PPTT (4/17)သင္တန္းဆင္း ျမစ္ႀကီးနားၿမိဳ႕မွ ဆရာမေဒၚဇယ္ေနာသည္ ေခါင္လန္ဖူးၿမိဳ႕နယ္ ဖန္တံုေက်းရြာမွာ တာဝန္ထမ္းေဆာင္ရင္း ကြယ္လြန္သြားခ့ဲသာ(၄)လ ျပည့္သြားၿပီ။
ဥာဏစစ္သည္တို႔ရဲ႕ ေဆာင္ပုဒ္ႏွင့့္အညီ အသက္ပါေပးၿပီး တာဝန္ကို ေက်ပြန္စြာ ထမ္းေဆာင္ခ့ဲေသာ ဆရာမေဒၚဇယ္ေနာအား အစဥ္ထာဝရ ေလးစားဂုဏ္ျပဳလ်ွက္ပါ။
ဆရာမ ေဒၚဇယ္ေနာ ဟာ ေ၀းလံခက္ခဲလွတဲ႔ ေဒသမွာ သက္စြန္႔ၾကိဳးပမ္း တာ၀န္ထမ္းေဆာင္ရင္း အသက္ေပးခဲ႔ရသူ တစ္ေယာက္ျဖစ္ပါတယ္. . .
ဆရာမ တာ၀န္ထမ္းေဆာင္ခဲ႔ပံုေတြနဲ႔ ၀မ္းနည္းေၾကကြဲဖြယ္ေကာင္းလွတဲ႔ ဆရာမရဲ႕ ေနာက္ဆံုးအခ်ိန္ ဘ၀မွတ္တမ္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္…
PPTT(4/17)သင္တန္းမွ ဥာဏစစ္သည္ ဆရာမဇယ္ေနာ(ျမစ္ႀကီးနား)
တာ၀န္က်ရာ ရြာကေန ျမိဳ႕ကိုအလာမွာ မိုးေတြကရြာသြန္းလို႔ ဆိုယ္ကယ္ ကယ္ရီနဲ႔ လာေသာ္လည္း တြန္းရင္း၊လမ္းေလ်ွာက္ရင္းေပါ့….
အထုပ္ကမ်ားမ်ားနဲ႔ ကယ္ရီသမားေတြက လမ္းကမကြၽမ္းျပန္ေတာ့ ဘယ္လိုစီးရမလဲ မသိႏိုင္တ့ဲ အေျခအေန
ဆိုင္ကယ္စီးလို႔ မရေတာ့ မိုးသည္းထဲမွာ လမ္းေလ်ွာက္လာတ့ဲ သူငယ္ခ်င္း ဆရာမဇယ္ေနာ
ဆိုင္ကယ္ေတြ ပ်က္လို႔ ျပင္ေနတာကို ေစာင့္ရင္း ၾကာေနေတာ့ အပ်င္းေျပ သူငယ္ခ်င္းနဲ႔ ခဏတာ အေမာေျပ(ဝပ္ေ႐ွာ့မရိွတ့ဲ ၿမိဳ႕နယ္)
လမ္းေလ်ွာက္လာတ့ဲ တစ္လမ္းလံုးမွာ ေရတံခြန္မ်ားနဲ႔ မ်ားျပားလွတ့ဲ ေတာလမ္းေနရာေဒသ
မိုင္ေတြ မိုင္ေတြ လမ္းေလ်ွာက္ျဖတ္သန္းလာေတာ့ ေမာပန္းၿပီး ေနာက္မွာက်န္ေနတ့ဲလူမ်ားကို ခဏအနားယူရင္း ေစာင့္ေနတ့ဲ ဥာဏစစ္သည္ေတြ
ေတာလမ္းခရီးနဲ႔ ဆရာမမ်ားရဲ႕ ဝင္သက္ ထြက္သက္(ပင္ပင္ပန္းပန္း လမ္းေလွ်ာက္ခဲ႔ရေပမယ့္ ဒီလိုသဘာ၀အလွေလးေတြ ေတြ႕ေတာ့ အေမာေျပရျပန္)
လမ္းေလးေဖာက္ေနတ့ဲ ေနရာေလးမွာ ခရီးသြားေဖာ္မ်ားနဲ႔ အမွတ္တရ
လတိုင္း လစာထုတ္ဖို႔ေခါင္လန္ဖူးၿမိဳ႕ကို သြားရၿပီဆိုေတာ့ လမ္းေတြက ဒီလိုပါ
မေမာႏိုင္ မပန္းႏိုင္ ေပ်ာ္ရႊင္မႈေတြနဲ႔ ခရီးဆက္ေနတ့ဲ ဥာဏစစ္သည္ေတြ
ဆရာမေဒၚဇယ္ေနာေနမေကာင္းတာ ၾကားေတာ့ တာဝန္က်တ့ဲ ရြာေလးမွာ အစ္ကိုျဖစ္သူမွ လာေရာက္ ၾကည့္႐ႈၿပီး ျပန္ေခၚလာဖို႔ လုပ္ေနစဥ္…
တာဝန္က်တ့ဲ ဖန္တံုေက်းရြာမွ ဆရာမဇယ္ေနာကို ဤသို႔ ထမ္းယူလာၾကစဥ္. .ကားမရွိ၊ ဆိုင္ကယ္နဲ႔လည္း တင္ေမာင္းလို႔မရ၊ ႏြားလွည္းနဲ႔ေတာင္ ေမာင္းလို႔မရလို႔ လူေတြ တစ္လွည့္စီ မျပီး သယ္ခဲ႔ၾကရတယ္…
ဆရာမ ဇယ္ေနာကို တစ္လမ္းလံုးမွာ ျပဳစုေစာင့္ေ႐ွာက္လာတ့ဲ သူနာျပဳဆရာမ
ဆုေတာင္းပြဲလုပ္ေနၾကတ့ဲ တစ္ျခားေက်ာင္းမွ ဆရာ၊ဆရာမမ်ား. . .ငိုသူကငို ရႈိက္သူကရႈိက္နဲ႔ . . .ဒီလိုေဒသမ်ိဳးမွာ . .ေနျပန္ေကာင္းပါေစလို႔ ဆုေတာင္းေပးယံုကလြဲလို႔ သူတို႔ေတြ ဘာမွ မတတ္ႏိုင္ခဲ႔ၾက.
ဆရာမ ဇယ္ေနာ၏ ႐ုပ္အေလာင္း
ဆုေတာင္းေတြ မျပည့္ခဲ႔ၾကပါဘူး. . ေတာင္ေပၚ ေျမကို အလင္းေရာင္ေတြ ေပးခ်င္လြန္းလွတဲ႔ မီးအိမ္ရွင္ေလးကေတာ့ မလင္းႏိုင္ေတာ့ပါဘူး. . .
သူခ်စ္တဲ႔ေတာင္ေပၚေျမရယ္ . . သူခ်စ္တဲ႔ကေလးေတြရယ္. . သူခ်စ္တဲ႔ သူငယ္ခ်င္းေတြနဲ႔ မိသားစုကို ထာ၀ရႏႈတ္ဆက္သြားပါျပီ….
နယ္ျခားေစာင့္အဖြဲ႔အစည္းရဲ႕ ပ့ံပိုးကူညီမႈေၾကာင့္ အသုဘကို ဤသို႔ လွပေအာင္ ျပင္ဆင္ေပးႏိုင္ခဲ႔
ဆရာမဇယ္ေနာ၏ ေနာက္ဆံုး ထြက္သက္ျဖစ္တ့ဲ နယ္စပ္ရြာေလးျဖစ္ေသာ ရိွန္းေခါင္ ျပည္သူ႔စစ္ ေဆးခန္း
ဆရာမ ဇယ္ေနာ၏႐ုပ္အေလာင္းအား ေနာက္ဆံုးခရီးပို႔ေဆာင္ဖို႔ သယ္လာၾကစဥ္
ဆရာမ ဇယ္ေနာ၏ အသုဘပို႔ ျမင္ကြင္း
အစ္ကိုျဖစ္သူမွ ညီမေလး ဆရာမဇယ္ေနာအား ေနာက္ဆံုး ခရီးမပို႔ခင္ ၾကည့္႐ႈေနစဥ္😢😢
အလက(ခြဲ)ဖန္တံု ေက်ာင္းအုပ္ႀကီးမွ ဆရာမဇယ္ေနာအား အမိန္႔ျပန္ေနစဥ္. . .(သင္သြားလိုရာ သြားႏိုင္ျပီတဲ႔လား. . .
ဆရာမေလးတစ္ေယာက္အေနနဲ႔ သူသြားခ်င္တဲ႔ေနရာက စာသင္ေက်ာင္းနဲ႔ မိဘေတြအိမ္ပဲျဖစ္မွာပါ. . .သင္သြားလိုရာ သြားႏိုင္ျပီဆိုေပမယ့္ တကယ္က သြားခ်င္တဲ႔ေနရာကို သြားခြင့္မရွိေတာ့ပါဘူး)
ဆရာမ ဇယ္ေနာ၏ ႐ုပ္အေလာင္းအား ပိတ္စဥ္
ဆရာမဇယ္ေနာအတြက္ ညမွာ ဆုမြန္ေကာင္း ေတာင္းစဥ္
ဆရာမေဒၚဇယ္ေနာ ၿငိမ္းခ်မ္းတ့ဲေနရာ ဘဝေလးမွာ ထာဝရ နားခိုအိပ္စက္ႏိုင္ပါေစလို႔ ဆုေတာင္းေပးပါသည္။
Soe Lay
#Unicode Version#
PPTT (4/17)သင်တန်းဆင်း မြစ်ကြီးနားမြို့မှ ဆရာမဒေါ်ဇယ်နောသည် ခေါင်လန်ဖူးမြို့နယ် ဖန်တုံကျေးရွာမှာ တာဝန်ထမ်းဆောင်ရင်း ကွယ်လွန်သွားခဲ့သာ(၄)လ ပြည့်သွားပြီ။ဉာဏစစ်သည်တို့ရဲ့ ဆောင်ပုဒ်နှင့့်အညီ အသက်ပါပေးပြီး တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သော ဆရာမဒေါ်ဇယ်နောအား အစဉ်ထာဝရ လေးစားဂုဏ်ပြုလျှက်ပါ။
ဆရာမ ဒေါ်ဇယ်နော ဟာ ဝေးလံခက်ခဲလှတဲ့ ဒေသမှာ သက်စွန့်ကြိုးပမ်း တာဝန်ထမ်းဆောင်ရင်း အသက်ပေးခဲ့ရသူ တစ်ယောက်ဖြစ်ပါတယ်. . .
ဆရာမ တာဝန်ထမ်းဆောင်ခဲ့ပုံတွေနဲ့ ဝမ်းနည်းကြေကွဲဖွယ်ကောင်းလှတဲ့ ဆရာမရဲ့ နောက်ဆုံးအချိန် ဘဝမှတ်တမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်…
PPTT(4/17)သင်တန်းမှ ဉာဏစစ်သည် ဆရာမဇယ်နော(မြစ်ကြီးနား)
တာဝန်ကျရာ ရွာကနေ မြို့ကိုအလာမှာ မိုးတွေကရွာသွန်းလို့ ဆိုယ်ကယ် ကယ်ရီနဲ့ လာသော်လည်း တွန်းရင်း၊လမ်းလျှောက်ရင်းပေါ့….
အထုပ်ကများများနဲ့ ကယ်ရီသမားတွေက လမ်းကမကျွမ်းပြန်တော့ ဘယ်လိုစီးရမလဲ မသိနိုင်တဲ့ အခြေအနေ
ဆိုင်ကယ်စီးလို့ မရတော့ မိုးသည်းထဲမှာ လမ်းလျှောက်လာတဲ့ သူငယ်ချင်း ဆရာမဇယ်နော
ဆိုင်ကယ်တွေ ပျက်လို့ ပြင်နေတာကို စောင့်ရင်း ကြာနေတော့ အပျင်းပြေ သူငယ်ချင်းနဲ့ ခဏတာ အမောပြေ(ဝပ်ရှော့မရှိတဲ့ မြို့နယ်)
လမ်းလျှောက်လာတဲ့ တစ်လမ်းလုံးမှာ ရေတံခွန်များနဲ့ များပြားလှတဲ့ တောလမ်းနေရာဒေသ
မိုင်တွေ မိုင်တွေ လမ်းလျှောက်ဖြတ်သန်းလာတော့ မောပန်းပြီး နောက်မှာကျန်နေတဲ့လူများကို ခဏအနားယူရင်း စောင့်နေတဲ့ ဉာဏစစ်သည်တွေ
တောလမ်းခရီးနဲ့ ဆရာမများရဲ့ ဝင်သက် ထွက်သက်(ပင်ပင်ပန်းပန်း လမ်းလျှောက်ခဲ့ရပေမယ့် ဒီလိုသဘာဝအလှလေးတွေ တွေ့တော့ အမောပြေရပြန်)
လမ်းလေးဖောက်နေတဲ့ နေရာလေးမှာ ခရီးသွားဖော်များနဲ့ အမှတ်တရ
လတိုင်း လစာထုတ်ဖို့ခေါင်လန်ဖူးမြို့ကို သွားရပြီဆိုတော့ လမ်းတွေက ဒီလိုပါ
မမောနိုင် မပန်းနိုင် ပျော်ရွှင်မှုတွေနဲ့ ခရီးဆက်နေတဲ့ ဉာဏစစ်သည်တွေ
ဆရာမဒေါ်ဇယ်နောနေမကောင်းတာ ကြားတော့ တာဝန်ကျတဲ့ ရွာလေးမှာ အစ်ကိုဖြစ်သူမှ လာရောက် ကြည့်ရှုပြီး ပြန်ခေါ်လာဖို့ လုပ်နေစဉ်…
တာဝန်ကျတဲ့ ဖန်တုံကျေးရွာမှ ဆရာမဇယ်နောကို ဤသို့ ထမ်းယူလာကြစဉ်. .ကားမရှိ၊ ဆိုင်ကယ်နဲ့လည်း တင်မောင်းလို့မရ၊ နွားလှည်းနဲ့တောင် မောင်းလို့မရလို့ လူတွေ တစ်လှည့်စီ မပြီး သယ်ခဲ့ကြရတယ်…
ဆရာမ ဇယ်နောကို တစ်လမ်းလုံးမှာ ပြုစုစောင့်ရှောက်လာတဲ့ သူနာပြုဆရာမ
ဆုတောင်းပွဲလုပ်နေကြတဲ့ တစ်ခြားကျောင်းမှ ဆရာ၊ဆရာမများ. . .ငိုသူကငို ရှိုက်သူကရှိုက်နဲ့ . . .ဒီလိုဒေသမျိုးမှာ . .နေပြန်ကောင်းပါစေလို့ ဆုတောင်းပေးယုံကလွဲလို့ သူတို့တွေ ဘာမှ မတတ်နိုင်ခဲ့ကြ. .
ဆရာမ ဇယ်နော၏ ရုပ်အလောင်း
ဆုတောင်းတွေ မပြည့်ခဲ့ကြပါဘူး. . တောင်ပေါ် မြေကို အလင်းရောင်တွေ ပေးချင်လွန်းလှတဲ့ မီးအိမ်ရှင်လေးကတော့ မလင်းနိုင်တော့ပါဘူး. . .
သူချစ်တဲ့တောင်ပေါ်မြေရယ် . . သူချစ်တဲ့ကလေးတွေရယ်. . သူချစ်တဲ့ သူငယ်ချင်းတွေနဲ့ မိသားစုကို ထာဝရနှုတ်ဆက်သွားပါပြီ….
နယ်ခြားစောင့်အဖွဲ့အစည်းရဲ့ ပံ့ပိုးကူညီမှုကြောင့် အသုဘကို ဤသို့ လှပအောင် ပြင်ဆင်ပေးနိုင်ခဲ့
ဆရာမဇယ်နော၏ နောက်ဆုံး ထွက်သက်ဖြစ်တဲ့ နယ်စပ်ရွာလေးဖြစ်သော ရှိန်းခေါင် ပြည်သူ့စစ် ဆေးခန်း
ဆရာမ ဇယ်နော၏ရုပ်အလောင်းအား နောက်ဆုံးခရီးပို့ဆောင်ဖို့ သယ်လာကြစဉ်
ဆရာမ ဇယ်နော၏ အသုဘပို့ မြင်ကွင်း
အစ်ကိုဖြစ်သူမှ ညီမလေး ဆရာမဇယ်နောအား နောက်ဆုံး ခရီးမပို့ခင် ကြည့်ရှုနေစဉ်😢😢
အလက(ခွဲ)ဖန်တုံ ကျောင်းအုပ်ကြီးမှ ဆရာမဇယ်နောအား အမိန့်ပြန်နေစဉ်. . .(သင်သွားလိုရာ သွားနိုင်ပြီတဲ့လား. . .
ဆရာမလေးတစ်ယောက်အနေနဲ့ သူသွားချင်တဲ့နေရာက စာသင်ကျောင်းနဲ့ မိဘတွေအိမ်ပဲဖြစ်မှာပါ. . .သင်သွားလိုရာ သွားနိုင်ပြီဆိုပေမယ့် တကယ်က သွားချင်တဲ့နေရာကို သွားခွင့်မရှိတော့ပါဘူး)
ဆရာမ ဇယ်နော၏ ရုပ်အလောင်းအား ပိတ်စဉ်
ဆရာမဇယ်နောအတွက် ညမှာ ဆုမွန်ကောင်း တောင်းစဉ်
ဆရာမဒေါ်ဇယ်နော ငြိမ်းချမ်းတဲ့နေရာ ဘဝလေးမှာ ထာဝရ နားခိုအိပ်စက်နိုင်ပါစေလို့ ဆုတောင်းပေးပါသည်။
Soe Lay
No comments:
Post a Comment