ZAW (H2H)
#Unicode Version#
၁။ဒီလိုပုံစံမျိုးလက်တွဲထားတယ်ဆိုရင်တော့ သူတို့အချစ်ရေးဟာ သံယောဇဉ်အပေါ်အေးအေးချမ်းချမ်းအခြေခံထားပြီး အချစ်စိတ်မွှန်ထူနေတဲ့အခြေအနေမျိုးမဟုတ်တော့ပါဘူး။ လက်ဖဝါးကိုအောက်ခြထားသူက ပိုပြီးကိုယ်ရည်ကိုယ်သွေးပိုကောင်းသလို ဆုံးဖြတ်ချက်တွေချသူဖြစ်ပါလိမ့်မယ်။
၂။ဒီလိုပုံစံမျိုးဆိုရင်တော့ တင်းတင်းကျပ်ကျပ်သာဆုပ်ကိုင်ထားရင် အတော်လေးခိုင်မြဲတဲ့အခြေအနေပါ။ အချစ်တွေပြင်းပြထုံမွှမ်းနေတဲ့ ချစ်သူတွေပါပဲ။ လျော့ရိလျော့ရဲ ဖြစ်နေရင်တော့ သိပ်အဆင်မပြေဘူးဆိုတဲ့သဘောပါ။
၃။ဒီလိုလက်သန်းချင်းချိတ်ထားမယ်ဆိုရင်တော့ နှစ်ယောက်လုံးဟာ ကိုယ်စီလွတ်လပ်မှုကိုတန်ဖိုးထားဦးစားပေးကြတယ်။ တစ်ယောက်ရဲ့လွတ်လပ်မှုကိုတစ်ယောက်ကလဲ လေးစားမှုအပြည့်ရှိကြတယ်ဆိုတဲ့သဘောပါ။ တစ်ခါတစ်ရံ မှာလည်း သူငယ်ချင်းတွေလိုပြန်နေချင်တဲ့အချိန်တွေဖြစ်တတ်ပါတယ်။
၄။ဒီလိုမျိုးလက်တစ်ဖက်ကတွဲထားပြီး တခြားတစ်ဖက်က ထပ်ပြီးကိုင်သေးတယ်ဆိုရင် ဒါကအလေးအနက်အခြေအနေတစ်ခုပါ။ မကောင်းတဲ့လက္ခဏာလဲဖြစ်နိုင်သလို ဒီလိုကိုင်ထားတတ်သူ ကိုယ့်အပေါ်ပိုင်စိုးပိုင်နင်းချုပ်ကိုင်လိုသူလဲဖြစ်နိုင်ပါတယ်။
၅။ဒါကတော့ ပုံမှန်ပွဲနေပွဲထိုင်တက်နေကျ စုံတွဲတွေရဲ့အနေအထားမျိုးပါ။ ဒီလိုပုံစံပဲနေ့တိုင်းလက်တွဲထားကြရင်တော့ လက်မောင်းကိုဖက်ထားသူက စိတ်ပိုင်းအားငယ်မှုအနည်းငယ်ရှိတတ်ပြီး သူ့ကိုကာကွယ်ပေးဖို့တောင်းဆိုနေတာပဲဖြစ်ပါတယ်။
၆။ဒါလည်း မြင်ရလေ့ရှိတဲ့အနေအထားပါ။ လက်ကိုကိုင်ထားတဲ့အပြင် လက်ကိုသူ့ဘက်ကိုဆွဲထားတာမြင်ရမှာပါ။ ဒါကတော့ ကိုင်ဆွဲထားသူကကိုယ့်ချစ်သူကို တစ်ခုခုဆို နှောင့်နှေးတာမျို းမကြိုက်ဘဲ ဆုံးဖြတ်ချက် ကို လျင်လျင်မြန်မြန်ချစေလိုတဲ့ လက္ခဏာ ပါ။
၇။လုံးဝလက်မကိုင်ထားဘူးဆိုရင်တော့ တစ်ယောက်နဲ့တစ်ယောက် ရှက်သွေးဖြာနေဆဲကာလ၊ ပတ်ဝန်းကျင်အပေါ်ရှက်နေဆဲကာလဖြစ်ပါလိမ့်မယ်။ တခြားတစ်ဖက်ကတော့ သူတို့ဆက်ဆံရေးကျဲသွားပြီဆိုတဲ့အခြေအနေလည်းယူဆနိုင်ပါတယ်။ ဒါကတော့ တကယ်မြင်ရတဲ့အခါ သေချာစေ့စပ်ပြီးမှသိနိုင်မှအဖြေပါ။
ZAW (H2H)
No comments:
Post a Comment