည့္သူ႔မိဘေမာင္နွမေတြကုိတလွည့္ၾကည့္ရင္းရင္ထဲမွာပီတိေတြေဝေနပါေတာ့တယ္။
-မနက္မုိးလင္းေတာ့လူနာကအေကာင္းပကတိျဖစ္ေနပါၿပီသူတုိ႔မိသားစုေတြလည္းက်ေနာ္တုိ႔ကုိအထူးေက်းဇူးတင္ၾကၿပီးေနာက္ေန႔ေဆးရုံကဆင္းသြားၾကပါေတာ့တယ္။
-တကယ္ေတာ့ေဆးနည္းတစ္နည္းဆုိတာအေတာ္ပင္ရခဲပါတယ္
``သြားေဆး´´နည္းရစဥ္ကလည္းက်ေနာ္နဲ႔အလြန္ခင္မင္ေသာသူ႔အေဖေဆးနည္း သူ႔အေဖေသသည့္တုိင္မည္သူ႔ကုိမ်ွမေပးခဲ့သူ႔သားခုိးေပးသျဖင့္သာက်ေနာ္ရခဲ့ပါတယ္-က်ေနာ္ရခဲ့လုိ႔သာဝါသနာပါသူမ်ား
လက္ထဲသုိ႔က်ေနာ္ျဖန္႔ေဝႏုိင္ခဲ့ပါတယ္-
-ခုလည္းၾကည့္``ေႁမြဆိပ္ေျဖေဆး´´
ကုိေက်ာ္မင္းဦးအေဖက မည္သူ႔ကုိမ်ွမေပးရန္မွာထားခဲ့ေသာ္လည္းသူ႔မိသားစုအခက္ခဲရွိစဥ္က
က်ေနာ္ကူညီခဲ့ေသာေက်းဇူးေၾကာင့္
ေဆးနည္းက်ေနာ့္ကုိေပးခဲ့ပါတယ္
သူ႔အေဖလည္းဆုံးပါးသြားၿပီျဖစ္ၿပီးသူလည္းဘယ္ေရာက္ေနသည္မသိပါ က်ေနာ့္ဆနၵကေတာ့အသက္ေဘးၾကဳံသူမ်ားအသက္ေဘးကလြတ္ေျမာက္ၾကလ်ွင္ပင္က်ေနာ္ေၾကနပ္ဝမ္းသာေနၿပီးျဖသ္ပါတယ္။
``ေႁမြဆိပ္ေျဖေဆး´´
၁-ငန္းေတာ္ၾကားေႁမြ(ျပာ)။
၂-ဆီျဖဴသီး (အေစ့)
၃-ေဆးတံေခ်းး(ခ်ီး)
၄-ေၾကး(နီ/ဝါ)စုတ္ ၁ေခ်ာင္း။
၁-ငန္းေတာ္ၾကားေႁမြ လူတုိင္းးသိၾကပါသည္ကားႀကိတ္ဆုိင္ကယ္ႀကိတ္၊ပုိက္တြင္ၿငိ၍ေသေနေသာပံသကူငန္းေတာ္ၾကားေႁမြကုိယူ၍ ေျမအုိးတြင္ထည့္အဖုံးဖုံးၿပီးအဖုံးကုိ႐ႊံ့ေစးမံကာ ေျမျပင္ေပၚတြင္သစ္ကုိင္းမ်ားပုံ၍ျပာက်ေအာင္မီးရႈိ႕ပါ။
၂-ဆီးျဖဴနွင့္သ်ွိသ်ွား(ရွစ္ရွား)
ခြဲျခားတတ္ဘုိ႔လုိပါသည္ သ်ွိသ်ွားမွာအ
လုံးႀကီးၿပီးအသီးးတြင္ေဒါင့္ေရာင္ေရာင္ထင္ရွားစြာေပၚသည္ အပင္ျမင့္၍အ႐ြက္မ်ားစိမ္းလန္းကာ အ႐ြက္ကုိနြားစားလ်ွင္ဝမ္းသြားပါသည္။
ဆီးျဖဴသီးမွာလုံးဝုိင္းၿပီးအသီးေသးကာအပင္မွာလည္းသ်ွိသ်ွားပင္ထက္နိမ့္ၿပီးအခက္အလက္မ်ားပါ
သည္။ဆီးျဖဴသီးအရင့္မ်ားကုိၾကမ္းေပၚတင္ၿပီးလက္ရုိက္တုတ္ျဖင့္ရုိက္
ေျခကာအခင္းခင္းၿပီးေနပူတြင္တပတ္ခန္႔ေနပူလွမ္းထားပါကအေစ့မ်ားကုိလြယ္ကူစြာေ႐ြးယူႏုိင္ပါ
သည္၎အေစ့မ်ားကုိေၾကညက္ေအာင္ေထာင္းထားရပါသည္။
၃-ေဆးတံေခ်း(ခ်ီး)
ယခုအခါေဆးတံေခ်းကုိငုိရွာလုိ႔
ေတာင္မရေတာ့ပါယခုေခတ္လူငယ္
အေတာ္မ်ားမ်ားလည္းေဆးတံကုိမေတြ႕ဘူးေတာ့ပါ ၎ကုိဥာဏ္ကူ၍ရ
ယူရပါသည္ ေဆး႐ြက္ႀကီး၁၀ိသား
ကုိေရအေနေတာ္ထား၍ျပဳတ္ပါ ေရ
မ်ားခမ္းလာၿပီးအရည္မ်ားညဳိမဲလာ
လ်ွင္၎အရည္မ်ားကုိငွဲ႔ယူထားၿပီး
ေရအသစ္ထပ္ထည့္ကာျပဳတ္ပါေရ
ခမ္းၿပီးအရည္မ်ားညိဳမဲလာလ်ွင္ငွဲ႔ယူ
စသည္စသည္ျဖင့္ျပဳတ္ေရမမဲေတာ့
လ်ွင္ေဆးဖတ္မ်ားလႊင့္ပစ္ကာငွဲ႔ထားေသာအရဘ္ကုိလက္ေကာ္၍ရေအာင္ပစ္ပစ္ၾကဳိလုိက္လ်ွင္ေဆးတံေခ်းရပါၿပီ။
၄-ေၾကးနီေၾကးဝါျဖင့္ျပဳလုပ္ထား
ေသာေဆးထုိးစုတ္တံကုိ ပရေဆး
ဆုိင္တြင္ဝယ္ယူ၍ရပါသည္။
- အထက္ပါေဆးသုံးမ်ိဳးကုိအေလး
ခ်ိန္အညီအမ်ွေရာစပ္ၿပီးသမေအာင္ေမႊပါ သမသြားလ်ွင္ေရနွင့္မေပ်ာ့
လြန္းမမာလြန္းစပ္ကာေက်ာက္ပ်ဥ္တြင္ေဆးႀကိတ္သည့္က််ဥ္ေပြ႕ျဖင့္ေစးပုိင္ေအာင္ႀကိတ္ကာေဆးေတာင့္မ်ားျပဳလုပ္လ်ွက္ေနပူတြင္အေျခာက္လွန္းရပါသည္ ေဆးလွမ္းေနစဥ္ေဆးေတာင့္မ်ားေပ်ာက္တတ္သျဖင့္သတိအၿမဲထားရပါသည္ေဆးေတာင့္မ်ားေျခာက္သြားလ်ွင္အသုံး
ျပဳႏုိင္ပါၿပီ။
-မည္သည့္ေႁမြမဆုိကုိက္ခဲ
ျခင္းခံရပါက ခႏၲာကုိယ္မွအဝတ္မ်ား
ခ်ြတ္လုိက္ပါ ေဆးကုိေရျဖင့္ေသြး၍
ခြက္ငယ္တခုတြင္ထည့္ၿပီးလူ၏ငယ္
ထိပ္မွခါးအထိအထက္မွေအာက္သုိ႔
ခႏၲာကုိယ္အနွ႔ံထုိေသြးထားေဆးရည္ကုိေၾကးစုတ္တံျဖင့္တုိ႔ကာ တုိ႔ကာထုိးခ်ပါ မိန္းကေလးမ်ားျဖစ္လ်ွင္ ရင္သားမ်ားကုိလည္းထုိးခ်ပါ
၎မွလူနာကုိမတ္တပ္ရပ္ေစလ်ွက္
ခါးမွဒူးဆစ္အထိအထက္မွေအာက္သုိ႔နွံ႔နွံ႔စပ္စပ္ထုိးခ်ပါ ၎မွတဆင့္
ဒူးေခါင္းမွေခ်ဖ်ားအထိအထက္မွေအာက္သုိ႔နံ႔နွံ႔စပ္စပ္ထုိးခ်ၿပီးမွ ေႁမြ
ကုိက္ထားေသာဒါဏ္ရာပတ္ပတ္လည္ကုိစုတ္တံျဖင့္ခပ္နာနာထုိးထား
လ်ွင္အဆိပ္ရည္မ်ားတစက္စက္က်ဆင္းလာပါေတာ့သည္က်လာ
ေသာအရည္မ်ားကုိလက္နွင့္မထိမိ
ေစရန္ ဂရုျပဳရပါမည္ အဆိပ္ေျပသြးေသာ္လည္း၂ရက္၃ရက္ၾကာ၍ဒါဏ္ရာေနရာယားယံလာပါက၎ေဆးနွင့္ပင္ေႁမြကုိက္ထားေသာဒါဏ္ရာပတ္ပတ္လည္ေနရာကုိတႀကိမ္ျပန္လည္ထုိးေပးလုိက္လ်ွင္က်န္ေသာအဆိပ္မ်ားယုိက်လာမည္ျဖစ္ပါသည္။
ဤေဆးနည္းျဖင့္လူ႔အသက္ေပါင္းမ်ားစြာကုိကယ္တင္ႏုိင္ၾကရန္
ရည္႐ြယ္လ်ွက္လ်ဳိ႕ဝွက္ထားေသာျမန္မာ့နည္းျမန္မာ့ဟန္ေႁမြဆိပ္
ေျဖေဆးနည္းကုိေဆးရုံေဆးခန္းနွင့့္အလွမ္းေဝးကြာေနေသာျမန္မာျပည္အနွံ႔ေက်းလက္ေဒသေနျပည္သူမ်ား
အတြက္ေရးသားေဖာ္ျပေပးလုိက္ရပါသည္။ ။
(ငန္းေတာ္ၾကားေႁမြရွာမရလ်ွင္ေႁမြေဟာက္ ေႁမြေပြးျပာမ်ားျဖင့္စမ္း
သတ္ျပဳလုပ္သင့္ပါသည္)
-ျမန္မာႏုိင္ငံသူ ႏုိင္ငံသားမ်ား ေႁမြအႏၲရာယ္မွကင္းေဝးၾကပါေစ-
ေစာခ်စ္ ျမဝတီ။ ။
လုိေသာသူ၊ယူထားပါ´ (ေႁမြဆိပ္ေျဖေဆး)
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
September 21, 2019
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment