CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Tuesday, July 23, 2019
ပစ္တုန္းကေတာ့ ျမက္ေတာထဲ ရက္ရက္စက္စက္ ပစ္ခဲ့တာပါဘဲ…ဒါေပမဲ့ ခုေတာ့ သူ႔သားေလးကို ျပန္လာေတြ႔႐ွာတယ္….
ပစ္တုန္းကေတာ့ ျမက္ေတာထဲ ရက္ရက္စက္စက္ ပစ္ခဲ့တာပါဘဲ…ဒါေပမဲ့ ခုေတာ့ သူ႔သားေလးကို ျပန္လာေတြ႔႐ွာတယ္….
လက္ထဲမွာလဲ ၅၀၀၀ တန္ေလး ၂ ရြက္ က်စ္က်စ္ပါေအာင္ ဆုပ္လို႔ သူ႔သားေလးကို မုန္႔ဖိုးေလးေပးပါရေစတဲ့…သားေလးကို ေတြ႔တာနဲ႔ ငိုပါေလေရာ…သူ႔မွာ HIV ေရာဂါပိုးက႐ွိေတာ့ သားေလးကို ႏို႔တိုက္လို႔ကမရ…ႏို႔ဗူးဖိုးက မတတ္ႏိုင္…အလုပ္ကမ႐ွိမို႔ သားေလး အသက္႐ွင္ေအာင္ သူဘယ္လိုမွ ဆက္မေမြးႏိုင္လို႔ ပစ္ခဲ့ရတာပါတဲ့…ေယာက္က်ားကလဲ ဒီေရာဂါနဲ႔ပဲ ဆံုးပါးသြားပါတယ္တဲ့…
သူက ဟသၤာတကေန ၅ နာရီေလာက္သြားရတဲ့ ရြာေလးတစ္ရြာကပါ…ဟသၤာတမွာ သားေလးကို လာေမြးၿပီး အျပန္မွာ သူပစ္ခဲ့တာပါ..သူမပစ္ခင္ ေဆးရံုမွာ ေပးလို႔ရတဲ့ေနရာေတြစံုစမ္းပါေသးတယ္တဲ့…ဒါေပမဲ့ မသိတဲ့အဆံုးမွ သူပစ္ခဲ့တာ…သူပစ္ခဲ့ေတာ့ ည ၉ နာရီေလာက္တဲ့…သားေလးက အိပ္ေမာက်ေနတာမငိုဘူးတဲ့…
အဲ့ေန႔က…မိုးေတြခ်ိန္း လ်ွပ္စီးေတြလက္ေနေတာ့ သူပစ္ၿပီးတာနဲ႔ မသြားေသးဘဲ ေမတၱာေတြပို႔ရင္း ၁၁ နာရီေလာက္ထိ ေစာင့္ၾကည့္ေနခဲ့တာတဲ့…အကယ္၍ မိုးရြာရင္ သူတစ္ေခါက္ျပန္သြားၾကည့္မယ္…သားေလး႐ွိေသးတယ္ဆိုရင္ မိုးရြာထဲေတာ့မထားခဲ့ဘဲ ဘာျဖစ္ျဖစ္ျပန္ေခၚသြားမလို႔တဲ့ေလ…
ျပန္ေတာ့လဲ တလမ္းလံုးငိုၿပီး ကားဂိတ္႐ွိတဲ့ေနရာကေန သူ႔ရြာကို လမ္းေလ်ွာက္သြားတာ မနက္ ၄ နာရီေလာက္မွ ေရာက္တာတဲ့ေလ…ေသြးႏုႏုသားႏုႏုနဲ႔ တအားခံစားခဲ့ရပံုပါ…ပံု႔တို႔ သားေလးကိုေတြ႔ေတာ့ သူ႔ကို စံုစမ္းလို႔ရလို႔ ခ်က္ခ်င္း သူ႔ဆီလိုက္သြားခဲ့တယ္…
အဲ့တံုးက ၀ေသးတယ္…ခု သူ HIV ေဆးထုတ္ရင္း သားေလးကို လာေတြ႔ေတာ့ ေတာ္ေတာ္ေလး ပိန္ေန႐ွာၿပီ…အခုလို သားကို ပစ္ထားခဲ့ရတယ္ဆိုနဲ႔စိတ္နဲ႔ သူဘယ္လိုမွေနလို႔မရ စိတ္ဆင္းရဲလြန္းလို႔ ပိန္သြားရတာပါတဲ့…ဒီတိုင္းဆို သက္ဆိုး႐ွည္မယ့္ပံုမေပၚပါဘူး…
ပံု႔ေလ သူဒီလိုလာေတြ႔လိမ့္မယ္လို႔ လံုး၀ထင္မထားခဲ့ဘူး…တကယ္ဆို သူမလာလဲရတာပါ…ပံု႔ သားေလးကို စာခ်ဳပ္နဲ႔ တခါထဲလက္မွတ္ထိုး ေခၚလာခဲ့တာ…ဒါေပမဲ့ သူလာခဲ့တယ္…မိခင္ေမတၱာအျပည့္နဲ႔ သားေလးဆီ မေရာက္ေရာက္ေအာင္လာခဲ့တယ္…ဘ၀ေတြ ဘယ္လိုဘဲ ျဖတ္သန္းခဲ့ရခဲ့ရ…
ဘယ္လိုဘဲ ဆံုးျဖတ္ခ်က္မွားၿပီး သားေလးကို ပစ္ခဲ့ပစ္ခဲ့…ေနာက္ဆံုးေတာ့ သူ႔ရဲ႕ မိခင္ေမတၱာကို သူမလြန္ဆန္ႏိုင္ခဲ့ဘူး…ပံု႔ သူ႔ကို အရမ္းလဲေလးစားပါတယ္…သားေလးကို လာေတြ႔တဲ့အတြက္လဲ ေက်းဇူးတင္တယ္…ပံု႔ သားေလးကို ဘယ္ေလာက္ခ်စ္ပါတယ္ေျပာေျပာ မိခင္ေမတၱာကိုေတာ့ မွီႏိုင္မယ္မထင္ဘူး…
ပံု႔မနဲ သိပ္ရတဲ့ကေလးက သူ႔အေမေပါင္ေပၚ အိပ္ေနလိုက္တာၿငိမ္လို႔…သားအမိႏွစ္ဦးၾကား႐ွိတဲ့ေမတၱာတရားကို ဘယ္လိုပုဂၢိဳလ္ကမွ မွီႏိုင္မယ္မထင္ပါဘူး…ဒါေၾကာင့္ ပံု႔သူ႔ကို သားဆီ ခဏခဏလာခဲ့ဖို႔ တိုက္တြန္းခဲ့တယ္…သူယူလာတဲ့ပိုက္ဆံ ၁၀၀၀၀ ကို ျပန္ေပးၿပီး…ေနာက္တခါလာမွ သားအတြက္ သူေပးခ်င္တာေလးေတြ ကိုယ္တိုင္၀ယ္လာဖို႔ေျပာခဲ့တယ္…
သားအတြက္ အသက္ဆက္႐ွင္ေပးဖို႔ အားေပးခဲ့တယ္….ပံု႔အမွန္အတိုင္းေျပာတာပါ…ဒီကေလးေလးေတြကို တျခားသူလာေတာင္းရင္ ပံု႔လံုး၀ေပးမွာမဟုတ္ပါဘူး…ဘာလို႔ဆို ပံု႔ကိုယ္တိုင္ မိဘေမတၱာေပးႏိုင္မယ့္လူဦးေရ…ပံု႔ သူမ်ားထက္ ေအာက္မက်ေအာင္ သားသမီးနဲ႔မျခား ေစာင့္ေ႐ွာက္ႏိုင္မယ့္ အတိုင္းအတာထိဘဲ လက္ခံၿပီး…
ကိုယ္တိုင္ အမ်ားနည္းတူ ေစာင့္ေ႐ွာက္ႏိုင္တာမို႔ မေပးတာပါ…ဒါေပမဲ့ သူတို႔ကို ေစာင့္ေ႐ွာက္ရျခင္းအတြက္ ပံု႔မွာ အတၱမပါပါဘူး…သူတို႔ကိုယ့္ေျခေထာက္ေပၚ ကိုယ္ရပ္တည္ႏိုင္တဲ့အထိေစာင့္ေ႐ွာက္မယ္….သူတို႔ေလးေတြကို မိဘေက်းဇူးဆိုတာ သင္ေပးမယ္…
သူတို႔ ရပ္တည္ႏိုင္လာတဲ့အခါ သူတိူ႔လမ္းသူတိူ႔ေလ်ွာက္ၿပီး မိဘေတြ ႐ူးလို႔ဘဲ ပစ္ခဲ့ပစ္ခဲ့၊ ေကာင္းရဲ႕နဲ႔ဘဲ ထားခဲ့ထားခဲ့ မိဘရင္းေတြရဲ႕ ေမြးေက်းဇူးေတြကို ျပန္ဆပ္ဖို႔ ပံု႔ တိုက္တြန္းမယ္…ပံု႔အတြက္ေတာ့ ဘာမွမလိုဘူး…သူတို႔ဘ၀ေတြ လူပီသသြားတာၾကည့္ရင္းနဲ႔ဘဲ ပံု႔ ပီတိေတြ စားေနပါ့မယ္……
ဤမွန္ကန္ေသာ သစၥာစကားေၾကာင့္ ဒုကၡဟူသမ်ွ ၾကားရသမ်ွ ကယ္တင္ႏိုင္တဲ့သူျဖစ္ရပါေစ….. ။Thin shwe sin hlaing
unicode
ပစ်တုန်းကတော့ မြက်တောထဲ ရက်ရက်စက်စက် ပစ်ခဲ့တာပါဘဲ…ဒါပေမဲ့ ခုတော့ သူ သူ့သားလေးကို ပြန်လာတွေ့ရှာတယ်…
လက်ထဲမှာလဲ ၅၀၀၀ တန်လေး ၂ ရွက် ကျစ်ကျစ်ပါအောင် ဆုပ်လို့ သူ့သားလေးကို မုန့်ဖိုးလေးပေးပါရစေတဲ့…သားလေးကို တွေ့တာနဲ့ ငိုပါလေရော…သူ့မှာ HIV ရောဂါပိုးကရှိတော့ သားလေးကို နို့တိုက်လို့ကမရ…နို့ဗူးဖိုးက မတတ်နိုင်…အလုပ်ကမရှိမို့ သားလေး အသက်ရှင်အောင် သူဘယ်လိုမှ ဆက်မမွေးနိုင်လို့ ပစ်ခဲ့ရတာပါတဲ့…ယောက်ကျားကလဲ ဒီရောဂါနဲ့ပဲ ဆုံးပါးသွားပါတယ်တဲ့…
သူက ဟင်္သာတကနေ ၅ နာရီလောက်သွားရတဲ့ ရွာလေးတစ်ရွာကပါ…ဟင်္သာတမှာ သားလေးကို လာမွေးပြီး အပြန်မှာ သူပစ်ခဲ့တာပါ..သူမပစ်ခင် ဆေးရုံမှာ ပေးလို့ရတဲ့နေရာတွေစုံစမ်းပါသေးတယ်တဲ့…ဒါပေမဲ့ မသိတဲ့အဆုံးမှ သူပစ်ခဲ့တာ…သူပစ်ခဲ့တော့ ည ၉ နာရီလောက်တဲ့…သားလေးက အိပ်မောကျနေတာမငိုဘူးတဲ့…
အဲ့နေ့က…မိုးတွေချိန်း လျှပ်စီးတွေလက်နေတော့ သူပစ်ပြီးတာနဲ့ မသွားသေးဘဲ မေတ္တာတွေပို့ရင်း ၁၁ နာရီလောက်ထိ စောင့်ကြည့်နေခဲ့တာတဲ့…အကယ်၍ မိုးရွာရင် သူတစ်ခေါက်ပြန်သွားကြည့်မယ်…သားလေးရှိသေးတယ်ဆိုရင် မိုးရွာထဲတော့မထားခဲ့ဘဲ ဘာဖြစ်ဖြစ်ပြန်ခေါ်သွားမလို့တဲ့လေ…
ပြန်တော့လဲ တလမ်းလုံးငိုပြီး ကားဂိတ်ရှိတဲ့နေရာကနေ သူ့ရွာကို လမ်းလျှောက်သွားတာ မနက် ၄ နာရီလောက်မှ ရောက်တာတဲ့လေ…သွေးနုနုသားနုနုနဲ့ တအားခံစားခဲ့ရပုံပါ…ပုံ့တို့ သားလေးကိုတွေ့တော့ သူ့ကို စုံစမ်းလို့ရလို့ ချက်ချင်း သူ့ဆီလိုက်သွားခဲ့တယ်…
အဲ့တုံးက ၀သေးတယ်…ခု သူ HIV ဆေးထုတ်ရင်း သားလေးကို လာတွေ့တော့ တော်တော်လေး ပိန်နေရှာပြီ…အခုလို သားကို ပစ်ထားခဲ့ရတယ်ဆိုနဲ့စိတ်နဲ့ သူဘယ်လိုမှနေလို့မရ စိတ်ဆင်းရဲလွန်းလို့ ပိန်သွားရတာပါတဲ့…ဒီတိုင်းဆို သက်ဆိုးရှည်မယ့်ပုံမပေါ်ပါဘူး…
ပုံ့လေ သူဒီလိုလာတွေ့လိမ့်မယ်လို့ လုံးဝထင်မထားခဲ့ဘူး…တကယ်ဆို သူမလာလဲရတာပါ…ပုံ့ သားလေးကို စာချုပ်နဲ့ တခါထဲလက်မှတ်ထိုး ခေါ်လာခဲ့တာ…ဒါပေမဲ့ သူလာခဲ့တယ်…မိခင်မေတ္တာအပြည့်နဲ့ သားလေးဆီ မရောက်ရောက်အောင်လာခဲ့တယ်…ဘဝတွေ ဘယ်လိုဘဲ ဖြတ်သန်းခဲ့ရခဲ့ရ…
ဘယ်လိုဘဲ ဆုံးဖြတ်ချက်မှားပြီး သားလေးကို ပစ်ခဲ့ပစ်ခဲ့…နောက်ဆုံးတော့ သူ့ရဲ့ မိခင်မေတ္တာကို သူမလွန်ဆန်နိုင်ခဲ့ဘူး…ပုံ့ သူ့ကို အရမ်းလဲလေးစားပါတယ်…သားလေးကို လာတွေ့တဲ့အတွက်လဲ ကျေးဇူးတင်တယ်…ပုံ့ သားလေးကို ဘယ်လောက်ချစ်ပါတယ်ပြောပြော မိခင်မေတ္တာကိုတော့ မှီနိုင်မယ်မထင်ဘူး…
ပုံ့မနဲ သိပ်ရတဲ့ကလေးက သူ့အမေပေါင်ပေါ် အိပ်နေလိုက်တာငြိမ်လို့…သားအမိနှစ်ဦးကြားရှိတဲ့မေတ္တာတရားကို ဘယ်လိုပုဂ္ဂိုလ်ကမှ မှီနိုင်မယ်မထင်ပါဘူး…ဒါကြောင့် ပုံ့သူ့ကို သားဆီ ခဏခဏလာခဲ့ဖို့ တိုက်တွန်းခဲ့တယ်…သူယူလာတဲ့ပိုက်ဆံ ၁၀၀၀၀ ကို ပြန်ပေးပြီး…နောက်တခါလာမှ သားအတွက် သူပေးချင်တာလေးတွေ ကိုယ်တိုင်ဝယ်လာဖို့ပြောခဲ့တယ်…
သားအတွက် အသက်ဆက်ရှင်ပေးဖို့ အားပေးခဲ့တယ်….ပုံ့အမှန်အတိုင်းပြောတာပါ…ဒီကလေးလေးတွေကို တခြားသူလာတောင်းရင် ပုံ့လုံးဝပေးမှာမဟုတ်ပါဘူး…ဘာလို့ဆို ပုံ့ကိုယ်တိုင် မိဘမေတ္တာပေးနိုင်မယ့်လူဦးရေ…ပုံ့ သူများထက် အောက်မကျအောင် သားသမီးနဲ့မခြား စောင့်ရှောက်နိုင်မယ့် အတိုင်းအတာထိဘဲ လက်ခံပြီး…
ကိုယ်တိုင် အများနည်းတူ စောင့်ရှောက်နိုင်တာမို့ မပေးတာပါ…ဒါပေမဲ့ သူတို့ကို စောင့်ရှောက်ရခြင်းအတွက် ပုံ့မှာ အတ္တမပါပါဘူး…သူတို့ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့အထိစောင့်ရှောက်မယ်….သူတို့လေးတွေကို မိဘကျေးဇူးဆိုတာ သင်ပေးမယ်…
သူတို့ ရပ်တည်နိုင်လာတဲ့အခါ သူတိူ့လမ်းသူတိူ့လျှောက်ပြီး မိဘတွေ ရူးလို့ဘဲ ပစ်ခဲ့ပစ်ခဲ့၊ ကောင်းရဲ့နဲ့ဘဲ ထားခဲ့ထားခဲ့ မိဘရင်းတွေရဲ့ မွေးကျေးဇူးတွေကို ပြန်ဆပ်ဖို့ ပုံ့ တိုက်တွန်းမယ်…ပုံ့အတွက်တော့ ဘာမှမလိုဘူး…သူတို့ဘဝတွေ လူပီသသွားတာကြည့်ရင်းနဲ့ဘဲ ပုံ့ ပီတိတွေ စားနေပါ့မယ်……
ဤမှန်ကန်သော သစ္စာစကားကြောင့် ဒုက္ခဟူသမျှ ကြားရသမျှ ကယ်တင်နိုင်တဲ့သူဖြစ်ရပါစေ….. ။Thin shwe sin hlaing
ပစ္တုန္းကေတာ့ ျမက္ေတာထဲ ရက္ရက္စက္စက္ ပစ္ခဲ့တာပါဘဲ…ဒါေပမဲ့ ခုေတာ့ သူ႔သားေလးကို ျပန္လာေတြ႔႐ွာတယ္….
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
July 23, 2019
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment