CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Tuesday, April 9, 2019
နာမည္္ဆိုး…ထြက္ေပၚလာတဲ႔ …ဇီးကုန္းသံေယာဇဥ္… ေကတီဗီ ကုိ …ရဲတပ္ဖြဲ ၀င္စီးပါၿပီ..
ဇီးကုန္းၿမိဳ႕ နယ္႐ွိ သံေယာဇဥ္ KTVဆိုင္နွင့္ပက္သက္၍ ေဖ့စ္ဘုတ္မွသတင္းေၾကာင့္ ဌာနဆိုင္ရာမွဝင္ေရာက္႐ွာေဖြ
ဇီးကုန္းၿမိဳ႕နယ္ အမွတ္(၃)ရပ္ကြက္ ရန္ကုန္-ျပည္ ကားလမ္း ႐ွိ သံေယာဇဥ္ KTV၌ မူးယစ္ေဆးဝါး မ်ားျဖန္႔ျဖဴး ေရာင္းခ် သံုးစြဲ ေနသည္ဆိုေသာ သတင္းမ်ား၊ ဆိုင္႐ွိမိန္းကေလးမ်ားအားကာမကိစၥမ်ားခိုင္းေစေနသည္ ဆိုေသာသတင္းမ်ား လူမႈကြန္ယက္ တြင္ ျပန္႔ႏွံ႔လာၿပီး
နာရီပိုင္းအတြင္း ဇီးကုန္းၿမိဳ႕နယ္ ရဲတပ္ဖြဲ႔ အပါအဝင္ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနရပ္ေက်းအုပ္ခ်ဳပ္ေရးမွဴးမ်ား မွ ဧၿပီ ၉ ရက္ေန႔လည္ ၃နာရီခန္႔တြင္ KTV စားေသာက္ဆိုင္ အား ဝင္ေရာက္႐ွာေဖြခဲ့ေၾကာင္း ဇီးကုန္းၿမိဳ႕မ ရဲစခန္းမွသိ႐ွိရသည္။
အဆိုပါ သတင္း လူမႈကြန္ယက္ (ေဖ့စ္ဘုတ္)တြင္ပ်ံ႕႔ႏွံ႕လာခဲ့ရာ ၿမိဳ႕နယ္ရဲမွဴး၏ၫႊန္ၾကားခ်က္ျဖင့္ ဇီးကုန္းၿမိဳ႕မ စခန္းမွဴး
ဒုရဲမွဴး ေက်ာ္သန္းႏိုင္ ဦးေဆာင္၍ အမွတ္(၁)ရပ္ကြက္အုပ္ခ်ဳပ္ေရးမႈး ဦးေအာင္ႀကီးသတင္းတပ္ဖြဲ႔ တပ္ၾကပ္ႀကီး ေဇာ္လင္းထြန္းရပ္မိရပ္ဖမ်ား ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ ဝန္ထမ္းမ်ား ျဖင့္ဝင္ေရာက္႐ွာေဖြရာအခန္း(၄)ခန္း႐ွာေဖြခဲ့ေၾကာင္း သိရသည္။
ရဲေမ ႏွစ္ဦးမွ KTVမွ အမ်ိဳးသမီး၁၈ ဦးအား ၎တို႔၏ လက္ကိုင္အိတ္မ်ားအလွျပင္ပစၥည္းမ်ားအဝတ္ ေသတၱာ မ်ားအား အေသးစိတ္ ႐ွာေဖြၾကရာ WY မူးယစ္ေဆးဝါး ႏွင့္ သက္ဆိုင္ေသာ ပစၥည္းမ်ား ကာမ ႏွင့္ဆိုင္ေသာ ကိစၥ မ်ား တစ္စံုတစ္ရာ မေတြ႔႐ွိခဲ့ေၾကာင္း ဝင္ေရာက္႐ွာေဖြရာ တြင္ပါဝင္သည့္ရပ္မိရပ္ဖတစ္ဦးမွေျပာၾကားသည္။
“လူမႈကြန္ယက္ မွာပ်ံ႕ႏွံ႕တဲ့ ဓာတ္ပံုထဲကစံုတြဲကအမ်ိဳးသားက ကိုမ်ိဳးပါ အမ်္ိဳးသမီးက မႏွင္းဆီပါကိုမ်ိဳးက ဒီဆိုင္မွာ လံုျခံဳေရးဝန္ထမ္းပါသူတို႔ႏွစ္ေယာက္ လူငယ္သဘာဝခ်စ္ႀကိဳက္ၾကလို႔ကြၽန္ေတာ္တို႔ကိုယ္တိုင္မႏွင္းဆီ ေနတဲ့ေရႊေတာင္ၿမိဳ႕နယ္ မွာသြားေရာက္ ေတာင္းရမ္းၿပီးမဂၤလာ ဆြမ္းေကြၽးေပးခဲ့ရပါတယ္။
လြန္ခဲ့တဲ့ တစ္လေလာက္က အေၾကာင္းတစ္စံုတစ္ရာေၾကာင့္အလုပ္က ထြက္သြား ၾကပါတယ္။ေနာက္တစ္ေယာက္ မိုင္ေလးဆိုတဲ့မိန္းကေလးကလည္း အလုပ္က ထြက္သြား တာၾကာပါၿပီ။ ကြၽန္ေတာ့ရဲ႕ လုပ္ငန္းေပၚမွာ မနာလိုလို႔အခုလို fbမွာတင္တာလို႔ ယူဆပါတယ္သက္ဆိုင္ရာ က ႐ွာေဖြတဲ့အခါမွာ လည္းသူတို႔ ေျပာသလို တစ္ခုမွ မေတြ႔႐ွိရပါဘူး “ဟုဆိုင္႐ွင္ ဦးေဇာ္ဝမ္းမွ ႐ွင္းျပသည္။
သံေယာဇဥ္ KTV သည္ ဇီးကုန္းၿမိဳ႕မ ရဲစခန္း ႏွင့္ကိုက္ (၃၀၀)ခန္႔သာ ကြာေဝး ၿပီး ရဲစခန္း မွ ၾကည့္လ်င္ ျမင္ႏိုင္ရာ နယ္ေျမ နီးစပ္မႈ႐ွ္ိေၾကာင္းလူမႈကြန္ယက္ တြင္ ပ်ံႏွံ႕ေနသျဖင့္ ႐ွာေဖြစစ္ေဆးခဲ့ေၾကာင္းမူးယစ္ေဆးဝါး ႏွင့္ ကာမကိစၥ မ်ား တစ္စံုတစ္ရာ မေတြ႔႐ွိရေၾကာင္းဇီးကုန္းၿမိဳ႕မရဲစခန္းမွ သတင္းရ႐ွိ သည္။သတင္းနွင့္ဓာတ္ပံု- သက္ခိုင္( ဇီးကုန္း )
BagoWeeklyJournal
Unicode ျဖင့္ဖတ္ရန္
ဇီးကုန်းမြို့ နယ်ရှိ သံယောဇဉ် KTVဆိုင်နှင့်ပက်သက်၍ ဖေ့စ်ဘုတ်မှသတင်းကြောင့် ဌာနဆိုင်ရာမှဝင်ရောက်ရှာဖွေ
ဇီးကုန်းမြို့နယ် အမှတ်(၃)ရပ်ကွက် ရန်ကုန်-ပြည် ကားလမ်း ရှိ သံယောဇဉ် KTV၌ မူးယစ်ဆေးဝါး များဖြန့်ဖြူး ရောင်းချ သုံးစွဲ နေသည်ဆိုသော သတင်းများ၊ ဆိုင်ရှိမိန်းကလေးများအားကာမကိစ္စများခိုင်းစေနေသည် ဆိုသောသတင်းများ လူမှုကွန်ယက် တွင် ပြန့်နှံ့လာပြီး
နာရီပိုင်းအတွင်း ဇီးကုန်းမြို့နယ် ရဲတပ်ဖွဲ့ အပါအဝင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရပ်ကျေးအုပ်ချုပ်ရေးမှူးများ မှ ဧပြီ ၉ ရက်နေ့လည် ၃နာရီခန့်တွင် KTV စားသောက်ဆိုင် အား ဝင်ရောက်ရှာဖွေခဲ့ကြောင်း ဇီးကုန်းမြို့မ ရဲစခန်းမှသိရှိရသည်။
အဆိုပါ သတင်း လူမှုကွန်ယက် (ဖေ့စ်ဘုတ်)တွင်ပျံ့နှံ့လာခဲ့ရာ မြို့နယ်ရဲမှူး၏ညွှန်ကြားချက်ဖြင့် ဇီးကုန်းမြို့မ စခန်းမှူး
ဒုရဲမှူး ကျော်သန်းနိုင် ဦးဆောင်၍ အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးအောင်ကြီးသတင်းတပ်ဖွဲ့ တပ်ကြပ်ကြီး ဇော်လင်းထွန်းရပ်မိရပ်ဖများ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ ဖြင့်ဝင်ရောက်ရှာဖွေရာအခန်း(၄)ခန်းရှာဖွေခဲ့ကြောင်း သိရသည်။
ရဲမေ နှစ်ဦးမှ KTVမှ အမျိုးသမီး၁၈ ဦးအား ၎င်းတို့၏ လက်ကိုင်အိတ်များအလှပြင်ပစ္စည်းများအဝတ် သေတ္တာ များအား အသေးစိတ် ရှာဖွေကြရာ WY မူးယစ်ဆေးဝါး နှင့် သက်ဆိုင်သော ပစ္စည်းများ ကာမ နှင့်ဆိုင်သော ကိစ္စ များ တစ်စုံတစ်ရာ မတွေ့ရှိခဲ့ကြောင်း ဝင်ရောက်ရှာဖွေရာ တွင်ပါဝင်သည့်ရပ်မိရပ်ဖတစ်ဦးမှပြောကြားသည်။
“လူမှုကွန်ယက် မှာပျံ့နှံ့တဲ့ ဓာတ်ပုံထဲကစုံတွဲကအမျိုးသားက ကိုမျိုးပါ အမျိုးသမီးက မနှင်းဆီပါကိုမျိုးက ဒီဆိုင်မှာ လုံခြုံရေးဝန်ထမ်းပါသူတို့နှစ်ယောက် လူငယ်သဘာဝချစ်ကြိုက်ကြလို့ကျွန်တော်တို့ကိုယ်တိုင်မနှင်းဆီ နေတဲ့ရွှေတောင်မြို့နယ် မှာသွားရောက် တောင်းရမ်းပြီးမင်္ဂလာ ဆွမ်းကျွေးပေးခဲ့ရပါတယ်။
လွန်ခဲ့တဲ့ တစ်လလောက်က အကြောင်းတစ်စုံတစ်ရာကြောင့်အလုပ်က ထွက်သွား ကြပါတယ်။နောက်တစ်ယောက် မိုင်လေးဆိုတဲ့မိန်းကလေးကလည်း အလုပ်က ထွက်သွား တာကြာပါပြီ။ ကျွန်တော့ရဲ့ လုပ်ငန်းပေါ်မှာ မနာလိုလို့အခုလို fbမှာတင်တာလို့ ယူဆပါတယ်သက်ဆိုင်ရာ က ရှာဖွေတဲ့အခါမှာ လည်းသူတို့ ပြောသလို တစ်ခုမှ မတွေ့ရှိရပါဘူး “ဟုဆိုင်ရှင် ဦးဇော်ဝမ်းမှ ရှင်းပြသည်။
သံယောဇဉ် KTV သည် ဇီးကုန်းမြို့မ ရဲစခန်း နှင့်ကိုက် (၃၀၀)ခန့်သာ ကွာဝေး ပြီး ရဲစခန်း မှ ကြည့်လျင် မြင်နိုင်ရာ နယ်မြေ နီးစပ်မှုရှိကြောင်းလူမှုကွန်ယက် တွင် ပျံနှံ့နေသဖြင့် ရှာဖွေစစ်ဆေးခဲ့ကြောင်းမူးယစ်ဆေးဝါး နှင့် ကာမကိစ္စ များ တစ်စုံတစ်ရာ မတွေ့ရှိရကြောင်းဇီးကုန်းမြို့မရဲစခန်းမှ သတင်းရရှိ သည်။သတင်းနှင့်ဓာတ်ပုံ- သက်ခိုင်( ဇီးကုန်း )
BagoWeeklyJournal
နာမည္္ဆိုး…ထြက္ေပၚလာတဲ႔ …ဇီးကုန္းသံေယာဇဥ္… ေကတီဗီ ကုိ …ရဲတပ္ဖြဲ ၀င္စီးပါၿပီ..
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
April 09, 2019
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment