ကြ်န္ေတာ္တို႔ ကားႀကီး ၁စီး ၊ ထရက္ကား ၁ စီးနဲ႔ သြားေရာက္လႉဒါန္းခဲ့ပါတယ္။ အဲ့ေန႔က မိုးႀကီးရြာတဲ့ေန႔ ၿပီးေတာ့ အဲ့ဒီကား ၂စီးမွာ စက္ဘီး ၂၀၅ စီးလႉဖို႔ပါ ပါတယ္။ ေမွာ္ဘီၿမိဳ႕နယ္မွာရွိတဲ့ အစိုးရေက်ာင္း ၂ ေက်ာင္းအတြက္ ၁၈၆ စီး ၊ မိဘမဲ့ေက်ာင္း ၂ေက်ာင္းအတြက္ ၁၉ စီး လႉဒါန္းခဲ့ပါတယ္။
ဒီကေလးေတြက ရြာကေန ေက်ာင္းကို ၂ နာရီနီးပါးလမ္းေလွ်ာက္သြားရပါတယ္။ အသြား အျပန္ ၄ နာရီနီးပါး အခ်ိန္ကုန္ပါတယ္။ တခ်ိဳ႕ကေလးေတြက်ေတာ့ ၁ နာရီ – ၁နာရီခဲြေလာက္ လမ္းေလွ်ာက္ရပါတယ္။
ေက်းလက္ေဒသမွာေနတဲ့ကေလးအမ်ားစုဟာ အသက္ငယ္ငယ္ရြယ္ရြယ္မွာ မိသားစုအေျခေနေၾကာင့္ ၊ မိဘမစံုျခင္း ၊ တခ်ိဳ႕ကေလးေတြမွာဆို မိဘမရွိေတာ့တဲ့ ကေလးေတြလည္းရွိပါတယ္။ ဒီလိုကေလးငယ္ေလးေတြကို ျမင္ေတြ႕ရေတာ့ အလြန္၀မ္းနည္းမိပါတယ္။
ဒီလိုစိန္ေခၚမႈေတြရွိေနေသာ္လည္း ဒီကေလးငယ္ေတြရဲ႕အနာဂါတ္အတြက္ လူမႈအသိုင္းအ၀ိုင္းကေနဘယ္ေလာက္ထိ ဂ႐ုတစိုက္ေဖးမကူညီမႈေတြကိုရွိေနတယ္ဆိုတာကို ကြ်န္ေတာ္တို႔ ျမင္ေတြ႕ခံစားရမွာပါ။ ဘယ္လိုပင္ဆင္းရဲမႈေတြၾကံဳပါေစ၊ ဘယ္ေလာက္ေ၀းတဲ့ေနရာမွာမိသားစုေတြေနပါေစ၊ ေက်ာင္းသားေတြက ဒီစိန္ေခၚမႈကို ရင္ဆိုင္ၿပီး ပိုမိုေကာင္းမြန္တဲ့ဘ၀ေတြရရွိေစဖို႔အတြက္ ပညာေရးကို ႀကိဳးစားေနၾကရပါတယ္။
ေက်ာင္းသားေတာ္ေတာ္မ်ားမ်ားမွာ ဒီလိုအခက္အခဲေတြၾကံဳရပါတယ္။ သူတို႔ေလးေတြနဲ႔ေတြ႕တဲ့အခါေမးျဖစ္တာက “ဘ၀တိုးတက္ဖို႔အတြက္ ေျပာင္းလဲေပးႏိုင္တဲ့အရာကဘာျဖစ္မလဲ” လို႔ ေမးရင္ သူတို႔ျပန္ေျဖတာက “ပညာေရး” လို႔ မဆိုင္းမတြနဲ႔ရိုးရိုးေလး ျပန္ေျပာၾကပါတယ္။
တခ်ိဳ႕ကေလးေတြရဲ႕ ဘ၀ရည္မွန္းခ်က္က ေက်ာင္းဆရာ/မ ၊ အင္ဂ်င္နီယာ ၊ ဆရာ၀န္ ၿပီးေတာ့ သမၼတျဖစ္ခ်င္တယ္ဆိုတဲ့ ကေလးေတြေတာင္ရွိပါတယ္။ ကြ်န္ေတာ္တို႔အားလံုး သူတို႔အိမ္မက္ေလးေတြအမွန္တကယ္ေဖာ္ႏိုင္ပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုက္ၾကရေအာင္လားဗ်ာ ….
19th June 2019
We loaded 2 x large truck and 1 box truck under heavy rain with 205 bicycles and we drove to Hmawbi Township to donate to 2 Government schools 186 Bicycles and 19 Bicycles to 2 Orphanages.
The benefiting students some walk up to almost 2 hours from the village to school. Back and forth they spend more than 4 hours travelling. Most students walk an average of 1-1.5 hours. It is saddening to see many students in the more rural area have challenging family situation, coming from single parent families or losing both parents at young age.
However, despite these challenging environment, we are extremely heartened to see how much the local community and society care about the future of these children. Regardless of how poor they are, and how far they live, families and students battle these challenges for the pursue of education, for a better life.
Almost every student we came up to, when we asked “Whats the best way to change your life?” Their answers were instant and simple, “Education!”
Some students want to be teacher, engineer, doctor, and even President of Myanmar. We wish them all the best in their pursuit of dreams!
Lesswalk.org
Than Tun Win
Unicode Version
ကျွန်တော်တို့ ကားကြီး ၁စီး ၊ ထရက်ကား ၁ စီးနဲ့ သွားရောက်လှူဒါန်းခဲ့ပါတယ်။ အဲ့နေ့က မိုးကြီးရွာတဲ့နေ့ ပြီးတော့ အဲ့ဒီကား ၂စီးမှာ စက်ဘီး ၂၀၅ စီးလှူဖို့ပါ ပါတယ်။ မှော်ဘီမြို့နယ်မှာရှိတဲ့ အစိုးရကျောင်း ၂ ကျောင်းအတွက် ၁၈၆ စီး ၊ မိဘမဲ့ကျောင်း ၂ကျောင်းအတွက် ၁၉ စီး လှူဒါန်းခဲ့ပါတယ်။
ဒီကလေးတွေက ရွာကနေ ကျောင်းကို ၂ နာရီနီးပါးလမ်းလျှောက်သွားရပါတယ်။ အသွား အပြန် ၄ နာရီနီးပါး အချိန်ကုန်ပါတယ်။ တချို့ကလေးတွေကျတော့ ၁ နာရီ – ၁နာရီခွဲလောက် လမ်းလျှောက်ရပါတယ်။
ကျေးလက်ဒေသမှာနေတဲ့ကလေးအများစုဟာ အသက်ငယ်ငယ်ရွယ်ရွယ်မှာ မိသားစုအခြေနေကြောင့် ၊ မိဘမစုံခြင်း ၊ တချို့ကလေးတွေမှာဆို မိဘမရှိတော့တဲ့ ကလေးတွေလည်းရှိပါတယ်။ ဒီလိုကလေးငယ်လေးတွေကို မြင်တွေ့ရတော့ အလွန်ဝမ်းနည်းမိပါတယ်။
ဒီလိုစိန်ခေါ်မှုတွေရှိနေသော်လည်း ဒီကလေးငယ်တွေရဲ့အနာဂါတ်အတွက် လူမှုအသိုင်းအဝိုင်းကနေဘယ်လောက်ထိ ဂရုတစိုက်ဖေးမကူညီမှုတွေကိုရှိနေတယ်ဆိုတာကို ကျွန်တော်တို့ မြင်တွေ့ခံစားရမှာပါ။ ဘယ်လိုပင်ဆင်းရဲမှုတွေကြုံပါစေ၊ ဘယ်လောက်ဝေးတဲ့နေရာမှာမိသားစုတွေနေပါစေ၊ ကျောင်းသားတွေက ဒီစိန်ခေါ်မှုကို ရင်ဆိုင်ပြီး ပိုမိုကောင်းမွန်တဲ့ဘဝတွေရရှိစေဖို့အတွက် ပညာရေးကို ကြိုးစားနေကြရပါတယ်။
ကျောင်းသားတော်တော်များများမှာ ဒီလိုအခက်အခဲတွေကြုံရပါတယ်။ သူတို့လေးတွေနဲ့တွေ့တဲ့အခါမေးဖြစ်တာက “ဘဝတိုးတက်ဖို့အတွက် ပြောင်းလဲပေးနိုင်တဲ့အရာကဘာဖြစ်မလဲ” လို့ မေးရင် သူတို့ပြန်ဖြေတာက “ပညာရေး” လို့ မဆိုင်းမတွနဲ့ရိုးရိုးလေး ပြန်ပြောကြပါတယ်။
တချို့ကလေးတွေရဲ့ ဘဝရည်မှန်းချက်က ကျောင်းဆရာ/မ ၊ အင်ဂျင်နီယာ ၊ ဆရာဝန် ပြီးတော့ သမ္မတဖြစ်ချင်တယ်ဆိုတဲ့ ကလေးတွေတောင်ရှိပါတယ်။ ကျွန်တော်တို့အားလုံး သူတို့အိမ်မက်လေးတွေအမှန်တကယ်ဖော်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ကြရအောင်လားဗျာ ….
19th June 2019
We loaded 2 x large truck and 1 box truck under heavy rain with 205 bicycles and we drove to Hmawbi Township to donate to 2 Government schools 186 Bicycles and 19 Bicycles to 2 Orphanages.
The benefiting students some walk up to almost 2 hours from the village to school. Back and forth they spend more than 4 hours travelling. Most students walk an average of 1-1.5 hours. It is saddening to see many students in the more rural area have challenging family situation, coming from single parent families or losing both parents at young age.
However, despite these challenging environment, we are extremely heartened to see how much the local community and society care about the future of these children. Regardless of how poor they are, and how far they live, families and students battle these challenges for the pursue of education, for a better life.
Almost every student we came up to, when we asked “Whats the best way to change your life?” Their answers were instant and simple, “Education!”
Some students want to be teacher, engineer, doctor, and even President of Myanmar. We wish them all the best in their pursuit of dreams!
Lesswalk.org
Than Tun Win
No comments:
Post a Comment