CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Wednesday, June 19, 2019
ေရႊထီးေဆာင္း ဖုတ္ဘုရင္ႏွင့္ အထက္လမ္း ဆရာႀကီး
ဦးသာဒင္ေညာင္ပင္သာ႐ြာရဲ႕မ်က္နွာဖုံးအင္းသူႀကီး ၊ ဘုရား တန္ေစာင္း သိမ္ေ က်ာင္းရဟန္း ဒါယကာႀကီး အလွဴေရစက္ လက္နဲ႔မကြာလွဴဒါန္းေနတဲ့သူ။႐ြာတြင္မက ၿမိဳ႕အထိေပါက္ေရာက္ မိတ္ေဆြမ်ားတဲ့သူ စတဲ့ဂုဏ္ပုုဒ္ေတြနဲ႔ျပည့္စုံတဲ့သူဇနိီး ေဒၚေအးျမ ရယ္ ကိုသာလွနဲ႔ကိုသာျမ ဆိုတဲ့ သား၂ေယာက္ ၊ ရွင္ေနွာင္းနဲ႔ၾကာျဖဴဆိုတဲ့ သမီး၂ေယာက္ရယ္ ေငြကလဲရိွ ဆိုေတာ့ ဦးသာဒင္ ဦးသာဒင္နဲ႔ လူတိုင္းပါးစက္ဖ်ားမွာေနရာယူထားတဲ့သူ။အခုလဲ သိမ္ေရစက္ခ် ရိွေတာ့ ႐ြာထဲစည္ကားေနတာေပါ့။
” ေဟ့ ငါ့တူတို႔ အဆင္ေျပၾကရဲ႕လားကြဲ႕ “” ဟုတ္ကဲ့ ဦးေလး “” ေအး ေအး ညေနၾကရင္ ဦးေလး မင္းတို႔အဖြဲ႕ကို သပ္သပ္စီစဥ္ေပးဦးမယ္ကြ “
” ေဟးးးးး “႐ြာကာလသားတစ္သိုက္ေပ်ာ္႐ႊင္သြားပုံကိုၾကည့္ပီး ဦးသာဒင္တစ္ေယာက္ေခါင္းတၿငိမ့္ၿငိမ့္ျဖင့္ ဆရာေတာ္ေက်ာင္းေဆာင္ဖက္ဆီသို႔ထြက္သြားေလေတာ့သည္။
” တကာႀကီး နက္ျဖန္အတြက္ အဆင္သင့္ျဖစ္ပီလားကြဲ႕ “” မွန္ပါ့ ဘုရာ႕ ဆရာေတာ္ပို႔ခိုင္းထားတဲ့ ဖိတ္စာေတြလဲ ေရာက္ပါၿပီဘုရာ႕ “” အိမ္းးးအိမ္းးးး ဝမ္းေျမာက္လွသကြယ္ “” မွန္ပါ့ဘုရာ႕ တပည့္ေတာ္အိမ္ျပန္ပါဦးမယ္ဘုရာ႕ “ဆရာေတာ္အားဦးခ်ပီး ဦးသာဒင္တစ္ေယာက္ျပန္သြားေလသည္။ ကိုသာဝ တို႔ကာလသားတစ္သိုက္လဲ လုပ္ေဆာင္ဖြယ္ ရိွသည္မ်ားကို လုပ္ေဆာင္ေနစဥ္ကိုသာဝဆီ လူငယ္တစ္ေယာက္ေျပးလာပီး
” ဦးသာဒင္ ေလွခါးေပၚကျပဳတ္က်လို႔ဗ်ဳိ႕ “” အဲ့ဒါ အစ္ကိုတို႔လာဝိုင္းကူၾကပါဦး “” ဟာ ! ဟုတ္လား “” လာ လာ သြားၾကစို႔ေဟ့ “ဦးသာဒင္အိမ္ကိုေရာက္ေတာ့ ဦးသာဒင္က ကြပ္ပစ္ေပၚမွာထိုင္ပီး ေရေႏြးၾကမ္းေတာင္ ေသာက္ေနဘီ။ အရီးေအးျမ ကေတာ့ သာဝတို႔အုပ္စုအား” ကံေကာင္းလို႔ ေမာင္တို႔ရယ္ အရီးကေသၿပီေတာင္မွတ္တာ “” ဒီအျမင့္ကေနက်တာ ခဏပဲသတိလစ္ပီး ျပန္ေကာင္းသြားလို႔ “” ေအးကြယ္ အခုလို လာကူညီၾကတာ ေက်းဇူးတင္ပါတယ္ ေမာင္တို႔ရယ္ “” ရပါတယ္ အရီးရယ္ “
ထိုစဥ္ ဦးသာဒင္မွဝင္၍” ငါ ဘာမွမျဖစ္ေတာ့ဘူး “” မင္းတို႔ျပန္ၾကေတာ့“”ဟုတ္ကဲ့ဦးေလး “အလွဴေနရာသို႔ျပန္လာၾကေသာ ကိုသာဝတို႔မွာ လာကူတာကိုနွင္ထုတ္ေသာ ဦးသာဒင္ ကိုစိတ္ကြက္ေနၾကေတာ့သည္။
ဒီေန႔အလွဴေန႔ ပါတ္ဝန္းက်င္႐ြာမ်ားမွ လာၾကေသာသူမ်ားလဲတစ္ဖြဲဖြဲျဖင့္ေရာက္လာၾကေပၿပီ။ေဒၚေအးျမလည္းဝတ္ေကာင္းစားလွ ဝတ္ၿပီး” ေက်ာင္းဒကာႀကီး သြားၾကစို႔ေတာ့ “” မင္းပဲသြားလိုက္ေတာ့ကြာ “” ငါမလိုက္ေတာ့ဘူး ေခါင္းနည္းနည္းမူးေနလို႔ “” အိုေတာ္ ရွင္မပါပဲ ဘယ္ျဖစ္မတုန္းေတာ့ “” ဆရာေတာ္ကိုေလွ်ာက္လိုက္ပါကြာ ရပါတယ္”ဒာျဖင့္လဲ ပီးေရာေတာ္ “ေျပာၿပီးအိမ္ၿခံဝိုင္းထဲမွထြက္သြားေသာ ေဒၚေအးျမ၏ေနာက္ေက်ာကိုၾကည့္ပီးးး” ဟား ဟ ား ဟ ား ဟားးး “” ဟား ဟား ဟား ဟ ားးးး
ဟက္ဟက္ပက္ပက္ ရီေမာလိုက္ေသာ ဦးသာဒင္၏ ဟန္ကိုျမင္လိုက္ရလွ်င္ေန႔လည္ပိုင္းသိမ္ေရစက္ခ်ပြဲ ၿပီိးလွ်င္ ဦးသာဒင္တို႔ အိမ္ဝိုင္းထဲမွာ လူနာလာေမးေသာသူမ်ားျဖင့္စည္ကားလွ်က္ရိွေနေပသည္။ဦးသာဒင္မွာလည္း ရီရီေမာေမာျပဳံးၿပံဳး႐ႊင္႐ႊင္ျဖင့္ ဧည့္သည္မ်ားကိုဧည္ခံလွ်က္ရိွေနသည္။ညေနေစာင္းေသာ္ဧည့္သည္မ်ားျပန္သြားလွ်င္” မယ္ျမေရ ငါေခါင္းေတြမူးလာလို႔ ခနနားဦးမေဟ့ “” နားပါေတာ္ ရွင္လဲပင္ပန္းေနေလာက္ၿပီ “” ေအးကြာ ဧည့္သည္ေတြကလဲမ်ားလိုက္တာ နားပီေဟ့ “တေ႐ြ႕ေ႐ြ႕နဲ႔အကုန္ေတြကုန္ဆုံးလို႔ အကာလ ညအခါသို႔ေရာက္ရိွလာၿပီျဖစ္သည္။အိမ္သူအိမ္သားမ်ားအိပ္ေမာက်ေနခ်ိန္ အေမွာင္ကိုအားကိုးလွ်က္ တစ္စုံတစ္ေယာက္သည္ အိမ္အေနာက္ဖက္ ဘဲၿခံဆီသို႔- – – – – – ။
မနက္မိုးေသာက္အလင္းေရာက္ေသာ္ ” အမယ္ေလးးးး “အထိတ္တလန္႔ေအာ္လိုက္ေသာ သမီးႀကီးရဲ႕ အသံေၾကာင့္ ေဒၚေအးျမတစ္ေယာက္ ” သမီးဘာဖစ္လို႔လဲ ဘာျဖစ္လို႔လဲဟင္ “” အေမ ဒီမွာလာၾကည့္ပါဦး “ေဒၚေအးျမသြားၾကည့္ေတာ့ ဘဲတစ္ေကာင္ လည္ပင္းျပတ္၍ေသေနသည္ကို ေတြ႕ရေလသည္။ဘဲမွာ ေခါင္းမရိွသည့္အျပင့္ ဗိုက္ေဟာင္းေလာင္းနဲ႔ေသေနျခင္းပင္။” ညက ေခြးဝင္ဆြဲတာထင္တယ္သမီး “” ဘဲၿခံကိုေသခ်ာျပန္ကာဖို႔ အႀကီးေကာင္လာရင္ေျပာရမယ္ “” ဘဲေသကို ကိုဝင္းတို႔ကိုေပးလိုက္ “သူတို႔အိမ္က လယ္သူရင္းငွား ကိုဝင္းတို႔အဖို႔ ဒီေန႔ပြဲေတာ္စာက ဘဲသားပင္ျဖစ္ေပေတာ့မည္။
တစ္ရက္ ၂ ရက္ ၃ ရက္ဆက္တိုက္ဆိုသလိုပင္ ပုံစံတစ္မ်ဳ္ိုးထဲ ဘဲေတြေသေနေသာေၾကာင့္” အေမ ဘဲေတြဘာျဖစ္လို႔လဲမသ္ိဘူူ အေကာင္တစ္ေကာင္ေကာင္မွာဝင္ဆြဲေနတယ္ထင္တယ္ “” သားႀကီးက ဘာလုပ္ခ်င္လို႔တုန္း “”အကုန္ေရာင္းပလိုက္ေတာ့မယ္ဗ်ာ “” ေအးေလ သားသေဘာပဲ “” ဒါဆိုလဲ ဘဲဒိုင္နဲ႔ခ်ိတ္လိုက္ေတာ့မယ္အေမ “ဆိုၿပီး ၿခံထဲရိွသမွ် ဘဲေတြေရာင္းလိုက္ေတာ့သည္။တျဖည္းျဖည္းနဲ႔ ဦးသာဒင္ရဲ႕ ၿခံဝိုင္းထဲမွာရိွသမွ် အပင္ငယ္ေလးေတြ ညိႈးေရာ္ေသဆုံးေနၾကသည္။သို႔ေသာ္အားလုံးကလဲအမႈမဲ့အမွတ္မဲ့ပင္ – – – -။” ဟင္ ၾကက္မႀကီးေသေနပါလား “” သူ႔ကေလးေတြသနားစရာဟယ္ “
ေနာက္ဆုံးက်န္ေနေသာ ၾကက္မႀကီးလဲမရိွေတာ့ေပ။ထိုစဥ္ တိမ္မဲတို႔သည္ ေနမင္းအားအုပ္ဆိုင္းလိုက္သျဖင့္ ေနခင္းေၾကာင္ေတာင္ေမွာင္မဲသြားၿပီး” အဟမ္းးး”” ဦးသာဒင္ရဲ႕ေခ်ာင္းဟန္႔သံနဲ႔အတူ” ဒါဆိုငါတို႔ၿခံထဲက အေကာင္ေတြကုန္ၿပီေပါ့ “” ဟုတ္တယ္အေဖ ကုန္ၿပီ “” ေအး ေကာင္းေရာေပါ့ကြာ “ဆိုပီးလွည့္ထြက္သြားေသာဦးသာဒင္၏စကားကိုနားမလည္ေသာ သားျဖစ္သူမွာေခါင္းကုတ္၍က်န္ေနခဲ့သည္။
သို႔နွင့္႐ြာထဲမွာ ၾကက္ ဘဲမ်ားတစ္ေန႔ ၁ေကာင္တစ္ခါတစ္ေလ ၂ေကာင္နႈန္းျဖင့္ေသဆုံးေနၾကသျဖင့္ ႐ြာသားမ်ားစုေဝးတိုင္ပင္ၾကေတာ့သည္။” ဒါမရိုးသားဘူးဗ် “ ”မင္းကဘာထင္လို႔လဲ ခ်က္ႀကီး “” မသိဘူးေလကြာ ငါမွမျမင္ရတာ “
” ဒါဆို ႐ြာထဲမွာ တစ္ည ၅ ေယာက္နႈန္းနဲ႔ကင္းေစာင့္ၾကမယ္ “” ေအးအဲ့အႀကံေကာင္းတယ္ “” ဒီညကစမယ္ေဟ့ “ညအတြက္စီစဥ္စရာရိွတာေတြစီစဥ္ၿပီးကင္းလွည့္က်ေသာ ကာလသားတစ္သိုက္မွာ ည ၁၂ နာရီေက်ာ္သည္နွင့္ အိပ္ငိုက္လာၾကေလေတာ့သည္။ကင္းသမားေတြ အိပ္ငိုက္သည္နွင့္တစ္ၿပိဳင္နက္ မဲမဲသဏၰာန္တစ္ခုသည္ ကိုလွေအး၏ၿခံဝိုင္းဆီသို႔ လွမ္းဝင္သြားသည္ကို ကင္းသမားေတြသာ သိခဲ့ပါလွ်င္ – – – – – ။
”အမ္မေလးလာၾကပါဦးေတာ္ “နံနက္ခင္းနဲ႔အတူ ကိုလွေအးမိန္းမရဲ႕ ေအာ္ငိုသံႀကီးေၾကာင့္” ငါ့သားေလးက္ို ခမဲေပးထား တဲ့ႏြားေပါက္ေလး အီးးးးဟီးဟီးးးး “” ဟာ ဟုတ္တယ္ဟ လည္ပင္းမွာအေပါက္ႀကီးနဲ႔ပီးေတာ့ ႏြားေပါက္ေလးရဲ႕ဗိုက္ပြင့္ကာ အထဲကကလီစာေတြမရိွပဲေသဆုံးေနျခင္းပင္။ႏြားေသနွင့္ပက္သက္၍႐ြာထဲမွာလဲ အုတ္ေအာ္ေသာင္းနင္းကိုျဖစ္လို႔။တစ္ည ကိုဖိုးတုတ္အခင္းသြားရန္ေအာက္ဆင္းလာစဥ္ ၿခံေထာင့္၌ လူေတြ႕၍သူခိူးထင္ၿပီးစဥ့္အိုးနားေျပးကပ္လိုက္သည္။
ထိုလူသည္ ကိုဖိုးတုတ္ၿခံထဲမွ အေကာင္တစ္ေကာင္ကိုဆြဲ၍ထြက္လာၿပီး လည္ပင္းကိုက္ိုက္ေဖာက္လိုက္သည္။ခနၾကာေသာ္ ဗိုက္အတြင္းသို႔လက္နႈိက္ကာ ကလီစာေတြကိုစားေနေလသည္။ ထိုျမင္ကြင္းကိုၾကည့္ေနေသာ ကိုဖိုးတုတ္မွာ ၾကက္သီးမ်ားတျဖန္းျဖန္းထ၍ တုန္ေနၿပီ။ အတန္ၾကာေသာ္ အေမွာင္ရိပ္ထဲမွထြက္လာေသာသူက ကိုဖိုးတုတ္ ပုန္းေနေသာ
စဥ့္အိုးဖက္သို႔လွည့္ၾကည့္ရာ လေရာင္ျဖင့္ျမင္လိုက္ရေသာ မ်က္နွာေၾကာင့္ကိုဖိုးတုတ္၏မ်က္လုံးမ်ားအဆမတန္ျပဴးထြက္လာေလေတာ့သည္။
ေနာက္တစ္ေန႔ ႐ြာထဲမွာ ဟိုတစ္စု ဒီတစ္စုျဖင့္ ကိုဖိုးတုတ္ေတြ႕လိုက္ရေသာ အေၾကာင္းကိုေျပာဆိုေနၾကေတာ့သည္။ဦးသာဒင္ဖုတ္ဝင္ေနတယ္ ထင္၍ ႐ြာသားမ်ားကဦးသာဒင္၏အိပ္ယာေအာက္သို႔ ၾသဇာၫြန္႔မ်ားသြားထည့္ၾကေသာ္လဲ ဘာမွမထူး။ခုံဖိနပ္အျပတ္ကို ခုတင္ေအာက္သို႔ တိတ္တဆိတ္သြားထားၾကေသာလည္းဘာမွမထူးေခ်။ညအခ်ိန္ေရာက္လွ်င္ မိသားစုလိုက္ ၿခံထဲဆင္း၍ ညည့္နက္သည္ထိ ကင္းေစာင့္ေနၾကသျဖင့္ ၃ရက္ၾကာမွ်ဘာေကာင္မွမေပ်ာက္ဆုံးေတာ့သည္ကို ႐ြာသားမ်ားဝမ္းသာေနၾကသည္။ ဤအခ်က္က ၎႐ြာအတြင္းသို႔ ကံၾကမၼာဆိုးႀကီးက်ေရာက္ေတာ့မည္ကို ႐ြာသူ႐ြာသားမ်ားသိခဲ့ပါလွ်င္ – – – – – – – – ။
” ဟဲ့ႏြားးးးး တယ္ ဒီႏြားဟာ ေတာက္ “ေညာင္ပင္သာ႐ြာလမ္းေဘးမွျဖတ္ေမာင္းေနေသာလွည္းေပၚတြင္ လွည္းေမာင္းသူ၏ေနာက္မွ အသက္ ၆၀ ေက်ာ္အ႐ြယ္အဖိုးအိုတစ္ဦးထိုင္၍လိုက္လာသည္။႐ြာထိပ္ ကုကၠိဳပင္ေအာက္အေရာက္တြင္ အဖိုးအိုမွ” ခဏေလးလွည္းရပ္လိုက္ လူေလး “ ” ဟုတ္ကဲ့ အဘ “အဖိုးအိုသည္ ႐ြာထဲသို႔စူးစိုက္ၾကည့္ကာ နွာေခါင္းတရႈံ ့့ ့ရႈံ ႕ လုပ္ေနေလသည္။” လူေလး ႐ြာထဲေမာင္းစမ္းကြာ “” ဘုန္းႀကီးေက်ာင္းကိုသြား “” ဟုတ္ကဲ့ အဘ “႐ြာထဲသို႔လွည္းေမာင္းဝင္သြားစဥ္ ဦးသာဒင္၏ဝိုင္းေရွ႕အေရာက္တြင္ အဖိုးအိုမွာ ဆတ္ခနဲ ျဖစ္သြားေလသည္။
” ဘုရား ဘုရား “” ကယ္နိူင္ေကာင္းပါေသးရဲ႕ “” လူေလးေက်ာင္းကို ျမန္ျမန္ေမာင္းစမ္းပါကြယ္ “အေရးႀကီးေနဘီကြဲ႕ “”လူေလးလဲ ကုသိုလ္ရတာေပါ့ကြယ္ “” ဟိုေရွ႕ က ဘုန္းႀကီးေက်ာင္းပဲ အဘေရ “” ေအးကြယ္ သြက္သြက္ေလး “ေက်ာင္းသို႔ေရာက္ေသာ္ ဘုရားဦးခ ဆရာေတာ္ဦးခ်ၿပီးေနာက္ ဆရာေတာ္က” ဒကာႀကီးက ဘယ္သူတုန္းကြဲ႕ “” မွန္ပါ့ ၇ ရက္သားသမီးေတြကို ေဆးကုေနသူပါဘုရာ႕ “” အခုလဲ ဟုိဖက္႐ြာမွာေဆးလာကုရင္းနဲ႔ ဒီ႐ြာမွ အေၾကာင္းကိစၥျမင္လို႔ဝင္လာရတာပါဘုရာ႕ “
” ေၾသာ္ ေအးေအး ဒါနဲ႔အေၾကာင္းထူးရိွလို႔လားကြဲ႕ “” မွန္ပါ့ မၾကာခင္ ဒီ႐ြာမွာ ကပ္ဆိုးတစ္ခု က်ေရာက္ေတာ့မွာကို သိေနတဲ့အတြက္ေရာက္လာရပါတယ္ဘုရာ႕ “” ေဟ “” အရွင္ဘုရား ႐ြာလယ္က ေရနံခ်ီး သုတ္ထားတဲ့ အိမ္မဲႀကီးက သူေတြနဲ႔ေက်ာင္းမွာေတြ႕ခ်င္ပါတယ္ “” ၁ ေယာက္ေယာက္နဲ႔ အေခၚလႊတ္ေပးပါလားဘုရား “” ေအးကြဲ ့ ဟဲ့ သာဝ “
” ဘုရာ႕ “” ဦးသာဒင္ရဲ႕မိန္းမ ဒကာမႀကီးကိုေခၚလာခဲ့ကြယ္ “” မွန္ပါ့ဘုရာ႕ “ကိုသာဝထြက္သြားၿပီးအတန္ငယ္ၾကာေသာ္ေက်ာင္းသို႔ ကိုသာဝနဲ႔အတူ မိန္းမႀကီးတစ္ေယာက္ပါလာေလသည္။”
ဒီမယ္ ညီမငယ္ မင္းတို႔အိမ္မွာ လူမမာမ်ားရိွသလားကြဲ႕ “” မရိွပါ ဦးေလး “” ေဟ ! အင္းးးးငါထင္တာလဲ လြဲခဲပါတယ္”” ဦးေလး ငါ့တူမတို႔အိမ္ ခဏလိုက္ၾကည့္လို႔ရမလားကြဲ႕ “” ဟာႂကြပါဦးေလးရယ္ “” ကဲ ဒါျဖင့္သြားစို႔ “” တပည့္ေတာ္ျပန္လာပါ့မယ္ ဘုရာ႕ “” ေအးးေကာင္ပါပီ ဒကာၾက္ီး “ဆရာႀကီး အိမ္ေရွ႕ေရာက္ေသာ္ ” မယ္ျမ ဘယ္ကလူေခၚလာတာတုန္း “” က်ဳပ္ ပဲကိစၥေလးစကားေျပာခ်င္လို႔ပါေမာင္ရင္ “” အင္းးးးး ေျပာပီးရင္ျပန္ “ဆရာႀကီးလဲ ပဲအေၾကာင္းနဲနဲပါးပါးေျပာရင္း ဦးသာဒင္ကိုအကဲခတ္ေနေလသည္။
တေအာင့္ေနေတာ့” ကဲ ျပန္ဦးမယ္ ဒါနဲ႔ တူမႀကီး ခဏလိုက္ခဲ့ပါဦး “ေက်ာင္းေရာက္ေသာ္ ” ငါ့တူမႀကီးေယာက်ာၤးက ဖုတ္ဝင္ေနတာကြဲ႕” ”ဖုတ္ေတာ္ ရိုးရိုးဖုတ္မဟုတ္ဘူး တစ္႐ြာလုံးကိုဒုကၡေပးမဲ့ဖုတ္ “” ရွင္ “” တူမႀကီးဖက္က ႐ြာအတြက္စဥ္းစားၿပီး ထုတ္ခြင့္ေပးနိူင္မလားကြဲ႕ “” အဟင့္ အဟင့္ ဆရာႀကီးကူညီပါ “” ေကာင္းဘီ ကာယကံရွင္က ခြင့္ျပဳၿပီဆိုမွေတာ့ သတၲိေကာင္းတဲ့ ႐ြာသား ၄ ေယာက္လိုခ်င္တယ္ေမာင္ရင္ “” ဘာမွေၾကာက္စရာမလိုဘူး အဘရိွတယ္ “” ရတယ္အဘ ခဏေစာင့္ပါ “
သာဝရယ္ ခ်က္ႀကီးရယ္ ကိုတင္ရယ္ မ်ဳိးတင့္ရယ္ ၄ေယာက္အျပင္တစ္ျခား႐ြာသားေတြပါေက်ာင္းေရာက္လာေတာ့ ဆရာႀကီးက ” ဒီလိုကြ အစီစဥ္က – — – – – – -“” ကဲေဟ့ ကူညီနိူင္ၾကမလား “” ကူညီနိူင္ပါတယ္ အဘ “” ေအး ဒါဆိုလဲ အခုထဲက ႀကိဳတင္ပီးလိုအပ္တာစုေဆာင္းထားၾက ဟုတ္ၿပီလား “” ျပန္ၾကေတာ့ ျပန္ၾကေတာ့ “ေနာက္တစ္ေန႔ ကာလသားတစ္သိုက္႐ြာသုႆာန္မွာ တစ္စုံတရာကို အားသြန္ခြန္စိုက္လုပ္ေနၾကသည္ ။မနက္ ၁၀ နာရီခန္႔တြင္” အဖိုးအိုမွ သာဝတို႔အား လူေလးတို႔ အဘ အခ်က္ျပမွ စၾက ေနာ္ “” ဟုတ္ကဲ့အဘ “” ကဲ ဒါျဖင့္သြားၾကစို႔ “
ကိုသာဝတို႔ လူစု ဦးသာဒင္ၿခံဝိုင္းေရွ႕အေရာက္တြင္ အိမ္ထဲမွ ” ဟား ဟ ား ဟ ား ဟ ား “” မေလာက္ေလးမေလာက္စားနဲ႔ ငါ့ဆီလာၾကတာကိုး “အိမ္ေပၚသို႔တက္လာေသာအဖိုးအိုက” မင္းအေၾကာင္းမင္းသိတယ္ဆိုရင္ “စကားေတာင္မဆုံးေသး” စမ္းၾကည့္ေလ ငါ့ကိုဘာေကာင္မွတ္လို႔တုန္း “ထုိစဥ္ၿခံဝိုင္းထဲသို႔ ႐ြာသားမ်ားအေခါင္းတစ္လုံးထမ္း၍ဝင္လာၾကသည္။ဖုတ္ ထုတ္တာကိုသိခ်င္ေသာ ႐ြာသားမ်ားလဲလိုက္ပါလာသျဖင့္ ခဏအတြင္ၿခံထဲ၌လူျပည့့္သြားၿပီး ၿခံျပင္သို႔ပါ လ်ွံထြက္ေနေတာ့သည္။
” ဟား ဟ ား ဟ ား ဟ ား “” ငါ့ကို ဘာမွတ္လို႔တုန္း “” ဝုန္းးး “ ဆို ကုတင္ေပၚမွ ဦးသာဒင္က ထအရပ္အဖိုးအိုမွ လက္ေထာင္လိုက္ပီး ” လူေလးတို႔ အခ်ိန္ၾကၿပီ “ကိုသာဝတို႔ ၄ ေယာက္လဲ သူတို႔ယူလာၾကေသာ အရာမ်ား၏စကၠဴကိုခြာခ်လိုက္ရာၿပိဳးၿပိဳးေျပာင္ေျပာင္နဲ႔ ေ႐ႊထီးမ်ားထြက္လာေလသည္။ေ႐ႊထီးကိုျမင္လိုက္သည္နွင့္တၿပိဳင္နက္ မတ္တတ္ရပ္ေနေသာ ဦးသာဒင္မွာကုတင္ေပၚသို႔ ဖင္ထိုင္ရက္ လဲက်ကာ ၿငိမ္သြားေလသည္။
”လူေလးတို႔ ၄ေယာက္ ကုတင္တိုင္ ၄တိုင္မွာ ၁ေယာက္တစ္ေနရာစီ ေနရာယူၾကေပေတာ့ “” ေတာက္ “” မင္းတို႔ လက္ဦးသြားတယ္ “” ေနာက္ထပ္ လျပည့္ေန႔ဆို တစ္႐ြာလုံး ငါ့လက္ခ်က္မိၿပီ ဟင္းဟင္းးး “” ကဲ အပိုေတြေျပာ မေနနဲ႔ေတာ့ “” မင္းလမ္းကို မင္းသြားေတာ့ ဖုတ္ေကာင္ေရ “” လူေလးတို႔ ေ႐ႊထီးေတြဖြင့္လိုက္ၾကေတာ့ “ကိုသာဝတို႔၄ေယာက္ ေ႐ႊထီးေတြဖြင့္လိုက္သည္နွင့္တစ္ၿပိဳင္နက္” အားးးးးးးးးးးး”” ဝုန္းးးးးးး “ေခါင္မိုးမွာအေပါက္ႀကီးတစ္ေပါက္ျဖစ္သြားၿပီးဦးသာဒင္၏ခႏၶာကိုယ္မွာ ပုံလဲက်ကာ တစ္ခဏအတြင္း အသားအရည္မ်ား ၿပိဳက်ပီိး အရည္ေတြပါတေတာက္ေတာက္နဲ႔က်လာေလသည္။
မခံရပ္ႏုိင္ေသာ အပုတ္နံ႔ႀကီိးေၾကာင့္ တစ္ခ်ဳိ႕မွာမူးေဝေအာ့အန္ေနၾကသည္။ အေလာင္းမွာ ကိုင္မရေတာ့သျဖင့္ ကုတင္ေပၚမွ ဖ်ာျဖင့္ပင္ မ ကာ ယူလာေသာ အေခါင္းထဲသို႔ ထည့္လိုက္ၿပိီး စီစဥ္ထားတဲ့အတိုင္း သခ်ဳႋင္းသို႔ပို႔ကာ ခ်က္ခ်င္းပင္ မီးသျဂဳႋလ္လိုက္ေတာ့သည္။ မိသားစုမ်ားကား ငိုယို၍မဆုံးေတာ့ေခ်။
အဖိုးအိုမွ ကြမ္းတစ္ယာထုတ္ဝါးကာ ႐ြာသားမ်ား အား” ဦးသာဒင္ကိုမွီတြယ္ကပ္ေရာက္ေနတဲ့ ေကာင္ဟာ ရိုးရိုးဖုတ္မဟုတ္ဘူးကြဲ႕ “” ေ႐ႊထီးေဆာင္းဖုတ္လို႔ေခၚတဲ့ ဖုတ္ဘုရင္ပဲ “” သူ႔ကိုထုတ္ရင္ ေခါင္မိုးကပဲထြက္တတ္တယ္ကြဲ႕ “” အျမင့္စားဖုတ္ေကာင္ေပါ့ “” ေနာက္ လျပည့္ေန႔မွမထုတ္နိူင္ခဲရင္ေတာ့ မင္းတို႔တစ္႐ြာလုံး မသာေတြျဖစ္ပီ “” ဟာ ” ႐ြာသားေတာရဲ႕အန္႔တၾကားသံႀကိီးကတစ္ၿပိဳင္နက္ထဲ” ဘုရား ဘုရား ကံသီလို႔ပဲေဟ့ “
”ဦးသာဒင္က လြန္ခဲ့တဲ့ ေလွကားေပၚကျပဳတ္က်ထဲက ေသသြားခဲ့ၿပီ သူကအဲ့အခ်ိန္ဝင္ကပ္ေနတာ “” အခုေတာ့ အားလုံး ၿပီးပါၿပီ “” ဘုရားတရားမေမ့ၾကနဲ႔ “” အဘကိုခြင့္ျပဳၾကပါဦး “” အဘ ခဏေလး အဘ ကို ေက်းဇူးဆပ္ခ်င္လို႔ပါ ” ဦးသာဒင္ရဲ႕မိသားစုကေျပာေတာ့ အဖိုးအိုမွ” မလိုပါဘူးကြယ္ သမားဂုဏ္ကိုပူေဇာ္တဲ့အေနနဲ႔ ဆန္တျပည္နဲ႔ ေငြ အစိတ္သာ ကန္ေတာ့ ပါေလ “” သာဓု သာဓု သာဓု က်န္းမာ ခ်မ္းသာၾကပါေစကြယ္”႐ြာျပင္သို႔ထြက္သြားေသာ အဖိုးအို၏ေနာက္သို႔ၾကည့္ရင္း ႐ြာသားမ်ားမွာ ေဘးဆိုးမွကင္းလြတ္ရသျဖင့္ ဝမ္းသာေနၾကေလေတာ့သည္။ဒီေန႔မွစ၍ ဤ႐ြာေလး၏ေန႔သစ္ကားးး ေပ်ာ္႐ႊင္မႈမ်ားျဖင့္ သာယာေနေတာ့ေပမည္။
ေလေသြးညိဳ
# Unicode Version # ျဖင့္ ဖတ္ပါ #
ဦးသာဒင်ညောင်ပင်သာရွာရဲ့မျက်နှာဖုံးအင်းသူကြီး ၊ ဘုရား တန်စောင်း သိမ်ေ ကျာင်းရဟန်း ဒါယကာကြီး အလှူရေစက် လက်နဲ့မကွာလှူဒါန်းနေတဲ့သူ။ရွာတွင်မက မြို့အထိပေါက်ရောက် မိတ်ဆွေများတဲ့သူ စတဲ့ဂုဏ်ပုဒ်တွေနဲ့ပြည့်စုံတဲ့သူဇနီး ဒေါ်အေးမြ ရယ် ကိုသာလှနဲ့ကိုသာမြ ဆိုတဲ့ သား၂ယောက် ၊ ရှင်နှောင်းနဲ့ကြာဖြူဆိုတဲ့ သမီး၂ယောက်ရယ် ငွေကလဲရှိ ဆိုတော့ ဦးသာဒင် ဦးသာဒင်နဲ့ လူတိုင်းပါးစက်ဖျားမှာနေရာယူထားတဲ့သူ။အခုလဲ သိမ်ရေစက်ချ ရှိတော့ ရွာထဲစည်ကားနေတာပေါ့။
” ဟေ့ ငါ့တူတို့ အဆင်ပြေကြရဲ့လားကွဲ့ “” ဟုတ်ကဲ့ ဦးလေး “” အေး အေး ညနေကြရင် ဦးလေး မင်းတို့အဖွဲ့ကို သပ်သပ်စီစဉ်ပေးဦးမယ်ကွ “
” ဟေးးးးး “ရွာကာလသားတစ်သိုက်ပျော်ရွှင်သွားပုံကိုကြည့်ပီး ဦးသာဒင်တစ်ယောက်ခေါင်းတငြိမ့်ငြိမ့်ဖြင့် ဆရာတော်ကျောင်းဆောင်ဖက်ဆီသို့ထွက်သွားလေတော့သည်။
” တကာကြီး နက်ဖြန်အတွက် အဆင်သင့်ဖြစ်ပီလားကွဲ့ “” မှန်ပါ့ ဘုရာ့ ဆရာတော်ပို့ခိုင်းထားတဲ့ ဖိတ်စာတွေလဲ ရောက်ပါပြီဘုရာ့ “” အိမ်းးးအိမ်းးးး ဝမ်းမြောက်လှသကွယ် “” မှန်ပါ့ဘုရာ့ တပည့်တော်အိမ်ပြန်ပါဦးမယ်ဘုရာ့ “ဆရာတော်အားဦးချပီး ဦးသာဒင်တစ်ယောက်ပြန်သွားလေသည်။ ကိုသာဝ တို့ကာလသားတစ်သိုက်လဲ လုပ်ဆောင်ဖွယ် ရှိသည်များကို လုပ်ဆောင်နေစဉ်ကိုသာဝဆီ လူငယ်တစ်ယောက်ပြေးလာပီး
” ဦးသာဒင် လှေခါးပေါ်ကပြုတ်ကျလို့ဗျို့ “” အဲ့ဒါ အစ်ကိုတို့လာဝိုင်းကူကြပါဦး “” ဟာ ! ဟုတ်လား “” လာ လာ သွားကြစို့ဟေ့ “ဦးသာဒင်အိမ်ကိုရောက်တော့ ဦးသာဒင်က ကွပ်ပစ်ပေါ်မှာထိုင်ပီး ရေနွေးကြမ်းတောင် သောက်နေဘီ။ အရီးအေးမြ ကတော့ သာဝတို့အုပ်စုအား” ကံကောင်းလို့ မောင်တို့ရယ် အရီးကသေပြီတောင်မှတ်တာ “” ဒီအမြင့်ကနေကျတာ ခဏပဲသတိလစ်ပီး ပြန်ကောင်းသွားလို့ “” အေးကွယ် အခုလို လာကူညီကြတာ ကျေးဇူးတင်ပါတယ် မောင်တို့ရယ် “” ရပါတယ် အရီးရယ် “
ထိုစဉ် ဦးသာဒင်မှဝင်၍” ငါ ဘာမှမဖြစ်တော့ဘူး “” မင်းတို့ပြန်ကြတော့“”ဟုတ်ကဲ့ဦးလေး “အလှူနေရာသို့ပြန်လာကြသော ကိုသာဝတို့မှာ လာကူတာကိုနှင်ထုတ်သော ဦးသာဒင် ကိုစိတ်ကွက်နေကြတော့သည်။
ဒီနေ့အလှူနေ့ ပါတ်ဝန်းကျင်ရွာများမှ လာကြသောသူများလဲတစ်ဖွဲဖွဲဖြင့်ရောက်လာကြပေပြီ။ဒေါ်အေးမြလည်းဝတ်ကောင်းစားလှ ဝတ်ပြီး” ကျောင်းဒကာကြီး သွားကြစို့တော့ “” မင်းပဲသွားလိုက်တော့ကွာ “” ငါမလိုက်တော့ဘူး ခေါင်းနည်းနည်းမူးနေလို့ “” အိုတော် ရှင်မပါပဲ ဘယ်ဖြစ်မတုန်းတော့ “” ဆရာတော်ကိုလျှောက်လိုက်ပါကွာ ရပါတယ်”ဒာဖြင့်လဲ ပီးရောတော် “ပြောပြီးအိမ်ခြံဝိုင်းထဲမှထွက်သွားသော ဒေါ်အေးမြ၏နောက်ကျောကိုကြည့်ပီးးး” ဟား ဟ ား ဟ ား ဟားးး “” ဟား ဟား ဟား ဟ ားးးး
ဟက်ဟက်ပက်ပက် ရီမောလိုက်သော ဦးသာဒင်၏ ဟန်ကိုမြင်လိုက်ရလျှင်နေ့လည်ပိုင်းသိမ်ရေစက်ချပွဲ ပြီးလျှင် ဦးသာဒင်တို့ အိမ်ဝိုင်းထဲမှာ လူနာလာမေးသောသူများဖြင့်စည်ကားလျှက်ရှိနေပေသည်။ဦးသာဒင်မှာလည်း ရီရီမောမောပြုံးပြုံးရွှင်ရွှင်ဖြင့် ဧည့်သည်များကိုဧည်ခံလျှက်ရှိနေသည်။ညနေစောင်းသော်ဧည့်သည်များပြန်သွားလျှင်” မယ်မြရေ ငါခေါင်းတွေမူးလာလို့ ခနနားဦးမဟေ့ “” နားပါတော် ရှင်လဲပင်ပန်းနေလောက်ပြီ “” အေးကွာ ဧည့်သည်တွေကလဲများလိုက်တာ နားပီဟေ့ “တရွေ့ရွေ့နဲ့အကုန်တွေကုန်ဆုံးလို့ အကာလ ညအခါသို့ရောက်ရှိလာပြီဖြစ်သည်။အိမ်သူအိမ်သားများအိပ်မောကျနေချိန် အမှောင်ကိုအားကိုးလျှက် တစ်စုံတစ်ယောက်သည် အိမ်အနောက်ဖက် ဘဲခြံဆီသို့- – – – – – ။
မနက်မိုးသောက်အလင်းရောက်သော် ” အမယ်လေးးးး “အထိတ်တလန့်အော်လိုက်သော သမီးကြီးရဲ့ အသံကြောင့် ဒေါ်အေးမြတစ်ယောက် ” သမီးဘာဖစ်လို့လဲ ဘာဖြစ်လို့လဲဟင် “” အမေ ဒီမှာလာကြည့်ပါဦး “ဒေါ်အေးမြသွားကြည့်တော့ ဘဲတစ်ကောင် လည်ပင်းပြတ်၍သေနေသည်ကို တွေ့ရလေသည်။ဘဲမှာ ခေါင်းမရှိသည့်အပြင့် ဗိုက်ဟောင်းလောင်းနဲ့သေနေခြင်းပင်။” ညက ခွေးဝင်ဆွဲတာထင်တယ်သမီး “” ဘဲခြံကိုသေချာပြန်ကာဖို့ အကြီးကောင်လာရင်ပြောရမယ် “” ဘဲသေကို ကိုဝင်းတို့ကိုပေးလိုက် “သူတို့အိမ်က လယ်သူရင်းငှား ကိုဝင်းတို့အဖို့ ဒီနေ့ပွဲတော်စာက ဘဲသားပင်ဖြစ်ပေတော့မည်။
တစ်ရက် ၂ ရက် ၃ ရက်ဆက်တိုက်ဆိုသလိုပင် ပုံစံတစ်မျိုုးထဲ ဘဲတွေသေနေသောကြောင့်” အမေ ဘဲတွေဘာဖြစ်လို့လဲမသိဘူူ အကောင်တစ်ကောင်ကောင်မှာဝင်ဆွဲနေတယ်ထင်တယ် “” သားကြီးက ဘာလုပ်ချင်လို့တုန်း “”အကုန်ရောင်းပလိုက်တော့မယ်ဗျာ “” အေးလေ သားသဘောပဲ “” ဒါဆိုလဲ ဘဲဒိုင်နဲ့ချိတ်လိုက်တော့မယ်အမေ “ဆိုပြီး ခြံထဲရှိသမျှ ဘဲတွေရောင်းလိုက်တော့သည်။တဖြည်းဖြည်းနဲ့ ဦးသာဒင်ရဲ့ ခြံဝိုင်းထဲမှာရှိသမျှ အပင်ငယ်လေးတွေ ညှိုးရော်သေဆုံးနေကြသည်။သို့သော်အားလုံးကလဲအမှုမဲ့အမှတ်မဲ့ပင် – – – -။” ဟင် ကြက်မကြီးသေနေပါလား “” သူ့ကလေးတွေသနားစရာဟယ် “
နောက်ဆုံးကျန်နေသော ကြက်မကြီးလဲမရှိတော့ပေ။ထိုစဉ် တိမ်မဲတို့သည် နေမင်းအားအုပ်ဆိုင်းလိုက်သဖြင့် နေခင်းကြောင်တောင်မှောင်မဲသွားပြီး” အဟမ်းးး”” ဦးသာဒင်ရဲ့ချောင်းဟန့်သံနဲ့အတူ” ဒါဆိုငါတို့ခြံထဲက အကောင်တွေကုန်ပြီပေါ့ “” ဟုတ်တယ်အဖေ ကုန်ပြီ “” အေး ကောင်းရောပေါ့ကွာ “ဆိုပီးလှည့်ထွက်သွားသောဦးသာဒင်၏စကားကိုနားမလည်သော သားဖြစ်သူမှာခေါင်းကုတ်၍ကျန်နေခဲ့သည်။
သို့နှင့်ရွာထဲမှာ ကြက် ဘဲများတစ်နေ့ ၁ကောင်တစ်ခါတစ်လေ ၂ကောင်နှုန်းဖြင့်သေဆုံးနေကြသဖြင့် ရွာသားများစုဝေးတိုင်ပင်ကြတော့သည်။” ဒါမရိုးသားဘူးဗျ “ ”မင်းကဘာထင်လို့လဲ ချက်ကြီး “” မသိဘူးလေကွာ ငါမှမမြင်ရတာ “
” ဒါဆို ရွာထဲမှာ တစ်ည ၅ ယောက်နှုန်းနဲ့ကင်းစောင့်ကြမယ် “” အေးအဲ့အကြံကောင်းတယ် “” ဒီညကစမယ်ဟေ့ “ညအတွက်စီစဉ်စရာရှိတာတွေစီစဉ်ပြီးကင်းလှည့်ကျသော ကာလသားတစ်သိုက်မှာ ည ၁၂ နာရီကျော်သည်နှင့် အိပ်ငိုက်လာကြလေတော့သည်။ကင်းသမားတွေ အိပ်ငိုက်သည်နှင့်တစ်ပြိုင်နက် မဲမဲသဏ္ဏာန်တစ်ခုသည် ကိုလှအေး၏ခြံဝိုင်းဆီသို့ လှမ်းဝင်သွားသည်ကို ကင်းသမားတွေသာ သိခဲ့ပါလျှင် – – – – – ။
”အမ်မလေးလာကြပါဦးတော် “နံနက်ခင်းနဲ့အတူ ကိုလှအေးမိန်းမရဲ့ အော်ငိုသံကြီးကြောင့်” ငါ့သားလေးကို ခမဲပေးထား တဲ့နွားပေါက်လေး အီးးးးဟီးဟီးးးး “” ဟာ ဟုတ်တယ်ဟ လည်ပင်းမှာအပေါက်ကြီးနဲ့ပီးတော့ နွားပေါက်လေးရဲ့ဗိုက်ပွင့်ကာ အထဲကကလီစာတွေမရှိပဲသေဆုံးနေခြင်းပင်။နွားသေနှင့်ပက်သက်၍ရွာထဲမှာလဲ အုတ်အော်သောင်းနင်းကိုဖြစ်လို့။တစ်ည ကိုဖိုးတုတ်အခင်းသွားရန်အောက်ဆင်းလာစဉ် ခြံထောင့်၌ လူတွေ့၍သူခိူးထင်ပြီးစဉ့်အိုးနားပြေးကပ်လိုက်သည်။
ထိုလူသည် ကိုဖိုးတုတ်ခြံထဲမှ အကောင်တစ်ကောင်ကိုဆွဲ၍ထွက်လာပြီး လည်ပင်းကိုကိုက်ဖောက်လိုက်သည်။ခနကြာသော် ဗိုက်အတွင်းသို့လက်နှိုက်ကာ ကလီစာတွေကိုစားနေလေသည်။ ထိုမြင်ကွင်းကိုကြည့်နေသော ကိုဖိုးတုတ်မှာ ကြက်သီးများတဖြန်းဖြန်းထ၍ တုန်နေပြီ။ အတန်ကြာသော် အမှောင်ရိပ်ထဲမှထွက်လာသောသူက ကိုဖိုးတုတ် ပုန်းနေသော
စဉ့်အိုးဖက်သို့လှည့်ကြည့်ရာ လရောင်ဖြင့်မြင်လိုက်ရသော မျက်နှာကြောင့်ကိုဖိုးတုတ်၏မျက်လုံးများအဆမတန်ပြူးထွက်လာလေတော့သည်။
နောက်တစ်နေ့ ရွာထဲမှာ ဟိုတစ်စု ဒီတစ်စုဖြင့် ကိုဖိုးတုတ်တွေ့လိုက်ရသော အကြောင်းကိုပြောဆိုနေကြတော့သည်။ဦးသာဒင်ဖုတ်ဝင်နေတယ် ထင်၍ ရွာသားများကဦးသာဒင်၏အိပ်ယာအောက်သို့ သြဇာညွန့်များသွားထည့်ကြသော်လဲ ဘာမှမထူး။ခုံဖိနပ်အပြတ်ကို ခုတင်အောက်သို့ တိတ်တဆိတ်သွားထားကြသောလည်းဘာမှမထူးချေ။ညအချိန်ရောက်လျှင် မိသားစုလိုက် ခြံထဲဆင်း၍ ညည့်နက်သည်ထိ ကင်းစောင့်နေကြသဖြင့် ၃ရက်ကြာမျှဘာကောင်မှမပျောက်ဆုံးတော့သည်ကို ရွာသားများဝမ်းသာနေကြသည်။ ဤအချက်က ၎င်းရွာအတွင်းသို့ ကံကြမ္မာဆိုးကြီးကျရောက်တော့မည်ကို ရွာသူရွာသားများသိခဲ့ပါလျှင် – – – – – – – – ။
” ဟဲ့နွားးးးး တယ် ဒီနွားဟာ တောက် “ညောင်ပင်သာရွာလမ်းဘေးမှဖြတ်မောင်းနေသောလှည်းပေါ်တွင် လှည်းမောင်းသူ၏နောက်မှ အသက် ၆၀ ကျော်အရွယ်အဖိုးအိုတစ်ဦးထိုင်၍လိုက်လာသည်။ရွာထိပ် ကုက္ကိုပင်အောက်အရောက်တွင် အဖိုးအိုမှ” ခဏလေးလှည်းရပ်လိုက် လူလေး “ ” ဟုတ်ကဲ့ အဘ “အဖိုးအိုသည် ရွာထဲသို့စူးစိုက်ကြည့်ကာ နှာခေါင်းတရှုံ့ရှုံ့ လုပ်နေလေသည်။” လူလေး ရွာထဲမောင်းစမ်းကွာ “” ဘုန်းကြီးကျောင်းကိုသွား “” ဟုတ်ကဲ့ အဘ “ရွာထဲသို့လှည်းမောင်းဝင်သွားစဉ် ဦးသာဒင်၏ဝိုင်းရှေ့အရောက်တွင် အဖိုးအိုမှာ ဆတ်ခနဲ ဖြစ်သွားလေသည်။
” ဘုရား ဘုရား “” ကယ်နိူင်ကောင်းပါသေးရဲ့ “” လူလေးကျောင်းကို မြန်မြန်မောင်းစမ်းပါကွယ် “အရေးကြီးနေဘီကွဲ့ “”လူလေးလဲ ကုသိုလ်ရတာပေါ့ကွယ် “” ဟိုရှေ့ က ဘုန်းကြီးကျောင်းပဲ အဘရေ “” အေးကွယ် သွက်သွက်လေး “ကျောင်းသို့ရောက်သော် ဘုရားဦးခ ဆရာတော်ဦးချပြီးနောက် ဆရာတော်က” ဒကာကြီးက ဘယ်သူတုန်းကွဲ့ “” မှန်ပါ့ ၇ ရက်သားသမီးတွေကို ဆေးကုနေသူပါဘုရာ့ “” အခုလဲ ဟိုဖက်ရွာမှာဆေးလာကုရင်းနဲ့ ဒီရွာမှ အကြောင်းကိစ္စမြင်လို့ဝင်လာရတာပါဘုရာ့ “
” သြော် အေးအေး ဒါနဲ့အကြောင်းထူးရှိလို့လားကွဲ့ “” မှန်ပါ့ မကြာခင် ဒီရွာမှာ ကပ်ဆိုးတစ်ခု ကျရောက်တော့မှာကို သိနေတဲ့အတွက်ရောက်လာရပါတယ်ဘုရာ့ “” ဟေ “” အရှင်ဘုရား ရွာလယ်က ရေနံချီး သုတ်ထားတဲ့ အိမ်မဲကြီးက သူတွေနဲ့ကျောင်းမှာတွေ့ချင်ပါတယ် “” ၁ ယောက်ယောက်နဲ့ အခေါ်လွှတ်ပေးပါလားဘုရား “” အေးကွဲ့ ဟဲ့ သာဝ “
” ဘုရာ့ “” ဦးသာဒင်ရဲ့မိန်းမ ဒကာမကြီးကိုခေါ်လာခဲ့ကွယ် “” မှန်ပါ့ဘုရာ့ “ကိုသာဝထွက်သွားပြီးအတန်ငယ်ကြာသော်ကျောင်းသို့ ကိုသာဝနဲ့အတူ မိန်းမကြီးတစ်ယောက်ပါလာလေသည်။”
ဒီမယ် ညီမငယ် မင်းတို့အိမ်မှာ လူမမာများရှိသလားကွဲ့ “” မရှိပါ ဦးလေး “” ဟေ ! အင်းးးးငါထင်တာလဲ လွဲခဲပါတယ်”” ဦးလေး ငါ့တူမတို့အိမ် ခဏလိုက်ကြည့်လို့ရမလားကွဲ့ “” ဟာကြွပါဦးလေးရယ် “” ကဲ ဒါဖြင့်သွားစို့ “” တပည့်တော်ပြန်လာပါ့မယ် ဘုရာ့ “” အေးးကောင်ပါပီ ဒကာြက်ီး “ဆရာကြီး အိမ်ရှေ့ရောက်သော် ” မယ်မြ ဘယ်ကလူခေါ်လာတာတုန်း “” ကျုပ် ပဲကိစ္စလေးစကားပြောချင်လို့ပါမောင်ရင် “” အင်းးးးး ပြောပီးရင်ပြန် “ဆရာကြီးလဲ ပဲအကြောင်းနဲနဲပါးပါးပြောရင်း ဦးသာဒင်ကိုအကဲခတ်နေလေသည်။
တအောင့်နေတော့” ကဲ ပြန်ဦးမယ် ဒါနဲ့ တူမကြီး ခဏလိုက်ခဲ့ပါဦး “ကျောင်းရောက်သော် ” ငါ့တူမကြီးယောကျာၤးက ဖုတ်ဝင်နေတာကွဲ့” ”ဖုတ်တော် ရိုးရိုးဖုတ်မဟုတ်ဘူး တစ်ရွာလုံးကိုဒုက္ခပေးမဲ့ဖုတ် “” ရှင် “” တူမကြီးဖက်က ရွာအတွက်စဉ်းစားပြီး ထုတ်ခွင့်ပေးနိူင်မလားကွဲ့ “” အဟင့် အဟင့် ဆရာကြီးကူညီပါ “” ကောင်းဘီ ကာယကံရှင်က ခွင့်ပြုပြီဆိုမှတော့ သတ္တိကောင်းတဲ့ ရွာသား ၄ ယောက်လိုချင်တယ်မောင်ရင် “” ဘာမှကြောက်စရာမလိုဘူး အဘရှိတယ် “” ရတယ်အဘ ခဏစောင့်ပါ “
သာဝရယ် ချက်ကြီးရယ် ကိုတင်ရယ် မျိုးတင့်ရယ် ၄ယောက်အပြင်တစ်ခြားရွာသားတွေပါကျောင်းရောက်လာတော့ ဆရာကြီးက ” ဒီလိုကွ အစီစဉ်က – — – – – – -“” ကဲဟေ့ ကူညီနိူင်ကြမလား “” ကူညီနိူင်ပါတယ် အဘ “” အေး ဒါဆိုလဲ အခုထဲက ကြိုတင်ပီးလိုအပ်တာစုဆောင်းထားကြ ဟုတ်ပြီလား “” ပြန်ကြတော့ ပြန်ကြတော့ “နောက်တစ်နေ့ ကာလသားတစ်သိုက်ရွာသုဿာန်မှာ တစ်စုံတရာကို အားသွန်ခွန်စိုက်လုပ်နေကြသည် ။မနက် ၁၀ နာရီခန့်တွင်” အဖိုးအိုမှ သာဝတို့အား လူလေးတို့ အဘ အချက်ပြမှ စကြ နော် “” ဟုတ်ကဲ့အဘ “” ကဲ ဒါဖြင့်သွားကြစို့ “
ကိုသာဝတို့ လူစု ဦးသာဒင်ခြံဝိုင်းရှေ့အရောက်တွင် အိမ်ထဲမှ ” ဟား ဟ ား ဟ ား ဟ ား “” မလောက်လေးမလောက်စားနဲ့ ငါ့ဆီလာကြတာကိုး “အိမ်ပေါ်သို့တက်လာသောအဖိုးအိုက” မင်းအကြောင်းမင်းသိတယ်ဆိုရင် “စကားတောင်မဆုံးသေး” စမ်းကြည့်လေ ငါ့ကိုဘာကောင်မှတ်လို့တုန်း “ထိုစဉ်ခြံဝိုင်းထဲသို့ ရွာသားများအခေါင်းတစ်လုံးထမ်း၍ဝင်လာကြသည်။ဖုတ် ထုတ်တာကိုသိချင်သော ရွာသားများလဲလိုက်ပါလာသဖြင့် ခဏအတွင်ခြံထဲ၌လူပြည့်သွားပြီး ခြံပြင်သို့ပါ လျှံထွက်နေတော့သည်။
” ဟား ဟ ား ဟ ား ဟ ား “” ငါ့ကို ဘာမှတ်လို့တုန်း “” ဝုန်းးး “ ဆို ကုတင်ပေါ်မှ ဦးသာဒင်က ထအရပ်အဖိုးအိုမှ လက်ထောင်လိုက်ပီး ” လူလေးတို့ အချိန်ကြပြီ “ကိုသာဝတို့ ၄ ယောက်လဲ သူတို့ယူလာကြသော အရာများ၏စက္ကူကိုခွာချလိုက်ရာပြိုးပြိုးပြောင်ပြောင်နဲ့ ရွှေထီးများထွက်လာလေသည်။ရွှေထီးကိုမြင်လိုက်သည်နှင့်တပြိုင်နက် မတ်တတ်ရပ်နေသော ဦးသာဒင်မှာကုတင်ပေါ်သို့ ဖင်ထိုင်ရက် လဲကျကာ ငြိမ်သွားလေသည်။
”လူလေးတို့ ၄ယောက် ကုတင်တိုင် ၄တိုင်မှာ ၁ယောက်တစ်နေရာစီ နေရာယူကြပေတော့ “” တောက် “” မင်းတို့ လက်ဦးသွားတယ် “” နောက်ထပ် လပြည့်နေ့ဆို တစ်ရွာလုံး ငါ့လက်ချက်မိပြီ ဟင်းဟင်းးး “” ကဲ အပိုတွေပြော မနေနဲ့တော့ “” မင်းလမ်းကို မင်းသွားတော့ ဖုတ်ကောင်ရေ “” လူလေးတို့ ရွှေထီးတွေဖွင့်လိုက်ကြတော့ “ကိုသာဝတို့၄ယောက် ရွှေထီးတွေဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက်” အားးးးးးးးးးးး”” ဝုန်းးးးးးး “ခေါင်မိုးမှာအပေါက်ကြီးတစ်ပေါက်ဖြစ်သွားပြီးဦးသာဒင်၏ခန္ဓာကိုယ်မှာ ပုံလဲကျကာ တစ်ခဏအတွင်း အသားအရည်များ ပြိုကျပီး အရည်တွေပါတတောက်တောက်နဲ့ကျလာလေသည်။
မခံရပ်နိုင်သော အပုတ်နံ့ကြီးကြောင့် တစ်ချို့မှာမူးဝေအော့အန်နေကြသည်။ အလောင်းမှာ ကိုင်မရတော့သဖြင့် ကုတင်ပေါ်မှ ဖျာဖြင့်ပင် မ ကာ ယူလာသော အခေါင်းထဲသို့ ထည့်လိုက်ပြီး စီစဉ်ထားတဲ့အတိုင်း သချုႋင်းသို့ပို့ကာ ချက်ချင်းပင် မီးသဂြုႋလ်လိုက်တော့သည်။ မိသားစုများကား ငိုယို၍မဆုံးတော့ချေ။
အဖိုးအိုမှ ကွမ်းတစ်ယာထုတ်ဝါးကာ ရွာသားများ အား” ဦးသာဒင်ကိုမှီတွယ်ကပ်ရောက်နေတဲ့ ကောင်ဟာ ရိုးရိုးဖုတ်မဟုတ်ဘူးကွဲ့ “” ရွှေထီးဆောင်းဖုတ်လို့ခေါ်တဲ့ ဖုတ်ဘုရင်ပဲ “” သူ့ကိုထုတ်ရင် ခေါင်မိုးကပဲထွက်တတ်တယ်ကွဲ့ “” အမြင့်စားဖုတ်ကောင်ပေါ့ “” နောက် လပြည့်နေ့မှမထုတ်နိူင်ခဲရင်တော့ မင်းတို့တစ်ရွာလုံး မသာတွေဖြစ်ပီ “” ဟာ ” ရွာသားတောရဲ့အန့်တကြားသံကြီးကတစ်ပြိုင်နက်ထဲ” ဘုရား ဘုရား ကံသီလို့ပဲဟေ့ “
”ဦးသာဒင်က လွန်ခဲ့တဲ့ လှေကားပေါ်ကပြုတ်ကျထဲက သေသွားခဲ့ပြီ သူကအဲ့အချိန်ဝင်ကပ်နေတာ “” အခုတော့ အားလုံး ပြီးပါပြီ “” ဘုရားတရားမမေ့ကြနဲ့ “” အဘကိုခွင့်ပြုကြပါဦး “” အဘ ခဏလေး အဘ ကို ကျေးဇူးဆပ်ချင်လို့ပါ ” ဦးသာဒင်ရဲ့မိသားစုကပြောတော့ အဖိုးအိုမှ” မလိုပါဘူးကွယ် သမားဂုဏ်ကိုပူဇော်တဲ့အနေနဲ့ ဆန်တပြည်နဲ့ ငွေ အစိတ်သာ ကန်တော့ ပါလေ “” သာဓု သာဓု သာဓု ကျန်းမာ ချမ်းသာကြပါစေကွယ်”ရွာပြင်သို့ထွက်သွားသော အဖိုးအို၏နောက်သို့ကြည့်ရင်း ရွာသားများမှာ ဘေးဆိုးမှကင်းလွတ်ရသဖြင့် ဝမ်းသာနေကြလေတော့သည်။ဒီနေ့မှစ၍ ဤရွာလေး၏နေ့သစ်ကားးး ပျော်ရွှင်မှုများဖြင့် သာယာနေတော့ပေမည်။
လေသွေးညို
ေရႊထီးေဆာင္း ဖုတ္ဘုရင္ႏွင့္ အထက္လမ္း ဆရာႀကီး
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
June 19, 2019
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment