Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, May 26, 2019

ေခတ္ေပၚ လိမ္နည္းအသစ္၊ ပရဟိတ လူလိမ္မ်ားကုိ သတိထားၾကပါ။


ယဥ္ေက်းလိမၼာသင္တန္း အေၾကာင္းျပျပီး ကြ်န္ေတာ့္ဆီက ေငြလိမ္သြားတဲ့အေၾကာင္းကို အားလံုး ဗဟုသုတရေစခ်င္ေျပာျပပါရေစခင္ဗ်ာ

သတၱဝါခ်င္းခ်င္း ကိုယ္ခ်င္းစာေမတၱာတရားမ်ား ထားေပးေစခ်င္ပါတယ္ခင္ဗ်ာ။ အနာဂတ္မ် ဳိးဆက္သစ္ လူငယ္လူရြယ္မ်ားကို ကာယကံ ဝစီကံ မေနာကံမ်ားယဥ္ေက်းေစရန္ မိမိတို့ ကိုယ္ပိုင္ယဥ္ေက်းမႈအေမြႏွစ္မ်ားကို တန္ဖိုးထားထိန္းသိမ္ေစရန္ရည္ရြယ္ခ်က္မ်ားျဖင့္ ကြ်န္ေတာ္ တႏိုင္တပိုင္ စြမ္းႏိုင္သမွ်ေလးျဖင့္ ျမန္မာျပည္အႏံွ႔အျပားေတာင္ေပၚေျမျပန္ ့ ဆင္းရဲခ်မ္းသာမခြဲျခားဘဲေစတနာမ်ားစြာျဖင့္ ယဥ္ေက်းလိမၼာသင္တန္းမ်ား ဖြင့္လွစ္လိုေသာ ေနရာအသီးသီးစီသို႔ ကြ်န္ေတာ့္ခရီးစရိတ္ တည္ခိုေနထိုင္စရိတ္မ်ားကို ကြ်န္ေတာ့္ဘာသာကြ်န္ေတာ္အကုန္ခံျပီး မည္သူတစ္ဦးတစ္ေယာက္ကိုမွ် ကြ်န္ေတာ့္ေၾကာင့္ ဝန္ထုတ္ဝန္ပိုအျဖစ္မခံပဲ သြားေရာက္သင္ၾကားေပးသည့္အျပင္ သင္ရိုးညႊန္းတမ္းစာအုပ္မ်ားစာေရးကိရိယာမ်ား အဟာရဒါနမ်ားႏွင့္ဆုေငြေငြမ်ား ဆုတံဆိပ္မ်ား လက္ေဆာင္ပစၥည္းမ်ားပါမက်န္ အကုန္ခံျပီး ဗုဒၶစာေပမ်ားဗုဒၶယဥ္ေက်းမႈမ်ားကို သင္ၾကားေပးျဖစ္တာေတြကို ကြ်န္ေတာ္သင္ၾကားေပးဘူးတဲ့ သင္တန္းမ်ားကို ဦးေဆာင္ စီမွန္ေပးတဲ့ မိတ္ေဆြမ်ားအားလံုး အသိဆံုးျဖစ္မွာပါခင္ဗ်ာ တန္ဖိုးထားခင္မင္ရပါေသာ မိတ္ေဆြမ်ားအား ယေန႔ကြ်န္ေတာ္ေျပာျပလိုတာက နယ္မ်ားသို႔သြားေရာက္ေဖ်ာ္ေျဖတဲ့ အႏုပညာသမားမ်ားမွမဟုတ္ပါဘူး ကြ်န္ေတာ္တို႔လိုပရဟိတသမားေတြလည္း အလိမ္အညာခံခဲရတာမ်ားကို ဗဟုသုတရေအာင္ေျပာျပေပးခ်င္းျဖစ္ပါတယ္။

ကြ်န္ေတာ့္ထံသို႔မႏၱေလးျမိဳ ့မွ လူတစ္ေယာက္ကဖုန္းဆက္ျပီး သူတို႔ရပ္ကြက္ဓမၼာရံုမွာ ေက်ာင္သား(၃၀၀)ေက်ာ္တို႔အား ယဥ္ေက်းမႈသင္တန္းဖြင့္လွစ္လိုပါတယ္။ ဆရာနဲ႔လည္းfacebookမွာfriendပါ။ ဆရာယဥ္ေက်းလိမၼာသင္တန္းေတြ အဘိဓမၼာသင္တန္းေတြ ပ႒ာန္းသင္တန္းေတြကို ဘုန္းေတာ္ၾကီးသင္ပညာေရးေက်ာင္းမ်ား မိဘမဲ့ကေလးမ်ားေဂဟာမ်ား ဓမၼာရံုမ်ား စာသင္ေက်ာင္းမ်ားတကၠသိုလ္မ်ားမွာ သံဃာေတာ္မ်ားကိုေရာ လူၾကီးသူမမ်ားကိုေရာ လူငယ္လူရြယ္မ်ားႏွင့္ကေလးသူငယ္မ်ပါမက်န္ သင္ၾကားေပးတာေတြအျမဲသာဓုေခၚသလို ဆရာအေမေျခရာေတာင္းပြဲေတြက်င္းပေပးတာ ဂုဏ္ယူေလးစားပါတယ္။

ဆရာအလွဴအတမ္းေတြကိုအားက်ေနမိသလို ဆရာဘုရားခန္းကိုလည္း စံနမူနာထားပါတယ္ဆိုျပီးေျပာျပတဲ့အတြက္ ကြ်န္ေတာ္ဘက္ကရိုေသေလးစားစြာျပန္ေျဖျပီး မႏၱေလးမွာယဥ္ေက်းလိမၼာသင္တန္းဖြင့္ဖို႔ လက္ခံခဲ့ပါတယ္။ သင္တန္းဖြင့္လက္ခံျပီးကထဲက ေန႔တိုင္းဖုန္းအၾကိမ္ၾကိမ္ဆက္ျပီး သူတို႔သင္တန္းကိုဘယ္လိုျပင္ဆင္ထားေၾကာင္း ျမိဳ ့နယ္သံဃနာယကဆရာေတာ္ၾကီးမ်ား၏ ခြင့္ျပဳခ်က္ျဖင့္ ဓမၼာရံုလူၾကီးမ်ားႏွင့္ ရပ္မိရပ္ဖမ်ားစည္းေဝးတိုင္ပင္က်ေၾကာင္း ဓမၼာရံုမွာ သူတို့ျပင္ဆင္ေနမႈေတြ သင္တန္းခန္းမေတြ ဗီႏိုင္းဆိုင္းဘုတ္ေတြကို ဆရာကိုVideoျဖင့္ျပေပးပါရေစဆိုျပီး မၾကာခဏျပေပးျပီးေတာ့မွ ကေလးေတြကိုသင္ၾကားေပးမဲ့စာအုပ္ေတြကို ဆရာလာမွတပါထဲသယ္လာရင္ပင္ပမ္းပါမယ္

ကားဂိတ္ကပို႔ေပးပါေျပာတာနဲ႔ ကားဂိတ္ကေနျပီးပို႔ေပးလိုက္ေတာ့ သူတို႔သင္ရိုညြန္းတမ္းနဲ့စာေရးကရိယာေတြ စလက္ခံရရိွျပီးဆိုတဲ့အေၾကာင္းကို ေနာက္တစ္ေန႔မွာဖုန္းဆက္ေျပာျပျပီးတဆက္ထဲ ဆရာအဟာရဒါနျပဳမယ္ဆိုရင္ ပိုက္ဆံကိုၾကိဳလြဲေပးဖို႔ေျပာေတာ့ ကြ်န္ေတာ့္စိတ္ထဲမွာတမ် ဳိးခံစားလိုက္ရေပမဲ့ ေအာ္ သူတို႔ဘက္က ေစတနာနဲ႔ အားလံု အစဥ္ေျပေအာင္ ကူညီေနတာဘဲေလ ကြ်န္ေတာ္စီ ဖုန္းဆက္ေနက်တာကလည္း လူငယ္ေတြမွမဟုတ္တာ လူလတ္ပိုင္းေတြပဲ သူတို႔အဖြဲ ့အစည္းရဲ့ ေစတနာကို တန္ဖိုးထားဖို့ ေကာင္းပါတယ္ေလဆိုျပီး Wave Moneyနဲ႔ ဖုန္းနံပတ္ေလးခုကို ပိုက္ဆံဆယ္သိန္းလြဲေပးလိုက္ေတာ့လည္း လက္ခံရတဲ့အေၾကာင္းကို ကြ်န္ေတာ့္ထံသို့ ဖုန္းအသီးသီးက ျပန္ဆက္ေပးက်တာနဲ႔ ကြ်န္ေတာ္လည္း ညေနပိုင္းေလယာဥ္နဲ႔ပဲ မႏၱေလးကိုစာသင္ေပးဖို႔သြားလိုက္ပါတယ္။

သူတို႔အဖြဲ ့နဲ႔ကြ်န္ေတာ္ ရန္ကုန္ေလဆိပ္မွာအထိ အဆက္သြယ္ရျပီး မႏၱေလးေလဆိပ္မွာသူတို႔လာၾကိဳမယ္ေျပာလို႔ မႏၱေလး ေလးဆိပ္ေရာက္တာနဲ့ ကြ်န္ေတာ့္ဘက္က ဖုန္းဆက္ေတာ့ သူတို့ဖုန္းေတြအားလံုး တစ္လံုးမွေခၚမရေတာ့ဘဲ ဆက္သြယ္မႈဧရိယာအျပင္ပနဲ့ စက္ပိတ္ထားပါသျဖင့္ဘဲျပန္ေျဖပါေတာ့တယ္။ ကြ်န္ေတာ္ သည့္ခံျပီးထိုင္ေစာင့္ေနရင္း ၾကာလာေတာ့ မိုးကလည္းအရမ္းခ်ဳ ဳပ္ေနျပီး ဘာလုပ္ရမွန္းလည္း မသိေတာ့တဲ့အဆံုး ရန္ကုန္အိမ္ကိုဖုန္းဆက္ရမလား ဆက္ရင္ အိမ္ကလူေတြအကုန္လံုးက စိတ္ပူေနၾကမွာ ဆိုးရိမ္မိတဲ့အတြက္ မႏၱေလးမွာေနထိုင္တဲ့ အေဒၚေတြစီကို ဖုန္းဆက္ေျပာေတာ့ အေဒၚေတြ ေလဆိပ္ကိုအေမာတေကာလိုက္လာက်ကာ ကိုေအာင္ရယ္ ရင္ေတြတုန္လိုက္တာ နင့္အမေတြ သိရင္ ငါတို့မႏၱေလးမွာရိွတာေတာင္ ဂရုမဆုိုက္ဘူးျဖစ္ေတာ့မွာပဲဟာဆိုျပီး

မႏၱေလးကိုစာလာသင္မွာ သူတို႔ၾကိဳမေျပာလို႔အျပစ္တင္ေနၾကေပမဲ့ အေဒၚေတြကားနဲ႔ပဲ စာသင္ရမဲ့လိပ္စာအတိုင္းလိုက္သြားေတာ့ သူတို႔ျပတဲ့ဓမၼာရံုေတြ ဗိႏိုင္းဆိုင္းဘုတ္ေတြ သာသနာအလံေတြလံုးဝမေတြ ့ရဘူးျဖစ္မွ အေဒၚကကိုေအာင္ေရ အလိမ္ခံရျပီထင္တယ္ သားနဲ႔အ့ဲဒီလူေတြဘယ္လိုသိတာလည္းေမးမွ face bookမွာfriendျဖစ္တာကို သတိရျပီး Facebook ကို ဖြင့္ၾကည့္လိုက္မွအ့ဲဒီလူေတြ ကြ်န္ေတာ့္ကိုBlockထားတာေတြ ့ရပါေတာ့တယ္။

ေအာ္လုပ္ရက္လိုက္ၾကတာေနာ္ ကြ်န္ေတာ့္အေဒၚေတြကကြ်န္ေတာ့္ကို ကိုေအာင္ရယ္ ပရဟိတေတြကို မလုပ္ပါနဲ့ေတာ့လို ေျပာဆိုကာ သူတို့အိမ္မွာဘဲ ညအိပ္ခိုင္းပါေတာ့တယ္။ ေနာက္တစ္ေန့ ရန္ကုန္ျပန္ေရာက္ေတာ့ ေလဆိပ္လာၾကိဳတဲ့ တူေလးရဲ့ကားေပၚရာက္မွ ကြ်န္ေတာ္ဝမ္းနည္းလြန္းလို့ မခံစားႏိုင္ပဲ အသံထြက္ေအာင္ အားရပါးရငိုခ်လိုက္ျပီး ေနာက္ထပ္ ပရဟိတအလုပ္ေတြ ယဥ္ေက်းလိမၼာသင္တန္းေတြ ပို့ခ်ေပးဖို့ အားအင္ေတြျပန္ေမြးရပါေတာ့တယ္ဗ်ာ။

(ယခု ကြ်န္ေတာ့္ကိုယ္ေတြ ့အျဖစ္အပ်က္ကို ျပန္ေျပာျပရင္ မိတ္ေဆြမ်ားမွကြ်န္ေတာ့္ကို ျမန္မာ့ရုပ္ျမင္သံၾကားမွာ စစ္သီခ်င္ေတြ ဆိုဆိုေနတဲ့ ဖိုးဆိုခ်င္ ခင္ေမာင္ညြန့္လို့ ဖိုးသင္ခ်င္ ကိုေအာင္လို့ အထင္ခံရမွာကို ရွက္ေနမိေပမဲ့ ေနာက္လူေတြ ကြ်န္ေတာ္လိုမျဖစ္ေအာင္နဲ့ ကြ်န္ေတာ္ ကားဂိတ္ကပို့လိုက္တဲ့ ဗုဒၶစာေပ သင္ရိုးညြန္းတမ္းစာအုပ္မ်ားႏွင့္ စာေရးကရိယာေတြကိုဗန္းျပျပီး ကြ်န္ေတာ့္မိတ္ေဆြမ်ားအားထပ္လိမ္ေနမွာကို စိတ္ပူတဲ့အတြက္ ယခုကဲ့သို့ ဖြင့္ေျပာျပရခ်င္းဘဲျဖစ္ပါတယ္ခင္ဗ်ာ)

လူ အခ်င္းခ်င္းလွည့္ပတ္ျခင္းကင္းေဝးၾကပါေစ…
ေဒါက္တာလွဝင္းေအာင္(ခ)ဘစိုးဥ

#Unicode Version# ျဖင့္ဖတ္ပါ ။

ယဉ်ကျေးလိမ္မာသင်တန်း အကြောင်းပြပြီး ကျွန်တော့်ဆီက ငွေလိမ်သွားတဲ့အကြောင်းကို အားလုံး ဗဟုသုတရစေချင်ပြောပြပါရစေခင်ဗျာ

သတ္တဝါချင်းချင်း ကိုယ်ချင်းစာမေတ္တာတရားများ ထားပေးစေချင်ပါတယ်ခင်ဗျာ။ အနာဂတ်မျ ိုးဆက်သစ် လူငယ်လူရွယ်များကို ကာယကံ ဝစီကံ မနောကံများယဉ်ကျေးစေရန် မိမိတို့ ကိုယ်ပိုင်ယဉ်ကျေးမှုအမွေနှစ်များကို တန်ဖိုးထားထိန်းသိမ်စေရန်ရည်ရွယ်ချက်များဖြင့် ကျွန်တော် တနိုင်တပိုင် စွမ်းနိုင်သမျှလေးဖြင့် မြန်မာပြည်အနံှ့အပြားတောင်ပေါ်မြေပြန့် ဆင်းရဲချမ်းသာမခွဲခြားဘဲစေတနာများစွာဖြင့် ယဉ်ကျေးလိမ္မာသင်တန်းများ ဖွင့်လှစ်လိုသော နေရာအသီးသီးစီသို့ ကျွန်တော့်ခရီးစရိတ် တည်ခိုနေထိုင်စရိတ်များကို ကျွန်တော့်ဘာသာကျွန်တော်အကုန်ခံပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ကျွန်တော့်ကြောင့် ဝန်ထုတ်ဝန်ပိုအဖြစ်မခံပဲ သွားရောက်သင်ကြားပေးသည့်အပြင် သင်ရိုးညွှန်းတမ်းစာအုပ်များစာရေးကိရိယာများ အဟာရဒါနများနှင့်ဆုငွေငွေများ ဆုတံဆိပ်များ လက်ဆောင်ပစ္စည်းများပါမကျန် အကုန်ခံပြီး ဗုဒ္ဓစာပေများဗုဒ္ဓယဉ်ကျေးမှုများကို သင်ကြားပေးဖြစ်တာတွေကို ကျွန်တော်သင်ကြားပေးဘူးတဲ့ သင်တန်းများကို ဦးဆောင် စီမှန်ပေးတဲ့ မိတ်ဆွေများအားလုံး အသိဆုံးဖြစ်မှာပါခင်ဗျာ တန်ဖိုးထားခင်မင်ရပါသော မိတ်ဆွေများအား ယနေ့ကျွန်တော်ပြောပြလိုတာက နယ်များသို့သွားရောက်ဖျော်ဖြေတဲ့ အနုပညာသမားများမှမဟုတ်ပါဘူး ကျွန်တော်တို့လိုပရဟိတသမားတွေလည်း အလိမ်အညာခံခဲရတာများကို ဗဟုသုတရအောင်ပြောပြပေးချင်းဖြစ်ပါတယ်။

ကျွန်တော့်ထံသို့မန္တလေးမြို့မှ လူတစ်ယောက်ကဖုန်းဆက်ပြီး သူတို့ရပ်ကွက်ဓမ္မာရုံမှာ ကျောင်သား(၃၀၀)ကျော်တို့အား ယဉ်ကျေးမှုသင်တန်းဖွင့်လှစ်လိုပါတယ်။ ဆရာနဲ့လည်းfacebookမှာfriendပါ။ ဆရာယဉ်ကျေးလိမ္မာသင်တန်းတွေ အဘိဓမ္မာသင်တန်းတွေ ပဋ္ဌာန်းသင်တန်းတွေကို ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ မိဘမဲ့ကလေးများဂေဟာများ ဓမ္မာရုံများ စာသင်ကျောင်းများတက္ကသိုလ်များမှာ သံဃာတော်များကိုရော လူကြီးသူမများကိုရော လူငယ်လူရွယ်များနှင့်ကလေးသူငယ်မျပါမကျန် သင်ကြားပေးတာတွေအမြဲသာဓုခေါ်သလို ဆရာအမေခြေရာတောင်းပွဲတွေကျင်းပပေးတာ ဂုဏ်ယူလေးစားပါတယ်။

ဆရာအလှူအတမ်းတွေကိုအားကျနေမိသလို ဆရာဘုရားခန်းကိုလည်း စံနမူနာထားပါတယ်ဆိုပြီးပြောပြတဲ့အတွက် ကျွန်တော်ဘက်ကရိုသေလေးစားစွာပြန်ဖြေပြီး မန္တလေးမှာယဉ်ကျေးလိမ္မာသင်တန်းဖွင့်ဖို့ လက်ခံခဲ့ပါတယ်။ သင်တန်းဖွင့်လက်ခံပြီးကထဲက နေ့တိုင်းဖုန်းအကြိမ်ကြိမ်ဆက်ပြီး သူတို့သင်တန်းကိုဘယ်လိုပြင်ဆင်ထားကြောင်း မြို့နယ်သံဃနာယကဆရာတော်ကြီးများ၏ ခွင့်ပြုချက်ဖြင့် ဓမ္မာရုံလူကြီးများနှင့် ရပ်မိရပ်ဖများစည်းဝေးတိုင်ပင်ကျကြောင်း ဓမ္မာရုံမှာ သူတို့ပြင်ဆင်နေမှုတွေ သင်တန်းခန်းမတွေ ဗီနိုင်းဆိုင်းဘုတ်တွေကို ဆရာကိုVideoဖြင့်ပြပေးပါရစေဆိုပြီး မကြာခဏပြပေးပြီးတော့မှ ကလေးတွေကိုသင်ကြားပေးမဲ့စာအုပ်တွေကို ဆရာလာမှတပါထဲသယ်လာရင်ပင်ပမ်းပါမယ်

ကားဂိတ်ကပို့ပေးပါပြောတာနဲ့ ကားဂိတ်ကနေပြီးပို့ပေးလိုက်တော့ သူတို့သင်ရိုညွန်းတမ်းနဲ့စာရေးကရိယာတွေ စလက်ခံရရှိပြီးဆိုတဲ့အကြောင်းကို နောက်တစ်နေ့မှာဖုန်းဆက်ပြောပြပြီးတဆက်ထဲ ဆရာအဟာရဒါနပြုမယ်ဆိုရင် ပိုက်ဆံကိုကြိုလွဲပေးဖို့ပြောတော့ ကျွန်တော့်စိတ်ထဲမှာတမျ ိုးခံစားလိုက်ရပေမဲ့ အော် သူတို့ဘက်က စေတနာနဲ့ အားလုံ အစဉ်ပြေအောင် ကူညီနေတာဘဲလေ ကျွန်တော်စီ ဖုန်းဆက်နေကျတာကလည်း လူငယ်တွေမှမဟုတ်တာ လူလတ်ပိုင်းတွေပဲ သူတို့အဖွဲ့အစည်းရဲ့ စေတနာကို တန်ဖိုးထားဖို့ ကောင်းပါတယ်လေဆိုပြီး Wave Moneyနဲ့ ဖုန်းနံပတ်လေးခုကို ပိုက်ဆံဆယ်သိန်းလွဲပေးလိုက်တော့လည်း လက်ခံရတဲ့အကြောင်းကို ကျွန်တော့်ထံသို့ ဖုန်းအသီးသီးက ပြန်ဆက်ပေးကျတာနဲ့ ကျွန်တော်လည်း ညနေပိုင်းလေယာဉ်နဲ့ပဲ မန္တလေးကိုစာသင်ပေးဖို့သွားလိုက်ပါတယ်။

သူတို့အဖွဲ့နဲ့ကျွန်တော် ရန်ကုန်လေဆိပ်မှာအထိ အဆက်သွယ်ရပြီး မန္တလေးလေဆိပ်မှာသူတို့လာကြိုမယ်ပြောလို့ မန္တလေး လေးဆိပ်ရောက်တာနဲ့ ကျွန်တော့်ဘက်က ဖုန်းဆက်တော့ သူတို့ဖုန်းတွေအားလုံး တစ်လုံးမှခေါ်မရတော့ဘဲ ဆက်သွယ်မှုဧရိယာအပြင်ပနဲ့ စက်ပိတ်ထားပါသဖြင့်ဘဲပြန်ဖြေပါတော့တယ်။ ကျွန်တော် သည့်ခံပြီးထိုင်စောင့်နေရင်း ကြာလာတော့ မိုးကလည်းအရမ်းချု ုပ်နေပြီး ဘာလုပ်ရမှန်းလည်း မသိတော့တဲ့အဆုံး ရန်ကုန်အိမ်ကိုဖုန်းဆက်ရမလား ဆက်ရင် အိမ်ကလူတွေအကုန်လုံးက စိတ်ပူနေကြမှာ ဆိုးရိမ်မိတဲ့အတွက် မန္တလေးမှာနေထိုင်တဲ့ အဒေါ်တွေစီကို ဖုန်းဆက်ပြောတော့ အဒေါ်တွေ လေဆိပ်ကိုအမောတကောလိုက်လာကျကာ ကိုအောင်ရယ် ရင်တွေတုန်လိုက်တာ နင့်အမတွေ သိရင် ငါတို့မန္တလေးမှာရှိတာတောင် ဂရုမဆိုက်ဘူးဖြစ်တော့မှာပဲဟာဆိုပြီး

မန္တလေးကိုစာလာသင်မှာ သူတို့ကြိုမပြောလို့အပြစ်တင်နေကြပေမဲ့ အဒေါ်တွေကားနဲ့ပဲ စာသင်ရမဲ့လိပ်စာအတိုင်းလိုက်သွားတော့ သူတို့ပြတဲ့ဓမ္မာရုံတွေ ဗိနိုင်းဆိုင်းဘုတ်တွေ သာသနာအလံတွေလုံးဝမတွေ့ရဘူးဖြစ်မှ အဒေါ်ကကိုအောင်ရေ အလိမ်ခံရပြီထင်တယ် သားနဲ့အဲ့ဒီလူတွေဘယ်လိုသိတာလည်းမေးမှ face bookမှာfriendဖြစ်တာကို သတိရပြီး Facebook ကို ဖွင့်ကြည့်လိုက်မှအဲ့ဒီလူတွေ ကျွန်တော့်ကိုBlockထားတာတွေ့ရပါတော့တယ်။

အော်လုပ်ရက်လိုက်ကြတာနော် ကျွန်တော့်အဒေါ်တွေကကျွန်တော့်ကို ကိုအောင်ရယ် ပရဟိတတွေကို မလုပ်ပါနဲ့တော့လို ပြောဆိုကာ သူတို့အိမ်မှာဘဲ ညအိပ်ခိုင်းပါတော့တယ်။ နောက်တစ်နေ့ ရန်ကုန်ပြန်ရောက်တော့ လေဆိပ်လာကြိုတဲ့ တူလေးရဲ့ကားပေါ်ရာက်မှ ကျွန်တော်ဝမ်းနည်းလွန်းလို့ မခံစားနိုင်ပဲ အသံထွက်အောင် အားရပါးရငိုချလိုက်ပြီး နောက်ထပ် ပရဟိတအလုပ်တွေ ယဉ်ကျေးလိမ္မာသင်တန်းတွေ ပို့ချပေးဖို့ အားအင်တွေပြန်မွေးရပါတော့တယ်ဗျာ။

(ယခု ကျွန်တော့်ကိုယ်တွေ့အဖြစ်အပျက်ကို ပြန်ပြောပြရင် မိတ်ဆွေများမှကျွန်တော့်ကို မြန်မာ့ရုပ်မြင်သံကြားမှာ စစ်သီချင်တွေ ဆိုဆိုနေတဲ့ ဖိုးဆိုချင် ခင်မောင်ညွန့်လို့ ဖိုးသင်ချင် ကိုအောင်လို့ အထင်ခံရမှာကို ရှက်နေမိပေမဲ့ နောက်လူတွေ ကျွန်တော်လိုမဖြစ်အောင်နဲ့ ကျွန်တော် ကားဂိတ်ကပို့လိုက်တဲ့ ဗုဒ္ဓစာပေ သင်ရိုးညွန်းတမ်းစာအုပ်များနှင့် စာရေးကရိယာတွေကိုဗန်းပြပြီး ကျွန်တော့်မိတ်ဆွေများအားထပ်လိမ်နေမှာကို စိတ်ပူတဲ့အတွက် ယခုကဲ့သို့ ဖွင့်ပြောပြရချင်းဘဲဖြစ်ပါတယ်ခင်ဗျာ)

လူ အချင်းချင်းလှည့်ပတ်ခြင်းကင်းဝေးကြပါစေ…
ဒေါက်တာလှဝင်းအောင်(ခ)ဘစိုးဥ

No comments:

Post a Comment