CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Thursday, May 16, 2019
အေၾကာ္တစ္ခုကို ၅၀ပါ…၁၀၀ဖိုးကို ၃ ခု ထားလိုက္…..မရလို႔ပါကြယ္…..၂၀၀ ဖိုး ၅ ခုေတာ့ ထားလိုက္ပါလို႔ ေျပာလိုက္ေသာအခါ…
“ကြ်န္ေတာ္နဲ႔အေၾကာ္သည္အေမႀကီး”
အမွတ္တမဲ့ပါပဲ..နားထဲခပ္သဲ့သဲ့ၾကားလိုက္တာပါ..အေၾကာ္တစ္ခုကို ဘယ္ေလာက္လဲ ?
ကေလးတစ္ေယာက္ကိုလက္ဆြဲၿပီးေတာ့ အမ်ိဳးသမီးတစ္ေယာက္(ေငြေၾကးျပည့္စံုတဲ့ အသိုင္းအ၀ိုင္းက ပံုစံမ်ိဳးပါပဲ).အေၾကာ္၀ယ္ဖို႔ေမးေနတဲ့ အသံပါ…
အေၾကာ္တစ္ခုကို ၅၀ပါ…၁၀၀ဖိုးကို ၃ ခု ထားလိုက္…..မရလို႔ပါကြယ္…..၂၀၀ ဖိုး ၅ ခုေတာ့ ထား.././…./
တေအာင့္ေလာက္ေနေတာ့..ေနာက္ထပ္ၾကား လိုက္ရတယ္…”လာ..သားး..အေၾကာ္ေတြက ညစ္တီးညစ္ပတ္နဲ႔ မသန္႔ရွင္းဘူး…မစားခ်င္နဲ႔..သား”..ဆိုၿပီး .ကေလးကို ဆြဲေခၚသြားတယ္…
ကြ်န္ေတာ္ စိတ္၀င္စားသြားတယ္…ေသခ်ာလွမ္းၾကည့္လိုက္ေတာ့…အသက္(၆၀)ေက်ာ္ အေမႀကီးတစ္ေယာက္ အေၾကာ္ေရာင္းေနတာကို အမ်ိဳးသမီးတစ္ေယာက္က ေစ်းဆစ္ေနတာ..
ေၾသာ္..လူေတြမ်ား ..ခက္လိုက္တာဗ်ာ…အေၾကာ္၀ယ္ဖို႔..ေစ်းဆစ္လို႔မရေတာ့..ညစ္ပတ္တယ္….မစားနဲ႔လို႔ ေျပာသြားတယ္….
ထိုအမ်ိဳးသမီးရဲ႔ စိတ္ဓာတ္နဲ႔အဆင့္အတန္းကို မေ၀ဖန္ခ်င္ေတာ့ မစဥ္းစားခ်င္ေတာ့.အေၾကာ္သည္ အေမႀကီးကို ၾကည့္လုိက္ေတာ့ အားငယ္သြားတဲ့ မ်က္ႏွာေလးနဲ႔ထြက္သြားတယ္…
” ေဟာဒီက…အေၾကာ္ပူပူေလး… :”……ရင္ထဲမွာ ေတာ္ေတာ္ေလးစိတ္မေကာင္းျဖစ္သြားတယ္….ကြ်န္ေတာ္ ကမန္းကတန္းလွမ္းေခၚလိုက္တယ္….
အေမႀကီး..ခဏေနပါအံုးဗ်..အေၾကာ္၀ယ္ခ်င္လို႔ပါ….ျပန္လွည့္လာၿပီး..အေၾကာ္ဗန္းကို ခ်ေပးတယ္….
ၾကည့္လိုက္ေတာ့ မုန္႔ေပါင္းနဲ႔ အေၾကာ္ေလးေတြက အစီအရီ…ဗန္းထဲမွာ စားခ်င္စဖြယ္သန္႔သန္႔ရွင္းရွင္းလုပ္ထားတာပါ..
(စဥ္းစားမိတယ္. းေနရဲ႔ အပူရွိန္ေအာက္မွာ အေၾကာ္ေတြကမနက္က ေၾကာ္ထားတာျဖစ္ႏိုင္ေပမယ့္ အပူရွိန္ေၾကာင့္
အေၾကာ္ေတြကပူေနမွာမလြဲ ….အေၾကာ္ပူပူေလးလို႔ ေအာ္ေရာင္းတာနဲ႔ အကိုက္ပဲ)…
ေၾသာ္..ဒီအသက္အရြယ္နဲ႔ ေနပူပူမွာ ဘယ္ေလာက္ပင္ပမ္း ရွာေလမလဲ….ငါ့အေမ မ်ား ဒီလိုဆိုရင္ဆိုတဲ့ အေတြးနဲ႔. ကိုယ္ခ်င္းစာစိတ္မေကာင္းျဖစ္မိတယ္…
အေမႀကီး ” အေၾကာ္ တစ္ခု ဘယ္ေလာက္လဲ” သိေပမယ့္ ထပ္ေမးလိုက္တယ္…” အေၾကာ္တစ္ခု (၅၀)ပါ သားေလးရယ္”..
(ေနာက္ထပ္ေစ်းဆစ္မွာေရာင္းမေကာင္းမွာ စိုးရိမ္ေနပံုပါပဲ..မ်က္ႏွာေပၚကေခြ်းစက္ေတြကို သဘက္နဲ႔သုတ္ရင္း ခပ္တိုးတိုးေျဖတယ္)…..
” အေမႀကီး အေၾကာ္ေတြက စားခ်င္စရာပဲ..စားေကာင္းမယ့္ပံုပဲဗ် ” ..ဆိုၿပီး အေၾကာ္တစ္ခုကို ေကာက္၀ါးလိုက္တယ္…
(သူ႔ခမ်ာ.အေမာေျပ သေဘာက်သြားပံုပဲ.ညွိဳးငယ္ေနတဲ့ မ်က္ႏွာခ်က္ျခင္းၿပံဳးလာတယ္.၀မ္းသာသြားပံုပဲ)..
” အရသာရွိတယ္ အေမႀကီးး.ရံုးကလူေတြလည္း ေကြ်းခ်င္လို႔..အကုန္လံုးဆိုရင္ဘယ္ေလာက္က်လဲ “လို႔ ေမးၿပီး..ငါးေထာင္တန္ တစ္ရြက္ထုတ္ ေပးလုိက္တယ္…
အေၾကာ္ေတြထည့္ရင္းနဲ႔… ဗန္းေအာက္က ငါးရာတန္နဲ႔ႏွစ္ရာတန္ အႏြမ္းေလးေတြတုန္တုန္ရီရီနဲ႔ ထုတ္ေရၿပီး..ျပန္အမ္းဖို႔ ႀကိဳးစားေနတယ္…..
” ရတယ္ အေမႀကီး..ျပန္မအမ္းပါနဲ႔ေတာ့” ..ဆိုေတာ့..” မဟုတ္တာ သားေလးရယ္” ..တဲ့…
” ရတယ္..ပိုတာကို ကုသိုလ္လုပ္တာပါ”လို႔ေျပာလိုက္ေရာ….” ေက်းဇူးတင္လိုက္တာ စိတ္ေကာင္းရွိလိုက္တာ သားေလးရယ္ …
အိမ္က သားေတြမ်ား ဒီလိုသိတတ္ရင္ဆိုၿပီး ပုခံုးေပၚတင္ထားတဲ့ သဘက္အႏြမ္းေလးနဲ႔ မ်က္ရည္စတခ်ိဳ႔ကို ဖ်တ္ခနဲသုတ္ရွာတယ္….
“..ရင္ထဲမွာမေကာင္း မိဘခ်င္းကိုယ္ခ်င္းစာစိတ္နဲ႔ မ်က္ရည္လည္မိတယ္.”…
” အေမႀကီး အသက္ဘယ္ေလာက္ရွိၿပီလဲ ဆိုေတာ့. (၆၅)ႏွစ္တဲ့.. ကြ်န္ေတာ့္အေမနဲ႔ အသက္သိပ္မကြာ….
.ေလာကဒဏ္ရဲ႔ရိုက္ပုတ္မွုပင္ပမ္းဆင္းရဲမွုေတြေၾကာင့္ အေမ့ထက္ေတာင္ အမ်ားႀကီးအိုစာေနပါလားး..
တကယ္ဆို ဒီအရြယ္က ဘုရားရိပ္..တရားရိပ္မွာ..တရားအားထုတ္ၿပီး ေအးေအးခ်မ္းခ်မ္းေနရမယ့္ အရြယ္ေလ..”
သားသမီးေတြ ရွိလားလို႔လည္း ကြ်န္ေတာ္ မေမးခ်င္ေတာ့ပါ….သားသမီးေတြက မေထာက္ပံ့ၾကဘူးလားလို႔လည္း မေမးခ်င္ေတာ့ပါ…
ဒီလို ပင္ပင္ပန္းပန္း ေစ်းေရာင္းေနၾကရတဲ့ အေမမ်ိဳးေတြ ျမန္မာျပည္မွာ ဘယ္ေလာက္ေတာင္ ရွိေနမလဲ…ကြ်န္ေတာ္ကေကာ ဘယ္ႏွစ္ခါ ဘယ္ေလာက္ကူညီနိုင္မွာမို႔လဲ….
တကယ္ေတာ့ ….လူတိုင္းရဲ႔ ရင္ထဲမွာ ကိုယ္ခ်င္းစာ နားလည္တတ္တဲ့စိတ္…
သားသမီးတိုင္းရဲ႔ ရင္ထဲမွာ..မိဘေက်းဇူးကိုသိတတ္နားလည္လုပ္ေကြ်းျပဳစုခ်င္တဲ့စိတ္…..
လူသားတိုင္းရဲ႔ ရင္ထဲမွာကိုယ္စီတာ၀န္ေက်နားလည္မွုေတြ.ရွိေနၾကမယ္ဆိုရင္……။…………………….။………….
နည္းစနစ္က်က်အေတြးအေခၚ / ေလးစားစြာျဖင့္ Ko Shine :
Unicode Version
“ကျွန်တော်နဲ့အကြော်သည်အမေကြီး”
အမှတ်တမဲ့ပါပဲ..နားထဲခပ်သဲ့သဲ့ကြားလိုက်တာပါ..အကြော်တစ်ခုကို ဘယ်လောက်လဲ ?
ကလေးတစ်ယောက်ကိုလက်ဆွဲပြီးတော့ အမျိုးသမီးတစ်ယောက်(ငွေကြေးပြည့်စုံတဲ့ အသိုင်းအဝိုင်းက ပုံစံမျိုးပါပဲ).အကြော်ဝယ်ဖို့မေးနေတဲ့ အသံပါ…
အကြော်တစ်ခုကို ၅၀ပါ…၁၀၀ဖိုးကို ၃ ခု ထားလိုက်…..မရလို့ပါကွယ်…..၂၀၀ ဖိုး ၅ ခုတော့ ထား.././…./
တအောင့်လောက်နေတော့..နောက်ထပ်ကြား လိုက်ရတယ်…”လာ..သားး..အကြော်တွေက ညစ်တီးညစ်ပတ်နဲ့ မသန့်ရှင်းဘူး…မစားချင်နဲ့..သား”..ဆိုပြီး .ကလေးကို ဆွဲခေါ်သွားတယ်…
ကျွန်တော် စိတ်ဝင်စားသွားတယ်…သေချာလှမ်းကြည့်လိုက်တော့…အသက်(၆၀)ကျော် အမေကြီးတစ်ယောက် အကြော်ရောင်းနေတာကို အမျိုးသမီးတစ်ယောက်က ဈေးဆစ်နေတာ..
သြော်..လူတွေများ ..ခက်လိုက်တာဗျာ…အကြော်ဝယ်ဖို့..ဈေးဆစ်လို့မရတော့..ညစ်ပတ်တယ်….မစားနဲ့လို့ ပြောသွားတယ်….
ထိုအမျိုးသမီးရဲ့ စိတ်ဓာတ်နဲ့အဆင့်အတန်းကို မဝေဖန်ချင်တော့ မစဉ်းစားချင်တော့.အကြော်သည် အမေကြီးကို ကြည့်လိုက်တော့ အားငယ်သွားတဲ့ မျက်နှာလေးနဲ့ထွက်သွားတယ်…
” ဟောဒီက…အကြော်ပူပူလေး… :”……ရင်ထဲမှာ တော်တော်လေးစိတ်မကောင်းဖြစ်သွားတယ်….ကျွန်တော် ကမန်းကတန်းလှမ်းခေါ်လိုက်တယ်….
အမေကြီး..ခဏနေပါအုံးဗျ..အကြော်ဝယ်ချင်လို့ပါ….ပြန်လှည့်လာပြီး..အကြော်ဗန်းကို ချပေးတယ်….
ကြည့်လိုက်တော့ မုန့်ပေါင်းနဲ့ အကြော်လေးတွေက အစီအရီ…ဗန်းထဲမှာ စားချင်စဖွယ်သန့်သန့်ရှင်းရှင်းလုပ်ထားတာပါ..
(စဉ်းစားမိတယ်. းနေရဲ့ အပူရှိန်အောက်မှာ အကြော်တွေကမနက်က ကြော်ထားတာဖြစ်နိုင်ပေမယ့် အပူရှိန်ကြောင့်
အကြော်တွေကပူနေမှာမလွဲ ….အကြော်ပူပူလေးလို့ အော်ရောင်းတာနဲ့ အကိုက်ပဲ)…
သြော်..ဒီအသက်အရွယ်နဲ့ နေပူပူမှာ ဘယ်လောက်ပင်ပမ်း ရှာလေမလဲ….ငါ့အမေ များ ဒီလိုဆိုရင်ဆိုတဲ့ အတွေးနဲ့. ကိုယ်ချင်းစာစိတ်မကောင်းဖြစ်မိတယ်…
အမေကြီး ” အကြော် တစ်ခု ဘယ်လောက်လဲ” သိပေမယ့် ထပ်မေးလိုက်တယ်…” အကြော်တစ်ခု (၅၀)ပါ သားလေးရယ်”..
(နောက်ထပ်ဈေးဆစ်မှာရောင်းမကောင်းမှာ စိုးရိမ်နေပုံပါပဲ..မျက်နှာပေါ်ကချွေးစက်တွေကို သဘက်နဲ့သုတ်ရင်း ခပ်တိုးတိုးဖြေတယ်)…..
” အမေကြီး အကြော်တွေက စားချင်စရာပဲ..စားကောင်းမယ့်ပုံပဲဗျ ” ..ဆိုပြီး အကြော်တစ်ခုကို ကောက်ဝါးလိုက်တယ်…
(သူ့ခမျာ.အမောပြေ သဘောကျသွားပုံပဲ.ညှိုးငယ်နေတဲ့ မျက်နှာချက်ခြင်းပြုံးလာတယ်.ဝမ်းသာသွားပုံပဲ)..
” အရသာရှိတယ် အမေကြီးး.ရုံးကလူတွေလည်း ကျွေးချင်လို့..အကုန်လုံးဆိုရင်ဘယ်လောက်ကျလဲ “လို့ မေးပြီး..ငါးထောင်တန် တစ်ရွက်ထုတ် ပေးလိုက်တယ်…
အကြော်တွေထည့်ရင်းနဲ့… ဗန်းအောက်က ငါးရာတန်နဲ့နှစ်ရာတန် အနွမ်းလေးတွေတုန်တုန်ရီရီနဲ့ ထုတ်ရေပြီး..ပြန်အမ်းဖို့ ကြိုးစားနေတယ်…..
” ရတယ် အမေကြီး..ပြန်မအမ်းပါနဲ့တော့” ..ဆိုတော့..” မဟုတ်တာ သားလေးရယ်” ..တဲ့…
” ရတယ်..ပိုတာကို ကုသိုလ်လုပ်တာပါ”လို့ပြောလိုက်ရော….” ကျေးဇူးတင်လိုက်တာ စိတ်ကောင်းရှိလိုက်တာ သားလေးရယ် …
အိမ်က သားတွေများ ဒီလိုသိတတ်ရင်ဆိုပြီး ပုခုံးပေါ်တင်ထားတဲ့ သဘက်အနွမ်းလေးနဲ့ မျက်ရည်စတချို့ကို ဖျတ်ခနဲသုတ်ရှာတယ်….
“..ရင်ထဲမှာမကောင်း မိဘချင်းကိုယ်ချင်းစာစိတ်နဲ့ မျက်ရည်လည်မိတယ်.”…
” အမေကြီး အသက်ဘယ်လောက်ရှိပြီလဲ ဆိုတော့. (၆၅)နှစ်တဲ့.. ကျွန်တော့်အမေနဲ့ အသက်သိပ်မကွာ….
.လောကဒဏ်ရဲ့ရိုက်ပုတ်မှုပင်ပမ်းဆင်းရဲမှုတွေကြောင့် အမေ့ထက်တောင် အများကြီးအိုစာနေပါလားး..
တကယ်ဆို ဒီအရွယ်က ဘုရားရိပ်..တရားရိပ်မှာ..တရားအားထုတ်ပြီး အေးအေးချမ်းချမ်းနေရမယ့် အရွယ်လေ..”
သားသမီးတွေ ရှိလားလို့လည်း ကျွန်တော် မမေးချင်တော့ပါ….သားသမီးတွေက မထောက်ပံ့ကြဘူးလားလို့လည်း မမေးချင်တော့ပါ…
ဒီလို ပင်ပင်ပန်းပန်း ဈေးရောင်းနေကြရတဲ့ အမေမျိုးတွေ မြန်မာပြည်မှာ ဘယ်လောက်တောင် ရှိနေမလဲ…ကျွန်တော်ကကော ဘယ်နှစ်ခါ ဘယ်လောက်ကူညီနိုင်မှာမို့လဲ….
တကယ်တော့ ….လူတိုင်းရဲ့ ရင်ထဲမှာ ကိုယ်ချင်းစာ နားလည်တတ်တဲ့စိတ်…
သားသမီးတိုင်းရဲ့ ရင်ထဲမှာ..မိဘကျေးဇူးကိုသိတတ်နားလည်လုပ်ကျွေးပြုစုချင်တဲ့စိတ်…..
လူသားတိုင်းရဲ့ ရင်ထဲမှာကိုယ်စီတာဝန်ကျေနားလည်မှုတွေ.ရှိနေကြမယ်ဆိုရင်……။…………………….။………….
နည်းစနစ်ကျကျအတွေးအခေါ် / လေးစားစွာဖြင့် Ko Shine :
အေၾကာ္တစ္ခုကို ၅၀ပါ…၁၀၀ဖိုးကို ၃ ခု ထားလိုက္…..မရလို႔ပါကြယ္…..၂၀၀ ဖိုး ၅ ခုေတာ့ ထားလိုက္ပါလို႔ ေျပာလိုက္ေသာအခါ…
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
May 16, 2019
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment