ခ်င္းျပည္နယ္ တီးတိန္ၿမိဳ႕အနီးေခ်ာက္ထဲကားထုိးက်ျပီးရတနာမဥၨဴဓမၼရိပ္သာဆရာေတာ္ ေဒါတ္တာအရွင္ေဇယ်ာနႏၵ(ပုဂံ) (နယ္လွည့္ဓမၼကထိက လယ္တီကမၼ႒ာနာစရိယ)အပါအဝင္ (၄)ဦးေသဆံုးသြားခဲ့ပါတယ္။
ဆရာေတာ္ႏွင့္အတူ ဒါယကာမ တစ္ဦးႏွင့္ ဒါယကာႏွစ္ဦးစုစုေပါင္း(၄)ဦး လုိက္ပါလာေသာယာဥ္သည္ တီးတိန္ျမိဳ႕ႏွင့္(၆)မုိင္အကြာေခ်ာက္ထဲကုိ ထုိးက်ခဲ့တာျဖစ္ပါတယ္။
ပ်ံလြန္ေတာ္မႈေသာ ဆရာေတာ္သည္ သက္ေတာ္(၅၂)ရွိျပီး ဘြဲေတာ္အမည္မွာ ေဒါတ္တာအရွင္ေဇယ်ာနႏၵ(ပုဂံ)ျဖစ္ေၾကာင္း သိရပါတယ္။ဆရာေတာ္၏ ေက်ာင္းတည္ေနရာသည္ ရန္ကုန္ျမိဳ႕ မရမ္းကုန္းျမိဳ႕နယ္ သမုိင္း(၁)ရပ္ကြက္ (၂)လမ္းျဖစ္ပါတယ္။
အဆုိပါ ေမာ္ေတာ္ယာဥ္ကုိ ေမ(၂၁)ရက္ နံနက္ပိုင္း၌ ေတာင္ယာသြားေသာ ေဒသခံမ်ားက ေတြ႔ရွိခဲ့ျပီး အုပ္ခ်ဳပ္ေရးအဖြဲ႔မ်ားကုိ အေၾကာင္းၾကားခဲ့တာလည္းျဖစ္ပါတယ္။
ဆရာေတာ္သည္ ဓမၼကထိ သင္တန္းမ်ားကုိ ဖြင့္လွစ္ျပီး သာသနာထြန္းၾကားေရးအတြက္ ေဆာင္ရြက္ေနေသာ ဆရာေတာ္တစ္ပါးလည္းျဖစ္ပါတယ္။
Thutasone
ဓါတ္ပုံ -ေရႊကိုယ္ေတာ္၊Sai Puia – Si Thu Maung
#Unicode Verison#
ချင်းပြည်နယ် တီးတိန်မြို့အနီးချောက်ထဲကားထိုးကျပြီးရတနာမဉ္ဇူဓမ္မရိပ်သာဆရာတော် ဒေါတ်တာအရှင်ဇေယျာနန္ဒ(ပုဂံ) (နယ်လှည့်ဓမ္မကထိက လယ်တီကမ္မဋ္ဌာနာစရိယ)အပါအဝင် (၄)ဦးသေဆုံးသွားခဲ့ပါတယ်။
ဆရာတော်နှင့်အတူ ဒါယကာမ တစ်ဦးနှင့် ဒါယကာနှစ်ဦးစုစုပေါင်း(၄)ဦး လိုက်ပါလာသောယာဉ်သည် တီးတိန်မြို့နှင့်(၆)မိုင်အကွာချောက်ထဲကို ထိုးကျခဲ့တာဖြစ်ပါတယ်။
ပျံလွန်တော်မှုသော ဆရာတော်သည် သက်တော်(၅၂)ရှိပြီး ဘွဲတော်အမည်မှာ ဒေါတ်တာအရှင်ဇေယျာနန္ဒ(ပုဂံ)ဖြစ်ကြောင်း သိရပါတယ်။ဆရာတော်၏ ကျောင်းတည်နေရာသည် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သမိုင်း(၁)ရပ်ကွက် (၂)လမ်းဖြစ်ပါတယ်။
အဆိုပါ မော်တော်ယာဉ်ကို မေ(၂၁)ရက် နံနက်ပိုင်း၌ တောင်ယာသွားသော ဒေသခံများက တွေ့ရှိခဲ့ပြီး အုပ်ချုပ်ရေးအဖွဲ့များကို အကြောင်းကြားခဲ့တာလည်းဖြစ်ပါတယ်။
ဆရာတော်သည် ဓမ္မကထိ သင်တန်းများကို ဖွင့်လှစ်ပြီး သာသနာထွန်းကြားရေးအတွက် ဆောင်ရွက်နေသော ဆရာတော်တစ်ပါးလည်းဖြစ်ပါတယ်။
Thutasone
ဓါတ်ပုံ -ရွှေကိုယ်တော်၊Sai Puia – Si Thu Maung
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Tuesday, May 28, 2019
ကား ေခ်ာက္ထဲက်မႈမွာ ပ်ံလြန္ေတာ္မူသြားေသာ ဆရာေတာ္ ေဒါတ္တာအရွင္ေဇယ်ာနႏၵ(ပုဂံ) (နယ္လွည့္ဓမၼကထိက လယ္တီကမၼ႒ာနာစရိယ)
ကား ေခ်ာက္ထဲက်မႈမွာ ပ်ံလြန္ေတာ္မူသြားေသာ ဆရာေတာ္ ေဒါတ္တာအရွင္ေဇယ်ာနႏၵ(ပုဂံ) (နယ္လွည့္ဓမၼကထိက လယ္တီကမၼ႒ာနာစရိယ)
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
May 28, 2019
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment