CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, March 5, 2019
မန္တလေး အောင်မြေသာစံမြို့နယ် ပညာရေးမှူး ဦးအောင်ကျော်မိုး
ကျွန်မ ဒေါ်မေသီရိဦး အလယ်ပြ အထက၂၅ မန္တလေး သည် ပညာရေးဌာနတွင် လုပ်သက်၁၁နှစ်ရှိခဲ့ပြီး ၁၁လုံး ဆယ်တန်းစာမေးပွဲစောင့်တာဝန်ကို ငြင်းခဲ့ခြင်း မရှိခဲ့ပါ။ကလေးမီးဖွားခွင့်ရရှိသော ၁နှစ်သာလွတ်ခဲ့ဖူးပါသည်။ ယခုနှစ်တွင် မတ်လ ၃ရက်က ကျွန်မသည် အူအတက်ပေါက်၍ ချက်ချင်း မန်းလေးတော်ဝင်ဆေးရုံတွင် ခွဲစိတ်ခဲ့ပါသည်။ ဆရာဝန်က ၁ပတ်ခန်း နားသင့်သည်ဟုဆေးစာထောက်ခံပေးသဖြင့် မန္တလေး အောင်မြေသာစံမြို့နယ် ပညာရေးမှူး ဦးအောင်ကျော်မိုးထံ ဆယ်တန်းကင်းလွတ်ပေးပါရန်တောင်းခံ သော်လည်း ထိုသူက ကျွန်မကိုယ်စား ခွင့်သွားတောင်းသူ ကျွန်မ၏ မိခင်နှင့် အမျိုးသားကို မိုက်မိုက်ရိုင်းရိုင်း ပြောဆိုလွှတ်ပါသည်း။
လုပ်ကြံခွင့်တိုင်သည်အထင်နှင့် ရက်ရက်စက်စက် ပြောဆိုလွှတ်ပါသည်။ လူနာကိုယ်တိုင် လာသတင်းပို့ရမည်ဟုလည်းဆိုပါသည်။
ကျွန်မ ဒီနေ့နေ့လည် ပဲ ဆေးရုံကိုခွင့်တောင်းပြီး TEO ရုံးကိုသွားတွေ့လိုက်ပါတယ်..TEO ကတော့ ထွက်မတွေ့ပါဘူး..လက်ထောက်က တာဝန်ယူဆောင်ရွက်ပေးမယ်ဆိုပြီး သူတို့မဟုတ်သလို တောင်းပန်လွှတ်လိုက်ပါတယ်
ကျွန်မရဲ့ ခွဲထုတ်လိုက်တဲ့ အူအတက်ပါ
အခု ဓာတ်ခွဲခန်းပို့ထားပါတယ်
ဒီနေ့ညနေ ဆေးရုံဆင်းရပါမယ်
ဆေးလက်မှတ်တွေကတော့ TEO ယူထားလိုက်ပါတယ်
ကျွန်မရဲ့ အမေနဲ့ အမျိုးသားကို
မိုက်မိုက်ရိုင်းရိုင်း ပြောနေတာကို သက်သေပြစရာ ကျွန်မတို့မှာ မရှိဘူးလေ..TEO က ငြင်းမှာပဲ...ကျွန်မတို့ အောင်မြေသာစံမြို့နယ် က ဆရာ ဆရာမတွေဟာ သူ့ဒဏ်ခံနေရတာကြာပါပြီရှင်
အထက်လူကြီးတွေများ အောက်ခြေဝန်ထမ်းကို နိုင်စားလိုက်ကြတာ
အဲဒီ အောင်မြေသာစံမြို့နယ် ပညာရေးမှူးက သူကိုယ်တိုင်ကျတော့ နေ့စဉ်ရုံးဖွင့်ရက် ၁၂နာရီကနေ ၃ နာရီအထိကို ဘယ်ဆရာ ဆရာမလာလာ အတွေ့မခံဘူးဗျာ...အိပ် တာတဲ့..ကိုယ်တွေ့ပါ
အံ့အံ့
မန္တလေး အောင်မြေသာစံမြို့နယ် ပညာရေးမှူး ဦးအောင်ကျော်မိုး
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
March 05, 2019
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment