ေျခာက္နွစ္သမီးငယ္ကို သားမယားျပဳက်င့္ခံရသျဖင့္ ထိေရာက္စြာ အျမန္ဆံုးအေရယူေပးေစရန္ မိဘနွစ္ပါးကဆို
စစ္ကိုင္းတိုင္းေဒသႀကီး၊ ေ႐ႊဘိုခရိုင္၊ တန္ဆည္ၿမိဳ႕နယ္၊ ႐ြာရွည္ေတာင္ေက်း႐ြာအုပ္စု၊ သရက္ကုန္းေက်း႐ြာတြင္ အသက္(၆)နွစ္သမီးငယ္ အိမ္ေအာက္တြင္ အိပ္ေနစဥ္ တ႐ြာတည္းေန ေမာင္ေအာင္ခ်မ္းဦးဆိုသူ (၁၅)ႏွစ္ခန္႔က ၄-၂-၂၀၁၉ ရက္ေန႔က သားမယားျပဳက်င့္ခဲရာ သက္ဆိုင္ရာသို႔ တိုင္ၾကားထားေသာ္လည္း အေရယူေဆာင္႐ြက္မႈ အားနည္းေနေၾကာင္း ဧၿပီလ ၂၉ ရက္ေန႔က မိဘနွစ္ပါးျဖစ္သူ ကိုစိုးလင္းထိုက္+မသင္းသင္းဦး တို႔က News Watch ကိုေျပာပါတယ္။
“က်ြန္မက သမီးအိမ္ေအာက္ကုတင္တြင္ အိပ္ေနသည့္အတြက္ ကိုယ္လုပ္စရာရွိတာေလးေတြ ႐ြာထဲသြားလုပ္ေနေတာ့၊ မသိလိုက္ဘူး၊ သမီးရဲ႕ေျပာျပခ်က္အရ က်ြန္မသိရတာက၊ သမီးက အိမ္ေအာက္ကုတင္တြင္ အိပ္ေနတာကို၊ ကိုေအာင္ခ်မ္းဦးေရာက္လာၿပီး
နင္နဲ႔ငါ လင္မယားလိုေနရေအာင္ေျပာၿပီ သမီးကိုဆြဲေခၚရာ သမီးက ေၾကာက္လို႔ထြက္ေျပးရာ ကိုေအာင္ခ်မ္းဦးကလိုက္ကာ အိမ္ေဘးနားမွာ သမီးကိုေပႊၿပီး ပုဒ္နွစ္လံုးၾကား ေခၚကာ သမီးကိုလုပ္ေနတံုး အဲဒီအခ်ိန္မွ အကိုျဖစ္သူ ေမာင္ျမင့္ျမတ္စိုးေရာက္ရွိလာၿပီ
း သားမယားျပဳက်င့္သူ ကိုေအာင္ခ်မ္းဦးနွင့္ေတြ႕ကာ မင္းငါညီမကို ဘာလုပ္တာလည္းေမးေတာ့ ငါလိုးတယ္ကြာလို႔ ေျပာရာ အကိုျဖစ္သူက လက္သီးျဖင့္လိုက္ထိုးရာ ထြက္ေျပးသြားခဲ့ေၾကာင္း သမီးကေျပာျပ၍ သိရပါတယ္ ဟု မိခင္ျဖစ္သူေဒၚသင္းသင္းဦးက News Watch ကိုေျပာသည္။
“အခုလို က်ြန္ေတာ္သမီးေလး အားဓမၼျပဳက်င့္ခံရတံုးက က်ြန္ေတာ္မရွိဘူး၊ ဖားကန္႔မွာ အလုပ္သြားလုပ္ေနတာ၊ အဲဒီအခ်ိန္က က်ြန္ေတာ္မိန္းမက၊ ဖုန္းဆက္ေျပာလိုသိရတယ္၊ အမျဖစ္သူကလည္း၊ ငါ့ေမာင္အလုပ္ရွိရင္မလာခဲ့နဲ႔၊ အမတို႔ရွိတယ္၊ ၾကည္လုပ္ထားလိုက္မယ္ေျပာတာနဲ႔၊
က်ြန္ေတာ္လည္းအလုပ္မအားတာနဲ႔ ၊အိမ္ျပန္မလာျဖစ္ဘူး၊ သၾကၤန္ကာလမွာအိမ္ျပန္လာၿပီး အေရးယူေဆာင္႐ြက္မႈမရွိလို႔ ယေန႔ မႏၲေလးၿမိဳ႕တက္လာၿပီး အခုလိုရင္ဖြင့္ရျခင္းျဖစ္ပါတယ္၊ ၂-၄-၂၀၁၉ ရက္ေန႔ကမွ တန္ဆည္ၿမိဳ႕နယ္ ရဲစခန္းတိုင္ၾကားရတယ္၊
၃-၄-၂၀၁၉ ရက္ေန႔မွာ ေတာင္႐ြာရွည္အုပ္ သရက္ကုန္းေက်း႐ြာ အုပ္ခ်ဳပ္ေရးမွဴးရံုးတြင္ ေက်းေအးဖို႔ တန္ဆည္ၿမိဳ႕မရဲစခန္းက နယ္ထိမ္းနွင့္ေနာက္ပါ ရဲေဘာ္တစ္ေယာက္က ဒီတင္ေအးခ်င္ေအး၊ မေအးလ်ွင္ တန္႔ဆည္ၿမိဳ႕မ ရဲစခန္းေရာက္သြားရင္ တရားလိုကေန တရားခံျဖစ္မည္ဟု ခ်ိန္းေျခာက္သျဖင့္ က်ြန္ေတာ္တို႔ ေၾကာက္သျဖင့္ မတိုင္ရဲပဲျဖစ္ခဲတာပါ၊
ေနာက္ ဆရာမႀကီး ေဒါဝင္းဝင္းေမာ္မွ အႀကံေပးသျဖင့္ ေတာင္သူလယ္သမားသမဂၢရံုး မႏၲေလးကို ေရာက္လာေၾကာင္း ဦးစိုးလင္းထိုက္က News Watch ကိုေျပာသည္။
အဆိုကိစၥနွင့္ပါတ္သက္၍ တန္႔ဆည္ၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ရဲမွဴးဦးဝင္းနိုင္အား ဆက္သြယ္ေမးျမန္းခဲရာ ျဖစ္စဥ္က ၂ လပိုင္းကပါ က်ြန္ေတာ္ထံကို တိုင္းၾကားတာက ၂-၄ -၂၀၁၉ က တိုင္းၾကားလို႔ စစ္ေဆးတာေတြလုပ္ၿပီး ေဆးစာယူျခင္း အမႈတည္ေဆာက္ျခင္းမ်ားျပဳလုပ္ကာ
မေန႔ကဘဲ (ပ)သ/၁၁၁/၂၀၁၉ ျဖင့္ အမႈဖြင့္လွစ္ကာ ရာဇာသတ္ႀကီးပုဒ္မ ၃၇၆/၅၁၁ တို႔ျဖင့္ အမႈဖြင့္ကာ ယေန႔ တရာရံုး၏ ခ်ဳပ္မိန္႔ျဖင့္ ဖမ္းဆီး ထိမ္းသိမ္းထားရွိေၾကာင္း တန္႔ဆည္ၿမိဳ႕မစခန္းမွဴးက News Watch ကို ေျဖၾကားခဲသည္။
News Watch
#Unicode Version#
ခြောက်နှစ်သမီးငယ်ကို သားမယားပြုကျင့်ခံရသဖြင့် ထိရောက်စွာ အမြန်ဆုံးအရေယူပေးစေရန် မိဘနှစ်ပါးကဆို
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန်ဆည်မြို့နယ်၊ ရွာရှည်တောင်ကျေးရွာအုပ်စု၊ သရက်ကုန်းကျေးရွာတွင် အသက်(၆)နှစ်သမီးငယ် အိမ်အောက်တွင် အိပ်နေစဉ် တရွာတည်းနေ မောင်အောင်ချမ်းဦးဆိုသူ (၁၅)နှစ်ခန့်က ၄-၂-၂၀၁၉ ရက်နေ့က သားမယားပြုကျင့်ခဲရာ သက်ဆိုင်ရာသို့ တိုင်ကြားထားသော်လည်း အရေယူဆောင်ရွက်မှု အားနည်းနေကြောင်း ဧပြီလ ၂၉ ရက်နေ့က မိဘနှစ်ပါးဖြစ်သူ ကိုစိုးလင်းထိုက်+မသင်းသင်းဦး တို့က News Watch ကိုပြောပါတယ်။
“ကျွန်မက သမီးအိမ်အောက်ကုတင်တွင် အိပ်နေသည့်အတွက် ကိုယ်လုပ်စရာရှိတာလေးတွေ ရွာထဲသွားလုပ်နေတော့၊ မသိလိုက်ဘူး၊ သမီးရဲ့ပြောပြချက်အရ ကျွန်မသိရတာက၊ သမီးက အိမ်အောက်ကုတင်တွင် အိပ်နေတာကို၊ ကိုအောင်ချမ်းဦးရောက်လာပြီး
နင်နဲ့ငါ လင်မယားလိုနေရအောင်ပြောပြီ သမီးကိုဆွဲခေါ်ရာ သမီးက ကြောက်လို့ထွက်ပြေးရာ ကိုအောင်ချမ်းဦးကလိုက်ကာ အိမ်ဘေးနားမှာ သမီးကိုပွှေပြီး ပုဒ်နှစ်လုံးကြား ခေါ်ကာ သမီးကိုလုပ်နေတုံး အဲဒီအချိန်မှ အကိုဖြစ်သူ မောင်မြင့်မြတ်စိုးရောက်ရှိလာပြီ
း သားမယားပြုကျင့်သူ ကိုအောင်ချမ်းဦးနှင့်တွေ့ကာ မင်းငါညီမကို ဘာလုပ်တာလည်းမေးတော့ ငါလိုးတယ်ကွာလို့ ပြောရာ အကိုဖြစ်သူက လက်သီးဖြင့်လိုက်ထိုးရာ ထွက်ပြေးသွားခဲ့ကြောင်း သမီးကပြောပြ၍ သိရပါတယ် ဟု မိခင်ဖြစ်သူဒေါ်သင်းသင်းဦးက News Watch ကိုပြောသည်။
“အခုလို ကျွန်တော်သမီးလေး အားဓမ္မပြုကျင့်ခံရတုံးက ကျွန်တော်မရှိဘူး၊ ဖားကန့်မှာ အလုပ်သွားလုပ်နေတာ၊ အဲဒီအချိန်က ကျွန်တော်မိန်းမက၊ ဖုန်းဆက်ပြောလိုသိရတယ်၊ အမဖြစ်သူကလည်း၊ ငါ့မောင်အလုပ်ရှိရင်မလာခဲ့နဲ့၊ အမတို့ရှိတယ်၊ ကြည်လုပ်ထားလိုက်မယ်ပြောတာနဲ့၊
ကျွန်တော်လည်းအလုပ်မအားတာနဲ့ ၊အိမ်ပြန်မလာဖြစ်ဘူး၊ သြင်္ကန်ကာလမှာအိမ်ပြန်လာပြီး အရေးယူဆောင်ရွက်မှုမရှိလို့ ယနေ့ မန္တလေးမြို့တက်လာပြီး အခုလိုရင်ဖွင့်ရခြင်းဖြစ်ပါတယ်၊ ၂-၄-၂၀၁၉ ရက်နေ့ကမှ တန်ဆည်မြို့နယ် ရဲစခန်းတိုင်ကြားရတယ်၊
၃-၄-၂၀၁၉ ရက်နေ့မှာ တောင်ရွာရှည်အုပ် သရက်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ကျေးအေးဖို့ တန်ဆည်မြို့မရဲစခန်းက နယ်ထိမ်းနှင့်နောက်ပါ ရဲဘော်တစ်ယောက်က ဒီတင်အေးချင်အေး၊ မအေးလျှင် တန့်ဆည်မြို့မ ရဲစခန်းရောက်သွားရင် တရားလိုကနေ တရားခံဖြစ်မည်ဟု ချိန်းခြောက်သဖြင့် ကျွန်တော်တို့ ကြောက်သဖြင့် မတိုင်ရဲပဲဖြစ်ခဲတာပါ၊
နောက် ဆရာမကြီး ဒေါဝင်းဝင်းမော်မှ အကြံပေးသဖြင့် တောင်သူလယ်သမားသမဂ္ဂရုံး မန္တလေးကို ရောက်လာကြောင်း ဦးစိုးလင်းထိုက်က News Watch ကိုပြောသည်။
အဆိုကိစ္စနှင့်ပါတ်သက်၍ တန့်ဆည်မြို့မရဲစခန်းမှ စခန်းမှူး ရဲမှူးဦးဝင်းနိုင်အား ဆက်သွယ်မေးမြန်းခဲရာ ဖြစ်စဉ်က ၂ လပိုင်းကပါ ကျွန်တော်ထံကို တိုင်းကြားတာက ၂-၄ -၂၀၁၉ က တိုင်းကြားလို့ စစ်ဆေးတာတွေလုပ်ပြီး ဆေးစာယူခြင်း အမှုတည်ဆောက်ခြင်းများပြုလုပ်ကာ
မနေ့ကဘဲ (ပ)သ/၁၁၁/၂၀၁၉ ဖြင့် အမှုဖွင့်လှစ်ကာ ရာဇာသတ်ကြီးပုဒ်မ ၃၇၆/၅၁၁ တို့ဖြင့် အမှုဖွင့်ကာ ယနေ့ တရာရုံး၏ ချုပ်မိန့်ဖြင့် ဖမ်းဆီး ထိမ်းသိမ်းထားရှိကြောင်း တန့်ဆည်မြို့မစခန်းမှူးက News Watch ကို ဖြေကြားခဲသည်။
News Watch
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment