ရွမ္းျပည္နယ္မွာ ေရွးယခင္ ႏွစ္ေပါင္းမ်ားစြာအတြင္းက အစၥေရးႏိုင္ငံက ဂ်ဴးလူမ်ဳိးေတြ တည္ခဲ့တဲ့ ၿမိဳ႕ေဟာင္းတစ္ခု တည္ရွိပါတယ္။ ဂ်ဴးေတြဟာ ၿမိဳ႕တည္ၿပီးခ်ိန္မွာ ေတာင္ထိပ္ေပၚကေန ေရကန္ႀကီးတည္ေဆာက္ၿပီး တစ္ၿမိဳ႕လံုးကို ေရေပးေ၀ေရးစနစ္နဲ႔ ျဖန္႔ျဖဴးခဲ့တာ ျဖစ္တဲ့အတြက္ ဂ်ဴးေတြရဲ႕ ဥာဏ္ပညာအစြမ္းကိုလည္း လက္ဖ်ားခါရပါတယ္။
ေရကန္ႀကီးဟာ အခုထက္ထိ တည္ရွိေနၿပီးေတာ့ ေရကန္ေအာက္မွာေဆာက္ထားတဲ့ ဂ်ဴးေရွးေဟာင္းအိမ္မ်ား၊ အရာရွိအိမ္ရာမ်ားကို ယေန႔ထက္တုိင္ ျမင္ေတြ႕ရမွာျဖစ္ပါတယ္။
အဲဒီေနရာကေတာ့ ရွမ္းျပည္နယ္ ေတာင္ပုိင္းမွာရွိတဲ့ နမ့္စန္ၿမိဳ႕ (Namsang) ေလးပဲ ျဖစ္ပါတယ္။ နမ့္စန္ကို ရွမ္းလိုေခၚမယ္ ဆိုရင္ မွားႏုိင္စရာ မရွိဘူးလို႔ ရွမ္းေတြကဆိုၾကၿပီး ရွမ္းျပည္နယ္မွာ နာမည္တူေသာ ၿမိဳ႕ေလးေတြ အမ်ားႀကီး တည္ရွိေနတာ လည္း ျဖစ္ပါတယ္။
ရွမ္းျပည္နယ္ ၿမိဳ႕ေတာ္ေတာင္ႀကီးကေန သြားမယ္ဆိုရင္ေတာ့ မုိင္ေပါင္း ၇၃ မုိင္ကြာေ၀းၿပီး ကားနဲ႔သြားမယ္ဆိုရင္ ၃ နာရီ (မိနစ္ ၁၈၀) ခန္႔ ၾကာျမင့္ႏိုင္ပါတယ္။
ေတာင္ႀကီးကေန ဟိုပံုး၊ မိုင္းပြန္၊ လြိဳင္လင္ၿမိဳ႕တို႔ကို ျဖတ္ေက်ာ္လာရၿပီးေတာ့ ေတာင္သံုးေတာင္ကို ေက်ာ္ျဖတ္ရပါတယ္။ မုိင္းပြန္ေတာင္၊ လြိဳင္လင္ေတာင္နဲ႔ နမ့္စန္ေတာင္တို႔ကို ေက်ာ္ျဖတ္ရတာပါ။ လြိဳင္လင္ေတာင္ဟာ အလြန္လွပၿပီးေတာ့ လြိဳင္လင္အ၀င္ ဗ်ဴဟာကုန္း ဖုန္းတုိင္ကေန ၾကည့္မယ္ဆိုရင္ တစ္ဖက္မွာ မုိင္းပြန္၊ ေတာင္ရဲ႕ အျခားတစ္ဖက္ျခမ္းမွာ လြိဳင္လင္ၿမိဳ႕ကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။
သံုးထပ္ေကြ႕ရဲ႕အလွ၊ မိုင္းပြန္ရဲ႕စုိက္ကြင္း၊ လယ္ကြင္းေတြအလွ၊ လြိဳင္လင္ၿမိဳ႕ အလွကို ေတာင္ေပၚျမင္ကြင္းေတြကေန ႐ႈျမင္ခံစားႏုိင္မွာျဖစ္တယ္။ နမ့္စန္ေတာင္ကေန ၾကည့္မယ္ဆုိရင္လည္း အင္မတန္ လွတဲ့ ျမင္ကြင္းေတြ ခံစားႏုိင္ပါတယ္။
အဂၤလိပ္တို႔ဟာ ၁၈၉၀ ျပည့္ႏွစ္မွာ ျမန္မာႏုိင္ငံကို သိမ္းပိုက္လိုက္ခ်ိန္မွာေတာ့ အဂၤလိပ္ လက္ေအာက္ကို ပထမဆံုးခုိလႈံတဲ့ ေစာ္ဘြားက လဲခ်ားေစာ္ဘြား ျဖစ္ပါတယ္။ လဲခ်ားေစာ္ဘြားဟာ အဂၤလိပ္ဘုရင္ေတြကို ေထာက္ခံေသာအားျဖင့္ အဂၤလိပ္ အလံေတာ္ကို အစဆံုး အလံထူတဲ့ ေစာ္ဘြားျဖစ္တဲ့အတြက္ ဘုရင္မႀကီးက ရွမ္းျပည္ကို လမ္းေတြေဖာက္ေပးၿပီး လက္ေဆာင္ ေပးခဲ့တာ ျဖစ္ပါတယ္။ အဂၤလိပ္ေတြ ေဖာက္ခဲ့တဲ့လမ္းေတြကို ယခုအခ်ိန္အထိ ႏွစ္ေပါင္း ၁၀၀ ေက်ာ္တုိင္ ေအာင္ ၾကာျမင့္တဲ့အထိ သံုးစဲြေနတုန္းပဲ ျဖစ္ပါတယ္။
ဒါ့အျပင္ အဂၤလိပ္ေတြ ေဆာက္ခဲ့တဲ့လမ္းေတြဟာ တံတားတစ္ခုမွ မထိုးဘဲနဲ႔ ေတာင္ေတြကိုျဖတ္ၿပီး ေဖာက္ထားတာ အင္မတန္ အတုယူဖို႔လည္း ေကာင္းပါတယ္။
ေတာင္ႀကီးကေန မုိင္းပြန္၊ လြိဳင္လင္နဲ႔ နမ့္စန္လမ္းပိုင္းေတြဟာ ေတာင္ၾကားလမ္းေတြျဖစ္တဲ့အတြက္ အင္မတန္ အႏၲရာယ္ မ်ားပါတယ္။ ေတာင္ၾကားေတြမွာ ေတာင္ကမ္းပါးရံ ကာကြယ္ေနတဲ့အတြက္ တစ္ဖက္ကယာဥ္ေၾကာကို ႐ုတ္တရတ္ လွမ္းမျမင္ရပါဘူး။ လမ္းေတြကေတာ့ ယေန႔အခ်ိန္ထိကို ျပင္ေနရတုန္းပါပဲ။ အဆိုးဆံုး ႏွစ္ေနရာရွိပါတယ္။
ဟိုပံုး ထမ္စန္းဂူ က ေရႊတိဂံုပံုတူ ဘုရားေစတီကို လွမ္းဖူးျမင္ရတဲ့ ပထမလမ္းက်ဥ္း၊ ေနာက္တစ္ေနရာကေတာ့ မုိင္းပြန္အ၀င္နားက ဒုတိယလမ္းက်ဥ္းကေတာ့ အေတာ္ဆိုးပါတယ္။ ကားတစ္စီးစာပဲ ျဖတ္သန္းစရာရွိၿပီး အျမဲတမ္းလိုလုိ ေတာင္ၿဖိဳၿပီး ျပဳျပင္ေနရတဲ့ ေနရာတစ္ခုလည္း ျဖစ္ပါတယ္။
နမ့္စန္ၿမိဳ႕ကို ဂ်ဴးလူမ်ဳိးေတြ တည္ခဲ့တယ္လို႔ သမုိင္းေၾကာင္းေတြအရ သိရပါတယ္။ နမ့္စန္ေတာင္ထိပ္မွာ ေရကန္ႀကီး တည္ရွိၿပီးေတာ့ တစ္ၿမိဳ႕လံုးေရေပးေ၀ေရးကို ေတာင္ထိပ္ကေန ျဖန္႔ျဖဴးေပးေနတာ ျဖစ္ပါတယ္။ ေအာက္နားေလးက ရပ္ကြက္ေတြမွာလည္း လွ်ာထုိး သစ္သား အိမ္ေလးေတြနဲ႔ တည္ေဆာက္ထားတဲ့ ဂ်ဴးလူမ်ဳိးေတြရဲ႕ အိမ္ေတြလည္း အစီအရီတည္ရွိေနပါတယ္။ အရာရွိတန္းလ်ားနဲ႔ ၀န္ထမ္းအိမ္ရာေတြကို အခုခ်ိန္အထိ တည္ရွိေနတာ ျဖစ္ပါတယ္။
ဒါ့အျပင္ နမ့္စန္နဲ႔ ပင္လံုနားတစ္၀ိုက္မွာ ယင္းနက္လူမ်ဳိးလို႔ေခၚတဲ့ ရွမ္းမ်ဳိးႏြယ္စုေတြ ေနထုိင္ၾကတဲ့အတြက္ ဒီတိုင္းရင္းသား လူမ်ဳိးစုေတြရဲ႕ သမုိင္းေၾကာင္း၊ စာေပနဲ႔ ဘာသာစကားေတြကို ေလ့လာသုေတသနျပဳ မွတ္တမ္းတင္ထားဖို႔ လိုအပ္ ေၾကာင္း ေတာင္ႀကီးတကၠသိုလ္ ျမန္မာစာဌာနမွ ယင္းနက္လူမ်ဳိး အေၾကာင္း စာတမ္းျပဳစုေနတဲ့ ဆရာမ တစ္ဦးက ေျပာပါတယ္။ ယင္းနက္တုိင္းရင္းသားေတြဟာ နမ့္စန္ တစ္ေနရာတည္းမွာပဲ က်န္ရွိေတာ့တာ ျဖစ္ပါတယ္။
ၿမိဳ႕က က်ဥ္းၿပီးေတာ့ မင္းလမ္းတစ္ေၾကာင္းတည္း တည္ရွိပါတယ္။ နမ့္စန္ၿမိဳ႕နယ္မွာ ေက်းရြာေပါင္း ၁၀၀ ေက်ာ္ တည္ရွိၿပီးေတာ့ ခ႐ုိင္တြင္း ေက်းရြာအမ်ားဆံုးပါ။ ႏို႔ေျခာက္နဲ႔ ထိုဟူးေႏြးက အရင္ကနာမည္ရခဲ့တယ္။ အခုအခ်ိန္မွာ နာနတ္သီးစိုက္ပ်ဳိးေရး၊ မိႈေၾကာ္ထုတ္လုပ္ေရးနဲ႔ စိုက္ပ်ဳိးေရး ထုတ္ကုန္ေတြ ေက်ာ္ၾကားပါတယ္။
ၿမိဳ႕တြင္းကို နမ့္တိန္းေခ်ာင္း ျဖတ္သန္းစီးဆင္းေနတဲ့ ၿမိဳ႕ျဖစ္ၿပီးေတာ့ ေႏြရာသီမွာ ေရရွားတတ္ပါတယ္။ မိုးနဲနဲ႔ ခိုလမ္တို႔ရဲ႕ လမ္းခြဲျဖစ္ၿပီးေတာ့ တုိင္းရင္းသားေပါင္းစံု ေနထိုင္ၾကပါတယ္။ အေနာက္ေတာင္ဘက္ ၁၄ မုိင္အကြာမွာ စုေပါင္း ပေလာင္ရြာေတြကိုလည္း ျမင္ေတြ႔ရမွာ ျဖစ္ပါတယ္။
နာနတ္သီးၿပီးေတာ့ ေျပာင္းဖူး၊ ပဲစင္းငံု၊ စပါး၊ ေနၾကာ၊ ႏွမ္း၊ ပဲအမ်ဳိးမ်ဳိးနဲ႔ ဆီထြက္သီးႏွံေတြ ျဖစ္ပါတယ္။ ေတာင္ယာနဲ႔ ေရႊ႕ေျပာင္းေတာင္ယာေတြကိုလည္း တိုင္းရင္းသားမ်ား လုပ္ကိုင္ၾကပါေသးတယ္။
စြန္႔ဦးတီထြင္ ေမြးျမဴေရးသမားဆိုလို႔ ၾကက္ဆင္ အနည္းငယ္ ေမြးျမဴတာကိုလည္း ေတြ႔ခဲ့ရတယ္။ နမ့္စန္ၿမိဳ႕မွာ လက္နက္ ကိုင္တပ္ဖဲြ႕အမ်ားစုရွိၿပီး ဌာနခ်ဳပ္သံုးခုနဲ႔ အဖြဲ႕ေပါင္း ငါးဖဲြ႕ေလာက္ က်င္လည္လႈပ္ရွားရာ ဘူမိနက္သန္ေနရာလည္း ျဖစ္တယ္။ တြင္းထြက္အျဖစ္ ေက်ာက္မီးေသြး တူးေဖာ္ေနျခင္းကို လြန္ခဲ့တဲ့ငါးႏွစ္ေလာက္က တူးေဖာ္ေနၾကၿပီးေတာ့ အျခားသတၱဳထြက္ ပစၥည္းမ်ားလည္း ထြက္ရွိႏုိင္ပါတယ္။
မူးယစ္ေဆး၀ါးနဲ႔ WY (ေခၚ) ရာမ စိတ္ၾကြေဆးျပား အႏၲရာယ္က ေနရာအႏွံ႔ လူငယ္ေတြၾကားမွာ ပ်ံ႕ႏွံ႔တည္ရွိေနၿပီး ေနာက္ကြယ္က စီးပြားေရးနဲ႔ ဆက္စပ္ေနတဲ့အတြက္ ထိန္းခ်ဳပ္ဖို႔ ခက္ခဲႏုိင္တယ္လို႔ ေဒသခံေတြက ဆိုပါတယ္။ စီးပြားေရး သမားေတြရဲ႕ ေျပာျပခ်က္အရ ၁၀ ေယာက္မွာ ေျခာက္ေယာက္ေလာက္က ဒီမူးယစ္ေဆး ေငြေၾကးလည္ပတ္မႈနဲ႔ လုပ္ငန္းမကင္းၾကဘူးလို႔ ဆုိပါတယ္။
ထူးျခားခ်က္တစ္ခုကေတာ့ ရွမ္းျပည္ေတာင္ပိုင္းမွာ ဗဟိုခ်က္မလို႔ ယူဆၾကတဲ့ ေၾကးတုိင္ကို နမ့္စန္ၿမိဳ႕မွာ တည္ရွိေနတာလည္း ျဖစ္ပါတယ္။ ေရွးယခင္က ေရႊဟသၤာ ငွက္ေတြ ရွိဖူးတယ္လို႔လည္း ဆိုပါတယ္။ ေက်ာက္လက္နက္မ်ား ထြက္ရွိရာ မုိင္းပန္နဲဲ႔ နယ္နိမိတ္ခ်င္း ဆက္စပ္ေနတဲ့အတြက္ ေရွးေဟာင္းသမုိင္းေၾကာင္းနဲ႔ အမ်ားႀကီး ဆက္စပ္ႏုိင္တယ္လို႔ ဘူမိေဗဒသမားေတြက သံုးသပ္ၾကပါတယ္။
တိန္းေခ်ာင္း သဘာ၀ရိပ္သာ ကေလးငယ္ ပညာေရးေက်ာင္းနဲ႔ ရတနာမာန္ေအာင္ ဘက ဘုန္းေတာ္ႀကီးသင္ ပညာေက်ာင္း ႏွစ္ေက်ာင္း ရွိပါတယ္။ ရတနာမာန္ေအာင္ ဘက ေက်ာင္းမွာ ကေလးငယ္ ၃၄၀ ေက်ာ္ရွိၿပီးေတာ့ ကေလးအိပ္ေဆာင္ မလံုေလာက္တဲ့အတြက္ လိုအပ္ခ်က္ေတြ ရွိေနတာလည္း ျဖစ္ပါတယ္။
ၿမိဳ႕အျပင္ဘက္မွာ ေတာင္းရမ္းစားေသာက္သူမ်ားနဲ႔ အနာႀကီးေရာဂါသည္မ်ား စုေ၀းေနတတ္တဲ့ ရြာတစ္ရြာလည္း တည္ရွိၿပီးေတာ့ ေန႔ခင္းပိုင္းေတြဆိုရင္ ၿမိဳ႕ထဲမွာ ရွာေဖြစားေသာက္တတ္ၾကတာကို ျမင္ေတြ႕ရပါတယ္။ ကေလးငယ္ေတြနဲ႔ အမ်ဳိးသမီးေတြ ေတာင္းရမ္းေနတာ ျမင္ရတာ စိတ္မခ်မ္းေျမ့ ဖြယ္ ျမင္ကြင္းတစ္ခုလည္း ျဖစ္ပါတယ္။
ဒါ့အျပင္ ခုိလမ္နဲ႔လည္း နီးတဲ့အတြက္ ေျမယာျပႆနာရပ္မ်ား အမ်ားဆံုး႐ႈပ္ေထြးေနၿပီးေတာ့ မၿပီးျပတ္ေသးတဲ့ ေျမယာမႈခင္းေတြ အမ်ားအျပားရွိေနတာလည္း ျဖစ္ပါတယ္။ နမ့္စန္ၿမိဳ႕အတြင္းက ေက်းရြာအေတာ္မ်ားမ်ားမွာ လိုအပ္ေနတာကေတာ့ လမ္းပန္းဆက္သြယ္ေရးနဲ႔ လွ်ပ္စစ္မီးလိုအပ္ခ်က္ေတြ ပဲ ျဖစ္ပါတယ္။
တခ်ဳိ႕ေဒသေတြမွာ မီးႀကဳိးေတြ ျဖတ္သန္းသြားၿပီးေတာ့ မီးမရတဲ့ရြာေတြ အမ်ားႀကီးရွိပါတယ္။ ေတးေရးဆရာ စုိင္းခမ္းလိတ္ေရးၿပီး စုိင္းထီးဆုိင္ဆိုတဲ့ ‘ရန္ကုန္မွာသာတဲ့ လ’ သီခ်င္းထဲကလို ပ်ံသာပ်ံတယ္ မနားတယ္ဆိုတဲ့ စာသားအတုိင္းပါပဲ။ စာနာသင့္ပါတယ္။
နမ့္စန္ၿမိဳ႕ ဖြံ႕ၿဖဳိးတိုးတက္သာယာဖို႔အတြက္ ရွမ္းျပည္နယ္အစိုးရ တာ၀န္ရွိသူမ်ားေရာ၊ ေဒသခံျပည္သူမ်ားပါ ၀ိုင္း၀န္းႀကဳိးပမ္း လုပ္ေဆာင္ၾကၿပီး ဖြံ႕ၿဖိဳးတိုးတက္တဲ့ ေဒသတစ္ခုျဖစ္လာဖို႔ကို ဆုေတာင္းရင္း…။
စည္သာ(ေတာင္ႀကီး)
# Unicode Version # ျဖင့္ ဖတ္ပါ #
ရှမ်းပြည်နယ်မှာ ရှေးယခင် နှစ်ပေါင်းများစွာအတွင်းက အစ္စရေးနိုင်ငံက ဂျူးလူမျိုးတွေ တည်ခဲ့တဲ့ မြို့ဟောင်းတစ်ခု တည်ရှိပါတယ်။ ဂျူးတွေဟာ မြို့တည်ပြီးချိန်မှာ တောင်ထိပ်ပေါ်ကနေ ရေကန်ကြီးတည်ဆောက်ပြီး တစ်မြို့လုံးကို ရေပေးဝေရေးစနစ်နဲ့ ဖြန့်ဖြူးခဲ့တာ ဖြစ်တဲ့အတွက် ဂျူးတွေရဲ့ ဉာဏ်ပညာအစွမ်းကိုလည်း လက်ဖျားခါရပါတယ်။
ရေကန်ကြီးဟာ အခုထက်ထိ တည်ရှိနေပြီးတော့ ရေကန်အောက်မှာဆောက်ထားတဲ့ ဂျူးရှေးဟောင်းအိမ်များ၊ အရာရှိအိမ်ရာများကို ယနေ့ထက်တိုင် မြင်တွေ့ရမှာဖြစ်ပါတယ်။
အဲဒီနေရာကတော့ ရှမ်းပြည်နယ် တောင်ပိုင်းမှာရှိတဲ့ နမ့်စန်မြို့ (Namsang) လေးပဲ ဖြစ်ပါတယ်။ နမ့်စန်ကို ရှမ်းလိုခေါ်မယ် ဆိုရင် မှားနိုင်စရာ မရှိဘူးလို့ ရှမ်းတွေကဆိုကြပြီး ရှမ်းပြည်နယ်မှာ နာမည်တူသော မြို့လေးတွေ အများကြီး တည်ရှိနေတာ လည်း ဖြစ်ပါတယ်။
ရှမ်းပြည်နယ် မြို့တော်တောင်ကြီးကနေ သွားမယ်ဆိုရင်တော့ မိုင်ပေါင်း ၇၃ မိုင်ကွာဝေးပြီး ကားနဲ့သွားမယ်ဆိုရင် ၃ နာရီ (မိနစ် ၁၈၀) ခန့် ကြာမြင့်နိုင်ပါတယ်။
တောင်ကြီးကနေ ဟိုပုံး၊ မိုင်းပွန်၊ လွိုင်လင်မြို့တို့ကို ဖြတ်ကျော်လာရပြီးတော့ တောင်သုံးတောင်ကို ကျော်ဖြတ်ရပါတယ်။ မိုင်းပွန်တောင်၊ လွိုင်လင်တောင်နဲ့ နမ့်စန်တောင်တို့ကို ကျော်ဖြတ်ရတာပါ။ လွိုင်လင်တောင်ဟာ အလွန်လှပပြီးတော့ လွိုင်လင်အဝင် ဗျူဟာကုန်း ဖုန်းတိုင်ကနေ ကြည့်မယ်ဆိုရင် တစ်ဖက်မှာ မိုင်းပွန်၊ တောင်ရဲ့ အခြားတစ်ဖက်ခြမ်းမှာ လွိုင်လင်မြို့ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
သုံးထပ်ကွေ့ရဲ့အလှ၊ မိုင်းပွန်ရဲ့စိုက်ကွင်း၊ လယ်ကွင်းတွေအလှ၊ လွိုင်လင်မြို့ အလှကို တောင်ပေါ်မြင်ကွင်းတွေကနေ ရှုမြင်ခံစားနိုင်မှာဖြစ်တယ်။ နမ့်စန်တောင်ကနေ ကြည့်မယ်ဆိုရင်လည်း အင်မတန် လှတဲ့ မြင်ကွင်းတွေ ခံစားနိုင်ပါတယ်။
အင်္ဂလိပ်တို့ဟာ ၁၈၉၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံကို သိမ်းပိုက်လိုက်ချိန်မှာတော့ အင်္ဂလိပ် လက်အောက်ကို ပထမဆုံးခိုလှုံတဲ့ စော်ဘွားက လဲချားစော်ဘွား ဖြစ်ပါတယ်။ လဲချားစော်ဘွားဟာ အင်္ဂလိပ်ဘုရင်တွေကို ထောက်ခံသောအားဖြင့် အင်္ဂလိပ် အလံတော်ကို အစဆုံး အလံထူတဲ့ စော်ဘွားဖြစ်တဲ့အတွက် ဘုရင်မကြီးက ရှမ်းပြည်ကို လမ်းတွေဖောက်ပေးပြီး လက်ဆောင် ပေးခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလိပ်တွေ ဖောက်ခဲ့တဲ့လမ်းတွေကို ယခုအချိန်အထိ နှစ်ပေါင်း ၁၀၀ ကျော်တိုင် အောင် ကြာမြင့်တဲ့အထိ သုံးစွဲနေတုန်းပဲ ဖြစ်ပါတယ်။
ဒါ့အပြင် အင်္ဂလိပ်တွေ ဆောက်ခဲ့တဲ့လမ်းတွေဟာ တံတားတစ်ခုမှ မထိုးဘဲနဲ့ တောင်တွေကိုဖြတ်ပြီး ဖောက်ထားတာ အင်မတန် အတုယူဖို့လည်း ကောင်းပါတယ်။
တောင်ကြီးကနေ မိုင်းပွန်၊ လွိုင်လင်နဲ့ နမ့်စန်လမ်းပိုင်းတွေဟာ တောင်ကြားလမ်းတွေဖြစ်တဲ့အတွက် အင်မတန် အန္တရာယ် များပါတယ်။ တောင်ကြားတွေမှာ တောင်ကမ်းပါးရံ ကာကွယ်နေတဲ့အတွက် တစ်ဖက်ကယာဉ်ကြောကို ရုတ်တရတ် လှမ်းမမြင်ရပါဘူး။ လမ်းတွေကတော့ ယနေ့အချိန်ထိကို ပြင်နေရတုန်းပါပဲ။ အဆိုးဆုံး နှစ်နေရာရှိပါတယ်။
ဟိုပုံး ထမ်စန်းဂူ က ရွှေတိဂုံပုံတူ ဘုရားစေတီကို လှမ်းဖူးမြင်ရတဲ့ ပထမလမ်းကျဉ်း၊ နောက်တစ်နေရာကတော့ မိုင်းပွန်အဝင်နားက ဒုတိယလမ်းကျဉ်းကတော့ အတော်ဆိုးပါတယ်။ ကားတစ်စီးစာပဲ ဖြတ်သန်းစရာရှိပြီး အမြဲတမ်းလိုလို တောင်ဖြိုပြီး ပြုပြင်နေရတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။
နမ့်စန်မြို့ကို ဂျူးလူမျိုးတွေ တည်ခဲ့တယ်လို့ သမိုင်းကြောင်းတွေအရ သိရပါတယ်။ နမ့်စန်တောင်ထိပ်မှာ ရေကန်ကြီး တည်ရှိပြီးတော့ တစ်မြို့လုံးရေပေးဝေရေးကို တောင်ထိပ်ကနေ ဖြန့်ဖြူးပေးနေတာ ဖြစ်ပါတယ်။ အောက်နားလေးက ရပ်ကွက်တွေမှာလည်း လျှာထိုး သစ်သား အိမ်လေးတွေနဲ့ တည်ဆောက်ထားတဲ့ ဂျူးလူမျိုးတွေရဲ့ အိမ်တွေလည်း အစီအရီတည်ရှိနေပါတယ်။ အရာရှိတန်းလျားနဲ့ ဝန်ထမ်းအိမ်ရာတွေကို အခုချိန်အထိ တည်ရှိနေတာ ဖြစ်ပါတယ်။
ဒါ့အပြင် နမ့်စန်နဲ့ ပင်လုံနားတစ်ဝိုက်မှာ ယင်းနက်လူမျိုးလို့ခေါ်တဲ့ ရှမ်းမျိုးနွယ်စုတွေ နေထိုင်ကြတဲ့အတွက် ဒီတိုင်းရင်းသား လူမျိုးစုတွေရဲ့ သမိုင်းကြောင်း၊ စာပေနဲ့ ဘာသာစကားတွေကို လေ့လာသုတေသနပြု မှတ်တမ်းတင်ထားဖို့ လိုအပ် ကြောင်း တောင်ကြီးတက္ကသိုလ် မြန်မာစာဌာနမှ ယင်းနက်လူမျိုး အကြောင်း စာတမ်းပြုစုနေတဲ့ ဆရာမ တစ်ဦးက ပြောပါတယ်။ ယင်းနက်တိုင်းရင်းသားတွေဟာ နမ့်စန် တစ်နေရာတည်းမှာပဲ ကျန်ရှိတော့တာ ဖြစ်ပါတယ်။
မြို့က ကျဉ်းပြီးတော့ မင်းလမ်းတစ်ကြောင်းတည်း တည်ရှိပါတယ်။ နမ့်စန်မြို့နယ်မှာ ကျေးရွာပေါင်း ၁၀၀ ကျော် တည်ရှိပြီးတော့ ခရိုင်တွင်း ကျေးရွာအများဆုံးပါ။ နို့ခြောက်နဲ့ ထိုဟူးနွေးက အရင်ကနာမည်ရခဲ့တယ်။ အခုအချိန်မှာ နာနတ်သီးစိုက်ပျိုးရေး၊ မှိုကြော်ထုတ်လုပ်ရေးနဲ့ စိုက်ပျိုးရေး ထုတ်ကုန်တွေ ကျော်ကြားပါတယ်။
မြို့တွင်းကို နမ့်တိန်းချောင်း ဖြတ်သန်းစီးဆင်းနေတဲ့ မြို့ဖြစ်ပြီးတော့ နွေရာသီမှာ ရေရှားတတ်ပါတယ်။ မိုးနဲနဲ့ ခိုလမ်တို့ရဲ့ လမ်းခွဲဖြစ်ပြီးတော့ တိုင်းရင်းသားပေါင်းစုံ နေထိုင်ကြပါတယ်။ အနောက်တောင်ဘက် ၁၄ မိုင်အကွာမှာ စုပေါင်း ပလောင်ရွာတွေကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။
နာနတ်သီးပြီးတော့ ပြောင်းဖူး၊ ပဲစင်းငုံ၊ စပါး၊ နေကြာ၊ နှမ်း၊ ပဲအမျိုးမျိုးနဲ့ ဆီထွက်သီးနှံတွေ ဖြစ်ပါတယ်။ တောင်ယာနဲ့ ရွှေ့ပြောင်းတောင်ယာတွေကိုလည်း တိုင်းရင်းသားများ လုပ်ကိုင်ကြပါသေးတယ်။
စွန့်ဦးတီထွင် မွေးမြူရေးသမားဆိုလို့ ကြက်ဆင် အနည်းငယ် မွေးမြူတာကိုလည်း တွေ့ခဲ့ရတယ်။ နမ့်စန်မြို့မှာ လက်နက် ကိုင်တပ်ဖွဲ့အများစုရှိပြီး ဌာနချုပ်သုံးခုနဲ့ အဖွဲ့ပေါင်း ငါးဖွဲ့လောက် ကျင်လည်လှုပ်ရှားရာ ဘူမိနက်သန်နေရာလည်း ဖြစ်တယ်။ တွင်းထွက်အဖြစ် ကျောက်မီးသွေး တူးဖော်နေခြင်းကို လွန်ခဲ့တဲ့ငါးနှစ်လောက်က တူးဖော်နေကြပြီးတော့ အခြားသတ္တုထွက် ပစ္စည်းများလည်း ထွက်ရှိနိုင်ပါတယ်။
မူးယစ်ဆေးဝါးနဲ့ WY (ခေါ်) ရာမ စိတ်ကြွဆေးပြား အန္တရာယ်က နေရာအနှံ့ လူငယ်တွေကြားမှာ ပျံ့နှံ့တည်ရှိနေပြီး နောက်ကွယ်က စီးပွားရေးနဲ့ ဆက်စပ်နေတဲ့အတွက် ထိန်းချုပ်ဖို့ ခက်ခဲနိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ စီးပွားရေး သမားတွေရဲ့ ပြောပြချက်အရ ၁၀ ယောက်မှာ ခြောက်ယောက်လောက်က ဒီမူးယစ်ဆေး ငွေကြေးလည်ပတ်မှုနဲ့ လုပ်ငန်းမကင်းကြဘူးလို့ ဆိုပါတယ်။
ထူးခြားချက်တစ်ခုကတော့ ရှမ်းပြည်တောင်ပိုင်းမှာ ဗဟိုချက်မလို့ ယူဆကြတဲ့ ကြေးတိုင်ကို နမ့်စန်မြို့မှာ တည်ရှိနေတာလည်း ဖြစ်ပါတယ်။ ရှေးယခင်က ရွှေဟင်္သာ ငှက်တွေ ရှိဖူးတယ်လို့လည်း ဆိုပါတယ်။ ကျောက်လက်နက်များ ထွက်ရှိရာ မိုင်းပန်နဲ့ နယ်နိမိတ်ချင်း ဆက်စပ်နေတဲ့အတွက် ရှေးဟောင်းသမိုင်းကြောင်းနဲ့ အများကြီး ဆက်စပ်နိုင်တယ်လို့ ဘူမိဗေဒသမားတွေက သုံးသပ်ကြပါတယ်။
တိန်းချောင်း သဘာဝရိပ်သာ ကလေးငယ် ပညာရေးကျောင်းနဲ့ ရတနာမာန်အောင် ဘက ဘုန်းတော်ကြီးသင် ပညာကျောင်း နှစ်ကျောင်း ရှိပါတယ်။ ရတနာမာန်အောင် ဘက ကျောင်းမှာ ကလေးငယ် ၃၄၀ ကျော်ရှိပြီးတော့ ကလေးအိပ်ဆောင် မလုံလောက်တဲ့အတွက် လိုအပ်ချက်တွေ ရှိနေတာလည်း ဖြစ်ပါတယ်။
မြို့အပြင်ဘက်မှာ တောင်းရမ်းစားသောက်သူများနဲ့ အနာကြီးရောဂါသည်များ စုဝေးနေတတ်တဲ့ ရွာတစ်ရွာလည်း တည်ရှိပြီးတော့ နေ့ခင်းပိုင်းတွေဆိုရင် မြို့ထဲမှာ ရှာဖွေစားသောက်တတ်ကြတာကို မြင်တွေ့ရပါတယ်။ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ တောင်းရမ်းနေတာ မြင်ရတာ စိတ်မချမ်းမြေ့ ဖွယ် မြင်ကွင်းတစ်ခုလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ခိုလမ်နဲ့လည်း နီးတဲ့အတွက် မြေယာပြဿနာရပ်များ အများဆုံးရှုပ်ထွေးနေပြီးတော့ မပြီးပြတ်သေးတဲ့ မြေယာမှုခင်းတွေ အများအပြားရှိနေတာလည်း ဖြစ်ပါတယ်။ နမ့်စန်မြို့အတွင်းက ကျေးရွာအတော်များများမှာ လိုအပ်နေတာကတော့ လမ်းပန်းဆက်သွယ်ရေးနဲ့ လျှပ်စစ်မီးလိုအပ်ချက်တွေ ပဲ ဖြစ်ပါတယ်။
တချို့ဒေသတွေမှာ မီးကြိုးတွေ ဖြတ်သန်းသွားပြီးတော့ မီးမရတဲ့ရွာတွေ အများကြီးရှိပါတယ်။ တေးရေးဆရာ စိုင်းခမ်းလိတ်ရေးပြီး စိုင်းထီးဆိုင်ဆိုတဲ့ ‘ရန်ကုန်မှာသာတဲ့ လ’ သီချင်းထဲကလို ပျံသာပျံတယ် မနားတယ်ဆိုတဲ့ စာသားအတိုင်းပါပဲ။ စာနာသင့်ပါတယ်။
နမ့်စန်မြို့ ဖွံ့ဖြိုးတိုးတက်သာယာဖို့အတွက် ရှမ်းပြည်နယ်အစိုးရ တာဝန်ရှိသူများရော၊ ဒေသခံပြည်သူများပါ ဝိုင်းဝန်းကြိုးပမ်း လုပ်ဆောင်ကြပြီး ဖွံ့ဖြိုးတိုးတက်တဲ့ ဒေသတစ်ခုဖြစ်လာဖို့ကို ဆုတောင်းရင်း…။
စည်သာ(တောင်ကြီး)
No comments:
Post a Comment