CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, June 14, 2019
Onlineမှတဆင့် ရည်စားဖြစ်ခဲ့သူ နှင့် ချစ်နယ်ကျွံရာမှ ခြိမ်းခြောက် ခံရမှု ဖြစ်ပွား
RND၊ ဇွန် ၁၃
Online မှ တစ်ဆင့် ရည်စားဖြစ်ခဲ့ရာမှ ချစ်နယ်ကျွံခြင်း ဓါတ်ပုံ များရိုက်ထားကာ ခြိမ်းခြောက်ခံရမှု တစ်ခု လှိုင်သာယာ၌ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
"လှိုင်သာယာမြို့နယ်၌ လွန်ခဲ့သော(၄)လခန့်မှ စတင်၍ Online မှ တဆင့် ခင်မင်ရင်းနှီးကာ ရည်းစားများ ဖြစ်သွားခဲ့ပြီး၊ မောင်ဇင်ကိုထက်နေသောအဆောင်တွင် နှစ်ဦးသဘောတူ အချစ်နယ်ကျွံခဲ့တယ်။ ထိုသို့ အချစ်နယ်ကျွံနေပုံများအား မောင်ဇင်ကိုထက်မှ ဗွီဒီယို ဓါတ်ပုံများရိုက်ကူးထားခဲ့ပြီး နောက်ရက်များတွင် မောင်ဇင်ကိုထက်မှာ ၎င်းဆန္ဒအရ မ-----------(၂၁)နှစ် ၎င်းနေသောအဆောင်သို့ ဖုန်းဆက်ခေါ်ပြီး ကာမရယူခဲ့ကြောင်းး ၎င်းခေါ်သည်ကို ငြင်းဆန်ပါက Facebook(လူမှုကွန်ယက်)မှတစ်ဆင့် ဗွီဒီယို ဓါတ်ပုံများ တင်မည်ဟု အကြပ်ကိုင်ခြိမ်းခြောက်ကြောင်း မ------------မှာ မောင်ဇင်ကိုထက်၏ အနိုင်ကျင့် ခြိမ်းခြောက်မှုများအား မခံနိုင်၍ တရားလိုအား အကြောင်းစုံဖွင့်ပြောပြ၍ သိရှိခဲ့ကြောင်း မောင်ဇင်ကိုထက် မှာ မ-------------၏ဖုန်းသို့ Viber ဖြင့် ဓါတ်ပုံများ ဒီးထက်ဆိုးသည့်ပုံများ တင်ပို့ပေးလိုက်မည်ဟု စာများ ပေးပို့ခြိမ်းခြောက်ခဲ့ သဖြင့် ၁၁-၆-၂၀၁၉ ရက်နေ့ ၌ မောင်ဇင်ကိုထက် (၂၄)နှစ် အေးရိပ်သာ(၆)လမ်း ဒညင်းကုန်း နေသူ အား ဥပဒေအရအရေးယူပေးပါရန် လှိုင်သာယာမြို့နယ် သောင်ကြီးနယ်မြေ ရဲစခန်းသို့ တိုင်ကြားခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မောင်ဇင်ကိုထက် (၂၃)နှစ် အား သောင်ကြီးနယ်မြေရဲစခန်း မှ (ပ)၁၇၀၅ /၂၀၁၉ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှု ကာကွယ်ပေးရေးဥပဒေပုဒ်မ ၁၀ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲမှတ်တမ်းအရ သိရှိရသည်။
သာခိုင်(မုနိမြီ)
Real News Distribution Agency
Onlineမှတဆင့် ရည်စားဖြစ်ခဲ့သူ နှင့် ချစ်နယ်ကျွံရာမှ ခြိမ်းခြောက် ခံရမှု ဖြစ်ပွား
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 14, 2019
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment