မႏၲေလးၿမိဳ႕၊ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ ၃၀×၃၁လမ္းၾကား၊ ၆၆×၆၇လမ္းၾကားရွိ တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မွဴး႐ံုးတြင္ ဖြင့္လွစ္သ င္ၾကားလ်က္ရွိသည့္ မိုင္းအမ်ိဳးအစား အမ်ိဳးမ်ိဳးႏွင့္ မိုင္းရွာေဖြရွင္းလင္းျခင္း(ဆင့္ပြား)သင္တန္း(၁/၂၀၁၉)တြင္ ယေန႔(ေမ ၂၁) နံနက္ ၉ နာရီေက်ာ္အခ်ိန္ခန္႔က မိုင္ေထာင္ျခင္းႏွင့္ မိုင္းေဖာ္ျခင္း သင္ခန္းစာ လက္ေတြ႕သ႐ုပ္ျပသင္ၾကားေနစဥ္ ေလ့က်င့္ေရး (ပလပ္စတစ္နင္းမိုင္းအေသး M-14)အစား မိုင္းအစစ္ျဖင့္ မွားယြင္းအသံုးျပဳမိသျဖင့္ သင္တန္းနည္းျပ အပါ အဝင္ (၈)ဦး ဒဏ္ရာရရွိခဲ႔ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မွဴး႐ံုး သင္တန္းခန္းမေရွ႕တြင္ မိုင္ေထာင္ျခင္းႏွင့္ မိုင္းေဖာ္ျခင္းသင္ခန္းစာ (ပလပ္ စတစ္မိုင္း) ကို လက္ေတြ႕သ႐ုပ္ျပ သင္ၾကားေနစဥ္ သင္တန္းသားတစ္ဦးက မိုင္းေပၚသို႔ တက္နင္းမိရာမွ ေပါက္ကြဲမႈ ျဖစ္ပြားခဲ့ျခင္း ျဖစ္ၿပီး သင္တန္းဆရာအပါအဝင္ (၈)ဦး ဒဏ္ရာရရွိခဲ႔ျခင္းျဖစ္သည္။
ဒဏ္ရာရရွိသူမ်ားကို မႏၲေလး အေထြေထြေရာဂါကုေဆး႐ံုႀကီးသို႔ တင္ပို႔ကုသလ်က္ရွိၿပီး မႏၲေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႔ လံုၿခံဳေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီးႏွင့္ တာဝန္ရွိသူမ်ားက လိုအပ္သည္မ်ား စီမံေဆာင္ရြက္ေပးခဲ႔ေၾကာင္း သိရသည္။
Ah Lin Nge, The Mandalay News Journal
#Unicode Version#
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၃၀×၃၁လမ်းကြား၊ ၆၆×၆၇လမ်းကြားရှိ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးတွင် ဖွင့်လှစ်သ င်ကြားလျက်ရှိသည့် မိုင်းအမျိုးအစား အမျိုးမျိုးနှင့် မိုင်းရှာဖွေရှင်းလင်းခြင်း(ဆင့်ပွား)သင်တန်း(၁/၂၀၁၉)တွင် ယနေ့(မေ ၂၁) နံနက် ၉ နာရီကျော်အချိန်ခန့်က မိုင်ထောင်ခြင်းနှင့် မိုင်းဖော်ခြင်း သင်ခန်းစာ လက်တွေ့သရုပ်ပြသင်ကြားနေစဉ် လေ့ကျင့်ရေး (ပလပ်စတစ်နင်းမိုင်းအသေး M-14)အစား မိုင်းအစစ်ဖြင့် မှားယွင်းအသုံးပြုမိသဖြင့် သင်တန်းနည်းပြ အပါ အဝင် (၈)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး သင်တန်းခန်းမရှေ့တွင် မိုင်ထောင်ခြင်းနှင့် မိုင်းဖော်ခြင်းသင်ခန်းစာ (ပလပ် စတစ်မိုင်း) ကို လက်တွေ့သရုပ်ပြ သင်ကြားနေစဉ် သင်တန်းသားတစ်ဦးက မိုင်းပေါ်သို့ တက်နင်းမိရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး သင်တန်းဆရာအပါအဝင် (၈)ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
ဒဏ်ရာရရှိသူများကို မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးသို့ တင်ပို့ကုသလျက်ရှိပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက လိုအပ်သည်များ စီမံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Ah Lin Nge, The Mandalay News Journal
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Tuesday, May 21, 2019
မုိင္းရွင္းသင္တန္းပုိ႔ခ်စဥ္ ေလ့က်င့္ေရးမုိင္းအစား မုိင္းအစစ္ မွားသံုးမိသျဖင့္ ေပါက္ကြဲမႈျဖစ္ပြား
မုိင္းရွင္းသင္တန္းပုိ႔ခ်စဥ္ ေလ့က်င့္ေရးမုိင္းအစား မုိင္းအစစ္ မွားသံုးမိသျဖင့္ ေပါက္ကြဲမႈျဖစ္ပြား
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
May 21, 2019
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment