Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, May 29, 2019

ေရစက္ ” သို႔မဟုတ္ “သံသရာတေကြ႕ဝယ္” မ်က္ေရ ခိုင္မွ ဖတ္ပါရန္


အရမ္းေကာင္းတဲ့ပုံျပင္ေလးပါ အခ်ိန္ ၃ မိနစ္ေလာက္ေပးၿပီဖတ္ေစခ်င္ပါတယ္

ဟိုးေရွးေရွးတုန္းကအရမ္းခ်စ္ၾကတဲ့ေကာင္ေလးနဲ႔ေကာင္မေလး အခ်စ္စုံတြဲ ရွိခဲ့ၾကတယ္။

တစ္ေယာက္နဲ႔တစ္ေယာက္ ခ်စ္ႀကိဳက္လာၾကတာသက္တမ္းသုံးႏွစ္ျပည့္တဲ့အခါ လက္ထပ္ၾကေတာ့မယ္ဆိုၿပီး မဂၤလာရက္တစ္ရက္ေ႐ြးခ်ယ္သတ္မွတ္လိုက္တယ္။

ေကာင္းေလးကေတာ့ ေပ်ာ္႐ႊင္စရာေကာင္းမယ့္သူတို႔ရဲ႕မဂၤလာရက္ေလးကိုစိတ္ကူးယဥ္ၿပီးေပ်ာ္ေနရွာတာေပါ့။

ဒါေပမယ့္ အဲ့ဒီမဂၤလာေဆာင္မယ့္ေန႔မရာက္ခင္မွာပဲ သူ႔ခ်စ္သူေကာင္မေလးက တျခားေကာင္ေလးတေယာက္နဲ႔ မေမွ်ာ္လင့္ဘဲလက္ထပ္သြားတယ္ဆိုတဲ့ သတင္းကိုေကာင္ေလးၾကားလိုက္ရတယ္။

သူစုံစမ္းၾကည့္လိုက္ေတာ့ ေကာင္မေလးကိုယ္တိုင္က လိုလိုလားလားနဲ႔ လက္ထပ္လိုက္တာလို႔ သိလိုက္ရတယ္။ အဲ့သတင္းက ိုၾကားတာနဲ႔ ေကာင္ေလးလည္း အရမ္းအံ့ၾသၿပီး အရမ္းစိတ္ထိခိုက္၀မ္းနည္းစြာနဲ႔ မစားႏိုင္မအိပ္ႏိုင္ငိုေႂကြးေနေတာ့တယ္။

မၾကာခင္မွာပဲေကာင္ေလးလည္းစိတ္ေထာင္းကိုယ္ေၾကၿပီးအိပ္ယာထဲလဲေတာ့တယ္။

အခ်ိန္ေတြကုန္လြန္လာတာနဲ႔အမွ် ေကာင္ေလးရဲ႕ေျခအေနဟာ ပိုပိုဆိုးလာခဲ့တယ္။ဆရာ၀န္ျပလည္း မသက္သာေတာ့ဘူး။

တစ္ေန႔မွာေတာ့ အသက္အ႐ြယ္အိုမင္းေနတဲ့ ဘုန္းေတာ္ႀကီးတစ္ပါးက ေကာင္ေလးရဲ႕ အိမ္ေရွ႕မွာရပ္ၿပီးတံခါးေခါက္လိုက္တယ္။

အိမ္ေဖာ္ေကာင္မေလးလည္း တံခါးေခါက္သံေၾကာင့္ ထြက္လာၿပီးတံခါးဖြင့္လိုက္ေတာ့ ဘုန္းေတာ္ႀကီးအိုတစ္ပါးကို ေတြ႕တာနဲ႔စိတ္ရႈပ္စြာနဲ႔”ကန္ေတာ့ဆြမ္းပါဘုရား” လို႔ေျပာလိုက္တယ္။

ဘုန္းႀကီးကၿပဳံးၿပီးေတာ့…..”ကိုယ္ေတာ္ကဆြမ္းခံႂကြလာတာမဟုတ္ပါဘူး။ ဒီအိမ္မွာ လူမမာရွိတယ္ၾကားလို႔ ဘုန္းဘုန္းက ေဆးနည္းနည္းကုတတ္ေတာ့လာကူညီေပးတာပါဒကာမေလး” လို႔ မိန႔္ၾကားလိုက္တယ္။

အိမ္ေဖာ္မိန္းကေလးကလည္း သူဆုံးျဖတ္လို႔ မရေၾကာင္းနဲ႔ သူမရဲ႕ သခင္ေတြကိ ုျပန္ေျပာၾကည့္ပါမယ္ဆိုတဲ့အေၾကာင္းေျပာၿပီးအိမ္ရွင္ေတြကိုေျပာၾကည့္ေတာ့ သေဘာတူခြင့္ျပဳတာေၾကာင့္ ဘုန္းေတာ္ႀကီး ကိုအိမ္ထဲကိုပင့္ဖိတ္ခဲ့တယ္။

ဘုန္းေတာ္ႀကီးအိပ္ခန္းထဲကိုေရာက္ေတာ့ကုတင္ေပၚမွာျဖဴဖတ္ျဖဴေရာ္နဲ႔အ႐ိုးေပၚအေရတင္ပိန္လွီစြာနဲ႔ႏြမ္းနယ္ႏုန္းခ်ိစြာလဲေလ်ာင္းေနတဲ့လူမမာသည္ေကာင္ေလးကို ေတြ႕လိုက္ရတယ္။ အိမ္ေဖာ္မိန္းကေလးလည္း ဘုန္းေတာ္ႀကီး အတြက္ေသာက္ေတာ္ေရတခြက္ေပးလိုက္ၿပီး လူမမာကုတင္ေဘးမွာပဲ ထိုင္ခုံတစ္လုံးစီစဥ္ေပးလိုက္တယ္။ဘုန္းေတာ္ႀကီးကလည္းအေျခအေနၾကည့္ၿပီးေတာ့….

” ေတာ္ေတာ္အေျခအေနဆိုးေနတာပဲ “လို႔ေရ႐ြတ္လိုက္တယ္။

လူမမာေကာင္ေလးကလည္းစိတ္နဲ႔ကိုယ္နဲ႔မကပ္စြာနဲ႔ပဲဘာမွမၾကားသလိုတိတ္ဆိတ္ၿငိမ္သက္စြာေနေနတယ္ဘုန္းေတာ္ႀကီးလည္းသူလုပ္သင့္တာေတြလုပ္ၿပီးေတာ့…

ဒကာေလးကေတာ္ေတာ္သနားစရာေကာင္းတယ္….မယုံရင္မွန္ထဲကိုၾကည့္လိုက္စမ္းပါ”လို႔မိန႔္ေတာ္မူၿပီးေကာင္ေလးအိပ္ခန္းထဲကကိုယ္လုံးေပၚမွန္တစ္ခ်ပ္ဆီကိုၫႊန္ျပလိုက္တယ္။

ေကာင္ေလးလည္း လုံး၀စိတ္၀င္စားမႈမရွိပဲေငးေငးငိုင္ငိုင္ေနေနရာက ေနတစ္ခ်က္မွန္ထဲကိုၾကည့္လိုက္တယ္ဆိုရင္ပဲ…မွန္ထဲမွာသူ႔ခ်စ္သူေကာင္မေလးပုံကို ေတြ႕လိုက္ရတယ္။

သိတ္မၾကာခင္မွာပဲ ေကာင္မေလးပုံရိပ္ေက၀၀ါးေပ်ာက္ကြယ္သြားၿပီး ပင္လယ္ကမ္းေျခတခုပုံေျပာင္းလဲသြားတယ္။

အဲ့ပင္လယ္ကမ္းေျခဟာ တိတ္ဆိတ္ၿငိမ္သက္ေနၿပီး လူအသြားအလာမရွိဘူး။ လူမမာေကာင္ေလးကမွန္ထဲကပုံရိပ္ကိုစိတ္၀င္စားစြာၾကည့္ေနစဥ္မွာပဲမိန္းကေလး အေလာင္းတစ္ေလာင္းဟာလည္းေလ်ာင္းေနတဲ့အေနအထားနဲ႔ကမ္းေျခမွာရွိေနတာကိုျမင္လိုက္ရတယ္။

ခဏၾကာေတာ့လူတစ္ေယာက္ျဖတ္ေလွ်ာက္လာတယ္။ သူကအေလာင္းကို႐ြံရွာစြာၾကည့္ၿပီးလ်င္ျမန္စြာျဖတ္ေလွ်ာက္သြားတယ္။အခ်ိန္အေတာ္ေလးၾကာေတာ ့ေနာက္လူတစ္ေယာက္ျဖတ္ေလွ်ာက္လာၿပီးအဲ့ေကာင္မေလးအေလာင္းကိုေတြ႕သြားျပန္တယ္။

ဒီလူကေတာ့စိတ္မေကာင္းျဖစ္ၿပီး သူ႔ရဲ႕ အပၚ႐ုံအက်ႌကိုခြၽတ္လို႔ၿခဳံေပးၿပီး ခရီးဆက္ထြက္သြားတယ္။

အဲ့လိုနဲ႔ေနာက္ထပ္အခ်ိန္ေတာ္ေတာ္ေလးၾကာလာေတာ့ ေနာက္ထပ္လူတစ္ေယာက္ေရာက္လာျပန္တယ္။

ဒီလူက အေပၚ႐ုံၿခဳံထားၿပီးလဲေလ်ာင္းေနတဲ့ပုံစံကို စိတ္၀င္စားၿပီး ၿခဳံထည္ကိုလွန္ၾကည့္ေတာ့ မိန္းကေလးအေလာင္းကိုေတြ႕သြားၿပီး အရမ္းသနားစိတ္၀င္လာကာေျမျမဳပ္ေပးလိုက္ဖို႔ဆုံးျဖတ္လိုက္တယ္။

ဒါေပမယ့္ သူ႔ဆီမွာေျမက်င္းတူးဖို႔ဘာပစၥည္းမွပါမလာဘူး။ ေနာက္ဆုံးမွာ သူ႔ရဲ႕လက္ႏွစ္ဖက္ကို အသုံးျပဳဖို႔သူဆုံးျဖတ္လိုက္တယ္။

လူငယ္ဟာ သူ႔လက္ႏွစ္ဖက္နဲ႔ေျမေတြကို ယက္ၿပီးတေျဖးေျဖးခ်င္း တူးလာလိုက္တာညေနေစာင္းအခ်ိန္မွာမိန္းကေလးအေလာင္းကိုျမဳပ္ဖို႔ လုံေလာက္တဲ့က်င္းတစ္က်င္းကိုတူးလို႔ၿပီးသြားတယ္။

အဲ့လူလည္းမိန္းကေလးအေလာင္းကိုေကာင္းမြန္စြာျမဳပ္ႏွံေပးခဲ့ၿပီး ခရီးဆက္ထြက္ခြာသြားတယ္။အဲ့ဒီေနာက္မွာ မွန္ထဲမွာမိန္းကေလး အေလာင္းရဲ႕မ်က္ႏွာပုံျပန္ေပၚလာၿပီး အဲ့မ်က္ႏွာကေနသူ႔ခ်စ္သူေကာင္မေလးရဲ႕မ်က္ႏွာကိုေျပာင္းသြားခဲ့တယ္။

လူမမာေကာင္ေလးလည္းအလြန္အမင္းအံ့ၾသေနစဥ္မွာပဲေျမျမဳပ္ေပးတဲ့လူ႐ြယ္ရဲ႕မ်က္ႏွာျပန္ေပၚ လာၿပီး လူတစ္ေယာက္ရဲ႕မ်က္ႏွာ အျဖစ္ေျပာင္းသြားျပန္တယ္။

အဲ့ဒီေနာက္မွာေတာ့မွန္ထဲကပုံရိပ္ေတြအကုန္ေပ်ာက္ကြယ္သြားခဲ့တယ္။ေကာင္ေလးလည္းအံ့ၾသစြာနဲ႔မင္သက္ေနတုန္းမွာပဲ ဘုန္းေတာ္ႀကီးက ခုလိုပဲမိန႔္ၾကားေတာ္မူလိုက္တယ္။

“ခုဆိုရင္ ဒကာေလးလည္း သေဘာေပါက္ေလာက္ၿပီထင္တယ္။ အဲ့မိန္းကေလးအေလာင္းက ဒကာေလးရဲ႕ခ်စ္သူမိန္းကေလးျဖစ္တယ္။ဘ၀တစ္ခုမွာ သူမရဲ႕အေလာင္းကိို ေျမျမဳပ္ေပးတဲ့ ကုသိုလ္ကံ ေရစက္ေၾကာင့္ အဲ့ဒီလူငယ္ဟာဒီဘ၀မွာေကာင္မေလးနဲ႔လက္ထပ္ေပါင္းသင္းခြင့္ရခဲ့တယ္။

ဒကာေလးကေတာ့ သူမရဲ႕အေလာင္းကို အပၚ႐ုံနဲ႔ လႊမ္းၿခဳံေပးခဲ့တဲ့ ေရစက္ကံေၾကာင့္ ဒီဘ၀မွာသူမနဲ႔သုံးႏွစ္တာခ်စ္ခင္ခြင့္ရခဲ့တယ္။

ခုသုံးႏွစ္ျပည့္လို႔ေရစက္ကုန္ခ်ိန္မွာခြဲခြာရတယ္”ဘုန္းေတာ္ႀကီးရဲ႕စကားအဆုံးမွာ ေကာင္ေလးလည္း အျမင္မွန္ရၿပီး နားလည္သေဘာေပါက္သြားခဲ့တယ္။ ေနာက္ပိုင္းမွာေကာင္ေလးလည္းျပန္လည္ က်န္းမာလာၿပီးေလာကီကိုစြန႔္လို႔ သကၤန္း၀တ္သြားေတာ့တယ္။

ပုံျပင္ေလးကေတာ့ ဒီေလာက္ပါပဲ.. ဆိုလိုခ်င္တာကေတာ့ ကြၽန္မတို႔လူသားေတြအခ်င္းခ်င္းဒီဘ၀မွာအေဖ၊ အေမ၊ေဆြမ်ိဳးညီအစ္ကိုေမာင္ႏွမ၊ သူငယ္ခ်င္းမိတ္ေဆြ၊ခ်စ္သူ၊ရန္သူအျဖစ္နဲ႔ေတြ႕ဆုံေတာ္စပ္ပတ္သက္ခြင့္ရၾကတာဟာ အမႈမဲ့အမွတ္မဲ့မဟုတ္ပါဘူး။

ဘ၀တစ္ခုခုကျပဳခဲ့တဲ့ေရစက္ကံေၾကာင့္သာ ဤမွ်မ်ားျပားလွေသာ လူ႔ေဘာင္အဖြဲ႕အစည္းအတြင္းမွာ ေတြ႕ဆုံရင္းႏွီးခ်စ္ခင္ခြင့္ရခဲ့ၾကတာျဖစ္ပါတယ္။

အဲ့လိုပဲေရစက္ကုန္ခ်ိန္ေရာက္ရင္ဘယ္လိုအေၾကာင္းျပခ်က္မ်ိဳးနဲ႔မွဆြဲထားလို႔မရပဲေသကြဲ၊ ရွင္ကြဲမ်ိဳးစုံနဲ႔ခြဲခြာၾကရမွာပါ။

အဲ့ဒါေၾကာင့္ခုမခြဲခြာရခင္အခ်ိန္ေလးမွာမိ္မိနဲ႔ပတ္သက္ခြင့္ရခဲ့တဲ့သူေတြအေပၚမွာတတ္ႏိုင္သေလာက္စိတ္ခ်မ္းသာမႈေတြ..ေမတၱာေတြေပးႏိုင္သေလာက္ေပးႏိုင္ေအာင္ႀကိဳးစားသင့္ပါတယ္။

ဘာျဖစ္လို႔လဲဆိုေတာ့ လူတိုင္းလူတိုင္း ဘယ္သူကမွ ဘယ္သူ႔ကိုဘယ္အခ်ိန္မွာ ေရစက္ကုန္လို႔ခြဲခြာၾကရမယ္ဆိုတာကိုမသိႏိုင္ၾကလို႔ပဲျဖစ္ပါတယ္။
Chaw Su Su
#Unicode Version#

အရမ်းကောင်းတဲ့ပုံပြင်လေးပါ အချိန် ၃ မိနစ်လောက်ပေးပြီဖတ်စေချင်ပါတယ်

ဟိုးရှေးရှေးတုန်းကအရမ်းချစ်ကြတဲ့ကောင်လေးနဲ့ကောင်မလေး အချစ်စုံတွဲ ရှိခဲ့ကြတယ်။

တစ်ယောက်နဲ့တစ်ယောက် ချစ်ကြိုက်လာကြတာသက်တမ်းသုံးနှစ်ပြည့်တဲ့အခါ လက်ထပ်ကြတော့မယ်ဆိုပြီး မင်္ဂလာရက်တစ်ရက်ရွေးချယ်သတ်မှတ်လိုက်တယ်။

ကောင်းလေးကတော့ ပျော်ရွှင်စရာကောင်းမယ့်သူတို့ရဲ့မင်္ဂလာရက်လေးကိုစိတ်ကူးယဉ်ပြီးပျော်နေရှာတာပေါ့။

ဒါပေမယ့် အဲ့ဒီမင်္ဂလာဆောင်မယ့်နေ့မရာက်ခင်မှာပဲ သူ့ချစ်သူကောင်မလေးက တခြားကောင်လေးတယောက်နဲ့ မမျှော်လင့်ဘဲလက်ထပ်သွားတယ်ဆိုတဲ့ သတင်းကိုကောင်လေးကြားလိုက်ရတယ်။

သူစုံစမ်းကြည့်လိုက်တော့ ကောင်မလေးကိုယ်တိုင်က လိုလိုလားလားနဲ့ လက်ထပ်လိုက်တာလို့ သိလိုက်ရတယ်။ အဲ့သတင်းက ိုကြားတာနဲ့ ကောင်လေးလည်း အရမ်းအံ့သြပြီး အရမ်းစိတ်ထိခိုက်ဝမ်းနည်းစွာနဲ့ မစားနိုင်မအိပ်နိုင်ငိုကြွေးနေတော့တယ်။

မကြာခင်မှာပဲကောင်လေးလည်းစိတ်ထောင်းကိုယ်ကြေပြီးအိပ်ယာထဲလဲတော့တယ်။

အချိန်တွေကုန်လွန်လာတာနဲ့အမျှ ကောင်လေးရဲ့ခြေအနေဟာ ပိုပိုဆိုးလာခဲ့တယ်။ဆရာဝန်ပြလည်း မသက်သာတော့ဘူး။

တစ်နေ့မှာတော့ အသက်အရွယ်အိုမင်းနေတဲ့ ဘုန်းတော်ကြီးတစ်ပါးက ကောင်လေးရဲ့ အိမ်ရှေ့မှာရပ်ပြီးတံခါးခေါက်လိုက်တယ်။

အိမ်ဖော်ကောင်မလေးလည်း တံခါးခေါက်သံကြောင့် ထွက်လာပြီးတံခါးဖွင့်လိုက်တော့ ဘုန်းတော်ကြီးအိုတစ်ပါးကို တွေ့တာနဲ့စိတ်ရှုပ်စွာနဲ့”ကန်တော့ဆွမ်းပါဘုရား” လို့ပြောလိုက်တယ်။

ဘုန်းကြီးကပြုံးပြီးတော့…..”ကိုယ်တော်ကဆွမ်းခံကြွလာတာမဟုတ်ပါဘူး။ ဒီအိမ်မှာ လူမမာရှိတယ်ကြားလို့ ဘုန်းဘုန်းက ဆေးနည်းနည်းကုတတ်တော့လာကူညီပေးတာပါဒကာမလေး” လို့ မိန့်ကြားလိုက်တယ်။

အိမ်ဖော်မိန်းကလေးကလည်း သူဆုံးဖြတ်လို့ မရကြောင်းနဲ့ သူမရဲ့ သခင်တွေကိ ုပြန်ပြောကြည့်ပါမယ်ဆိုတဲ့အကြောင်းပြောပြီးအိမ်ရှင်တွေကိုပြောကြည့်တော့ သဘောတူခွင့်ပြုတာကြောင့် ဘုန်းတော်ကြီး ကိုအိမ်ထဲကိုပင့်ဖိတ်ခဲ့တယ်။

ဘုန်းတော်ကြီးအိပ်ခန်းထဲကိုရောက်တော့ကုတင်ပေါ်မှာဖြူဖတ်ဖြူရော်နဲ့အရိုးပေါ်အရေတင်ပိန်လှီစွာနဲ့နွမ်းနယ်နုန်းချိစွာလဲလျောင်းနေတဲ့လူမမာသည်ကောင်လေးကို တွေ့လိုက်ရတယ်။ အိမ်ဖော်မိန်းကလေးလည်း ဘုန်းတော်ကြီး အတွက်သောက်တော်ရေတခွက်ပေးလိုက်ပြီး လူမမာကုတင်ဘေးမှာပဲ ထိုင်ခုံတစ်လုံးစီစဉ်ပေးလိုက်တယ်။ဘုန်းတော်ကြီးကလည်းအခြေအနေကြည့်ပြီးတော့….

” တော်တော်အခြေအနေဆိုးနေတာပဲ “လို့ရေရွတ်လိုက်တယ်။

လူမမာကောင်လေးကလည်းစိတ်နဲ့ကိုယ်နဲ့မကပ်စွာနဲ့ပဲဘာမှမကြားသလိုတိတ်ဆိတ်ငြိမ်သက်စွာနေနေတယ်ဘုန်းတော်ကြီးလည်းသူလုပ်သင့်တာတွေလုပ်ပြီးတော့…

ဒကာလေးကတော်တော်သနားစရာကောင်းတယ်….မယုံရင်မှန်ထဲကိုကြည့်လိုက်စမ်းပါ”လို့မိန့်တော်မူပြီးကောင်လေးအိပ်ခန်းထဲကကိုယ်လုံးပေါ်မှန်တစ်ချပ်ဆီကိုညွှန်ပြလိုက်တယ်။

ကောင်လေးလည်း လုံးဝစိတ်ဝင်စားမှုမရှိပဲငေးငေးငိုင်ငိုင်နေနေရာက နေတစ်ချက်မှန်ထဲကိုကြည့်လိုက်တယ်ဆိုရင်ပဲ…မှန်ထဲမှာသူ့ချစ်သူကောင်မလေးပုံကို တွေ့လိုက်ရတယ်။

သိတ်မကြာခင်မှာပဲ ကောင်မလေးပုံရိပ်ကေ၀ဝါးပျောက်ကွယ်သွားပြီး ပင်လယ်ကမ်းခြေတခုပုံပြောင်းလဲသွားတယ်။

အဲ့ပင်လယ်ကမ်းခြေဟာ တိတ်ဆိတ်ငြိမ်သက်နေပြီး လူအသွားအလာမရှိဘူး။ လူမမာကောင်လေးကမှန်ထဲကပုံရိပ်ကိုစိတ်ဝင်စားစွာကြည့်နေစဉ်မှာပဲမိန်းကလေး အလောင်းတစ်လောင်းဟာလည်းလျောင်းနေတဲ့အနေအထားနဲ့ကမ်းခြေမှာရှိနေတာကိုမြင်လိုက်ရတယ်။

ခဏကြာတော့လူတစ်ယောက်ဖြတ်လျှောက်လာတယ်။ သူကအလောင်းကိုရွံရှာစွာကြည့်ပြီးလျင်မြန်စွာဖြတ်လျှောက်သွားတယ်။အချိန်အတော်လေးကြာတော့နောက်လူတစ်ယောက်ဖြတ်လျှောက်လာပြီးအဲ့ကောင်မလေးအလောင်းကိုတွေ့သွားပြန်တယ်။

ဒီလူကတော့စိတ်မကောင်းဖြစ်ပြီး သူ့ရဲ့ အပါ်ရုံအင်္ကျီကိုချွတ်လို့ခြုံပေးပြီး ခရီးဆက်ထွက်သွားတယ်။

အဲ့လိုနဲ့နောက်ထပ်အချိန်တော်တော်လေးကြာလာတော့ နောက်ထပ်လူတစ်ယောက်ရောက်လာပြန်တယ်။

ဒီလူက အပေါ်ရုံခြုံထားပြီးလဲလျောင်းနေတဲ့ပုံစံကို စိတ်ဝင်စားပြီး ခြုံထည်ကိုလှန်ကြည့်တော့ မိန်းကလေးအလောင်းကိုတွေ့သွားပြီး အရမ်းသနားစိတ်ဝင်လာကာမြေမြုပ်ပေးလိုက်ဖို့ဆုံးဖြတ်လိုက်တယ်။

ဒါပေမယ့် သူ့ဆီမှာမြေကျင်းတူးဖို့ဘာပစ္စည်းမှပါမလာဘူး။ နောက်ဆုံးမှာ သူ့ရဲ့လက်နှစ်ဖက်ကို အသုံးပြုဖို့သူဆုံးဖြတ်လိုက်တယ်။

လူငယ်ဟာ သူ့လက်နှစ်ဖက်နဲ့မြေတွေကို ယက်ပြီးတဖြေးဖြေးချင်း တူးလာလိုက်တာညနေစောင်းအချိန်မှာမိန်းကလေးအလောင်းကိုမြုပ်ဖို့ လုံလောက်တဲ့ကျင်းတစ်ကျင်းကိုတူးလို့ပြီးသွားတယ်။

အဲ့လူလည်းမိန်းကလေးအလောင်းကိုကောင်းမွန်စွာမြုပ်နှံပေးခဲ့ပြီး ခရီးဆက်ထွက်ခွာသွားတယ်။အဲ့ဒီနောက်မှာ မှန်ထဲမှာမိန်းကလေး အလောင်းရဲ့မျက်နှာပုံပြန်ပေါ်လာပြီး အဲ့မျက်နှာကနေသူ့ချစ်သူကောင်မလေးရဲ့မျက်နှာကိုပြောင်းသွားခဲ့တယ်။

လူမမာကောင်လေးလည်းအလွန်အမင်းအံ့သြနေစဉ်မှာပဲမြေမြုပ်ပေးတဲ့လူရွယ်ရဲ့မျက်နှာပြန်ပေါ် လာပြီး လူတစ်ယောက်ရဲ့မျက်နှာ အဖြစ်ပြောင်းသွားပြန်တယ်။

အဲ့ဒီနောက်မှာတော့မှန်ထဲကပုံရိပ်တွေအကုန်ပျောက်ကွယ်သွားခဲ့တယ်။ကောင်လေးလည်းအံ့သြစွာနဲ့မင်သက်နေတုန်းမှာပဲ ဘုန်းတော်ကြီးက ခုလိုပဲမိန့်ကြားတော်မူလိုက်တယ်။

“ခုဆိုရင် ဒကာလေးလည်း သဘောပေါက်လောက်ပြီထင်တယ်။ အဲ့မိန်းကလေးအလောင်းက ဒကာလေးရဲ့ချစ်သူမိန်းကလေးဖြစ်တယ်။ဘဝတစ်ခုမှာ သူမရဲ့အလောင်းကို မြေမြုပ်ပေးတဲ့ ကုသိုလ်ကံ ရေစက်ကြောင့် အဲ့ဒီလူငယ်ဟာဒီဘဝမှာကောင်မလေးနဲ့လက်ထပ်ပေါင်းသင်းခွင့်ရခဲ့တယ်။

ဒကာလေးကတော့ သူမရဲ့အလောင်းကို အပါ်ရုံနဲ့ လွှမ်းခြုံပေးခဲ့တဲ့ ရေစက်ကံကြောင့် ဒီဘဝမှာသူမနဲ့သုံးနှစ်တာချစ်ခင်ခွင့်ရခဲ့တယ်။

ခုသုံးနှစ်ပြည့်လို့ရေစက်ကုန်ချိန်မှာခွဲခွာရတယ်”ဘုန်းတော်ကြီးရဲ့စကားအဆုံးမှာ ကောင်လေးလည်း အမြင်မှန်ရပြီး နားလည်သဘောပေါက်သွားခဲ့တယ်။ နောက်ပိုင်းမှာကောင်လေးလည်းပြန်လည် ကျန်းမာလာပြီးလောကီကိုစွန့်လို့ သင်္ကန်းဝတ်သွားတော့တယ်။

ပုံပြင်လေးကတော့ ဒီလောက်ပါပဲ.. ဆိုလိုချင်တာကတော့ ကျွန်မတို့လူသားတွေအချင်းချင်းဒီဘဝမှာအဖေ၊ အမေ၊ဆွေမျိုးညီအစ်ကိုမောင်နှမ၊ သူငယ်ချင်းမိတ်ဆွေ၊ချစ်သူ၊ရန်သူအဖြစ်နဲ့တွေ့ဆုံတော်စပ်ပတ်သက်ခွင့်ရကြတာဟာ အမှုမဲ့အမှတ်မဲ့မဟုတ်ပါဘူး။

ဘဝတစ်ခုခုကပြုခဲ့တဲ့ရေစက်ကံကြောင့်သာ ဤမျှများပြားလှသော လူ့ဘောင်အဖွဲ့အစည်းအတွင်းမှာ တွေ့ဆုံရင်းနှီးချစ်ခင်ခွင့်ရခဲ့ကြတာဖြစ်ပါတယ်။

အဲ့လိုပဲရေစက်ကုန်ချိန်ရောက်ရင်ဘယ်လိုအကြောင်းပြချက်မျိုးနဲ့မှဆွဲထားလို့မရပဲသေကွဲ၊ ရှင်ကွဲမျိုးစုံနဲ့ခွဲခွာကြရမှာပါ။

အဲ့ဒါကြောင့်ခုမခွဲခွာရခင်အချိန်လေးမှာမိမိနဲ့ပတ်သက်ခွင့်ရခဲ့တဲ့သူတွေအပေါ်မှာတတ်နိုင်သလောက်စိတ်ချမ်းသာမှုတွေ..မေတ္တာတွေပေးနိုင်သလောက်ပေးနိုင်အောင်ကြိုးစားသင့်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ လူတိုင်းလူတိုင်း ဘယ်သူကမှ ဘယ်သူ့ကိုဘယ်အချိန်မှာ ရေစက်ကုန်လို့ခွဲခွာကြရမယ်ဆိုတာကိုမသိနိုင်ကြလို့ပဲဖြစ်ပါတယ်။
 Chaw Su Su

No comments:

Post a Comment