CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, April 25, 2019
ကျီးပေါင်း ကိုယ်တွေ့ ပျောက်ကင်းဆေးနည်း
ကျီးပေါင်းကြောင့် မူးတတ်သူများ အသုံးတည့်ရင် သုံးလို့ရအောင် ဝါးပင်လေးကို ညွှန်ပြမျှဝေလိုက်ပါတယ်ရှင့်
အနာနဲ့ ဆေး တွေ့ကြပါစေ ”
ပုနန်း
#Unicode Version#
ပုနန်းကိုယ်တွေ့ပျောက်ကင်းခဲ့တာမို့ ဒီ post လေး ရေးပါရစေ
ကိုယ်ဟာအမြဲတမ်း ခေါင်းမူး အကြောတက် ခါးနာ အမြဲဖြစ်နေတတ်တယ် ။ သာမန်ပဲထင်လို့ နီးစပ်ရာ ဟိုဆေးသောက်ဒီဆေးသောက်နဲ့ နေခဲ့တယ် ။ နောက်ပိုင်း ခေါင်းမူးစိတ်လာတယ်
ကိုယ် ဘယ်ဘက်ခြမ်းက ထုံကျဉ်လာတယ်
ခါးလေးနည်းနည်း ကုန်းလိုက်တာနဲ့ ပောင် ဘယ်ဘက်ခြမ်းက ကျဉ်ပြီးကိုက်တက်လာတယ်
ပခုံးက ကြွက်သားတွေအရမ်းနာကျင်လာတယ် ရောဂါကတဖြည်းဖြည်း ရင့်လာသလိုပဲလေ
( သွေးတိုးလည်းရှိတော့ ဝလည်း ဝတော့ကွကိုယ် လေဖြတ်ချင်တဲ့ လက္ခဏာလို့ထင်ခဲ့တာ
အာရုံကြောဆရာဝန် ၊ အရိုးအကြော အထူးကုဆရာဝန်တွေနဲ့ ပြကြည့်တဲ့အခါမှ လည်ပင်းကျောရိုးကျီးပေါင်း တဲ့ ဆေးတွေသောက် ခဲဆွဲနဲ့ လုပ်ခဲ့ရတယ် မပျောက်ဘူးလို့ ကိုယ့်ဘာသာ ခံစားသိနေတယ် ။
ကိုယ်ဖြစ်နေတဲ့ ဝေဒနာကို မြင်နေတဲ့တပည့်တစ်ယောက်က ဝါးမင်းကိုသွေးလိမ်းကြည့်ပါလားလို့ ပြောလာလို့ အလွယ်တကူလည်း ရနေလို့ လိမ်းကြည့်ဖြစ်တယ် ။
သနပ်ခါးလိမ်းသလိုပါပဲ လိမ်းရတာခေါင်းမူးတာနဲ့ ကိုယ်တခြမ်းကျဉ်တာ ကြွက်သားနာတာတွေ သိသိသာသာ သက်သာလာပါတယ်ရှင့် ။ လိမ်းတာရက်ပိုင်းရှိသေးတယ်နော်
သူ့ကို … … ဝါးမင်း @ ဝါးပုတီး လို့ ခေါ်ပါတယ် ။
အလှပဲစိုက်စိုက် ကျန်းမာရေးအတွက်ပဲသုံးသုံး အရမ်းလှပြီး တန်ဖိုးရှိတဲ့ ဝါးမျိုးပါ ။
ကျီးပေါင်းကြောင့် မူးဝေခြင်းသက်သာစေတဲ့ဝါးမင်းပင်ပါ ။
ဝါးမင်းအဖျားကအချွန်နဲ့လည်း ကိုက်နေတဲ့နေရာတွေကို စုတ်ပေါက်သလို ပေါက်ပေးရင်လည်းသက်သာပါတယ်ရှင့် ဇက်ကြောတက်တာလည်း
ချက်ချင်း သက်သာပါတယ်ရှင့်
ကျီးပေါင်းကြောင့် မူးတတ်သူများ အသုံးတည့်ရင် သုံးလို့ရအောင် ဝါးပင်လေးကို ညှွန်ပြမျှဝေလိုက်ပါတယ်ရှင့်
သတိထားဖွယ် လည်ပင်းကျီးပေါင်း အန္တရာယ်
အဝလွန်ရောဂါ ခံစားနေရသူနဲ့လှုပ်ရှားမှုနည်းသူတွေဟာ အောက်ပါလက္ခဏာများ ဖြစ်ပြီဆိုလျှင် ကျီးပေါင်းရောဂါ ခံစားနေရပါပြီ … …
( ၁ ) ခေါင်းနောက်ခြင်း ကိုက်ခဲနာကျင်ခြင်း
( ၂ ) လည်ပင်းကြွက်သားများ နာကျင်တောင့်တင်းခြင်း
( ၃ ) ပခုံးပြင်ရှိ ကြွက်သားများ နာကျင်ခြင်း
( ၄ ) ခြေဖျားလက်ဖျားနှင့် လက်မောင်းများ ထုံကျဉ်ခြင်း
( ၅ ) ချာချာလည်အောင် မူးဝေခြင်း
အနာနဲ့ ဆေး တွေ့ကြပါစေ ”
ပုနန်း
ကျီးပေါင်း ကိုယ်တွေ့ ပျောက်ကင်းဆေးနည်း
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
April 25, 2019
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment