ကြ်န္မအသက္ ၃၂ ႏွစ္ ကိုယ္ဝန္ ၁၃ ပတ္ ရွိပါၿပီ
ဆရာမႀကီး ပါေမာကၡ ေဒၚသင္းသင္းေအာင္နဲ႔ Grand Hantha ေဆး႐ုံမွာ ပံုမွန္ ျပေနတာ ၃ ႀကိမ္ေျမာက္အျဖစ္ ၇.၁.၂၀၁၉ မွာ ထပ္မံျပသခဲ့ပါတယ္။ ကြ်န္မေခ်ာင္းဆိုးေနခဲ့တဲ့အတြက္ ဆရာမႀကီးက ေဆး ၃ မ်ိဳးေသာက္ဖို႔ေပးခဲ့ပါတယ္။ ဆရာမႀကီးအခန္းထဲကထြက္လာအၿပီး သက္ဆိုင္ရာ MO ဆီမွာ စာအုပ္ျပရပါတယ္။
အဲ့ဒီမွာ တာဝန္က်တဲ့MO ေကာင္မေလးက ဆရာမႀကီး လက္ေရးနားမလည္လို႔ဆိုၿပီး ခဏေနာ္ဆိုၿပီး သြားေမးပါတယ္။ ပံုထဲကအတိုင္း ေအာက္ဆံုးက bronchest ေဆးကိုမသိတာပါ ဒီလိုနဲ႔အဲ့ MO ထုတ္ေပးတဲ့ေဆး List အတိုင္း ေဆးေကာင္တာမွာထုတ္ပါတယ္။
ေဆးက တကယ္ေတာ့ ၃ မ်ိဳးျဖစ္ၿပီး( ကိုယ္ဝန္ေဆာင္ အားေဆးpragnacare plus ထပ္ေဆာင္းပါ) Bronchest , Vitacee နဲ႔ Alerday တို႔ျဖစ္ပါတယ္ ဒါကို MO ေကာင္မေလးက Alerday အစား Aldactone 25 mg ဆီးေဆး နဲ႔မွားေပးထားပါတယ္။ ကြ်န္မအမ်ိဳးသားက ေဆးအေၾကာင္းနားလည္ေတာ့ သက္ဆိုင္ရာ ေဆးေကာင္တာမွာ ေဆးထုတ္ေပးကတည္းက မွားေနတဲ့ Aldactone ကို ဘာေဆးလဲေမးပါတယ္။ ေဆးထုတ္ေပးတဲ့ Pharmacist က ဆီးေဆးပါဆိုၿပီး ေပါ့ပ်က္ပ်က္ျပန္ေျဖပါတယ္။
ဒီလိုနဲ႔ ကြ်န္မေယာက်ာ္းက မသကာၤတာနဲ႔ ကြ်န္မကို ေမးပါတယ္ ဆရာမႀကီးက ဆီးေဆး ထည့္ေပးထားတယ္ နင္ ဆရာမႀကီးကို ဆီးမေကာင္းဘူးေျပာထားလို႔လားဆိုၿပီး ေမးပါတယ္။ကြ်န္မက မေျပာပါဘူး ေခ်ာင္းဆိုးတာတစ္ခုပဲျဖစ္ေၾကာင္း ျပန္ေျပာျပပါတယ္။ ဒါနဲ႔ အိမ္ျပန္ေရာက္ေတာ့ အမ်ိဳးသားက ေဆးနာမည္ကို အင္တာနက္မွာရွာ ၾကည့္ပါတယ္။
ေဆးက ဆီးသြားေစတဲ့ေဆးျဖစ္ၿပီး ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးေတြနဲ႔ မသင့္ေလ်ာ္ေၾကာင္း မေသာက္သင့္ေၾကာင္းေရးထားတာေတြ႕ေၾကာင္းေျပာပါတယ္ ဒါေပမဲ့ကြ်န္မတို႔လည္း ေဆး႐ုံကို ယံုၾကည္ၿပီး ဆရာမႀကီးေဒၚသင္းသင္းေအာငိ ၫႊန္ၾကားထားတယ္ အမွတ္နဲ႔ Aldactone 25 mg ကိုမနက္တစ္ႀကိမ္ ညတစ္ႀကိမ္ ၂ ႀကိမ္ေသာက္လိုက္မိပါတယ္။
ဒီလိုနဲ႔ညေရာက္ေတာ့ ေခါင္းအေနာက္ဘက္မွာ ဇက္ေၾကာထိုးသလိုမ်ိဳးနာလာတာေၾကာင့္အမ်ိဳးသားကအေမရိကားက သူ႔သူငယ္ခ်င္းဆရာဝန္ကို အင္တာနက္ကတဆငိ့ေမးေတာ့ ေဆးက ကိုယ္ဝန္ေဆာင္ေတြလံုးဝေသာက္လို႔မရေၾကာင္း၊သက္ဆိုင္ရာ ဆရာဝန္သို႔မဟုတ္ ေဆး႐ုံက
Pharmacist ကေဆးမွားေပးတာျဖစ္ႏိုင္ေၾကာင္း၊
မနက္က်ရင္ ဆရာမႀကီး ေဒၚသင္းသင္းေအာင္ကိုဆက္သြယ္ၿပီး အတည္ျပဳခ်က္ရယူသင့္ေၾကာင္းေလာေလာဆယ္ မေသာက္ဘဲရပ္ထားသင့္ေၾကာင္း အၾကံေပးပါတယ္။OG ေဒၚသင္းသင္းေအာင္ဖုန္းကို ရေအာင္စံုစမ္းၿပီးမနက္က်ဆက္ေတာ့ ဆရာမႀကီးေပးတာAlerday ျဖစ္ေၾကာင္း ေဆး႐ုံကေဆးမွားေပးတာျဖစ္ေၾကာင္း အတည္ျပဳပါတယ္။
၈.၁.၂၀၁၉ မွာ Grand Hantha ေဆး႐ုံမွာ ေဆးမွားေသာက္မိတာနဲ႔ပတ္သက္ၿပီး Customer Complain တက္ဖို႔နဲ႔ တျခား OG ဆရာမႀကီးျဖစ္တဲ့ ေဒၚခ်ယ္ရီသန္းသန္းတင္နဲ႔ Consult လုပ္ဖို႔ေန႔လည္ ၁ နာရီေလာက္မွာ သြားခဲ့ပါတယ္။ေဆး႐ုံေရာက္ေတာ့ ေဆးမွားေပးတာနဲ႔ပတ္သက္ၿပီး customer complainတက္တဲ့အခါမွာ သူတို႔ဆီက တာဝန္ရွိသူေတြက ဂ႐ုတစိုက္ေျဖရွင္းေပးပါတယ္။
ဆရာမႀကီးေဒၚခ်ယ္ရီသန္းသန္းတင္ကလည္း side affect ေတြရွိေပမယ့္ကေလးကိုမထိခိုက္ႏိုင္ေၾကာင္းေသေသခ်ာခ်ာ ရွင္းျပေပးခဲ့ပါတယ္ ေဆးမွားေပးတဲ့ကိစၥဟာသာမန္လူအတြက္ျပႆနာမရွိေပမယ့္ ကိုယ္ဝန္ေဆာင္မိခင္အတြက္ေတာ့ ဆိုးက်ိဳးေတြအမ်ားႀကီးသက္ေရာက္ႏိုင္ပါတယ္ ကၽြန္မအမ်ိဳးသားလိုေဆးပညာဗဟုသုတရွိတဲ့သူေၾကာင့္ ၂ႀကိမ္သာေသာက္လိုက္မိၿပီးအခ်ိန္မွီရပ္လိုက္တဲ့အတြက္ေၾကာင့္ဆိုးက်ိဳးအမ်ားႀကီးမရွိေပမယ့္ေဆးပညာနဲ႔အကၽြမ္းတဝင္မရွိတဲ့လူနာဆိုအမ်ားႀကီး ဒုကၡေရာက္သြားႏိုင္ပါတယ္။
ဒီလိုအမွားအယြင္းမ်ိဳးဟာ ႏိုင္ငံတကာေဆး႐ုံဆိုၿပီး ခံယူထားတဲ့ Grand Hantha လိုေဆး႐ုံအတြက္ မျဖစ္သင့္သလို အေရးႀကီးတဲ့ MO လိုေနရာမ်ိဳးကို အေတြ႕အၾကံဳမရွိ ငယ္ရြယ္လြန္းတဲ့ ကေလးေတြခန္႔ထားတာလည္း ေဆး႐ုံနဲ႔ မလိုက္ဖက္ပါဘူ။း ဒီေန႔ ေဆး႐ုံရဲ႕ Pharmacist နဲ႔ MO ကIncharge ေတြက သူတို႔အမွားျဖစ္ေၾကာင္း ဝန္ခံေတာင္းပန္ေပမယ့္ မွားယြင္းမွဳအတြက္ေတာ့တာဝန္ယူမွဳ ၊တာဝန္ခံမွဳ တစ္စံုတရာ မရွိပါဘူး။
ဒါ့ေၾကာင့္ ကြ်န္မလိုအျဖစ္မ်ိဳးမျဖစ္ရေအာင္ႏိုင္ငံတကာေဆး႐ုံဆိုတိုင္း အယံုၾကည္မလြန္ၾကဖို႔ ဂ႐ုစိုက္ၾကဖို႔ ေစတနာအရင္းခံနဲ႔ ေရးသားလိုက္ပါတယ္။Shwe Sin Win Htun
Unicode
ကျွန်မအသက် ၃၂ နှစ် ကိုယ်ဝန် ၁၃ ပတ် ရှိပါပြီ
ဆရာမကြီး ပါမောက္ခ ဒေါ်သင်းသင်းအောင်နဲ့ Grand Hantha ဆေးရုံမှာ ပုံမှန် ပြနေတာ ၃ ကြိမ်မြောက်အဖြစ် ၇.၁.၂၀၁၉ မှာ ထပ်မံပြသခဲ့ပါတယ်။ ကျွန်မချောင်းဆိုးနေခဲ့တဲ့အတွက် ဆရာမကြီးက ဆေး ၃ မျိုးသောက်ဖို့ပေးခဲ့ပါတယ်။ ဆရာမကြီးအခန်းထဲကထွက်လာအပြီး သက်ဆိုင်ရာ MO ဆီမှာ စာအုပ်ပြရပါတယ်။
အဲ့ဒီမှာ တာဝန်ကျတဲ့MO ကောင်မလေးက ဆရာမကြီး လက်ရေးနားမလည်လို့ဆိုပြီး ခဏနော်ဆိုပြီး သွားမေးပါတယ်။ ပုံထဲကအတိုင်း အောက်ဆုံးက bronchest ဆေးကိုမသိတာပါ ဒီလိုနဲ့အဲ့ MO ထုတ်ပေးတဲ့ဆေး List အတိုင်း ဆေးကောင်တာမှာထုတ်ပါတယ်။
ဆေးက တကယ်တော့ ၃ မျိုးဖြစ်ပြီး( ကိုယ်ဝန်ဆောင် အားဆေးpragnacare plus ထပ်ဆောင်းပါ) Bronchest , Vitacee နဲ့ Alerday တို့ဖြစ်ပါတယ် ဒါကို MO ကောင်မလေးက Alerday အစား Aldactone 25 mg ဆီးဆေး နဲ့မှားပေးထားပါတယ်။ ကျွန်မအမျိုးသားက ဆေးအကြောင်းနားလည်တော့ သက်ဆိုင်ရာ ဆေးကောင်တာမှာ ဆေးထုတ်ပေးကတည်းက မှားနေတဲ့ Aldactone ကို ဘာဆေးလဲမေးပါတယ်။ ဆေးထုတ်ပေးတဲ့ Pharmacist က ဆီးဆေးပါဆိုပြီး ပေါ့ပျက်ပျက်ပြန်ဖြေပါတယ်။
ဒီလိုနဲ့ ကျွန်မယောကျာ်းက မသင်္ကာတာနဲ့ ကျွန်မကို မေးပါတယ် ဆရာမကြီးက ဆီးဆေး ထည့်ပေးထားတယ် နင် ဆရာမကြီးကို ဆီးမကောင်းဘူးပြောထားလို့လားဆိုပြီး မေးပါတယ်။ကျွန်မက မပြောပါဘူး ချောင်းဆိုးတာတစ်ခုပဲဖြစ်ကြောင်း ပြန်ပြောပြပါတယ်။ ဒါနဲ့ အိမ်ပြန်ရောက်တော့ အမျိုးသားက ဆေးနာမည်ကို အင်တာနက်မှာရှာ ကြည့်ပါတယ်။
ဆေးက ဆီးသွားစေတဲ့ဆေးဖြစ်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ မသင့်လျော်ကြောင်း မသောက်သင့်ကြောင်းရေးထားတာတွေ့ကြောင်းပြောပါတယ် ဒါပေမဲ့ကျွန်မတို့လည်း ဆေးရုံကို ယုံကြည်ပြီး ဆရာမကြီးဒေါ်သင်းသင်းအောငိ ညွှန်ကြားထားတယ် အမှတ်နဲ့ Aldactone 25 mg ကိုမနက်တစ်ကြိမ် ညတစ်ကြိမ် ၂ ကြိမ်သောက်လိုက်မိပါတယ်။
ဒီလိုနဲ့ညရောက်တော့ ခေါင်းအနောက်ဘက်မှာ ဇက်ကြောထိုးသလိုမျိုးနာလာတာကြောင့်အမျိုးသားကအမေရိကားက သူ့သူငယ်ချင်းဆရာဝန်ကို အင်တာနက်ကတဆငိ့မေးတော့ ဆေးက ကိုယ်ဝန်ဆောင်တွေလုံးဝသောက်လို့မရကြောင်း၊သက်ဆိုင်ရာ ဆရာဝန်သို့မဟုတ် ဆေးရုံက
Pharmacist ကဆေးမှားပေးတာဖြစ်နိုင်ကြောင်း၊
မနက်ကျရင် ဆရာမကြီး ဒေါ်သင်းသင်းအောင်ကိုဆက်သွယ်ပြီး အတည်ပြုချက်ရယူသင့်ကြောင်းလောလောဆယ် မသောက်ဘဲရပ်ထားသင့်ကြောင်း အကြံပေးပါတယ်။OG ဒေါ်သင်းသင်းအောင်ဖုန်းကို ရအောင်စုံစမ်းပြီးမနက်ကျဆက်တော့ ဆရာမကြီးပေးတာAlerday ဖြစ်ကြောင်း ဆေးရုံကဆေးမှားပေးတာဖြစ်ကြောင်း အတည်ပြုပါတယ်။
၈.၁.၂၀၁၉ မှာ Grand Hantha ဆေးရုံမှာ ဆေးမှားသောက်မိတာနဲ့ပတ်သက်ပြီး Customer Complain တက်ဖို့နဲ့ တခြား OG ဆရာမကြီးဖြစ်တဲ့ ဒေါ်ချယ်ရီသန်းသန်းတင်နဲ့ Consult လုပ်ဖို့နေ့လည် ၁ နာရီလောက်မှာ သွားခဲ့ပါတယ်။ဆေးရုံရောက်တော့ ဆေးမှားပေးတာနဲ့ပတ်သက်ပြီး customer complainတက်တဲ့အခါမှာ သူတို့ဆီက တာဝန်ရှိသူတွေက ဂရုတစိုက်ဖြေရှင်းပေးပါတယ်။
ဆရာမကြီးဒေါ်ချယ်ရီသန်းသန်းတင်ကလည်း side affect တွေရှိပေမယ့်ကလေးကိုမထိခိုက်နိုင်ကြောင်းသေသေချာချာ ရှင်းပြပေးခဲ့ပါတယ် ဆေးမှားပေးတဲ့ကိစ္စဟာသာမန်လူအတွက်ပြဿနာမရှိပေမယ့် ကိုယ်ဝန်ဆောင်မိခင်အတွက်တော့ ဆိုးကျိုးတွေအများကြီးသက်ရောက်နိုင်ပါတယ် ကျွန်မအမျိုးသားလိုဆေးပညာဗဟုသုတရှိတဲ့သူကြောင့် ၂ကြိမ်သာသောက်လိုက်မိပြီးအချိန်မှီရပ်လိုက်တဲ့အတွက်ကြောင့်ဆိုးကျိုးအများကြီးမရှိပေမယ့်ဆေးပညာနဲ့အကျွမ်းတဝင်မရှိတဲ့လူနာဆိုအများကြီး ဒုက္ခရောက်သွားနိုင်ပါတယ်။
ဒီလိုအမှားအယွင်းမျိုးဟာ နိုင်ငံတကာဆေးရုံဆိုပြီး ခံယူထားတဲ့ Grand Hantha လိုဆေးရုံအတွက် မဖြစ်သင့်သလို အရေးကြီးတဲ့ MO လိုနေရာမျိုးကို အတွေ့အကြုံမရှိ ငယ်ရွယ်လွန်းတဲ့ ကလေးတွေခန့်ထားတာလည်း ဆေးရုံနဲ့ မလိုက်ဖက်ပါဘူ။း ဒီနေ့ ဆေးရုံရဲ့ Pharmacist နဲ့ MO ကIncharge တွေက သူတို့အမှားဖြစ်ကြောင်း ဝန်ခံတောင်းပန်ပေမယ့် မှားယွင်းမှုအတွက်တော့တာဝန်ယူမှု ၊တာဝန်ခံမှု တစ်စုံတရာ မရှိပါဘူး။
ဒါ့ကြောင့် ကျွန်မလိုအဖြစ်မျိုးမဖြစ်ရအောင်နိုင်ငံတကာဆေးရုံဆိုတိုင်း အယုံကြည်မလွန်ကြဖို့ ဂရုစိုက်ကြဖို့ စေတနာအရင်းခံနဲ့ ရေးသားလိုက်ပါတယ်။Shwe Sin Win Htun
No comments:
Post a Comment