CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Friday, May 24, 2019
လူတိုင္း မခ်မ္းသာႏိုင္တဲ႔ အေၾကာင္းအရင္းကို ေဖာ္ျပေနတဲ႔ ထမင္းဆိုင္ေလး ႏွစ္ဆိုင္
လူတိုင္းလူတိုင္း ဘာေၾကာင့္မခ်မ္းသာၾကတာလဲဆိုတဲ့ေမးခြန္းေလးကို ဟိုးငယ္ငယ္ေလးကတည္းက ဦးဇင္းသတိထားမိခဲ့ပါတယ္။ ဒီေမးခြန္းေလးရဲ႕ လုံေလာက္တဲ့အေျဖကိုရဖို႔အတြက္ စာအုပ္စာေပေတြကို ဖတ္႐ႈျဖစ္တဲ့အခါ သတိထားဖတ္႐ႈျဖစ္သလို ခရီးေတြသြားတဲ့အခါတိုင္းလည္း မ်က္စိစြင့္နားစြင့္ ထားျဖစ္ခဲ့ပါတယ္။
ယေန႔ေခတ္မွာ ျမန္မာႏိုင္ငံဟာ ကမ႓ာ့အဆင္းရဲဆုံးႏိုင္ငံေတြထဲမွာ တစ္ႏိုင္ငံအျဖစ္ပါဝင္ေနတယ္ဆိုတာ လူတိုင္းသိၾကမွာပါ။ လူတိုင္းလူတိုင္းကေတာ့ ႏိုင္ငံအုပ္ခ်ဳပ္မင္းလုပ္သူေတြညံ့လို႔၊ စာမတတ္လို႔လို႔ အမ်ိဳးမ်ိဳးအျပစ္တင္ေျပာဆိုေလ့႐ွိၾကပါတယ္။ တကယ္ေတာ့ မိမိကိုယ္တိုင္ေၾကာင့္လည္း ပါတယ္ဆိုတာကို ဘယ္သူမွ သတိမထားမိၾကဟန္ မတူပါဘူး။
ဦးဇင္း အခုႏွစ္(၁၃၈၁) တန္ခူးလကုန္ခါနီးေတာ့ မႏၲေလးသာသနာ့တကၠသိုလ္က ေဆးသင္တန္းဖြင့္ဖို႔ရက္ လိုေသးတာနဲ႔ မေရာက္ဖူးေသးတဲ့ ကယားျပည္နယ္ကို သြားျဖစ္ခဲ့ပါတယ္။ ကယားျပည္နယ္၊ လိြဳင္ေကာ္ၿမိဳ႕ကိုက မေကြးကေန ကားစီးရမွာျဖစ္တာေၾကာင့္ ဦးဇင္းတို႔ရြာနဲ႔ (၈၇)မိုင္ေဝးတဲ့ မေကြးၿမိဳ႕ကို ရြာကေန မနက္(၇)နာရီမွာ ဆိုင္ကယ္နဲ႔ ထြက္ခဲ့ပါတယ္။
မေကြးကို ေရာက္ေတာ့ ဆိုင္ကယ္ေမာင္းပို႔တဲ့ေက်ာင္းသားေလးက မေကြးကိုေရာက္ဖူးေပမယ့္ ျမသလြန္ေစတီေတာ္ျမတ္ႀကီးကို တစ္ခါမွမဖူးေျမာ္ဖူးေသးတာေၾကာင့္ သြားဖူးခ်င္တယ္ဆိုလို႔ ျမသလြန္ေစတီေတာ္ျမတ္ႀကီးကို သြားေရာက္ဖူးေျမာ္ခဲ့ပါတယ္။ ဘုရားကေန ျပန္ေတာ့ ေန႔လည္(၁၁)နာရီထိုးေနၿပီမို႔ မေကြးျမသလြန္ေတာင္ေတာ္အဆင္းရဲ႕ လမ္းေဘးလက္ယာဘက္က ထမင္းဆိုင္ေလးထဲကို မိမိအပါအဝင္ ဦးဇင္းႏွစ္ပါးနဲ႔ေက်ာင္းသားေလးႏွစ္ေယာက္ ဝင္ျဖစ္ခဲ့ၾကပါတယ္။
မေကြးေနက သိပ္ပူေတာ့ ျမစ္ကမ္းနဖူးမွာ ေလေလးတျဖဴးျဖဴးနဲ႔ ဆြမ္းဘုဥ္းေပးခ်င္တာေၾကာင့္ ျမစ္ကမ္းနဖူးက ဆိုင္ကေလးကို ေရြးျဖစ္ခဲ့တာပါ။ ဦးဇင္းတို႔ ေလးဦးသား ဆိုင္ထဲေရာက္ေတာ့ စားပြဲထိုးေလးေတြက ခ်က္ခ်င္းမလာၾကဘူးေလ။
အလုပ္႐ႈပ္ေနလို႔လားဆိုေတာ့လည္း ဆိုင္ထဲမွာစားသုံးသူ ေလးငါးေျခာက္ေယာက္ေလာက္ပဲ ႐ွိတာမို႔ အလုပ္႐ႈပ္ေနၾကတာမဟုတ္ဘူးဆိုတာကို သိသာေနပါတယ္။ ခဏၾကာေတာ့ ေက်ာင္းသားေလးတစ္ေယာက္က စားပြဲထိုးေကာင္မေလးကို အခ်က္ျပၿပီး လွမ္းေခၚလိုက္တယ္။ ေကာင္မေလးေရာက္လာေတာ့ သူတို႔ဆိုင္မွာ ဟင္းမစုံေသးတဲ့အေၾကာင္း၊ တစ္ခ်ိဳ႕တစ္ဝက္သာ ရႏိုင္ေသးတဲ့အေၾကာင္း ခပ္ျမန္ျမန္ေျပာပါတယ္။ ဦးဇင္းတို႔ေလးဦး သူတို႔ဆိုင္မွာ႐ွိတာေလးကိုပဲ မွာလိုက္ၾကတယ္ေလ။
ဒီအခ်ိန္အထိ ေရေႏြးဓာတ္ဘူးက စားပြဲေပၚမခ်ရေသးပါဘူး။ ခပ္လွမ္းလွမ္းႏွစ္စားပြဲေက်ာ္မွာ႐ွိတဲ့ ေရေႏြးဓာတ္ဘူးနဲ႔ တီ႐ွဴးအထုပ္ကို ေက်ာင္းသားေလးကပဲ ကိုယ္တိုင္သြားယူလိုက္တယ္။ ဟင္းခ်က္လက္ရာေတြကေတာ့ ေထြေထြထူးထူး မေကာင္းလွပါဘူး။ အဆိုးဘက္ႀကီးလည္း မပါပါဘူး။
ဒီလိုနဲ႔ ဆြမ္းဘုဥ္းေပးၿပီး က်သင့္ေငြကို႐ွင္းကာ ဆိုင္ထဲကေန ထြက္ခဲ့ၾကပါတယ္။ ဆိုင္ထဲကေနထြက္ခဲ့ေပမယ့္ ဦးဇင္းရဲ႕အေတြးေတြထဲမွာေတာ့ ဆိုင္ေလးရဲ႕ဆက္ဆံပုံေတြ၊ စားသုံးသူ လူပါးပုံေတြကို သတိထားမိခဲ့ပါတယ္။
ဦးဇင္းတို႔ ျမန္မာေတြ မႀကီးပြားမတိုးတက္ၾကျခင္းရဲ႕အေၾကာင္းဟာ ဒါပါပဲ။ ဦးဇင္းကေတာ့ ဒီဆိုင္ေလးရဲ႕အားနည္းခ်က္ေတြကို အခ်က္ငါးခ်က္ျမင္ခဲ့မိတယ္။ အဲဒါေတြက—
(၁) သြက္လက္ထက္ျမက္မႈ႐ွိၿပီး ခ်ိဳခ်ိဳသာသာေျပာဆိုတတ္ေသာ စားပြဲထိုးမ်ား မ႐ွိျခင္း၊ ဆိုင္႐ွင္ကိုယ္တိုင္ကလည္း ထက္ျမက္မႈမ႐ွိျခင္း။
(၂) မိမိတို္႔ဆိုင္သို႔ လာေရာက္စားသုံးသူေဖာက္သည္မ်ားအေပၚ တေလးတစား ဆက္ဆံမႈမ႐ွိျခင္း၊ ေဖာက္သည္မ်ားအေပၚ ဝန္ေဆာင္မႈ မေပးႏိုင္ျခင္း။
(၃) မိမိတို႔ဆိုင္မွ ေရာင္းကုန္(ထမင္း၊ ဟင္း)မ်ားကို အျပည့္အဝ၊ လုံလုံေလာက္ေလာက္ စီမံထားမႈမ႐ွိျခင္း။
(၄) ဆိုင္တြင္းဆိုင္ျပင္ သန္႔႐ွင္းသပ္ရပ္မႈအားနည္းျခင္း။
(၅) မိမိတို႔အလုပ္အေပၚ အထင္ေသးျခင္းတို႔ပဲျဖစ္ပါတယ္။
ျမစ္ကမ္းနဖူးက ေလေျပေလးေတြ တျဖဴးျဖဴးနဲ႔ ဒီဆိုင္ေလးမွာ လူေတြ ဘာေၾကာင့္ပါးေနတာလဲဆိုတဲ့ေမးခြန္းေလးကို ဆိုင္ထဲကထြက္မွပဲ ကိုယ္တိုင္ေျဖႏိုင္ခဲ့ပါေတာ့တယ္။ ေနာက္ဆိုရင္ေတာ့ ဦးဇင္းတို႔ ဒီဆိုင္ထဲကို လာျဖစ္ေတာ့မယ္မထင္ပါဘူး။
ၿပီးခဲ့တဲ့ တန္ေဆာင္မုန္းလ(၁၃၈၀)က သူငယ္ခ်င္းတစ္ပါးနဲ႔ ရခိုင္ျပည္္နယ္ကို သြားေတာ့ ေအာင္လံၿမိဳ႕ကို ေရာက္ျဖစ္ခဲ့ပါတယ္။ ေအာင္လံၿမိဳ႕က ထမင္းဆိုင္ေလးကေတာ့ ဆိုင္ေလးက ေသးေပမယ့္ လူေတြ ျပည့္ညပ္လို႔ ေနတာပါပဲ။ ဘာေၾကာင့္ ဒီဆိုင္မွာလူေတြ ေပါေနရတာလဲဆိုေတာ့ အျပန္မွာ သိခဲ့ရပါတယ္။
ဦးဇင္းတို႔ႏွစ္ပါး ဆိုင္ထဲဝင္ဝင္ခ်င္းပဲ ဆိုင္႐ွင္ဒကာႀကီးက ဖိနပ္ကေလးခြၽတ္ၿပီး လက္အုပ္ကေလးခ်ီကာ ႐ို႐ိုေသေသေလွ်ာက္ထားပါတယ္။
“အ႐ွင္ဘုရားတို႔ ဒီထိပ္ဦးပိုင္းကို ႂကြပါဘုရား။ သမီးေရ ဘုန္းဘုန္းႏွစ္ပါး ေရဘုဥ္းေပးဖို႔ ေရသန္႔ဗူးနဲ႔ ဖန္ခြက္ႏွစ္ခြက္ အျမန္ယူခဲ့စမ္း။ ဘုန္းဘုန္းတို႔ ဘာမ်ားဘုဥ္းေပးၾကမလဲဘုရား။ တပည့္ေတာ္တို္႔ဆိုင္ကို ေက်ာင္းအမွတ္နဲ႔ သီတင္းသုံးေတာ္မူပါဘုရား။ တပည့္ေတာ္တို႔ဆိုင္မွာ ၾကက္သား၊ ဝက္သား၊ ငါးႀကီးခ်က္၊ ငါးကေလးခ်က္၊ ဆိတ္သား၊ ဆိတ္ကလီစာ၊ ၾကက္ျမစ္၊ ၾကက္သည္း အစုံရပါတယ္ဘုုရား”
လက္အုပ္ကေလးခ်ီၿပီး ႐ို႐ိုေသေသေလွ်ာက္ထားတဲ့ ဆိုင္႐ွင္ဒကာႀကီးကိုျမင္ေတာ့ ကိုယ့္မိဘရပ္ထံမ်ား ျပန္ေရာက္သြားသလား ေအာက္ေမ့မိတယ္။ ေဘးဘီကို ႐ိႈးၾကည့္လိုက္ေတာ့လည္း ဆိုင္ထဲမွာ လူေတြ တေပ်ာ္တပါးႀကီး စားေသာက္ေနၾကတာကို ေတြ႔ရတယ္။ စားသုံးသူေတြမ်က္မွာေတြမွာ ျပဳံးလို႔ေပ်ာ္လို႔။
ဆြမ္းဘုဥ္းေပးၿပီိးေတာ့ ဒကာႀကီးက ေဆးလိပ္ဘုဥ္းေပးသလား၊ ကြမ္းဘုဥ္းေပးသလားလို႔ေမးၿပီး အဆင္သင့္ ခ်ေပးတယ္။ ဦိးဇင္းတို႔ကိုတင္ပဲလားဆိုေတာ့ မဟုတ္ပါဘူး။ ေဘးလူေတြအားလုံးကိုလည္း စားၿပီးေသာက္ၿပီးတဲ့အခါ ကြမ္းႀကိဳက္သူကို ကြမ္းတစ္ယာ၊ ေဆးလိပ္ႀကိဳက္သူကို ေဆးလိပ္တစ္လိပ္ တိုက္ပါေသးတယ္။
“အ႐ွင္ဘုရားတို႔ ဆြမ္းဖိုးကို မေပးရပါဘူးဘုရား။ တပည့္ေတာ္တို႔ဆိုင္က ရဟန္းသံဃာ၊ ကိုရင္သာမေဏ၊ သီလ႐ွင္အားလုံးကို ဆြမ္းအျမဲကပ္တာပါဘုရား။ အ႐ွင္ဘုရားတို႔လည္း ေနာက္ကို ဒီေအာင္လံၿမိဳ့္ကို ႂကြရင္ တပည့္ေတာ္တို႔ဆိုင္ကို လာၿပီး ဘုဥ္းေပးလွည့္ပါဘုရား။ တပည့္ေတာ္တို႔မွာ ဒီဆိုင္ေလးကိုပဲ တစ္မိသားစုလုံးဝိုင္းေနရေတာ့ ေထြေထြထူးထူး ကုသိုလ္မျပဳႏိုင္ဘူးဘုရား။ အ႐ွင္ဘုရားတို႔ႂကြလာမွသာ ခုလို ဆြမ္းကပ္ခြင့္ရတဲ့ ကုသိုလ္ေလးပဲရတာပါဘုရား”
အလကားဘုဥ္းေပးရလို႔ေတာ့ မဟုတ္ပါဘူး။ ၾကားရတာ ရင္ထဲမွာ ေအးခ်မ္းလိုက္တာေလ။ ဦးဇင္းတို႔က ဆြမ္းဆိုင္ေတြေရာက္တဲ့အခါ ေဈးဘယ္ေလာက္႐ွိ႐ွိ ဆစ္ေလ့မ႐ွိပါဘူး။ ဆိုင္႐ွင္ဒကာႀကီးက ဦးဇင္းေတြကိုမွရယ္ မဟုတ္ပါဘူး။ လာေရာက္စားေသာက္ၾကတဲ့လူေတြကိုလည္း သားအရြယ္ဆို သားေလးလို၊ အစ္ကိုအရြယ္ဆို အစ္ကိုလို၊ ညီအစ္ရြယ္ဆို ညီလို၊ အစ္မအရြယ္ဆို အစ္မလို ပ်ဴပ်ဴငွါငွါ ေဖာ္ေဖာ္ေရြေရြ ဆက္ဆံတတ္ပုံမ်ား သိပ္ၿပီး အတုယူစရာေကာင္းလွပါတယ္။
ဒီဆိုင္ေလးထဲက ျပန္ထြက္ခဲ့ေတာ့ေတာင္ ဆိုင္ေပါက္ဝမွာ ထမင္းလာစားၾကတဲ့ လူခုႏွစ္ေယာက္ကို လမ္းေ႐ွာင္ေပးလိုက္ရပါေသးတယ္။
ျမသလြန္ဘက္က ဆိုင္ႀကီးမွာ လူေတြနည္းေနေပမယ့္ ေအာင္လံက ဆိုင္ေလးမွာေတာ့ လူေတြ တိုးမေပါက္ေအာင္ကို ေရာင္းေကာင္းလွပါတယ္။ ဘာေၾကာင့္ ဒီေလာက္ေရာင္းေကာင္းသလဲဆိုေတာ့ ျမသလြန္က ဆိုင္ေလးမွာ ႐ွိတဲ့အားနည္းခ်က္ေတြ ေအာင္လံက ဆိုင္ေလးမွာ မ႐ွိလို႔ပါပဲ။
စီးပြားေရးလုပ္ၿပီဆိုရင္ေတာ့ ဘာစီးပြားေရးပဲလုပ္လုပ္ ေဖာက္သည္ေတြနဲ႔ ေျပာဆိုဆက္ဆံရမွာပါ။ ဒီလိုဆက္ဆံၾကတဲ့အခါ အေျပာအဆို ခ်ိဳသာႏူးညံ့ဖို႔ အထူးလိုအပ္လွပါတယ္။ မိမိအလုပ္ကိုလည္း တာဝန္ေက်ေအာင္ လုပ္ခ်င္တဲ့စိတ္ဓာတ္ေလးလည္း ႐ွိထားသင့္ပါတယ္။ ကိုယ္လုပ္မယ့္စီးပြားေရးရဲ႕ ေ႐ွးေရးနဲ႔ အျခားသိမွတ္ဖြယ္ရာေလးေတြကိုလည္း အေသးစိတ္ကအစ သိ႐ွိနားလည္ထားသင့္ပါတယ္။ ဒါမွသာ စီးပြားေရးလုပ္တဲ့အခါ အဆင္ေျပေျပ ေခ်ာေခ်ာေမြ႔ေမြ႔နဲ႔ လုပ္ကိုင္ႏိုင္ၿပီး ေအာင္ျမင္ခ်မ္းသာတဲ့ဘဝေတြကို ပိုင္ဆိုင္ႏိုင္မွာျဖစ္ပါတယ္လို႔ပဲ ဦးဇင္းကေတာ့ ေတြးေနမိပါေတာ့တယ္။
ေမာင္ေခမိန္(မေကြး)
၉၊ ၅၊ ၂၀၁၉
Unicode Version
လူတိုင်းလူတိုင်း ဘာကြောင့်မချမ်းသာကြတာလဲဆိုတဲ့မေးခွန်းလေးကို ဟိုးငယ်ငယ်လေးကတည်းက ဦးဇင်းသတိထားမိခဲ့ပါတယ်။ ဒီမေးခွန်းလေးရဲ့ လုံလောက်တဲ့အဖြေကိုရဖို့အတွက် စာအုပ်စာပေတွေကို ဖတ်ရှုဖြစ်တဲ့အခါ သတိထားဖတ်ရှုဖြစ်သလို ခရီးတွေသွားတဲ့အခါတိုင်းလည်း မျက်စိစွင့်နားစွင့် ထားဖြစ်ခဲ့ပါတယ်။
ယနေ့ခေတ်မှာ မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွေထဲမှာ တစ်နိုင်ငံအဖြစ်ပါဝင်နေတယ်ဆိုတာ လူတိုင်းသိကြမှာပါ။ လူတိုင်းလူတိုင်းကတော့ နိုင်ငံအုပ်ချုပ်မင်းလုပ်သူတွေညံ့လို့၊ စာမတတ်လို့လို့ အမျိုးမျိုးအပြစ်တင်ပြောဆိုလေ့ရှိကြပါတယ်။ တကယ်တော့ မိမိကိုယ်တိုင်ကြောင့်လည်း ပါတယ်ဆိုတာကို ဘယ်သူမှ သတိမထားမိကြဟန် မတူပါဘူး။
ဦးဇင်း အခုနှစ်(၁၃၈၁) တန်ခူးလကုန်ခါနီးတော့ မန္တလေးသာသနာ့တက္ကသိုလ်က ဆေးသင်တန်းဖွင့်ဖို့ရက် လိုသေးတာနဲ့ မရောက်ဖူးသေးတဲ့ ကယားပြည်နယ်ကို သွားဖြစ်ခဲ့ပါတယ်။ ကယားပြည်နယ်၊ လွိုင်ကော်မြို့ကိုက မကွေးကနေ ကားစီးရမှာဖြစ်တာကြောင့် ဦးဇင်းတို့ရွာနဲ့ (၈၇)မိုင်ဝေးတဲ့ မကွေးမြို့ကို ရွာကနေ မနက်(၇)နာရီမှာ ဆိုင်ကယ်နဲ့ ထွက်ခဲ့ပါတယ်။
မကွေးကို ရောက်တော့ ဆိုင်ကယ်မောင်းပို့တဲ့ကျောင်းသားလေးက မကွေးကိုရောက်ဖူးပေမယ့် မြသလွန်စေတီတော်မြတ်ကြီးကို တစ်ခါမှမဖူးမြော်ဖူးသေးတာကြောင့် သွားဖူးချင်တယ်ဆိုလို့ မြသလွန်စေတီတော်မြတ်ကြီးကို သွားရောက်ဖူးမြော်ခဲ့ပါတယ်။ ဘုရားကနေ ပြန်တော့ နေ့လည်(၁၁)နာရီထိုးနေပြီမို့ မကွေးမြသလွန်တောင်တော်အဆင်းရဲ့ လမ်းဘေးလက်ယာဘက်က ထမင်းဆိုင်လေးထဲကို မိမိအပါအဝင် ဦးဇင်းနှစ်ပါးနဲ့ကျောင်းသားလေးနှစ်ယောက် ဝင်ဖြစ်ခဲ့ကြပါတယ်။
မကွေးနေက သိပ်ပူတော့ မြစ်ကမ်းနဖူးမှာ လေလေးတဖြူးဖြူးနဲ့ ဆွမ်းဘုဉ်းပေးချင်တာကြောင့် မြစ်ကမ်းနဖူးက ဆိုင်ကလေးကို ရွေးဖြစ်ခဲ့တာပါ။ ဦးဇင်းတို့ လေးဦးသား ဆိုင်ထဲရောက်တော့ စားပွဲထိုးလေးတွေက ချက်ချင်းမလာကြဘူးလေ။
အလုပ်ရှုပ်နေလို့လားဆိုတော့လည်း ဆိုင်ထဲမှာစားသုံးသူ လေးငါးခြောက်ယောက်လောက်ပဲ ရှိတာမို့ အလုပ်ရှုပ်နေကြတာမဟုတ်ဘူးဆိုတာကို သိသာနေပါတယ်။ ခဏကြာတော့ ကျောင်းသားလေးတစ်ယောက်က စားပွဲထိုးကောင်မလေးကို အချက်ပြပြီး လှမ်းခေါ်လိုက်တယ်။ ကောင်မလေးရောက်လာတော့ သူတို့ဆိုင်မှာ ဟင်းမစုံသေးတဲ့အကြောင်း၊ တစ်ချို့တစ်ဝက်သာ ရနိုင်သေးတဲ့အကြောင်း ခပ်မြန်မြန်ပြောပါတယ်။ ဦးဇင်းတို့လေးဦး သူတို့ဆိုင်မှာရှိတာလေးကိုပဲ မှာလိုက်ကြတယ်လေ။
ဒီအချိန်အထိ ရေနွေးဓာတ်ဘူးက စားပွဲပေါ်မချရသေးပါဘူး။ ခပ်လှမ်းလှမ်းနှစ်စားပွဲကျော်မှာရှိတဲ့ ရေနွေးဓာတ်ဘူးနဲ့ တီရှူးအထုပ်ကို ကျောင်းသားလေးကပဲ ကိုယ်တိုင်သွားယူလိုက်တယ်။ ဟင်းချက်လက်ရာတွေကတော့ ထွေထွေထူးထူး မကောင်းလှပါဘူး။ အဆိုးဘက်ကြီးလည်း မပါပါဘူး။
ဒီလိုနဲ့ ဆွမ်းဘုဉ်းပေးပြီး ကျသင့်ငွေကိုရှင်းကာ ဆိုင်ထဲကနေ ထွက်ခဲ့ကြပါတယ်။ ဆိုင်ထဲကနေထွက်ခဲ့ပေမယ့် ဦးဇင်းရဲ့အတွေးတွေထဲမှာတော့ ဆိုင်လေးရဲ့ဆက်ဆံပုံတွေ၊ စားသုံးသူ လူပါးပုံတွေကို သတိထားမိခဲ့ပါတယ်။
ဦးဇင်းတို့ မြန်မာတွေ မကြီးပွားမတိုးတက်ကြခြင်းရဲ့အကြောင်းဟာ ဒါပါပဲ။ ဦးဇင်းကတော့ ဒီဆိုင်လေးရဲ့အားနည်းချက်တွေကို အချက်ငါးချက်မြင်ခဲ့မိတယ်။ အဲဒါတွေက—
(၁) သွက်လက်ထက်မြက်မှုရှိပြီး ချိုချိုသာသာပြောဆိုတတ်သော စားပွဲထိုးများ မရှိခြင်း၊ ဆိုင်ရှင်ကိုယ်တိုင်ကလည်း ထက်မြက်မှုမရှိခြင်း။
(၂) မိမိတို့်ဆိုင်သို့ လာရောက်စားသုံးသူဖောက်သည်များအပေါ် တလေးတစား ဆက်ဆံမှုမရှိခြင်း၊ ဖောက်သည်များအပေါ် ဝန်ဆောင်မှု မပေးနိုင်ခြင်း။
(၃) မိမိတို့ဆိုင်မှ ရောင်းကုန်(ထမင်း၊ ဟင်း)များကို အပြည့်အဝ၊ လုံလုံလောက်လောက် စီမံထားမှုမရှိခြင်း။
(၄) ဆိုင်တွင်းဆိုင်ပြင် သန့်ရှင်းသပ်ရပ်မှုအားနည်းခြင်း။
(၅) မိမိတို့အလုပ်အပေါ် အထင်သေးခြင်းတို့ပဲဖြစ်ပါတယ်။
မြစ်ကမ်းနဖူးက လေပြေလေးတွေ တဖြူးဖြူးနဲ့ ဒီဆိုင်လေးမှာ လူတွေ ဘာကြောင့်ပါးနေတာလဲဆိုတဲ့မေးခွန်းလေးကို ဆိုင်ထဲကထွက်မှပဲ ကိုယ်တိုင်ဖြေနိုင်ခဲ့ပါတော့တယ်။ နောက်ဆိုရင်တော့ ဦးဇင်းတို့ ဒီဆိုင်ထဲကို လာဖြစ်တော့မယ်မထင်ပါဘူး။
ပြီးခဲ့တဲ့ တန်ဆောင်မုန်းလ(၁၃၈၀)က သူငယ်ချင်းတစ်ပါးနဲ့ ရခိုင်ပြည်နယ်ကို သွားတော့ အောင်လံမြို့ကို ရောက်ဖြစ်ခဲ့ပါတယ်။ အောင်လံမြို့က ထမင်းဆိုင်လေးကတော့ ဆိုင်လေးက သေးပေမယ့် လူတွေ ပြည့်ညပ်လို့ နေတာပါပဲ။ ဘာကြောင့် ဒီဆိုင်မှာလူတွေ ပေါနေရတာလဲဆိုတော့ အပြန်မှာ သိခဲ့ရပါတယ်။
ဦးဇင်းတို့နှစ်ပါး ဆိုင်ထဲဝင်ဝင်ချင်းပဲ ဆိုင်ရှင်ဒကာကြီးက ဖိနပ်ကလေးချွတ်ပြီး လက်အုပ်ကလေးချီကာ ရိုရိုသေသေလျှောက်ထားပါတယ်။
“အရှင်ဘုရားတို့ ဒီထိပ်ဦးပိုင်းကို ကြွပါဘုရား။ သမီးရေ ဘုန်းဘုန်းနှစ်ပါး ရေဘုဉ်းပေးဖို့ ရေသန့်ဗူးနဲ့ ဖန်ခွက်နှစ်ခွက် အမြန်ယူခဲ့စမ်း။ ဘုန်းဘုန်းတို့ ဘာများဘုဉ်းပေးကြမလဲဘုရား။ တပည့်တော်တို့်ဆိုင်ကို ကျောင်းအမှတ်နဲ့ သီတင်းသုံးတော်မူပါဘုရား။ တပည့်တော်တို့ဆိုင်မှာ ကြက်သား၊ ဝက်သား၊ ငါးကြီးချက်၊ ငါးကလေးချက်၊ ဆိတ်သား၊ ဆိတ်ကလီစာ၊ ကြက်မြစ်၊ ကြက်သည်း အစုံရပါတယ်ဘုရား”
လက်အုပ်ကလေးချီပြီး ရိုရိုသေသေလျှောက်ထားတဲ့ ဆိုင်ရှင်ဒကာကြီးကိုမြင်တော့ ကိုယ့်မိဘရပ်ထံများ ပြန်ရောက်သွားသလား အောက်မေ့မိတယ်။ ဘေးဘီကို ရှိုးကြည့်လိုက်တော့လည်း ဆိုင်ထဲမှာ လူတွေ တပျော်တပါးကြီး စားသောက်နေကြတာကို တွေ့ရတယ်။ စားသုံးသူတွေမျက်မှာတွေမှာ ပြုံးလို့ပျော်လို့။
ဆွမ်းဘုဉ်းပေးပြီးတော့ ဒကာကြီးက ဆေးလိပ်ဘုဉ်းပေးသလား၊ ကွမ်းဘုဉ်းပေးသလားလို့မေးပြီး အဆင်သင့် ချပေးတယ်။ ဦိးဇင်းတို့ကိုတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ ဘေးလူတွေအားလုံးကိုလည်း စားပြီးသောက်ပြီးတဲ့အခါ ကွမ်းကြိုက်သူကို ကွမ်းတစ်ယာ၊ ဆေးလိပ်ကြိုက်သူကို ဆေးလိပ်တစ်လိပ် တိုက်ပါသေးတယ်။
“အရှင်ဘုရားတို့ ဆွမ်းဖိုးကို မပေးရပါဘူးဘုရား။ တပည့်တော်တို့ဆိုင်က ရဟန်းသံဃာ၊ ကိုရင်သာမဏေ၊ သီလရှင်အားလုံးကို ဆွမ်းအမြဲကပ်တာပါဘုရား။ အရှင်ဘုရားတို့လည်း နောက်ကို ဒီအောင်လံမြို့်ကို ကြွရင် တပည့်တော်တို့ဆိုင်ကို လာပြီး ဘုဉ်းပေးလှည့်ပါဘုရား။ တပည့်တော်တို့မှာ ဒီဆိုင်လေးကိုပဲ တစ်မိသားစုလုံးဝိုင်းနေရတော့ ထွေထွေထူးထူး ကုသိုလ်မပြုနိုင်ဘူးဘုရား။ အရှင်ဘုရားတို့ကြွလာမှသာ ခုလို ဆွမ်းကပ်ခွင့်ရတဲ့ ကုသိုလ်လေးပဲရတာပါဘုရား”
အလကားဘုဉ်းပေးရလို့တော့ မဟုတ်ပါဘူး။ ကြားရတာ ရင်ထဲမှာ အေးချမ်းလိုက်တာလေ။ ဦးဇင်းတို့က ဆွမ်းဆိုင်တွေရောက်တဲ့အခါ ဈေးဘယ်လောက်ရှိရှိ ဆစ်လေ့မရှိပါဘူး။ ဆိုင်ရှင်ဒကာကြီးက ဦးဇင်းတွေကိုမှရယ် မဟုတ်ပါဘူး။ လာရောက်စားသောက်ကြတဲ့လူတွေကိုလည်း သားအရွယ်ဆို သားလေးလို၊ အစ်ကိုအရွယ်ဆို အစ်ကိုလို၊ ညီအစ်ရွယ်ဆို ညီလို၊ အစ်မအရွယ်ဆို အစ်မလို ပျူပျူငှါငှါ ဖော်ဖော်ရွေရွေ ဆက်ဆံတတ်ပုံများ သိပ်ပြီး အတုယူစရာကောင်းလှပါတယ်။
ဒီဆိုင်လေးထဲက ပြန်ထွက်ခဲ့တော့တောင် ဆိုင်ပေါက်ဝမှာ ထမင်းလာစားကြတဲ့ လူခုနှစ်ယောက်ကို လမ်းရှောင်ပေးလိုက်ရပါသေးတယ်။
မြသလွန်ဘက်က ဆိုင်ကြီးမှာ လူတွေနည်းနေပေမယ့် အောင်လံက ဆိုင်လေးမှာတော့ လူတွေ တိုးမပေါက်အောင်ကို ရောင်းကောင်းလှပါတယ်။ ဘာကြောင့် ဒီလောက်ရောင်းကောင်းသလဲဆိုတော့ မြသလွန်က ဆိုင်လေးမှာ ရှိတဲ့အားနည်းချက်တွေ အောင်လံက ဆိုင်လေးမှာ မရှိလို့ပါပဲ။
စီးပွားရေးလုပ်ပြီဆိုရင်တော့ ဘာစီးပွားရေးပဲလုပ်လုပ် ဖောက်သည်တွေနဲ့ ပြောဆိုဆက်ဆံရမှာပါ။ ဒီလိုဆက်ဆံကြတဲ့အခါ အပြောအဆို ချိုသာနူးညံ့ဖို့ အထူးလိုအပ်လှပါတယ်။ မိမိအလုပ်ကိုလည်း တာဝန်ကျေအောင် လုပ်ချင်တဲ့စိတ်ဓာတ်လေးလည်း ရှိထားသင့်ပါတယ်။ ကိုယ်လုပ်မယ့်စီးပွားရေးရဲ့ ရှေးရေးနဲ့ အခြားသိမှတ်ဖွယ်ရာလေးတွေကိုလည်း အသေးစိတ်ကအစ သိရှိနားလည်ထားသင့်ပါတယ်။ ဒါမှသာ စီးပွားရေးလုပ်တဲ့အခါ အဆင်ပြေပြေ ချောချောမွေ့မွေ့နဲ့ လုပ်ကိုင်နိုင်ပြီး အောင်မြင်ချမ်းသာတဲ့ဘဝတွေကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်လို့ပဲ ဦးဇင်းကတော့ တွေးနေမိပါတော့တယ်။
မောင်ခေမိန်(မကွေး)
၉၊ ၅၊ ၂၀၁၉
လူတိုင္း မခ်မ္းသာႏိုင္တဲ႔ အေၾကာင္းအရင္းကို ေဖာ္ျပေနတဲ႔ ထမင္းဆိုင္ေလး ႏွစ္ဆိုင္
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
May 24, 2019
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment