ရဲဇာနည်
#Unicode Version#
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ အလယ်ရွာကျေးရွာနေ ဦးဝင်းမင်းသန့်(၄၂)နှစ် (ကျေးရွာအုပ်ချုပ်ရေးမှူး)သည် ဧပြီလ ၂၃ ရက်နေ့ ညနေ ၅ နာရီ ၃၅ မိနစ်အချိန်
ဘားဒရဲကျေးရွာနေ ဦးညွန့်လှိုင်(၄၁)နှစ်မှ ၎င်းကျေးရွာနေ ရဲမြင့်အောင်(၃၇)နှစ်က သားဖြစ်သူ အောင်ပြည့်စုံ(၂)နှစ် အား ဓားဖြင့်ခုတ်မှုဖြစ်ပွားကြောင်း ဖုန်းဆက်အကြောင်းသဖြင့် ဦးညွန့်လှိုင်နှင့်အတူ ရဲမြင့်အောင် နေအိမ်သို့ သွားရောက်ခဲ့ကြောင်း၊ ၎င်းနေအိမ်အနီး အရောက်တွင်
ရဲမြင့်အောင် ၏ဇနီးဖြစ်သူ မသန္တာမိုး(၃၅)နှစ်မှာ အောင်ပြည့်စုံ အား သွေးများပေကျံပွေ့ချီ၍ ပြေးလာသည်ကိုတွေ့ရှိသဖြင့် မေးမြန်းရာ ညနေ ၅ နာရီ အချိန်ခန့်က မသန္တာမိုး သည် နေအိမ်အနောက်ဘက်တွင် အဝတ်လျှော်နေစဉ် နေအိမ်အရှေ့ဘက်တွင် ရဲမြင့်အောင် မှ “ငါ့ကို ပြဿနာရှာတဲ့ကောင် သေဟ သေဟ” ဟုပြောသံကြား၍ သွားရောက်ကြည့်ရှုရာ
အောင်ပြည့်စုံ ဦးခေါင်းတွင် ဓားဒဏ်ရာဖြင့် သွေးများစီးကျနေသည်ကို တွေ့ရှိရပြီး ရဲမြင့်အောင် မှာ လက်ထဲတွင် အရိုးအသွား(၂၅)လက်မခန့်ရှိ ကိုင်းခုတ်ဓားဖြင့်ခုတ်ပြီး မတ်တပ်ရပ်နေသည်ကို တွေ့ရှိရ ကြောင်း ပြောပြသိရှိရသဖြင့်
အရေးယူပေးရန်တိုင်တန်းချက်အရ ရဲမြင့်အောင် အား မတ္တရာမြို့မရဲစခန်း (ပ)၂၅၁/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, April 24, 2019
ငါ့ကို ပြသနာရှာတဲ့ကောင် သေဟ ဆိုပြီး ၂ နှစ်သားလေးကို ဓါနဲ့ခုတ်တဲ့ ဖခင်
Related Post
- Next စားသောက်ဆိုင်ထဲမှာ ဖန်ခွက်ကျကွဲအောင်လုပ်သူကို မထီမဲ့မြင်လုပ်တယ်ဆိုပြီး ရဲတွေ သေနတ်ဒင်နဲ့ ၀ိုင်းထု
- Previous တက်သစ်နယ်မြေရဲစခန်းအပိုင်၌ အမျိုးသမီးတစ်ဦး ဒါးဒဏ်ရာ (၈)ချက်ဖြင့် အသတ်ခံရမှု ပြစ်မှုကျူး လွန်သူများ ဖမ်းဆီးရမိပြီ

Labels:
crime in Myanmar
ငါ့ကို ပြသနာရှာတဲ့ကောင် သေဟ ဆိုပြီး ၂ နှစ်သားလေးကို ဓါနဲ့ခုတ်တဲ့ ဖခင်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
April 24, 2019
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment