CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, April 1, 2019
ဘက်မတူလည်း လူမရွေးပါ
ဂုဏ်ပြုသယောင်နဲ့ စင်ပေါ်တက်လာပြီး
ဟဲဖီးဝိတ်တန်းချန်ပီယံက မစ်ဒယ်ဝိတ်တန်းချန်ပီယံကို
ခပ်ပြောင်ပြောင်ပဲ စိန်ခေါ်သွားတယ်။
သူစိန်ခေါ်တဲ့
လိုက်ဟဲဖီးဝိတ်တန်း ချန်ပီယံခါးပတ်ဆိုတာကလည်း
အောင်လ တစ်ပွဲသာထိုးပြီးရထားတဲ့ ခါးပတ်.
ပြောရရင် လိုက်ဟဲဖီးဝိတ်တန်းမှာ ယနေ့အချိန်ထိ
အောင်လအတွက် ပွဲအတွေ့အကြုံမရှိသေးဘူးလို့ ဆိုရမယ်။
ဒီတော့ အရှင်းဆုံးပြောရရင်.
ဟဲဖီးဝိတ်တန်းနဲ့ မစ်ဒယ်ဝိတ်တန်းဆိုတာ
အထက်နဲ့အောက် ကပ်ရပ်မဟုတ်
ကြားထဲမှာ လိုက်ဟဲဖီးဝိတ်တန်းရှိသေးတယ်။
ဆိုတော့ ....
အခုဟဲဖီးဝိတ်တန်းချန်ပီယံကြီးက
သူ့အောက် တစ်ဆင့်ကျော်ခွဆင်းပြီး
မစ်ဒယ်ဝိတ်တန်းချန်ပီယံလေးကို
စိန်ခေါ်တာပေါ့ ဏော်.
ခင်ဗျားဘာသာ ဘာကြီးဖြစ်နေနေ
အောင်လကတော့ သူတစ်ပွဲသာ
အတွေ့အကြုံရှိထားတဲ့
လိုက်ဟဲဖီးဝိတ်ချန်ပီယံခါးပတ်ကို
ကာကွယ်ဖို့ စိန်ခေါ်မှုကို
မဆိုင်းမတွလက်ခံပြီးပြီ။
ခုညထိုးသွားတဲ့
မစ်ဒယ်ဝိတ်တန်းချန်ပီယံကာကွယ်ပွဲ မတိုင်ခင်
အရင်ကတည်းက အောင်လပြောထားတဲ့
စကားရှိတယ်။ သူအနေနဲ့မစ်ဒယ်ဝိတ်တန်းကော
လိုက်ဟဲဖီးဝိတ်တန်းကော နှစ်ခုလုံးကို
ချန်ပီယံကာကွယ်ဖို့ခက်ခဲပါတယ်တဲ့
ဒီတော့ ..... သူ့အနေအထားနဲ့သင့်တော်တဲ့
မစ်ဒယ်ဝိတ်တန်းဘက်မှာသာ ပိုအာရုံစိုက်ကစားတော့မှာ
ဖြစ်တဲ့အတွက် လိုက်ဟဲဖီးဝိတ်
ချန်ပီယံခါးပတ်အတွက် စိန်ခေါ်သူရှိရင်
လက်ခံထိုးပေးမယ်
ရှုံးရှုံးနိုင်နိုင် လိုက်ဟဲဖီးဝိတ်
ချန်ပီယံခါးပတ်ကို စွန့်လွှတ်မယ်လို့ဆိုထားတယ်။
အခု ....
အောင်လလက်ခံလိုက်တဲ့
လိုက်ဟဲဖီးဝိတ်ချန်ပီယံကာကွယ်ပွဲမှာ
အောင်လအတွက် ရှုံးလည်းဂုဏ်ရှိတယ်။
နိုင်တော့ ပိုဂုဏ်တက်မယ်။
အဲ! တစ်ဆင့်ကျော်ခွဆင်းထိုးမယ့်
ဟိုဟဲဖီးဝိတ်တန်းချန်ပီယံပုဂ္ဂိုလ်ကြီးကတော့ ရှုံးသွားရင် .....
အရှက်ကို ဗြန်းဗြန်းကွဲမှာပေါ့ နော်။
အညာသားစွယ်စုံကျမ်း
ပခုက္ကူ
ဘက်မတူလည်း လူမရွေးပါ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
April 01, 2019
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment