ထိုင်းကနေ မြန်မာနိုင်ငံကို ပြန်လာတဲ့သူတွေကို မြဝတီ ကိုးသုံးလုံးဂိတ်မှာ ၂၀၁၇ ဇွန်လ ၂၉ ရက်နေ့က တွေ့ရစဉ် ။ Photo: Ye Min - AAC Facebook |
အခုအချိန်ဟာ ထိုင်းနိုင်ငံအတွင်း မူးယစ်ဆေးဝါးသုံးစွဲ၊ သယ်ဆောင်၊ ရောင်းဝယ်တာတွေကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်နေတဲ့ ကာလလည်းဖြစ်ပြီး လူကြုံသယ်ပေးတဲ့ပစ္စည်းတွေကနေ ပြဿနာတက်လာမှာကို စိတ်ပူတဲ့ အတွက် အခုလိုသတိပေးတာဖြစ်တယ်လို့ မြန်မာသံရုံး အလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦးက RFA ကို ပြောပါတယ်။
ဒါ့အပြင် ခွင့်ယူမယ့်ရက်တွေအတွက် အလုပ်ရှင်ဆီကို တရားဝင်ခွင့်စာတင်ဖို့၊ ထိုင်းကနေ ထွက်ခွာချိန်နဲ့ ပြန်လာ ချိန်တွေမှာ ထိုင်းလူဝင်မှုကြီးကြပ်ရေးဂိတ်တွေမှာ Re-Entry တုံးထုသွားဖို့၊ လမ်းခရီးလုံခြုံချောမွေ့အောင် ကိုယ်စီးမယ့်ယာဉ်တွေကို ကြိုတင်စီစဉ်ဆောင်ရွက်ထားကြဖို့ကိုလည်း အကြံပြုထားပါတယ်။
သင်္ကြန်ကာလပြန်ကြမယ့် မြန်မာအလုပ်သမားတွေအတွက် Re-entry တုံးဖိုး ကုန်ကျစရိတ်တွေကို သက်သာအောင် ထိုင်းနိုင်ငံလူဝင်မှုကြီးကြပ်ရေးနဲ့ ညှိနှိုင်းဆောင်ရွက်ထားပြီး တရားဝင် အတည်ပြုချက်ရပြီဆိုရင် သတင်းထုတ်ပြန်ပေးမယ်လို့လည်း သိရပါတယ်။
ထိုင်းနိုင်ငံမှာ တရားဝင် အလုပ်သမား သက်သေခံလက်မှတ်နဲ့ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၁၂ သိန်းကျော်ရှိနေပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့တာပါ။
RFA Burmese
https://www.rfa.org/burmese
No comments:
Post a Comment