Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 10, 2019

ယဉ်ကျေးမှုတော်လှန်ရေးမှ တရုတ်ကိုပေးတဲ့ သင်ခန်းစာ။


ရုရှားမှာ ဒုတိယ ကမ္ဘာစစ်ပြီးနောက် စက်ရုံ အဟောင်းတွေ ဖျက်သိမ်းတယ်။
ထိုဖျက်သိမ်းလိုက်တဲ့ အထဲက စက်ရုံဟောင်းတွေကို တရုတ်က သွားတောင်းတယ်။
ထိုအပုံထဲ က စက်ရုံတရုံကို မြန်မာပြည်က ဦးနုက သွားယူလာတယ်။
ထိုစက်ရုံ ဟာ နောက်ဆုံးတော့ ဦးနေဝင်းလက်ထက် ကျမှ စလည်ဖြစိတယ်။
ထိုစက်ရုံဟာ စစ်တောင်း စက္ကူစက်ရုံဖြစ်တယ်။

မဆလခေတ် တခေတ်လုံး ရုံးသုံးစာအုပ်တွေ အဖြစ် စစ်တောင်း စက္ကူစက်ဟာ တာဝန်ကြေခဲ့သလို ၊ နအဖ၊ နဝတ ခေတ် အထိ လညိး ရုံးသုံးစက္ကူဆိုရင် သူမပါရင် မပြီးပါ။

chemcal ကောင်းကောင်း မသုံးနိုင်တာရယ်။ pulp ကြိတ်တာ သိပ်မကောင်းတာရယ်၊ ကုန်ကြမ်းအဖြစ် ဝါးကိုသာ သုံးရတာကြောင့် သူ့ စက္ကူ ဟာ quality မကောင်းပေမယ့် အသုံးတော့ ဝင်ခဲ့ပါတယ်။

ဒါပေမယ့် ဥိးသိန်းစိန်လက်ထက်မှာတော့ စစ်တောင်းစက္ကူစက်ကြီးကို ကိုရီးယား နှင့် upgrade လုပ်မယ် ဆိုပြီး မြန်မာ ကုပ္ပဏီ တခုကို ငှားရမ်းခဲ့ပါတယ်။

ထိုကတည်းက upgrade လုပ်မယ် ဆိုပြီး စက်ရုံကို shut down လုပ်ခဲ့တာ နောက်ဆုံးစက်ရုံကြီးသာ သံမှုန့်တွေ ဖြစ်သွားခဲ့ပါတယ်။ ဘာမှ မဖြစ်လာခဲ့ပါတယ်။

ထိုစက်ရုံ ကို ငှားရမ်းတဲ့ ကိစ္စ တွေ မှာ ဆိုရင် မသမာ မှုတွေ အများကြီး တွေ့ရပါတယ်။

စက်မှု တော်လှန်ရေးသဘောတရား အရဆိုရင် ကမ္ဘာပေါ်မှာ ထိပ်ဆုံးစတာ ဟာ ချည်မျှင် အထည်အလိပ် ဖြစ်တယ်။

ထိုနောက်မှာ chemical၊ electric and electronic၊ information tech ဆိုပြီး အဆင့်ဆင့်ပြောင်းလဲ့လာပါတယ်။

ထို့အတွက် နိုင်ငံတနိုင်ငံဟာ စက်မှုနိုင်ငံ သွားတော့မယ် ဆိုရင် chemical industry booming period ကို တချိန်ချိန် မှာ မဖြစ်မနေဖြတ်သန်းရမှာပါ။

လက်ရှိ ထိုင်းနိုင်ငံ သွားနေတဲ့ လမ်းစဉ် နှင့် ၁၉၈၀ လောက် က စကာင်္ပူသွားခဲ့တဲ့ လမ်းစဉ်ပါ။

ထို အချိန် မှာ အထ မနှေးရအောင် ကိုယ့်ထံ မှ နဂိုကတည်းက ရှိနေတဲ့ စက်မှုလုပ်ငန်း တချို့ကို ထိန်းသိမ်းပြီး ကျွမ်းကျင်သူတွေ မွေးထားဖို့ လိုပါတယ်။

ဒါမှ စက်မှုနိုင်ငံတည်ဆောက်ရေးမှာ သူများကို လျှင်မြန်စွာကျော်ဖြတ်နိုင်မှာပါ။

ဒါပေမယ့် စစ်တောင်း စက္ကူစက် ကိစ္စ ကို ပြန်လေ့လာလိုက်တဲ့ အခါ မှာ ကိုရီးယား နှင့် ဖကိစပ် ဆိုပေမယ့် ဖြစ်ခဲ့တာ က ငှားရမ်းလုပ်ကိုင်သူသည် ဘာပစ္စည်းမှ မထုတ်ပဲရပ်ဆိုင်းခဲ့တယ်။ chemical စက်ရုံတို့ သဘောတရားအရ ရပ်လိုက်ရင် run နေတာ ထက်ပိုပျက်တယ်။

ထို့အတွက် ရပ်လည်းရပ်လိုက်ကော ပိုက်တွေ ပန့်တွေဟာ chemical အညစ်အကြေးတွေကြောင့် ပျော်ဆင်းကုန်တယ်။ သုံးစားမရဖြစ်ကုန်ပါတယ်။

ထို့နောက်မှာတော့ စက်ရုံငှားရမ်းသူ က လုပ်သားအများကြီးမလိုချင်ဘူး။ လစာ လျှော့ချင်တာကြောင့် ကျွမ်းကျင် အရာရှိတွေကို ရုံးချုပ်ပြန်တွဲပေးခဲ့ရတယ်။

အလုပ်နှင့် ကျွမ်းကျင်မှု မကိုက်တော့ဘူးပေါ့။

အဆိုးဆုံးကတော့ စက်ရုံကြီးငှားပြီး မလုပ်နိုင်လို့ ပြန်အပ်တဲ့ အခါ မှာ ပျက်သွားခဲ့တဲ့ ပစ္စည်းတွကို ပြန် မပြင်ခိုင်းပဲ လက်ခံခဲ့ခြင်းပါ။

ဒါကြောင့် နိုင်ငံပိုင်လုပ်ငန်း ဆုံးရှူံးတယ်။
ကျွမ်းကျင်လုပ်သား ခါးဆက် ပြတ်တယ်။

တိုင်းပြည်အနာဂတ် မှာ ခုန်ပြန်ကျော်လွှားပြီး သွားဖို့ အခွင့်အရေးဆုံးရှုံးခဲ့ရတယ်။

BPI စက်ရုံ ကိစ္စကို ကြည့်တဲ့အခါ မှာ စက်ရုံဟာ ပုဂ္ဂလိက အပေးမခံရဖူး။ ဝန်ထမ်းအားလုံးလည်း ကျွမ်းကျင်ရာ အလုပ်တွေ လုပ်ကိုင်ခွင့်ရနေသေးတယ်။

ပိုပြိးထူးခြားတာက ပုဂ္ဂလိက ဆေးဝါးလုပ်ငန်း တွေ မှာ လုပ်ကိုင်နေကြသူအများစုဟာ BPIက ထွက်ပြိးမှ လာတာပါ။ ဒီတော့ တိုင်းပြည ကုန်ထုတ်လုပ်ငန်း တိုးတက်အောင် BPIစက်ရုံကြီး က လုပ်ဆောင်နေတဲ့ အပြင် အခြားလုပ်ငန်းများအတွက်လည်း ကျွမ်းကျင်လုပ်သားတွေမွေးထုတ်ခဲ့ပြီးတိုင်းပြည် အတွက် များစွာ အထောက်အကူပြုခဲ့ပါတယ်။

ထို့ အပြင် ကျွန်တော့ ဖခင် တချိန်က ညွှန်ချုက်အဖြစ် အမှုထမ်းစဉ် လက်အော က် က စက်ရုံ တရုံဖြစ်တဲ့ ကိုးမိုင် လယ်ယာသုံးစက်ပစ္စည်းစက်ရုံဟာ ၂၀၁၂ ပုဂ္ဂလိက ပိုင် မကူးပြောင်းမီ အထိ စက်ရုံလည်ပတ်ခဲ့ပြီး လက်တွန်းလယ်ထွန်စက်တွေထုတ်လုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပုဂ္ဂလိကပိုင် ပြုလုပ်ပြီးနောက် ငှားရမ်းလုပ်ကိုင်သူ ဟာ ကုန်ပစ္စည်းထုတ်လုပ်ဖို့ ထက် မြေကို အခြားနည်းဖြင့် အသုံးချရေး ကိုသာအားထားလာပါတယ်။စက်ရုံကိုရပ်တန့်ခဲ့တော့ ကျွမ်းကျင်လုပ်သား အတော်များများ ဟာ စက်မှုဇုန် မှ အခြားနီးစပ်ရာ လုပ်ငန်းများသို့ ကူးပြောင်းသွားကြပေမယ့် တချို့ကျတော့ ကျွမ်းကျင်ရာနှင့်မဆိုင်တဲ့ အုပ်ချုပ်ရေး လုပ်ငန်းတွေ ပြန်လုပ်ခဲ့ပါတယ်။

ဒါဟာ နိုင်ငံတော်စရိတ်ဖြင့် သင်ကြားပေးခဲ့ရသော ကျွမ်းကျင်လုပ်သားတွေ အစုလိုက်အပြုံလိုက် ဆုံးရှူံးမှု ဖြစ်ခဲ့သလို ကုန်ထုတ်လုပ်မှု ကဏ္ဍ ကိုလညး များစွာ ခေတ်နောက်ပြန်ဆွဲခဲ့ပါတယ်။

မြန်မာပြည်နှင့် အိမ်နီးချင်း တရုတ်ပြည်မှာတော့ နိုင်ငံပိုင် လုပ်ငန်း စက်ရုံတွေကို ပုဂ္ဂလိကပိုင် လုပ်တဲ့ အခါ မှာ ရှိရင်းစွဲ လုပ်သားနှင့် အရာရှိများကို အရှူံးအမြတ်ကို တာဝန်ယူစေ ခြင်း အားဖြင့် ကန်ထရိုက်ပေးခြင်း၊ နိုင်ငံတော်ပိုင် ရှယ်ယာ ကုမ္ပဏိ အဖြစ်တည်ဆောက်၍ အရှုံး အမြတ် အတိုင်း ဝန်ထမ်းများကို လျှော်ညီသော လစာပေးခြင်း၊ ဝန်ထမ်းများကို ရှယ်ယာ တချို့ ခွဲဝေပေး၍ ဝန်ထမ်းများ၏ လုပ်ပိုင်ခွင့်၊ ယုံကြည်မှု နှင့် လုပ်ဆာင်ချင်စိတ် ကို တိုးအောင်လုပ်ခြင်း စသည် တို့ ကို လုပ်ဆောင်ကြခြင်း အားဖြင့် စတင်ကြပါတယ်။

အထူးသဖြင့် နိုင်ငံပိုင်ဆောက်လုပ်ရေးလုပ်ငန်းများကိုလည်း division အလိုက်၊ ပြည်နယ်အလိုက် ခွဲပြီး တင်ဒါပြိုင်စေပါတယ်။

ထိုနည်း အားဖြင့် နိုင်ငံပိုင် လုပ်ငန်းများကြောင့် နိုင်ငံတော်၏ ဘဏ္ဍာငွေ ဆုံးရှူံးနစ်နာစေမှုကို အတော်လေးတားဆီးနိုင်ခဲ့ပါတယ်။

မော်စီတုံးလက်ထက် မှာတော့ အင်ယာတွေ ဘိလပ်မြေခိုးရောင်းရင် ထောင်ချတယ်။ စက်ရုံမှူးအိမ်မှာ နိုင်ငံတော်က ပေးအပ်ထားတဲ့ လျှော်ကန်တဲ့ ပစ္စည်းတမျိုးမျိုးတွေ့မိရင်ထောင်ချတယ်။

လုပ်သားတွေ မခိုကပ် အောင် အိမ်သာတက်ရင်း အချိန်မဖြုန်းနိုင်အောင်
အိမ်သာ တံခါးတွေ ဖြုတ်ပြီး ထိန်းချုပ်တာတွေ လုပ်ခဲ့ပေမယ့် ထိုစဉ် စက်မှုလုပ်ငန်း တော်တော်များများ ဟာ မလုပ်မရှုပ်တွေ သာ များသထက်များလာပါတယ်။

လူ ၁ယောက် လုပ်ရမည့်အလုပ်ကို လူ၁၀ ယောက် လုပ်ကြရတဲ့ အနေအထာမျိုးဖြစ်လာပါတယ်။ ဒါတွေ ကို မြင်တွေ့ခဲ့ရတဲ့ တိန့်ရှောင်ဖိန်နှင့် ချန်ယွင့် ဟာ ဝန်ထမ်းတွေကို လုပ်ပိုင်ခွင့် နှင့် တာဝန်ယူမှု ပါ တပါထဲ ပေးတဲ့ ခေတ်စနစ် တခုကို ဖော်ဆောင်ခဲ့ပါတယ်။

ယနေ့ အချိန် မှာ ဆိုရင် တရုတ်ပြည်ဟာုကုန်ထုတ်လုပ်မှု မှာ ကမ္ဘာ နံပါတ် ၁ ပါ။ တရုတ်ပြည်မှာ နာမည်ကြီးတဲ့ စက်ရုံတော်တော်များများ၊ ကမ္ဘာကို ကုန်ပစ္စည်းတင်ပို့နေတဲ့ စက်ရုံတော်တော်များများဟာ ယခင်က နိုင်ငံတော်ပိုင် စက်ရုံ ကနေ ဝန်ထမ်းတွေကို ပြန်ပေးခဲ့တဲ့ စက်ရုံတွေ ဖြစ်ရင် ဖြစ် မဖြစ်ရင် နိုင်ငံတော် ပိုင်လုပ်ငန်းတွေ မှ ထွက်လာခဲ့ပြီး အတွေ့အကြုံ နှင့် စက်ရုံထောင်ခဲ့ကြသူတွေသာ များပါတယ်။

ဒါပေမယ့် မြန်မာပြည်မှာတော့ ဝန်ထမ်းဆိုရင် ဆင်းရဲရမယ်၊ ခရိုနီ ဆိုမှ တိုင်းပြည်ကို ဦးဆောင်နိုင်မယ်၊ စီးပွားရေးလုပ်တတ်တယ်ဟု ထင်နေသူတွေ အများကြီးပါ။

တကယ်တော့ နိုင်ငံတနိုင်ငံ တိုးတက်ဖို့ ဆိုတာ စီးပွားရေးလုပ်တတ်ရုံဖြင့် မရတော့ပါ။

အင်္ဂလန် မှာ စက်မှုတော်လှန်ရေးပေါ်ပေါက်ပြီးကတည်းက စက်မှုလုပ်ငန်တိုးတက်မှ စက်မှုနိုင်ငံ ဖြစ်မှာပါဆိုတဲ့ လမ်းကြောင်း သွားနေတာ ယနေ့တိုင်ဖြစ်ပါတယ်။

ဒက်ချ အင်ပါယာ လက်ထကိ မှာ စီးပွားရေးလုပ်တာ တော်လို ကမ္ဘာကိုစိုးမိုးခဲ့တာ ဟာ နောက်ဆုံးပါ။

နောက်ပိုင်းမှာတော့ ဘယ်နိုင်ငံ က ဘာပစ္စည်းတွေ ထုတ်တယ် ဆိုတာဖြင့်သာ ထိုနိုင်ငံ၏ အင်အားကို သတ်မှတ်ပါတော့တယ်။

လက်ရှိ BPI စက်ရုံမှူးကိစ္စသည် တိုင်ူပြည်အနေဖြင့် ဘယ်လို ကိုင်တွယ်မလဲ။ မော်စီတုံးလို ယဉ်ကျေးမှု တော်လှန်ရေးလို လာဘ်စားတယ်ဟု အတိုင်ခံရသူတွေကို အကုန်ထောင်ချပြီး အရေးယူမလား။ မော်စီတုံး လက် ထက် ဘာတွေတိုးတက်ခဲ့သလဲ ။

ဝန်ထမ်းတွေကို ကိုလုပ်ပိုင်ခွင့် ပေးပြီး နိုင်ငံတော် ဘဏ္ဍာ လေလွင့်ဆုံးရှူံးမှုတွေကို ထိန်းသိမ်းပြီး စက်မှု တိုင်းပြည် တည်ထောင်မလား။

ဉာဏ်ဏ လုပ်သားကို လုပ်ပိုင်ခွင့်မပေးပဲ လစာလုံလောက်အောင် မပေးခဲပဲ ထောင်ချခဲ့လို့ စက်မှုနိုင်ငံတည်ဆောက်ရေး ရည်မှန်းချက်တွေပျက်ခဲ့ ရတဲ့ တရုတ်ပြည်၏ ယဉ်ကျေးမှုတော်လှန်ရေးကြီးကတော့ လက်ရှိ မြန်မာပြည်မှာ ဝန်ထမ်း တွေကို ပြင်ဆင်ခွင့်တောင်မပေးတော့ပဲ တခါထဲ လက်ထိပ်ခတ် တဲ့ စနစ်ကြီး ဟာ မှားနေတယ် ဆိုတာ သက်သေထူနေပါတယ်။
Myat Maw

No comments:

Post a Comment