CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Sunday, May 26, 2019
ခ်င္းတြင္းတံတားေအာက္ ေရယာဥ္နစ္ျမဳပ္မႈ မိသားစုတစ္စုပါဝင္ခဲ့ၿပီး မိခင္သာ အသက္႐ွင္ခဲ့
ယေန႔မနက္ ၉နာရီခန္႔က ျဖစ္ပြားခဲ႔ေသာ ေဖာင္ဆြဲေမာ္ေတာ္ နစ္ျမွဳပ္မႈတြင္ ေမာ္ေတာ္၏ ကိုယ္စားလွယ္ မိသားစုတစ္စုပါဝင္ခဲ့ၿပီးမိခင္ျဖစ္သူသာလြတ္ေျမာက္ခဲ့သည္။
မိသားစု ဝင္ ၄ဦးပါဝင္လာရာ ၄ႏွစ္အရြယ္ႏွင့္၈လအရြယ္ သားေယာက်ာ္းေလးႏွစ္ဦးႏွင့္ ဖခင္ျဖစ္သူ ေသဆံုးသြားျပီး မိခင္ျဖစ္သူမွာ လြတ္ေျမာက္လာျခင္းျဖစ္သည္။
နစ္ျမွုပ္သြားသည့္ ေမာ္ေတာ္ေပၚတြင္ စလင္၊ေရယာဥ္အုပ္၊စခန္းအုပ္၊ကိုယ္စားလွယ္မိသားစု ႏွင့္ ေဖာင္ဆြဲလုပ္သားမ်ားစုစုေပါင္း၁၁ဦးပါဝင္ခဲ့သည္။
ေမာ္ေတာ္ စက္ေခါင္းတြင္လိုက္ပါလာသည့္ စက္ခန္းအုပ္ျဖစ္သူဦးေအာင္သန္းစိုး၏ ေျပာျပခ်က္အရ အလံုျမိဳ႕ ကိုင္းဘက္သို႔အင္ ကညင္ ေဖာင္သြားဆြဲသည့္ ေမာ္ေတာ္သည္ ကုန္တင္သံခြံယာဥ္ကို ေက်ာ္အတက္တြင္ တက္မညပ္ျပီး သံခြံထည္အား တိုက္မိကာ ယေန႔ ေမလ ၂၆ရက္နံနက္ပိုင္းက နစ္ျမွဳပ္ခဲ့ျခင္းျဖစ္သည္။
“တိုက္ျပီးခ်က္ခ်င္းေမွာက္သြားတာ။က်ြန္ေတာ့္အေပၚမွာ ေမာ္ေတာ္၊ေအာက္မွာေျမၾကီးစမ္းမိတာဆိုေတာ့ သြားျပီထင္တာ။တျဖည္းျဖည္းစမ္းရင္း အလင္းေရာင္ရွိတဲ႔ဘက္ ထြက္လာလိုက္တာ”ဟု ဦးေအာင္သန္းစိုးက ဆက္ေျပာျပသည္။
ေမာ္ေတာ္ေပၚတြင္ပါသည့္ ေဖာင္ဆြဲလုပ္သားျဖစ္သူ ဦးမ်ိဳးဝင္း၏ေျပာျပခ်က္အရ ၄င္းတို႔ေမာ္ေတာ္မွာ ဗိုလ္ေဇာ္ေအာင္၁ ျဖစ္ျပီးအလံုျမိဳ႕ ကိုင္းဘက္သို႔ အင္ကညင္ ေဖာင္မ်ားသြားေရာက္သယ္ယူၾကျခင္းျဖစ္သည္ဟု သိရသည္။
ေဖာင္ဆြဲလုပ္သားမ်ားမွာ ဆားလင္းၾကီးျမိဳ႔နယ္ ေပါင္းဝရြာမွျဖစ္ၾကၿပီး၄င္းတို႔ လုပ္ငန္းမွာ ေဖာင္ဖြဲ႔ေရးမွ ပုဂၢလိကသို႔ ကန္ထရိုက္ေပး လုပ္ခိုင္းသည့္ လုပ္ငန္းျဖစ္သည္ဟု သိရသည္။
ေမာ္ေတာ္မွာ လူမ်ားေပၚတြင္ေမွာက္ခ်ခဲ့သလိုျဖစ္ခဲ့ရၿပီး ႐ုပ္အေလာင္းမ်ားကို မီးသတ္တပ္ဖြဲ႔မွ လႊစက္မ်ားျဖင့္ ေမာ္ေတာ္ဝမ္းဗိုက္ကို ေဖာက္၍ဆယ္ယူခဲ့ရသည္။ ေသဆံုးသူစုစုေပါင္း၅ဦး ေသဆံုးခဲ့ၿပီး ၆ဦး အသက္႐ွင္ခဲ့သည္။
Monywa Gazette
Unicode
ချင်းတွင်းတံတားအောက် ရေယာဉ်နစ်မြုပ်မှု မိသားစုတစ်စုပါဝင်ခဲ့ပြီး မိခင်သာ အသက်ရှင်ခဲ့
ယနေ့မနက် ၉နာရီခန့်က ဖြစ်ပွားခဲ့သော ဖောင်ဆွဲမော်တော် နစ်မြှုပ်မှုတွင် မော်တော်၏ ကိုယ်စားလှယ် မိသားစုတစ်စုပါဝင်ခဲ့ပြီးမိခင်ဖြစ်သူသာလွတ်မြောက်ခဲ့သည်။
မိသားစု ဝင် ၄ဦးပါဝင်လာရာ ၄နှစ်အရွယ်နှင့်၈လအရွယ် သားယောကျာ်းလေးနှစ်ဦးနှင့် ဖခင်ဖြစ်သူ သေဆုံးသွားပြီး မိခင်ဖြစ်သူမှာ လွတ်မြောက်လာခြင်းဖြစ်သည်။
နစ်မြှုပ်သွားသည့် မော်တော်ပေါ်တွင် စလင်၊ရေယာဉ်အုပ်၊စခန်းအုပ်၊ကိုယ်စားလှယ်မိသားစု နှင့် ဖောင်ဆွဲလုပ်သားများစုစုပေါင်း၁၁ဦးပါဝင်ခဲ့သည်။
မော်တော် စက်ခေါင်းတွင်လိုက်ပါလာသည့် စက်ခန်းအုပ်ဖြစ်သူဦးအောင်သန်းစိုး၏ ပြောပြချက်အရ အလုံမြို့ ကိုင်းဘက်သို့အင် ကညင် ဖောင်သွားဆွဲသည့် မော်တော်သည် ကုန်တင်သံခွံယာဉ်ကို ကျော်အတက်တွင် တက်မညပ်ပြီး သံခွံထည်အား တိုက်မိကာ ယနေ့ မေလ ၂၆ရက်နံနက်ပိုင်းက နစ်မြှုပ်ခဲ့ခြင်းဖြစ်သည်။
“တိုက်ပြီးချက်ချင်းမှောက်သွားတာ။ကျွန်တော့်အပေါ်မှာ မော်တော်၊အောက်မှာမြေကြီးစမ်းမိတာဆိုတော့ သွားပြီထင်တာ။တဖြည်းဖြည်းစမ်းရင်း အလင်းရောင်ရှိတဲ့ဘက် ထွက်လာလိုက်တာ”ဟု ဦးအောင်သန်းစိုးက ဆက်ပြောပြသည်။
မော်တော်ပေါ်တွင်ပါသည့် ဖောင်ဆွဲလုပ်သားဖြစ်သူ ဦးမျိုးဝင်း၏ပြောပြချက်အရ ၄င်းတို့မော်တော်မှာ ဗိုလ်ဇော်အောင်၁ ဖြစ်ပြီးအလုံမြို့ ကိုင်းဘက်သို့ အင်ကညင် ဖောင်များသွားရောက်သယ်ယူကြခြင်းဖြစ်သည်ဟု သိရသည်။
ဖောင်ဆွဲလုပ်သားများမှာ ဆားလင်းကြီးမြို့နယ် ပေါင်းဝရွာမှဖြစ်ကြပြီး၄င်းတို့ လုပ်ငန်းမှာ ဖောင်ဖွဲ့ရေးမှ ပုဂ္ဂလိကသို့ ကန်ထရိုက်ပေး လုပ်ခိုင်းသည့် လုပ်ငန်းဖြစ်သည်ဟု သိရသည်။
မော်တော်မှာ လူများပေါ်တွင်မှောက်ချခဲ့သလိုဖြစ်ခဲ့ရပြီး ရုပ်အလောင်းများကို မီးသတ်တပ်ဖွဲ့မှ လွှစက်များဖြင့် မော်တော်ဝမ်းဗိုက်ကို ဖောက်၍ဆယ်ယူခဲ့ရသည်။ သေဆုံးသူစုစုပေါင်း၅ဦး သေဆုံးခဲ့ပြီး ၆ဦး အသက်ရှင်ခဲ့သည်။
Monywa Gazette
ခ်င္းတြင္းတံတားေအာက္ ေရယာဥ္နစ္ျမဳပ္မႈ မိသားစုတစ္စုပါဝင္ခဲ့ၿပီး မိခင္သာ အသက္႐ွင္ခဲ့
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
May 26, 2019
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment