ဦးရဲ့...ခလေးသို့...
အချစ်မှာ - အသက်ကြီးလည်း
မပျက်စီး - နုပျို
တစ်ကိုယ်တည်း - တစ်ခုလိုတယ်
ယခုကို - ချက်ခြင်း၊
ဦးဦးရဲ့ - ရင်ခွင်မှာ
ကြင်ကြင်နာ - ခလေးကိုခေါ်သွင်း၊
ခလေးလေး - လိုအင်
မငြိုငြင် - ပေးဆပ်ရင်း၊
အပိုပင် - အပ်နှင်းလို့
မပြတ်ယွင်း - မေတ္တာ၊
ခလေးရဲ့ - အနာဂတ်
အသာအပ် - ဦးရင်ခွင်မှာ၊
ဦးရင်က - နွေးထွေးပါတယ်
ခလေးသာ - ဝင်လာခဲ့စေလို့
အကြင်နာနဲ့ - မ နှေး ခေါ် ဆုံ
ခ လေး ပျော် ရုံ၊
လိုတာမရှိ - ရေမီးအစုံနော်
ဖြည့်ဆည်းအကုန် - ခလေးအတွက်ပါလေး၊
သားသခင်
________________________________
ဒီပုံနဲ့ ပတ်သက်ပြီး
တစ်နေ့
မန္တလေးကို စာပေဟောပြောပွဲသွားရင်း
ဘုရားတစ်ဆူကို အလည်အပတ်သွားဖူးတော့
ဒီကလေးမလေးကို တွေ့တယ်။
သူ့မိဘဆီ ခွင့်တောင်းပြီး
ဒီပုံလေးကိုရိုက်လာတာပါ။
ကဗျာရေးမယ့်အကြောင်းလည်း ပြောခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ်ကပါ။

No comments:
Post a Comment