CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Wednesday, July 10, 2019
အရမ္းေတာ္တဲ့.. ကေလးအထူးကုဆရာဝန္ႀကီးတစ္ေယာက္ရဲ႕အေၾကာင္း… စိတ္မေကာင္းျခင္းမ်ားစြာနဲ႔ ဒီစာကိုေရးပါတယ္
က် မ ကေလး ၇လပါ ေခ်ာင္းဆိုးေနတာ ၾကာပါပီ ၁လေက်ာ္ေလာက္ရွိေနၿပီ ခေလးနဲ႔ ေခ်ာင္းစဆိုးထဲက အဂၤလိပ္ဆရာ၀န္ အထူးကုနဲ႔ေကာ ျမန္မာ ဆရာ၀န္နဲ႔ပါ ျပပါတယ္ လံုး၀မသက္သာပါဘူး အစပိုင္းက ေခ်ာင္းေျခာက္ အပူေခ်ာင္းဆိုးရာကေန အဂၤလိပ္ဆရာ၀န္ကမသက္သာလို႔ ျမန္မာဆရာ၀န္နဲ႔ေျပာင္းျပတဲ့အခါ
ခြြၽဲေတြ ပါ ထလာတယ္ ပိုဆိုးလာတယ္ ခေလး အသက္ရႈရၾကပ္လာတယ္ ညအိပ္ရင္ ခြၽဲထၿပီး ခလူးခလူးနဲ႔ ကေလးေဆးခန္းတစ္ခါသြားျပရင္ ကိုယ့္ေရွ႕မွာ လူ အေယာက္ ၇၀ေစာင့္ရတယ္ စိတ္ေတြညစ္တာေပါ့ေနာ္
ကိုယ့္ခေလး လိုဘဲ ေခ်ာင္းဆိုးေနတဲ့ခေလး အရွင္းေပ်ာက္သြားတယ္ အဲ့ဆရာ၀န္ႀကီးနဲ႔သြားျပပါလားလို႔ အႀကံေပးလာတဲ့အတြက္ ခုလက္ရွိျပေနတဲ့ ဆရာ၀န္ႀကီးဆီေျပာင္းျပခဲ့ပါတယ္ ၈မိုင္ လမ္းဆံု သမားေတာ္ေဆးခန္းမွာထိုင္တဲ့ စစ္ေဆးဆရာ၀န္ႀကီး ေဒါက္တာ ဦးေစာေအာင္ျမတ္သိန္းပါ သမားဆို အိုမွ စကားပံုအတိုင္း ဆရာ၀န္ႀကီး အသက္ ၈၀ေက်ာ္ေနပါပီ လက္ရွိလဲ သူကိုယ္တိုင္ ကင္ဆာေရာဂါကို အန္တုေနရရွာသူပါ ခေလးအရမ္းခ်စ္တက္တယ္ အသျပာဆရာမဟုတ္ဘူး ေစတနာဆရာ၀န္ႀကီးပါ
ဒီေလာက္ ဆရာ၀န္ႀကီးေတာ္ေနတာ ကေလးေတြအရမ္းမ်ားမွာဘဲ ေစာင့္ရဦးမယ္ အၾကာႀကီးလို႔မွတ္တာ ဆရာ၀န္ႀကီးဆီမွာ လာျပတဲ့သူ ၁၀ေယာက္ေတာင္မျပည့္ပါဘူး က်မ အရမ္းအံ့ၾသသြားတယ္ က်မ တံုကင္နံပတ္၆ ရပါတယ္ ဒါေပမဲ့ ႀကိဳေစာေရာက္ေနတဲ့သူအရင္၀င္ စနစ္ျဖစ္တာေၾကာင့္ က်မအရင္ဦးဆံုး ၀င္ရပါတယ္
ဆ ရာ ၀န္ႀကီးဟာ ခေလးအရမ္းခ်စ္တက္ ဂရုစိုက္ၿပီး ေသခ်ာ နားလည္ေအာင္ ရွင္းျပ သင္ျပ ေျပာျပ ေရာဂါ အေသးစိတ္ကိုမွတ္တမ္းယူ တခဏတာ ေရာဂါျဖစ္ေနတဲ့ ေခ်ာင္းဆိုးေပ်ာက္ဖို႔ရယ္ တသက္တာ ခေလး ႀကီးထြားဖြံ႕ၿဖိဳးဖို႔ရယ္ ဆိုၿပီး ၂ပိုင္းခြဲ ေသခ်ာရွင္းျပ ခေလးျပဳစုနည္း ခေလးစိတ္ေနစိတ္ထားနဲ႔ မိဘ က စိတ္ရွည္၂နဲ႔ ဘယ္လို သြင္သင္ရမယ္ဆိုတာကအစ ေသခ်ာေျပာျပေပးေနတာပါ
က်မတို႔ တျခား ခေလးေဆးခန္းေတြျပခဲ့တယ္ ခေလးၾကည့္ခ်ိန္ ၁၀မိနစ္ထက္မပိုဘူး ခုဆရာ၀န္ႀကီးကေတာ့ ခေလးတစ္ေယာက္ကို ၾကည့္ရႈကုသေပးခ်ိန္ နာရီ၀တ္ေက်ာ္တယ္ဆိုရင္ ခေလးေမေမတို႔ အံ့ၾသၾကမွာေပါ့ တကယ္ပါရွင္ ဆရာ၀န္ႀကီးရဲ႕ ေစတနာကို ေဘးက ခေလးမိဘက ျမင္ပါတယ္ ေသေသခ်ာခ်ာ စိတ္ရွည္ရွည္နဲ႔ မေပ်ာက္ေပ်ာက္ေအာင္ကုေပးမယ္လို႔ စိတ္ထဲ သံဓိဌာန္ခ်ထားသလားမွတ္ရတယ္ခေလးေခ်ာင္းဆိူးတယ္ ပိုးသတ္ေဆးဘာေသာက္ေနလဲ ေဆးေသာက္ရင္ အန္လား ဘာေဆးထပ္ေပးရမလဲ သူေသခ်ာစဥ္းစားၿပီးေတာ့ သူေပးတဲ့ေဆးေတြရဲ႕ အာနိသင္ကို ခေလးေဆးတိုက္ျပဳစုမဲ့မိဘကို ေသခ်ာေျပာျပေပးေနတာပါ ေဆးထဲမွာပါ၀င္တဲ့ ပါ၀င္ပစၥည္း တစ္ခုခ်င္းစီရဲ႕အာနိသင္ပါေျပာျပေပးလိုက္တာဆိုေတာ့ က်မ ခေလးမိဘတစ္ေယာက္အေနနဲ႔ ဆရာ၀န္ႀကီးနဲ႔ျပရတာ အရမ္းကို စိတ္ထဲေက်နပ္မိတယ္
က်မကေလးက ေဆးေၾကာက္ပါတယ္ ေဆးတိုက္တိုင္း အန္ထုတ္ပစ္ေနတာ အာ့ကိုလဲေျပာေတာ့ ဆရာ၀န္ၿကီးက ကေလးေဆးေသာက္ရင္ မအန္ေအာင္ ကေလးႀကိဳက္ေလာက္မဲ့ အရသာ ေဆးအခ်ိဳးအစား ေသခ်ာစဥ္းစားၿပီးမွေပးလိုက္တယ္အရင္ဆရာ၀န္ေတြတုန္းက ကေလးေခ်ာင္းဆိုးတာကိုေဆး၂မ်ိဳးဘဲေပးလိုက္တယ္ ဘာေဆးေတြမွန္းလဲမသိဘူး ခုဆရာ၀န္ႀကီးက်ေတာ့ ေသခ်ာေျပာျပခါမွ အရင္ေဆးေတြက ခြၽဲေက်ေဆးနဲ႔ ပိုးသတ္ေဆး ၂မ်ိဳးဘဲပါတယ္ ဆရာ၀န္ႀကီးဆီေျပာင္းျပခါမွ ဆရာ၀န္ႀကီးက ကေလးေဆးေတြကို ေခ်ာင္းဆိုးေပ်ာက္ေဆး အရင္ပိုးသတ္ေဆးနဲ႔ ခြၽဲေက်ေဆးဘဲ ထပ္ေသာက္ခိုင္းတယ္ ျပၤးေတာ့ ရႈေဆးဗူးရယ္ ခြၽဲေၾကာင့္နွာေစးတဲ့အခါ ေသာက္ဖို႔ေဆးရယ္ ဘာမီတြန္ ၈ပံုတစ္ပံုနဲ႔ ၈ရက္တိုက္ခိုင္းတယ္
ေဆးေတြလဲအမ်ားႀကီးေပးတဲ့ ဆရာႀကီးဆီ၁ခါျပရင္ သူမ်ားဆီ ၄ ၅ ခါျပတာနဲ႔ညီမ်ွပါတယ္ တစ္ခါတည္းျပ အေတာ္သက္သာ ေရာဂါေပ်ာက္ဘဲ ေရရွည္အတြက္ တသက္တာေဆးလဲေရးေပးလိုက္ေသးတာ ကို့္ခေလးကေသးေနတဲ့အတြက္ တသက္တာေသာက္ဖို႔ အားေဆးကိုထပ္ေပးတယ္ ကေလးကိုၾကည့္ၿပီး လိုေနတဲ့ ဗိုက္တာမင္ေတြ အသက္႐ြယ္အလိုက္ေသာက္ရမဲ့ရွိရမဲ့ အားေဆးေတြထပ္ေပးလိုက္တယ္ က်မေလ ဆရာ၀န္ႀကီးဆီ မသြားခင္က ေစ်းႀကီးပါေစ ကေလးထြားရင္ပီးေရာ အားေဆးေတြ ေၾကာ္ညာအရ၀ယ္တိုက္တယ္ ကေလးမထြားဘူး ေန႔ဖက္မအိပ္ဘူး ေပါင္အရမ္းေသးတယ္ ၇လကို ၁၃ေပါင္ေက်ာ္ေလးဘဲရွိတယ္ ေမြးစက ၅ေပါင္၇ေအာင္စ
ခုဆရာ၀န္ႀကီးေပးတဲ့ေဆးေတြက ေစ်းမႀကီးဘူး ခေလးပိုစားလာတယ္ ပိုအိပ္လာတယ္ ေရာဂါလဲပိုသက္သာလာတယ္ ေဆးေတြလဲ အမ်ိဳးအစားအစံုအလင္နဲ႔ေနာ္ အားလံုးေပါင္း စမ္းသပ္ၾကည့္ရႈခ ၅၀၀၀ ေဆးခန္း၀န္ေဆာင္ခ ၁၅၀၀နဲ႔ ေဆးဖိုး ၁၆၅၀၀ အားလံုးေပါင္းမွ ၂ေသာင္းေက်ာ္ေလးဘဲက်ခဲ့တယ္ က်မေလ တကယ္
အံ့ၾသျခင္းမ်ားစြာနဲ႔အိမ္ျပန္လာခဲ့ရတယ္ ဘာေၾကာင့္ ဒီေလာက္ေတာ္ေနတဲ့ ဆရာ၀န္ႀကီးကို လူသိပ္မသိရတာလဲ က်မနွေျမာမိတယ္ ဆရာ၀န္ႀကီး က်န္းမာေရးအေျခအေနေၾကာင့္ေကာ ခေလးမိဘေတြ ပိုၿပီး ေစာေစာသိခဲ့ရင္ ကိုယ့္ကေလးအတြက္ ဆရာေကာင္းသမားေကာင္းနဲ႔ေတြ႕ၿပီး က်န္းမာတဲ့ ဘ၀မ်ိဳးရေစခ်င္တာ က်မသားကစလို႔ေပါ့
ၿပီးေတာ့ေလ ဆရာ၀န္ႀကီးက ကင္ဆာေရာဂါသက္တမ္းၾကာေနလွၿပီျဖစ္တဲ့အတြက္ သူ႔ေရာဂါကို ေဆးကုရင္း ေငြလဲရွာ သူ၀ာသနာပါတဲ့အလုပ္ကိုလဲ တစ္ရက္မွမပ်က္ပါဘူးတဲ့ ေနကမေကာင္းတဲ့ၾကားက သူ႔ဆီလာျပတဲ့ ေျမးခေလးေလးေတြကို လြမ္းလို႔ ေနမေကာင္းတဲ့ၾကားကထလာၿပီး ေဆးလာကုရတာပါတဲ့ ေရာဂါသက္
တမ္းလဲၾကာေတာ့ ေဆးကုသစားရိတ္ေတြလဲ အေႂကြးနဲ႔ျဖစ္ေနလို႔ အေႂကြးလဲဆပ္ခ်င္လို႔ ထလာတာပါ ဆိုေတာ့ က်မေလ စိတ္မေကာင္းျခင္းျကီးစြာ နွေျမတသျခင္းေတြႀကီးစြာနဲ႔ က်မ အိမ္ျပန္လာခဲ့ရတယ္ ဆရာ၀န္ႀကီးရဲ႕ ပညာေတြအတြက္လဲနွေျမာမိတယ္
က်မတို႔ကေလးေတြတြက္ သမားေကာင္းလိုတယ္ေလ သူအသက္ရွည္ရွည္ က်န္းက်န္းမာမာနဲ႔ရွိမွ ကိုယ့္ခေလးေတြအတြက္ ဆုေတာင္းမိတယ္ ဆရာ၀န္ႀကီးအျမန္သက္သာပါေစ ေဆးလဲေသခ်ာျပတ္ကုလာနိုင္ပါေစဆိုၿပီးေတာ့ေလ ဒီစာ review ေလးကို ကေလးေမေမတို႔ ဖတ္မိခဲ့ရင္ ျပန္ share ေပးပါ အခ်င္းခ်င္း လက္
တို႔ၾကပါ ကိုယ့္ခေလးေတြအတြက္ေကာ ဆရာ၀န္ႀကီးအတြက္ေကာ ေစတနာ ပလပြနဲ႔ ဒီစာကိုေရးပါတယ္ဒီပိုစ့္ေၾကာင့္ ခေလးမိဘမ်ားနဲ႔ ဆရာ၀န္ႀကီး ေဒါက္တာဦးေစာေအာင္ျမတ္သိန္းအတြက္ တစ္ဖက္တစ္လမ္း အက်ိဳးျဖစ္ထြန္းခဲ့မယ္ဆိုရင္ ပိုစ့္တင္ရက်ိဳးနပ္ပါၿပီ
HMPO
Unicode Version
ကျမကလေး ရလပါ ချောင်းဆိုးနေတာ ကြာပါပီ ၁လကျော်လောက်ရှိနေပြီ ခလေးနဲ့ ချောင်းစဆိုးထဲက အင်္ဂလိပ်ဆရာဝန် အထူးကုနဲ့ကော မြန်မာ ဆရာဝန်နဲ့ပါ ပြပါတယ် လုံးဝမသက်သာပါဘူး အစပိုင်းက ချောင်းခြောက် အပူချောင်းဆိုးရာကနေ အင်္ဂလိပ်ဆရာဝန်ကမသက်သာလို့ မြန်မာဆရာဝန်နဲ့ပြောင်းပြတဲ့အခါ
ခွျွဲတွေပါထလာတယ် ပိုဆိုးလာတယ် ခလေး အသက်ရှုရကြပ်လာတယ် ညအိပ်ရင် ချွဲထပြီး ခလူးခလူးနဲ့ ကလေးဆေးခန်းတစ်ခါသွားပြရင် ကိုယ့်ရှေ့မှာ လူ အယောက် ရ၀စောင့်ရတယ် စိတ်တွေညစ်တာပေါ့နော်
ကိုယ့်ခလေးလိုဘဲ ချောင်းဆိုးနေတဲ့ခလေး အရှင်းပျောက်သွားတယ် အဲ့ဆရာဝန်ကြီးနဲ့သွားပြပါလားလို့ အကြံပေးလာတဲ့အတွက် ခုလက်ရှိပြနေတဲ့ ဆရာဝန်ကြီးဆီပြောင်းပြခဲ့ပါတယ် ၈မိုင် လမ်းဆုံ သမားတော်ဆေးခန်းမှာထိုင်တဲ့ စစ်ဆေးဆရာဝန်ကြီး ဒေါက်တာ ဦးစောအောင်မြတ်သိန်းပါ သမားဆို အိုမှ စကားပုံ
အတိုင်း ဆရာဝန်ကြီး အသက် ၈၀ကျော်နေပါပီ လက်ရှိလဲ သူကိုယ်တိုင် ကင်ဆာရောဂါကို အန်တုနေရရှာသူပါ ခလေးအရမ်းချစ်တက်တယ် အသပြာဆရာမဟုတ်ဘူး စေတနာဆရာဝန်ကြီးပါ
ဒီလောက်ဆရာဝန်ကြီးတော်နေတာ ကလေးတွေအရမ်းများမှာဘဲ စောင့်ရဦးမယ် အကြာကြီးလို့မှတ်တာ ဆရာဝန်ကြီးဆီမှာ လာပြတဲ့သူ ၁၀ယောက်တောင်မပြည့်ပါဘူး ကျမ အရမ်းအံ့သြသွားတယ် ကျမ တုံကင်နံပတ်၆ ရပါတယ် ဒါပေမဲ့ ကြိုစောရောက်နေတဲ့သူအရင်၀င် စနစ်ဖြစ်တာကြောင့် ကျမအရင်ဦးဆုံး ၀င်ရ
ပါတယ် ဆရာဝန်ကြီးဟာ ခလေးအရမ်းချစ်တက် ဂရုစိုက်ပြီး သေချာ နားလည်အောင် ရှင်းပြ သင်ပြ ပြောပြ ရောဂါ အသေးစိတ်ကိုမှတ်တမ်းယူ တခဏတာ ရောဂါဖြစ်နေတဲ့ ချောင်းဆိုးပျောက်ဖို့ရယ် တသက်တာ ခလေး ကြီးထွားဖွံ့ဖြိုးဖို့ရယ် ဆိုပြီး ၂ပိုင်းခွဲ သေချာရှင်းပြ ခလေးပြုစုနည်း ခလေးစိတ်နေစိတ်ထားနဲ့ မိဘ က စိတ်ရှည်၂နဲ့ ဘယ်လို သွင်သင်ရမယ်ဆိုတာကအစ သေချာပြောပြပေးနေတာပါ
ကျမတို့ တခြား ခလေးဆေးခန်းတွေပြခဲ့တယ် ခလေးကြည့်ချိန် ၁၀မိနစ်ထက်မပိုဘူး ခုဆရာဝန်ကြီးကတော့ ခလေးတစ်ယောက်ကို ကြည့်ရှုကုသပေးချိန် နာရီဝတ်ကျော်တယ်ဆိုရင် ခလေးမေမေတို့ အံ့သြကြမှာပေါ့ တကယ်ပါရှင် ဆရာဝန်ကြီးရဲ့ စေတနာကို ဘေးက ခလေးမိဘက မြင်ပါတယ် သေသေချာချာ စိတ်
ရှည်ရှည်နဲ့ မပျောက်ပျောက်အောင်ကုပေးမယ်လို့ စိတ်ထဲ သံဓိဌာန်ချထားသလားမှတ်ရတယ်ခလေးချောင်းဆိူးတယ် ပိုးသတ်ဆေးဘာသောက်နေလဲ ဆေးသောက်ရင်အန်လား ဘာဆေးထပ်ပေးရမလဲ သူသေချာစဉ်းစားပြီးတော့ သူပေးတဲ့ဆေးတွေရဲ့ အာနိသင်ကို ခလေးဆေးတိုက်ပြုစုမဲ့မိဘကို သေချာပြောပြပေးနေ
တာပါ ဆေးထဲမှာပါ၀င်တဲ့ ပါ၀င်ပစ္စည်း တစ်ခုချင်းစီရဲ့အာနိသင်ပါပြောပြပေးလိုက်တာဆိုတော့ ကျမ ခလေးမိဘတစ်ယောက်အနေနဲ့ ဆရာဝန်ကြီးနဲ့ပြရတာ အရမ်းကို စိတ်ထဲကျေနပ်မိတယ်
ကျမကလေးက ဆေးကြောက်ပါတယ် ဆေးတိုက်တိုင်း အန်ထုတ်ပစ်နေတာ အာ့ကိုလဲပြောတော့ ဆရာဝန်ကြီးက ကလေးဆေးသောက်ရင် မအန်အောင် ကလေးကြိုက်လောက်မဲ့ အရသာ ဆေးအချိုးအစား သေချာစဉ်းစားပြီးမှပေးလိုက်တယ်အရင်ဆရာဝန်တွေတုန်းက ကလေးချောင်းဆိုးတာကိုဆေး၂မျိုးဘဲ
ပေးလိုက်တယ် ဘာဆေးတွေမှန်းလဲမသိဘူး ခုဆရာဝန်ကြီးကျတော့ သေချာပြောပြခါမှ အရင်ဆေးတွေက ချွဲကျေဆေးနဲ့ ပိုးသတ်ဆေး ၂မျိုးဘဲပါတယ် ဆရာဝန်ကြီးဆီပြောင်းပြခါမှ ဆရာဝန်ကြီးက ကလေးဆေးတွေကို ချောင်းဆိုးပျောက်ဆေး အရင်ပိုးသတ်ဆေးနဲ့ ချွဲကျေဆေးဘဲ ထပ်သောက်ခိုင်းတယ် င်္ပြးတော့ ရှုဆေးဗူးရယ် ချွဲကြောင့်နှာစေးတဲ့အခါ သောက်ဖို့ဆေးရယ် ဘာမီတွန် ၈ပုံတစ်ပုံနဲ့ ၈ရက်တိုက်ခိုင်းတယ်
ဆေးတွေလဲအများကြီးပေးတဲ့ ဆရာကြီးဆီ၁ခါပြရင် သူများဆီ ၄ ၅ ခါပြတာနဲ့ညီမျှပါတယ် တစ်ခါတည်းပြ အတော်သက်သာ ရောဂါပျောက်ဘဲ ရေရှည်အတွက် တသက်တာဆေးလဲရေးပေးလိုက်သေးတာ ကို့်ခလေးကသေးနေတဲ့အတွက် တသက်တာသောက်ဖို့ အားဆေးကိုထပ်ပေးတယ် ကလေးကိုကြည့်ပြီး လိုနေတဲ့
ဗိုက်တာမင်တွေ အသက်ရွယ်အလိုက်သောက်ရမဲ့ရှိရမဲ့ အားဆေးတွေထပ်ပေးလိုက်တယ် ကျမလေ ဆရာဝန်ကြီးဆီ မသွားခင်က စျေးကြီးပါစေ ကလေးထွားရင်ပီးရော အားဆေးတွေ ကြော်ညာအရဝယ်တိုက်တယ် ကလေးမထွားဘူး နေ့ဖက်မအိပ်ဘူး ပေါင်အရမ်းသေးတယ် ရလကို ၁၃ပေါင်ကျော်လေးဘဲရှိတယ် မွေးစက ၅ပေါင်၇အောင်စ
ခုဆရာဝန်ကြီးပေးတဲ့ဆေးတွေက စျေးမကြီးဘူး ခလေးပိုစားလာတယ် ပိုအိပ်လာတယ် ရောဂါလဲပိုသက်သာလာတယ် ဆေးတွေလဲ အမျိုးအစားအစုံအလင်နဲ့နော် အားလုံးပေါင်း စမ်းသပ်ကြည့်ရှုခ ၅၀၀၀ ဆေးခန်းဝန်ဆောင်ခ ၁၅၀၀နဲ့ ဆေးဖိုး ၁၆၅၀၀ အားလုံးပေါင်းမှ ၂သောင်းကျော်လေးဘဲကျခဲ့တယ် ကျမလေ
တကယ်အံ့သြခြင်းများစွာနဲ့အိမ်ပြန်လာခဲ့ရတယ် ဘာကြောင့် ဒီလောက်တော်နေတဲ့ ဆရာဝန်ကြီးကို လူသိပ်မသိရတာလဲ ကျမနှမြောမိတယ် ဆရာဝန်ကြီး ကျန်းမာရေးအခြေအနေကြောင့်ကော ခလေးမိဘတွေ ပိုပြီး စောစောသိခဲ့ရင် ကိုယ့်ကလေးအတွက် ဆရာကောင်းသမားကောင်းနဲ့တွေ့ပြီး ကျန်းမာတဲ့ ဘဝမျိုးရစေချင်တာ ကျမသားကစလို့ပေါ့
ပြီးတော့လေ ဆရာဝန်ကြီးက ကင်ဆာရောဂါသက်တမ်းကြာနေလှပြီဖြစ်တဲ့အတွက် သူ့ရောဂါကို ဆေးကုရင်း ငွေလဲရှာ သူဝာသနာပါတဲ့အလုပ်ကိုလဲ တစ်ရက်မှမပျက်ပါဘူးတဲ့ နေကမကောင်းတဲ့ကြားက သူ့ဆီလာပြတဲ့ မြေးခလေးလေးတွေကို လွမ်းလို့ နေမကောင်းတဲ့ကြားကထလာပြီး ဆေးလာကုရတာပါတဲ့ ရောဂါသက်
တမ်းလဲကြာတော့ ဆေးကုသစားရိတ်တွေလဲ အကြွေးနဲ့ဖြစ်နေလို့ အကြွေးလဲဆပ်ချင်လို့ ထလာတာပါ ဆိုတော့ ကျမလေ စိတ်မကောင်းခြင်းကြီးစွာ နှမြေတသခြင်းတွေကြီးစွာနဲ့ ကျမ အိမ်ပြန်လာခဲ့ရတယ် ဆရာဝန်ကြီးရဲ့ ပညာတွေအတွက်လဲနှမြောမိတယ်
ကျမတို့ကလေးတွေတွက် သမားကောင်းလိုတယ်လေ သူအသက်ရှည်ရှည် ကျန်းကျန်းမာမာနဲ့ရှိမှ ကိုယ့်ခလေးတွေအတွက် ဆုတောင်းမိတယ် ဆရာဝန်ကြီးအမြန်သက်သာပါစေ ဆေးလဲသေချာပြတ်ကုလာနိုင်ပါစေဆိုပြီးတော့လေ ဒီစာ review လေးကို ကလေးမေမေတို့ ဖတ်မိခဲ့ရင် ပြန် share ပေးပါ အချင်းချင်း
လက်တို့ကြပါ ကိုယ့်ခလေးတွေအတွက်ကော ဆရာဝန်ကြီးအတွက်ကော စေတနာ ပလပွနဲ့ ဒီစာကိုရေးပါတယ်ဒီပိုစ့်ကြောင့် ခလေးမိဘများနဲ့ ဆရာဝန်ကြီး ဒေါက်တာဦးစောအောင်မြတ်သိန်းအတွက် တစ်ဖက်တစ်လမ်း အကျိုးဖြစ်ထွန်းခဲ့မယ်ဆိုရင် ပိုစ့်တင်ရကျိုးနပ်ပါပြီ
HMPO
အရမ္းေတာ္တဲ့.. ကေလးအထူးကုဆရာဝန္ႀကီးတစ္ေယာက္ရဲ႕အေၾကာင္း… စိတ္မေကာင္းျခင္းမ်ားစြာနဲ႔ ဒီစာကိုေရးပါတယ္
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
July 10, 2019
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment