၉.၈.၂၀၁၉ရက်နေ့နံနက်၇း၃၀မီနစ်အချိန်ခန့်တွင်မွန်ပြည်နယ်၊သထုံခရိုင်၊ပေါင်မြို့မြိုနယ်၊မရမ်းစမ်းအပိုင်သဲဖြူကုန်းရွာ၊တွင်မြေသားတောင်ပြိုကျခြင်းကြောင့်လူအများအပြားသေဆုံးသွားကြောင်းသိရှိရသည်။
ကနဦးသတင်းများအရအခုချိန်ထိလူ၂၀ဦးနှင့်အထက်သေဆုံး
လျှက်ရှိသည့်အလောင်းများကိုဖေါ်ထုတ်ပြီးဖြစ်သည်ဟုလည်းသိရှိရသည်။
အသက်ရှင်လျှက်၈ယောက်ခန့်ဆေးကုသမှု့ခံယူလျက်ရှိသည်ဟုလည်းသိရှိရသည်။နံနက်အစောပိုင်းတွင်ဓါတ်တိုင်ကိုဆိုင်ကယ်ကဝင်တိုက်မိသည့်အတွက်၎င်းဓါတ်တိုင်မှာလဲကျခြင်းကြောင့်ကားတွေဖြတ်မရ၍ကားတန်းကြီးဖြစ်သွားခဲ့သည်ဟုသိရှိရသည်။
့၎င်းအချိန်တွင်ညထဲကမိုးအဆက်မပြတ်ရွာထားသည့်အတွက်ရေ
များရှိနေပြီးသားဟုသိရသည်။
ကားတန်းများပိတ်မိနေချိန်တွင်မြေသားတောင်ကပြိုကျခဲ့ရာငါးမိနစ်အတွင်းရွာမြုပ်ပြီးကားတန်းစီရောက်သွားပြီးမြေဖုံးသွားခဲ့သည်။
ယခုအချိန်ထိပျောက်နေတာတွေရှိသေးတယ်ဟုလည်းသိရသည်။မြေအောက်တွင်ရှာမရသေးသည့်expressကားအပါဝင်အိမ်စီးကားအချို့နှင့်လူအချို့ရှိနေသေးသည့်အတွက်ဘက်ဖိုးမြေကော်ကားကြီးများဖြင့်ဆက်လက်ရှာဖွေနေကြကြောင်းသိရှိရသည်။
ခန့်မှန်းလူဦးရေ၁၀၀ကျော်ခန့်ပျောက်ဆုံးနေသေးသည်ဟုလည်းသိရသည်။
ကားလမ်းများပိတ်နေခြင်းကြောင့်သထုံဆေးရုံကိုပို့ရသည်များလည်းရှိသည်ဟုကနဦးသတင်းရရှိပါသည်။
နိုင်ငံသစ္စာ
No comments:
Post a Comment