“၀ဲေဒါင့္ရြာ ေဆးကုခရီးမွာ ၀ဲေဒါင့္ကို တာ၀န္က်ေနတဲ့ သားဖြား ဆရာမေလးကို ေတြ႕ခဲ့တယ္။ (၇)လအရြယ္ သမီးေလးကို ခ်ီလို႕။ သမီးေလးက ဖ်ားေနတယ္။ ဆရာမေလးက မ်က္ရည္၀ိုင္းလို႕။
သူတို႕ ေနရတဲ့ ဘ၀ေတြကို ျပန္ေျပာျပတယ္။ ရန္ကုန္သူေလး ဒီရြာေရာက္လာေတာ့ ေရလမ္းခရီးလာရရွာတယ္။ သူေရလမ္း ခရီး မသြားဖူးဘူး။ ေၾကာက္တယ္။ ရြာေရာက္ေတာ့ ေဆးခန္းဆိုလို႕ မရွိဘူး။ သူမ်ားအိမ္မွာ သူတို႕ လင္မယား ေနၾကရတယ္။ အိမ္ရွင္မ်က္ႏွာ ၾကည့္လုိ႕ေပါ့။
တစ္ေန႕ေတာ့ အိမ္ရွင္က ေျပာတယ္။ နတ္ခ်င္း မတည့္ဘူးတဲ့။ အတူေနလို႕ မရဘူးတ့ဲ။ ဆ၇ာမေလးခမ်ာ ေနစရာ မရွိျပန္ဘူး။ ရြာလူၾကီးကို ေျပာေတာ့ တဲကုပ္ေလး ေသးေသးေလး ေဆာက္ေပးတယ္။ အဲဒါ ေဆးခန္းတဲ့။
အဲဒီ ေဆးခန္းေလးမွာ မီးမရွိ၊ ေရမရွိ၊ ရန္ကုန္သူ ဆရာမေလးရယ္ သူ႕အမ်ိဳးသားရယ္ ေနၾကရတယ္။ ဆရာမေလး ကိုယ္၀န္ရွိေတာ့ မီးဖြားဖို႕ ေျမာင္းျမေဆးရံုကို လာတယ္။ သြားေရး လာေရးက အဆင္မေျပဘူး။ သမီးေလးကို စက္ေလွေပၚမွာ တျခားရြာက ဆရာမေလးက ေမြးေပးလိုက္ရတယ္။
တဲေလးက မိုးမလံုဘူး။ ေလတိုးတယ္။ သမီးေလး ဖ်ားတယ္။ သူမ်က္ရည္၀ိုင္းတယ္။ ရြာက သားဖြားဆရာမေလးက သူ႕ဘ၀အေထြေထြ ကၽြန္ေတာ့္ကို ရင္ဖြင့္ေတာ့ စိတ္ထဲမွာ ေၾကကြဲရျပန္တယ္။
ဒီေဆးခန္းအစုပ္ေလးလည္း ျပင္ေဆာက္ေပးရပါဦးမယ္။ အလွဴရွင္ ျမန္ျမန္ေတြ႕ပါေစ။ ဆရာမေလးတို႕ မိသားစုေလးလည္း ရြာမွာ ျငိမ္းျငိမ္းခ်မ္းခ်မ္း ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေနႏိုင္ၾကပါေစ။”
ဒါက လြန္ခဲ့တဲ့ တစ္ပတ္က ကၽြန္ေတာ္ တင္ခဲ့တဲ့ post ေလး တစ္ခုပါ။ အဲဒီ post တင္ျပီး မၾကာမီမွာပဲ ေဒၚေအးတိုးမာ၊ ေဒၚျဖဴ၀င္းမာ မိသားစုက အလွဴေငြ ငါးေသာင္းက်ပ္၊
ဂ်ပန္ ယန္းတစ္ရာ ေန႕စဥ္စု ပရဟိတအဖြဲ႕က အလွဴေငြ ငါးသိန္းက်ပ္၊ USA ေန ကိုစိုးႏိုင္+မတင္တင္သန္း(ခ)မေခ်ာစုတို႕က ငါးသိန္းက်ပ္ လွဴဒါန္းလာခဲ့ပါတယ္။
ေနာက္တစ္ရက္မွာ ရန္ကုန္ျမိဳ႕က အလွဴရွင္ တစ္ေယာက္က ေဆးခန္း တစ္ခုလံုး ေဆာက္လုပ္ရန္ အလွဴေငြ က်ပ္သိန္း တစ္ရာ့ေျခာက္ဆယ္ကို လွဴဒါန္းလိုက္ပါျပီ။
အလွဴရွင္က သူ႕နာမည္ကို မေဖာ္ျပပါနဲ႕။ အလွဴျဖစ္ဖို႕သာ အဓိကပါဆိုလို႕ အလွဴရွင္နာမည္ကို မေဖာ္ျပေတာ့ပါ။ အလွဴရွင္အားလံုးရဲ႕ ေမတၱာေၾကာင့္ ၀ဲေဒါင့္ရြာ ေဆးခန္းေလးလည္း စံကိုက္ေဆးခန္းေလး ျဖစ္လာပါေတာ့မယ္။
ရြာမွာေနတဲ့ သားဖြားဆရာမေလးေတြ ဘ၀ေတြ တိုးတက္ဖုိ႕၊ ရြာသူ ရြာသားေတြရဲ႕ က်န္းမာေရး အဆင့္အတန္းေတြ ျမင့္မားဖို႕၊ ေမြးလူနာေတြ ေဆးခနး္မွာ သားဖြားဆရာမေလးေတြနဲ႕
စနစ္တက် ေမြးတတ္ဖုိ႕ ေဆးခန္းေလးေတြ ေဆာက္လာတာ ဒီတစ္ခုပါဆိုရင္ (၁၃)ခန္းရွိလာခဲ့ပါျပီ။ သူတို႕ေလးေတြ ဘ၀ လွပၾကပါေစ။ အလွဴရွင္ေတြလည္း က်န္းမာခ်မ္းသာ လိုရာျပည့္ၾကပါေစ။
ထာ၀ရတည္တံ့မယ့္ ကုသိုလ္ေတြအတြက္ အျမဲ ပီတိျဖစ္ေနႏိုင္ၾကပါေစ။က်န္ေနေသးတဲ့ တဲပုတ္ေဆးခန္းေလးေတြအတြက္ ကၽြန္ေတာ္ကေတာ့ ဆက္လက္ၾကိဳးစားေနရပါဦးမည္။
Than Min Htut(ပင္းတယ မီးအိမ္ရွင္)
Unicode Version
“ဝဲဒေါင့်ရွာ ဆေးကုခရီးမှာ ဝဲဒေါင့်ကို တာဝန်ကျနေတဲ့ သားဖွား ဆရာမလေးကို တွေ့ခဲ့တယ်။ (၇)လအရွယ် သမီးလေးကို ချီလို့။ သမီးလေးက ဖျားနေတယ်။ ဆရာမလေးက မျက်ရည်ဝိုင်းလို့။
သူတို့ နေရတဲ့ ဘဝတွေကို ပြန်ပြောပြတယ်။ ရန်ကုန်သူလေး ဒီရွာရောက်လာတော့ ရေလမ်းခရီးလာရရှာတယ်။ သူရေလမ်း ခရီး မသွားဖူးဘူး။ ကြောက်တယ်။ ရွာရောက်တော့ ဆေးခန်းဆိုလို့ မရှိဘူး။ သူများအိမ်မှာ သူတို့ လင်မယား နေကြရတယ်။ အိမ်ရှင်မျက်နှာ ကြည့်လို့ပေါ့။
တစ်နေ့တော့ အိမ်ရှင်က ပြောတယ်။ နတ်ချင်း မတည့်ဘူးတဲ့။ အတူနေလို့ မရဘူးတဲ့။ ဆရာမလေးခမျာ နေစရာ မရှိပြန်ဘူး။ ရွာလူကြီးကို ပြောတော့ တဲကုပ်လေး သေးသေးလေး ဆောက်ပေးတယ်။ အဲဒါ ဆေးခန်းတဲ့။
အဲဒီ ဆေးခန်းလေးမှာ မီးမရှိ၊ ရေမရှိ၊ ရန်ကုန်သူ ဆရာမလေးရယ် သူ့အမျိုးသားရယ် နေကြရတယ်။ ဆရာမလေး ကိုယ်ဝန်ရှိတော့ မီးဖွားဖို့ မြောင်းမြဆေးရုံကို လာတယ်။ သွားရေး လာရေးက အဆင်မပြေဘူး။ သမီးလေးကို စက်လှေပေါ်မှာ တခြားရွာက ဆရာမလေးက မွေးပေးလိုက်ရတယ်။
တဲလေးက မိုးမလုံဘူး။ လေတိုးတယ်။ သမီးလေး ဖျားတယ်။ သူမျက်ရည်ဝိုင်းတယ်။ ရွာက သားဖွားဆရာမလေးက သူ့ဘဝအထွေထွေ ကျွန်တော့်ကို ရင်ဖွင့်တော့ စိတ်ထဲမှာ ကြေကွဲရပြန်တယ်။
ဒီဆေးခန်းအစုပ်လေးလည်း ပြင်ဆောက်ပေးရပါဦးမယ်။ အလှူရှင် မြန်မြန်တွေ့ပါစေ။ ဆရာမလေးတို့ မိသားစုလေးလည်း ရွာမှာ ငြိမ်းငြိမ်းချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် နေနိုင်ကြပါစေ။”
ဒါက လွန်ခဲ့တဲ့ တစ်ပတ်က ကျွန်တော် တင်ခဲ့တဲ့ post လေး တစ်ခုပါ။ အဲဒီ post တင်ပြီး မကြာမီမှာပဲ ဒေါ်အေးတိုးမာ၊ ဒေါ်ဖြူဝင်းမာ မိသားစုက အလှူငွေ ငါးသောင်းကျပ်၊
ဂျပန် ယန်းတစ်ရာ နေ့စဉ်စု ပရဟိတအဖွဲ့က အလှူငွေ ငါးသိန်းကျပ်၊ USA နေ ကိုစိုးနိုင်+မတင်တင်သန်း(ခ)မချောစုတို့က ငါးသိန်းကျပ် လှူဒါန်းလာခဲ့ပါတယ်။
နောက်တစ်ရက်မှာ ရန်ကုန်မြို့က အလှူရှင် တစ်ယောက်က ဆေးခန်း တစ်ခုလုံး ဆောက်လုပ်ရန် အလှူငွေ ကျပ်သိန်း တစ်ရာ့ခြောက်ဆယ်ကို လှူဒါန်းလိုက်ပါပြီ။
အလှူရှင်က သူ့နာမည်ကို မဖော်ပြပါနဲ့။ အလှူဖြစ်ဖို့သာ အဓိကပါဆိုလို့ အလှူရှင်နာမည်ကို မဖော်ပြတော့ပါ။ အလှူရှင်အားလုံးရဲ့ မေတ္တာကြောင့် ဝဲဒေါင့်ရွာ ဆေးခန်းလေးလည်း စံကိုက်ဆေးခန်းလေး ဖြစ်လာပါတော့မယ်။
ရွာမှာနေတဲ့ သားဖွားဆရာမလေးတွေ ဘဝတွေ တိုးတက်ဖို့၊ ရွာသူ ရွာသားတွေရဲ့ ကျန်းမာရေး အဆင့်အတန်းတွေ မြင့်မားဖို့၊ မွေးလူနာတွေ ဆေးခန်းမှာ သားဖွားဆရာမလေးတွေနဲ့
စနစ်တကျ မွေးတတ်ဖို့ ဆေးခန်းလေးတွေ ဆောက်လာတာ ဒီတစ်ခုပါဆိုရင် (၁၃)ခန်းရှိလာခဲ့ပါပြီ။ သူတို့လေးတွေ ဘ၀ လှပကြပါစေ။ အလှူရှင်တွေလည်း ကျန်းမာချမ်းသာ လိုရာပြည့်ကြပါစေ။
ထာဝရတည်တံ့မယ့် ကုသိုလ်တွေအတွက် အမြဲ ပီတိဖြစ်နေနိုင်ကြပါစေ။ကျန်နေသေးတဲ့ တဲပုတ်ဆေးခန်းလေးတွေအတွက် ကျွန်တော်ကတော့ ဆက်လက်ကြိုးစားနေရပါဦးမည်။
Than Min Htut(ပင်းတယ မီးအိမ်ရှင်)
No comments:
Post a Comment