CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, March 13, 2019
“ဗုဒ္ဓဘာသာဝင်တို့အတွက် မင်္ဂလာသတင်းကောင်း”
(၂၀.၃.၂၀၁၉)ရက်နေ့ တပေါင်းလပြည့်နေ့ သီတဂူဆရာတော်ဘုရားကြီး၏ သက်တော်(၈၂)နှစ်ပြည့် ၀ိဇာတမွေးနေ့နံနက် (၅း၀၀)နာရီအချိန်တွင် အဖြူရောင်ဆေးသင်္ကန်းကပ်လှူပြီးသော ရာဇမဏိစူဋ္ဌာကောင်းမှုတော်ဘုရားကြီးကို ပင့်သံဃာ အပါး(၁၀၀၀)တို့က ဗုဒ္ဓါဘိသေက အနေကဇာတင်မည်။ သံဃာအပါး(၁၀၀၀)ဆွမ်းလောင်းမည်။ ကမ္ဘာ့အကြီးဆုံး စည်တော်ကြီးကိုလည်း ဖွင့်လှစ်တီးခတ်ပါမည်။ ဆွမ်းလောင်းလှူနေစဉ် နိုင်ငံကျော် အဆိုတော်ဒေါ်ရီရီသန့်က ရတုပိုဒ်စုံရွတ်ဆိုပူဇော်ခြင်း၊ မိုးဇာဗျောအဖွဲ့က ဓမ္မတေးများ ပူဇော်သီဆိုခြင်း၊ နံနက်(၁၀း၀၀)အချိန်တွင် ဘုရားကြီး အရပ်(၄)မျက်နှာတို့တွင် စတုဒိသာ ထမင်းများ ကျွေးမွေးဧည့်ခံခြင်း၊ နေ့လယ် (၁၁း၀၀)နာရီတွင် “မြတရာ” အငြိမ့်ဖြင့် ဧည့်ခံဖျော်ဖြေမည်ဖြစ်ပါသည်။ ထို့အပြင် (၂၁.၃.၂၀၁၉)ရက် တပေါင်းလပြည့်ကျော်(၁)ရက်နေ့ နံနက်(၆း၀၀)နာရီအချိန်တွင် ပါမောက္ခချုပ်ဆရာတော်ကြီးနှင့် တပည့်များက သီလရှင်အပါး(၁၀၀၀)တို့ကို ဆွမ်းဆန်စိမ်းလောင်းလှူခြင်း အခမ်းအနားများရှိကြောင်းကို ကြိုတင်ကာ သတင်းကောင်းပါးလိုက်ရပါသည် ခင်ဗျာ။ တပြည်လုံး ဖိတ်ခေါ်ပါသည်။
သီတဂူဓမ္မသဘင်
“ဗုဒ္ဓဘာသာဝင်တို့အတွက် မင်္ဂလာသတင်းကောင်း”
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
March 13, 2019
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment