ရဟန္းေတာ္ မ်ားအဖုိ႔ အစားအစာ ကုိ ဘုဥ္းေပးသုံးေဆာင္တဲ့ေနရာမွာ အစားအစာအတုိင္းအတာကုိေရာ၊ ကုိယ့္၀မ္းအတုိင္းအတာကုိေရာ သိရွိၿပီးသကာလ ဘုဥ္းေပးသုံးေဆာင္ရပါတယ္။ မိမိရဲ႕ သပိတ္၊ ပန္းကန္ ထဲကုိ ကုန္ႏုိင္သေလာက္သာထည့္ၿပီး ထည့္သေလာက္ ကုန္ေအာင္ ဘုဥ္းေပးသုံးေဆာင္ရပါတယ္။ အစားအစာ ကုိ ေဆးအျဖစ္မွတ္ယူၿပီး အစာလည္းေဆး ေဆးလည္းအစာျဖစ္ေအာင္ ဘုဥ္ေပးသုံးေဆာင္ရပါတယ္။ တစ္ခါက ဘုရားရွင္ ရဟန္းေတာ္မ်ားႏွင့္အတူ တစ္ေနရာကုိ ခရီးသြားစဥ္ ဘုရားရွင္က “ရဟန္းတုိ႔၊ ေန႔လြဲညစာ မစားၾကပါနဲ႔၊ ေန႔လြဲညစာမစားပဲ ေနတာက က်န္းမာေရးပုိေကာင္းပါတယ္။ ဖ်ားမႈ နာမႈ ကင္းေ၀းမယ္၊ စိတ္လန္းဆန္းမႈလည္းရရွိလာမယ္။ စြမ္းအင္ေတြတုိးပြါးလာၿပီး ေနရထုိင္ရတာ သက္ေတာင့္သက္သာျဖစ္လာပါလိမ့္မယ္” လုိ႔ေျပာဘူးပါတယ္။
(ကီဋာဂိရိသုတ္၊ မဇၥ်ိမနိကာယ္)
ဘုရားရွင္လက္ထက္ အေစာဦးကာလေတြတုန္းက ဘုရားရွင္ရဲ႕ ဒီလုိေန႔လြဲညစာမစားဘုိ႔ ဆုံးမစကားေတြကုိ လြယ္လြယ္ကူကူလက္ခံခဲ့ဟန္ေတာ့ မတူပါဘူး။ မဇၥ်ိမနိကယ္၊ လဋဳကိေကာပမသုတ္ထဲမွာ ညစာမစားရတာနဲ႔ပတ္သက္လုိ႔ ရွင္ဥဒါယီဆုိတဲ့ရဟန္းတစ္ပါးက ဘုရားရွင္ကုိ ဒီလုိ ေလွ်ာက္ခဲ့ဘူးပါတယ္။ “ျမတ္စြာဘုရား၊ တပည့္ေတာ္တုိ႔တေတြဟာ အရင္တုန္းကဆုိရင္ ေန႔ေရာ ညပါ အစာအာဟာရေတြကုိ ဘုဥ္းေပးသုံးေဆာင္ေနၾကတာပါ။ အခု အရွင္ဘုရားက မစားနဲ႔ဆုိေတာ့ တပည့္ေတာ္တုိ႔တေတြ စိတ္ဆင္းရဲမႈ အင္မတန္ျဖစ္ေနရပါတယ္ဘုရား။ ဒါေပမဲ့ တပည့္ေတာ္တုိ႔က အရွင္ဘုရားအေပၚမွာ ခ်စ္၊ ေၾကာက္၊ ရုိေသျခင္းရွိၾကလုိ႔ အရွင္ဘုရား စကား ကုိ နားေထာင္ကာ ညစာ မစားၾကပါဘူးဘုရား” တဲ့။ ဒီ့အျပင္ ရဟန္းေတာ္မ်ား ညစာစားျခင္းမွ ေရွာင္ၾကဥ္လုိက္လုိ႔ ရရွိတဲ့အက်ဳိးတရားေတြကုိ ဒီလဋဳကိေကာပမသုတ္ထဲမွာ အက်ယ္တ၀င့္ေဖာ္ျပထားပါတယ္။ အေတာ္ေလး စိတ္၀င္စားဖြယ္ေကာင္းလွပါတယ္။ ဆန္ေစ်း ဆီေဆးႀကီးေနတဲ့ ယေန႔လုိေခတ္ႀကီးမွာ ဘုရားရွင္ကသာ ရဟန္းေတာ္မ်ားကုိ ညစာမစားရ ဆုိတဲ့ ၀ိနည္းဥပေဒမထားခဲ့ဘူးဆုိရင္ (ရဟန္းေတာ္ေတြကုိ ညစာစားခြင့္ျပဳထားခဲ့မယ္ဆုိရင္) အရုဏ္ဆြမ္းအတြက္ တစ္ခါ ဆြမ္းခံထြက္၊ ေန႔ဆြမ္းအတြက္ တစ္ခါ ဆြမ္းခံထြက္၊ ညဆြမ္းအတြက္ တစ္ခါဆြမ္းခံထြက္ေနရေတာ့မွာေပါ့။ ဒီလုိသာ တစ္ေန႔ကုိ ဆြမ္းခံ သုံးခါထြက္ရမယ္ဆုိရင္ ရဟန္းေတာ္မ်ားဘက္ကလည္း မလြယ္ကူသလုိ ဆြမ္းလွဴဒါန္းရမည့္ ဒကာ ဒကာမမ်ားဘက္ကလည္း အင္မတန္ႀကီးေလးတဲ့ တာ၀န္ႀကီးကုိ ထမ္းေဆာင္ရေတာ့မွာပါ။
အားလုံးသိၿပီးသားျဖစ္တဲ့အတုိင္း ဘုရားရွင္ဟာ ဘုရားအျဖစ္နဲ႔ ၄၅ ႏွစ္ၾကာ ၄၅ ၀ါၾကာေနၿပီး အသက္ ၈၀ အရြယ္မွာ ပရိနိဗၺာန္စံေတာ္မူပါတယ္။ ဘုရားၿဖစ္ၿပီး ၄၅ ႏွစ္ထဲမွာ ပထမႏွစ္ ၂၀ မွာ ၀ိနည္းသိကၡာပုဒ္ေတြကုိ မပညတ္ရေသးပါဘူး။ ဆုိေတာ့ ၀ိနည္းစည္းကမ္းေတြ မရွိေသးဘူးေပါ့။ ဒီေတာ့ကား ညစာစားလုိတဲ့ရဟန္းေတာ္မ်ား ညစာ စားၾကမွာပါဘဲ။ ညစာအတြက္ ဆြမ္းခံထြက္ရမွာ ေသခ်ာပါတယ္။ ဒီလုိညစာစားျခင္းရဲ႕ ေဘးထြက္ဆုိးက်ဳိးနဲ႔ ညစာအတြက္ ဆြမ္းခံထြက္ရတဲ့ဒုကၡေတြကုိ ရွင္ဥဒါယီဆုိတဲ့ရဟန္းႀကီး ေနာက္ပုိင္းမွာ သေဘာေပါက္သြားပါတယ္။ ဆြမ္းခံထြက္ရတဲ့ဒုကၡေတြကုိ သူကုိယ္တုိင္ေတြ႔ႀကဳံခဲ့ရတာကုိး။ ဒါကုိ ဒီလဋဳကိေကာပမသုတ္ေတာ္မွာ ဒီလုိ မွတ္တမ္းတင္ခဲ့ပါေသးတယ္။ “အသွ်င္ဘုရား ေရွးကျဖစ္ဖူးသည္မွာ ရဟန္းတို႔သည္ ညဥ့္ေမွာင္မိုက္၌ ဆြမ္းခံလွည့္လည္ၾကကုန္သည္ ရွိေသာ္ အညစ္အေၾကးစြန္႔ရာသို႔လည္း ဝင္မိၾကကုန္၏၊ ညြန္တြင္းသို႔လည္း က်ၾကကုန္၏၊ ဆူးရွိေသာ တြင္းကိုလည္း နင္းမိၾကကုန္၏၊ အိပ္ေနေသာ ႏြားမကိုလည္း တက္နင္းမိၾကကုန္၏၊ ခိုးခဲ့ၿပီးေသာသူခိုး မခိုးရေသးေသာ သူခိုးတို႔ႏွင့္လည္း ေတြ႕ဆံုမိၾကကုန္၏၊ မာတုဂါမသည္မူလည္း ထိုရဟန္းကိုေမထုန္ အက်င့္ျဖင့္ ဖိတ္၏ ‘ေမထုန္က်င့္ရန္ ေျပာဆို၏’။ အသွ်င္ဘုရား ေရွးကျဖစ္ဖူးသည္မွာ တပည့္ေတာ္သည္ ညဥ့္ေမွာင္မိုက္၌ ဆြမ္းအလို႔ငွါ လွည့္လည္၏၊ အသွ်င္ဘုရား ခြက္ေဆးေၾကာေနေသာ မိန္းမတစ္ေယာက္သည္ လွ်ပ္စစ္ျပက္ေသာ အခိုက္၌ အကြၽႏု္ပ္ ကို့ျမင္၍ ‘အမေလး ကိုယ္က်ဳိးနဲပါေပါ့၊ ဘီလူးႀကီးပါတကား’ဟု လန္႔ေအာ္ပါ၏။ အသွ်င္ဘုရား ဤသို႔လန္႔ေအာ္ေသာ္ တပည့္ေတာ္သည္ ‘ႏွမ ငါသည္ ဘီလူးမဟုတ္ပါ၊ ဆြမ္းရပ္ေနေသာ ရဟန္းပါ’ ဟု ထိုမိန္းမကို ေျပာဆိုခဲ့ပါ၏၊
‘ရဟန္းအား မိဘမဲ့ေလေယာင္တကား၊ ရဟန္းအားမိဘမဲ့ေလေယာင္ တကား၊ ရဟန္း ထက္လွစြာေသာ ဓားငယ္ျဖင့္ သင္၏ ဝမ္းဗိုက္ကို ထိုးေဖာက္ျခင္းကျမတ္ေသး၏၊ ညဥ့္ေမွာင္မိုက္၌ ဝမ္းဟူေသာအေၾကာင္းေၾကာင့္ ဆြမ္းခံလွည့္လည္ျခင္းသည္ မျမတ္သည္သာတည္း’ ဟု ထိုမိန္းမက ဆိုပါ၏။” (မဇၥ်ိမနိကာယ္၊ လဋဳကိေကာပမသုတ္၊ ပုိဒ္ေရ ၁၄၈) ဒါက ဘုရားရွင္လက္ထက္က ညစာအတြက္ ဆြမ္းခံၾကြဘူးတဲ့ရဟန္းတစ္ပါးရဲ႕အေတြ႔အႀကဳံကုိ ေဖာ္ျပတာပါ။ ဘုရားရွင္ကလည္း ‘အၾကင္ရဟန္းသည္ မြန္းလြဲေသာအခါ၌ ခဲြဖြယ္ကိုေသာ္ လည္းေကာင္း၊ ေဘာဇဥ္ကိုေသာ္လည္းေကာင္း ခဲမူလည္း ခဲျငားအံ့၊ စားမူလည္း စားျငားအံ့၊ (ထိုရဟန္းအား) ပါစိတ္အာပတ္အျပစ္သင့္ေစ” ၀ိနည္းဥပေဒ တစ္ခုကုိ ထုတ္ခဲ့ပါတယ္။ ၀ိနယပိဋက၊ ပါစိတ္ပါဠိေတာ္မွာလာတဲ့ ဒီ၀ိကာလေဘာဇနသိကၡာပုဒ္အေၾကာင္းကုိ အက်ယ္မေျပာလုိေတာ့ပါဘူး။ ဒီေနရာမွာ ေျပာလုိတာက ဘုရားရွင္က ေန႔ ၁၂ နာရီမွ ေနာက္ေန႔မနက္ အရုဏ္တက္သည္အထိ အဆုိင္အခဲျဖစ္တဲ့ ထမင္း၊ ေခါက္ဆြဲ၊ ၾကာဇံ၊ မုန္႔ဟင္းခါး၊ ကိတ္မုန္႔၊ ေပါင္မုန္႔စတဲ့ အစုိင္အခဲျဖစ္တဲ့ အစားအစာ (Solid Foods) ေတြကုိသာ စားခြင့္မျပဳတာပါ။ အပ္စပ္ေအာင္လုပ္ထားတဲ့ သစ္သီးေဖ်ာ္ရည္ တုိ႔ကုိ ဘုဥ္းေပးသုံးေဆာင္ေကာင္းပါတယ္။ ဒါ့အျပင္ 100 Plus, Red Bull (ကၽြဲရုိင္း)လုိ အေအးမ်ဳိးေတြကုိလည္း က်န္းမာေရး အရ ေသာက္လုိ႔ရပါတယ္။ သီရိလကၤာႏုိင္ငံက လက္ဖက္ေျခာက္ထြက္တဲ့ႏုိင္ငံဆုိေတာ့ ညေနပုိင္း သီရိလကၤာ ဘုန္းႀကီးေက်ာင္း ေတြကုိ အလည္သြားရင္ လက္ဖက္ရည္ေတြနဲ႔ဧည့္ခံတာကုိ ႀကဳံဘူးပါတယ္။ ထုိင္းဘုန္းႀကီးေတြကေတာ့ ေကာ္ဖီ၊ မုိင္လုိစတာေတြကုိ ေသာက္ေကာင္းတယ္လုိ႔ ယူဆၿပီး ညေနပုိင္း ဘုဥ္းေပးသုံးေဆာင္ေလ့ရွိပါတယ္။
ႏြားႏုိ႔မထည့္ရင္ ညေနပုိင္း ေကာ္ဖီ လက္ဖက္ရည္ေသာက္ေကာင္းၿပီး ႏြားႏုိ႔မထည့္ရင္ေတာ့ မေသာက္ေကာင္းဘူးလုိ႔ ထုိင္းဘုန္းႀကီး သီရိလကၤာ ဘုန္းႀကီးတခ်ဳိ႕က ေျပာျပန္ပါတယ္။ ျမန္မာဘုန္းေတာ္ႀကီးမ်ားကေတာ့ ေကာ္ဖီ လက္ဖက္ရည္ေတြကုိ မေသာက္ေကာင္းဘူးလုိ႔ ယူဆပါတယ္။ ဒါေပမဲ့ ေထာပတ္သီးေဖ်ာ္ရည္၊ သေဘၤာသီးေဖ်ာ္ရည္လုိဟာမ်ဳိးေတြကုိ ႏုိ႔ဆီနဲ႔ ေဖ်ာ္ေသာက္တာကုိ ေနရာအေတာ္မ်ားမ်ားမွာ ေတြ႔ဘူးပါတယ္။ ဒီလုိေထာပတ္သီးေဖ်ာ္ရည္မ်ဳိး၊ သေဘၤာသီးေဖ်ာ္ရည္မ်ဳိးကုိ ေသာက္လုိ႔ရတယ္ဆုိရင္ ေကာ္ဖီ လက္ဖက္ရည္လည္း ေသာက္လုိ႔ရသင့္ပါတယ္။ ဒါ့အျပင္ ျမန္မာျပည္ အခ်ဳိ႕ေဒသေတြမွာေတာ့ ၾကက္သြန္သုတ္၊ ဂ်င္းသုတ္ေတြကုိ ညေနပုိင္းအခ်ိန္ေတြမွာ ရဟန္းေတာ္ မ်ား ဘုဥ္းေပးသုံးေဆာင္ေကာင္းတယ္လုိ႔ယူဆၿပီး ဆက္ကပ္လွဴဒါန္း ဘုဥ္းေပးသုံးေဆာင္ေနတာကုိ ေတြ႔ဘူးပါတယ္။ ၿခဳံၾကည့္လုိက္ရင္ ရဟန္းေတာ္ မ်ားအေနနဲ႔ ကုိယ္ေနေနတဲ့ေဂါစရဂါမ္ပတ္၀န္းက်င္က ဒကာ ဒကာမေတြအလုိအတုိင္း က်င့္သုံးေနၾကတယ္လုိ႔ထင္မိပါတယ္။ ေကာ္ဖီ လက္ဖက္ရည္ကုိ ညေနပုိင္းအခ်ိန္မွာ ရဟန္းေတာ္ေသာက္ရင္ ျမန္မာဒကာ ဒကာမမ်ားက ၀ိနည္းေတာ္နဲ႔ အညီမေနဘူးဆုိၿပီး အထင္ေသးတတ္ပါတယ္။ ဒီေတာ့ ညေနပုိင္းအခ်ိန္ေတြမွာ ျမန္မာရဟန္းေတာ္မ်ား ေကာ္ဖီလက္ဖက္ရည္မေသာက္ၾကပါဘူး။ ေထာပတ္သီးေဖ်ာ္ရည္၊ သေဘၤာသီးေဖ်ာ္ရည္လုိဟာမ်ဳိးေတြကုိ ေသာက္ရင္ေတာ့ ၀ိနည္းေတာ္နဲ႔ညီတယ္လုိ႔ ထင္တတ္ၾကပါတယ္။ ဆုိေတာ့ ညေနပုိင္းအခ်ိန္ေတြမ်ာ ျမန္မာရဟန္းေတာ္မ်ား ေထာပတ္သီးေဖ်ာ္ရည္၊ သေဘၤာသီးေဖ်ာ္ရည္ လုိဟာမ်ဳိးေတြကုိ ေသာက္ၾကျပန္ပါတယ္။
ျမန္မာႏုိင္ငံက ထင္ရွားတဲ့ဆရာေတာ္ႀကီးတစ္ပါးကေတာ့ ညေနပုိင္း ဘိလပ္ရည္ (ဟုိးတုန္းကေပၚခဲ့တဲ့ စိမ္းစိမ္းအရည္) ကုိေတာင္ ရဟန္းေတာ္ မ်ား ညေနပုိင္းေသာက္သင့္ မေသာက္သင့္ စဥ္းစားသင့္တယ္လုိ႔ မိန္႔ဘူးတယ္ဆုိတာကုိ တဆင့္စကားၾကားဘူးပါတယ္။ ဘာအစားအစာကုိ ဘယ္အခ်ိန္မွာပဲစားစား ဘာေၾကာင့္စားတယ္ဆုိတာကုိ သတိမူရပါမယ္။ ရဟန္းေတာ္ မ်ားအေနနဲ႔ အစားအစာ စားတဲ့ေနရာမွာ ဘုရားရွင္ က ဒီလုိ ဆင္ျခင္ၿပီး စားရမယ္လုိ႔ မိန္႔မွာခဲ့ပါတယ္။ “ဤသည့္စားဖြယ္၊ အမယ္မယ္ကုိ၊ ျမဴးရယ္မာန္ၾကြ၊ လွပေရဆင္း၊ ျပည့္ျဖဳိးျခင္းငွာ၊ မသုံးပါဘူး၊ ေလးျဖာဓာတ္ေဆာင္၊ ဤကုိယ္ေကာင္သည္၊ ရွည္ေအာင္တည္လ်က္၊ အသက္မွ်တန္း၊ မေမာပန္းျငား၊ ဘုရားသာသနာ၊ က်င့္ႏွစ္ျဖာကုိ၊ က်င့္ပါႏူိင္ေစ၊ ေစဒနာေဟာင္း-သစ္၊ မျဖစ္ေစရ၊ ယာပုိက္မွ်လစ္ ခပ္သိမ္းျပစ္ကုိ မျဖစ္ေလေအာင္၊ခ်မ္းေျမ႔ေအာင္ဟု သုံးေဆာင္မီွ၀ဲပါသတည္း။”
ကိုးကား: လဋဳကိေကာပမသုတ္၊ မဇၥ်ိမနိကာယ္ ကီဋာဂိရိသုတ္၊ မဇၥ်ိမနိကာယ္ ၀ိနယပိဋက၊ ပါစိတ္ပါဠိေတာ္
ျမန္မာအင္တာနက္စာၾကည့္တိုက္
#Unicode Version#
ရဟန်းတော် များအဖို့ အစားအစာ ကို ဘုဉ်းပေးသုံးဆောင်တဲ့နေရာမှာ အစားအစာအတိုင်းအတာကိုရော၊ ကိုယ့်ဝမ်းအတိုင်းအတာကိုရော သိရှိပြီးသကာလ ဘုဉ်းပေးသုံးဆောင်ရပါတယ်။ မိမိရဲ့ သပိတ်၊ ပန်းကန် ထဲကို ကုန်နိုင်သလောက်သာထည့်ပြီး ထည့်သလောက် ကုန်အောင် ဘုဉ်းပေးသုံးဆောင်ရပါတယ်။ အစားအစာ ကို ဆေးအဖြစ်မှတ်ယူပြီး အစာလည်းဆေး ဆေးလည်းအစာဖြစ်အောင် ဘုဉ်ပေးသုံးဆောင်ရပါတယ်။ တစ်ခါက ဘုရားရှင် ရဟန်းတော်များနှင့်အတူ တစ်နေရာကို ခရီးသွားစဉ် ဘုရားရှင်က “ရဟန်းတို့၊ နေ့လွဲညစာ မစားကြပါနဲ့၊ နေ့လွဲညစာမစားပဲ နေတာက ကျန်းမာရေးပိုကောင်းပါတယ်။ ဖျားမှု နာမှု ကင်းဝေးမယ်၊ စိတ်လန်းဆန်းမှုလည်းရရှိလာမယ်။ စွမ်းအင်တွေတိုးပွါးလာပြီး နေရထိုင်ရတာ သက်တောင့်သက်သာဖြစ်လာပါလိမ့်မယ်” လို့ပြောဘူးပါတယ်။ (ကီဋာဂိရိသုတ်၊ မဇ္ဈိမနိကာယ်) ဘုရားရှင်လက်ထက် အစောဦးကာလတွေတုန်းက ဘုရားရှင်ရဲ့ ဒီလိုနေ့လွဲညစာမစားဘို့ ဆုံးမစကားတွေကို လွယ်လွယ်ကူကူလက်ခံခဲ့ဟန်တော့ မတူပါဘူး။ မဇ္ဈိမနိကယ်၊ လဋုကိကောပမသုတ်ထဲမှာ ညစာမစားရတာနဲ့ပတ်သက်လို့ ရှင်ဥဒါယီဆိုတဲ့ရဟန်းတစ်ပါးက ဘုရားရှင်ကို ဒီလို လျှောက်ခဲ့ဘူးပါတယ်။ “မြတ်စွာဘုရား၊ တပည့်တော်တို့တတွေဟာ အရင်တုန်းကဆိုရင် နေ့ရော ညပါ အစာအာဟာရတွေကို ဘုဉ်းပေးသုံးဆောင်နေကြတာပါ။ အခု အရှင်ဘုရားက မစားနဲ့ဆိုတော့ တပည့်တော်တို့တတွေ စိတ်ဆင်းရဲမှု အင်မတန်ဖြစ်နေရပါတယ်ဘုရား။ ဒါပေမဲ့ တပည့်တော်တို့က အရှင်ဘုရားအပေါ်မှာ ချစ်၊ ကြောက်၊ ရိုသေခြင်းရှိကြလို့ အရှင်ဘုရား စကား ကို နားထောင်ကာ ညစာ မစားကြပါဘူးဘုရား” တဲ့။ ဒီ့အပြင် ရဟန်းတော်များ ညစာစားခြင်းမှ ရှောင်ကြဉ်လိုက်လို့ ရရှိတဲ့အကျိုးတရားတွေကို ဒီလဋုကိကောပမသုတ်ထဲမှာ အကျယ်တဝင့်ဖော်ပြထားပါတယ်။ အတော်လေး စိတ်ဝင်စားဖွယ်ကောင်းလှပါတယ်။ ဆန်ဈေး ဆီဆေးကြီးနေတဲ့ ယနေ့လိုခေတ်ကြီးမှာ ဘုရားရှင်ကသာ ရဟန်းတော်များကို ညစာမစားရ ဆိုတဲ့ ဝိနည်းဥပဒေမထားခဲ့ဘူးဆိုရင် (ရဟန်းတော်တွေကို ညစာစားခွင့်ပြုထားခဲ့မယ်ဆိုရင်) အရုဏ်ဆွမ်းအတွက် တစ်ခါ ဆွမ်းခံထွက်၊ နေ့ဆွမ်းအတွက် တစ်ခါ ဆွမ်းခံထွက်၊ ညဆွမ်းအတွက် တစ်ခါဆွမ်းခံထွက်နေရတော့မှာပေါ့။ ဒီလိုသာ တစ်နေ့ကို ဆွမ်းခံ သုံးခါထွက်ရမယ်ဆိုရင် ရဟန်းတော်များဘက်ကလည်း မလွယ်ကူသလို ဆွမ်းလှူဒါန်းရမည့် ဒကာ ဒကာမများဘက်ကလည်း အင်မတန်ကြီးလေးတဲ့ တာဝန်ကြီးကို ထမ်းဆောင်ရတော့မှာပါ။ အားလုံးသိပြီးသားဖြစ်တဲ့အတိုင်း ဘုရားရှင်ဟာ ဘုရားအဖြစ်နဲ့ ၄၅ နှစ်ကြာ ၄၅ ဝါကြာနေပြီး အသက် ၈၀ အရွယ်မှာ ပရိနိဗ္ဗာန်စံတော်မူပါတယ်။ ဘုရားဖြစ်ပြီး ၄၅ နှစ်ထဲမှာ ပထမနှစ် ၂၀ မှာ ဝိနည်းသိက္ခာပုဒ်တွေကို မပညတ်ရသေးပါဘူး။ ဆိုတော့ ဝိနည်းစည်းကမ်းတွေ မရှိသေးဘူးပေါ့။ ဒီတော့ကား ညစာစားလိုတဲ့ရဟန်းတော်များ ညစာ စားကြမှာပါဘဲ။ ညစာအတွက် ဆွမ်းခံထွက်ရမှာ သေချာပါတယ်။ ဒီလိုညစာစားခြင်းရဲ့ ဘေးထွက်ဆိုးကျိုးနဲ့ ညစာအတွက် ဆွမ်းခံထွက်ရတဲ့ဒုက္ခတွေကို ရှင်ဥဒါယီဆိုတဲ့ရဟန်းကြီး နောက်ပိုင်းမှာ သဘောပေါက်သွားပါတယ်။ ဆွမ်းခံထွက်ရတဲ့ဒုက္ခတွေကို သူကိုယ်တိုင်တွေ့ကြုံခဲ့ရတာကိုး။ ဒါကို ဒီလဋုကိကောပမသုတ်တော်မှာ ဒီလို မှတ်တမ်းတင်ခဲ့ပါသေးတယ်။ “အသျှင်ဘုရား ရှေးကဖြစ်ဖူးသည်မှာ ရဟန်းတို့သည် ညဉ့်မှောင်မိုက်၌ ဆွမ်းခံလှည့်လည်ကြကုန်သည် ရှိသော် အညစ်အကြေးစွန့်ရာသို့လည်း ဝင်မိကြကုန်၏၊ ညွန်တွင်းသို့လည်း ကျကြကုန်၏၊ ဆူးရှိသော တွင်းကိုလည်း နင်းမိကြကုန်၏၊ အိပ်နေသော နွားမကိုလည်း တက်နင်းမိကြကုန်၏၊ ခိုးခဲ့ပြီးသောသူခိုး မခိုးရသေးသော သူခိုးတို့နှင့်လည်း တွေ့ဆုံမိကြကုန်၏၊ မာတုဂါမသည်မူလည်း ထိုရဟန်းကိုမေထုန် အကျင့်ဖြင့် ဖိတ်၏ ‘မေထုန်ကျင့်ရန် ပြောဆို၏’။ အသျှင်ဘုရား ရှေးကဖြစ်ဖူးသည်မှာ တပည့်တော်သည် ညဉ့်မှောင်မိုက်၌ ဆွမ်းအလို့ငှါ လှည့်လည်၏၊ အသျှင်ဘုရား ခွက်ဆေးကြောနေသော မိန်းမတစ်ယောက်သည် လျှပ်စစ်ပြက်သော အခိုက်၌ အကျွနု်ပ် ကို့မြင်၍ ‘အမလေး ကိုယ်ကျိုးနဲပါပေါ့၊ ဘီလူးကြီးပါတကား’ဟု လန့်အော်ပါ၏။ အသျှင်ဘုရား ဤသို့လန့်အော်သော် တပည့်တော်သည် ‘နှမ ငါသည် ဘီလူးမဟုတ်ပါ၊ ဆွမ်းရပ်နေသော ရဟန်းပါ’ ဟု ထိုမိန်းမကို ပြောဆိုခဲ့ပါ၏၊ ‘ရဟန်းအား မိဘမဲ့လေယောင်တကား၊ ရဟန်းအားမိဘမဲ့လေယောင် တကား၊ ရဟန်း ထက်လှစွာသော ဓားငယ်ဖြင့် သင်၏ ဝမ်းဗိုက်ကို ထိုးဖောက်ခြင်းကမြတ်သေး၏၊ ညဉ့်မှောင်မိုက်၌ ဝမ်းဟူသောအကြောင်းကြောင့် ဆွမ်းခံလှည့်လည်ခြင်းသည် မမြတ်သည်သာတည်း’ ဟု ထိုမိန်းမက ဆိုပါ၏။” (မဇ္ဈိမနိကာယ်၊ လဋုကိကောပမသုတ်၊ ပိုဒ်ရေ ၁၄၈) ဒါက ဘုရားရှင်လက်ထက်က ညစာအတွက် ဆွမ်းခံကြွဘူးတဲ့ရဟန်းတစ်ပါးရဲ့အတွေ့အကြုံကို ဖော်ပြတာပါ။ ဘုရားရှင်ကလည်း ‘အကြင်ရဟန်းသည် မွန်းလွဲသောအခါ၌ ခွဲဖွယ်ကိုသော် လည်းကောင်း၊ ဘောဇဉ်ကိုသော်လည်းကောင်း ခဲမူလည်း ခဲငြားအံ့၊ စားမူလည်း စားငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ်အပြစ်သင့်စေ” ဝိနည်းဥပဒေ တစ်ခုကို ထုတ်ခဲ့ပါတယ်။ ဝိနယပိဋက၊ ပါစိတ်ပါဠိတော်မှာလာတဲ့ ဒီဝိကာလဘောဇနသိက္ခာပုဒ်အကြောင်းကို အကျယ်မပြောလိုတော့ပါဘူး။ ဒီနေရာမှာ ပြောလိုတာက ဘုရားရှင်က နေ့ ၁၂ နာရီမှ နောက်နေ့မနက် အရုဏ်တက်သည်အထိ အဆိုင်အခဲဖြစ်တဲ့ ထမင်း၊ ခေါက်ဆွဲ၊ ကြာဇံ၊ မုန့်ဟင်းခါး၊ ကိတ်မုန့်၊ ပေါင်မုန့်စတဲ့ အစိုင်အခဲဖြစ်တဲ့ အစားအစာ (Solid Foods) တွေကိုသာ စားခွင့်မပြုတာပါ။ အပ်စပ်အောင်လုပ်ထားတဲ့ သစ်သီးဖျော်ရည် တို့ကို ဘုဉ်းပေးသုံးဆောင်ကောင်းပါတယ်။ ဒါ့အပြင် 100 Plus, Red Bull (ကျွဲရိုင်း)လို အအေးမျိုးတွေကိုလည်း ကျန်းမာရေး အရ သောက်လို့ရပါတယ်။ သီရိလင်္ကာနိုင်ငံက လက်ဖက်ခြောက်ထွက်တဲ့နိုင်ငံဆိုတော့ ညနေပိုင်း သီရိလင်္ကာ ဘုန်းကြီးကျောင်း တွေကို အလည်သွားရင် လက်ဖက်ရည်တွေနဲ့ဧည့်ခံတာကို ကြုံဘူးပါတယ်။ ထိုင်းဘုန်းကြီးတွေကတော့ ကော်ဖီ၊ မိုင်လိုစတာတွေကို သောက်ကောင်းတယ်လို့ ယူဆပြီး ညနေပိုင်း ဘုဉ်းပေးသုံးဆောင်လေ့ရှိပါတယ်။ နွားနို့မထည့်ရင် ညနေပိုင်း ကော်ဖီ လက်ဖက်ရည်သောက်ကောင်းပြီး နွားနို့မထည့်ရင်တော့ မသောက်ကောင်းဘူးလို့ ထိုင်းဘုန်းကြီး သီရိလင်္ကာ ဘုန်းကြီးတချို့က ပြောပြန်ပါတယ်။ မြန်မာဘုန်းတော်ကြီးများကတော့ ကော်ဖီ လက်ဖက်ရည်တွေကို မသောက်ကောင်းဘူးလို့ ယူဆပါတယ်။ ဒါပေမဲ့ ထောပတ်သီးဖျော်ရည်၊ သင်္ဘောသီးဖျော်ရည်လိုဟာမျိုးတွေကို နို့ဆီနဲ့ ဖျော်သောက်တာကို နေရာအတော်များများမှာ တွေ့ဘူးပါတယ်။ ဒီလိုထောပတ်သီးဖျော်ရည်မျိုး၊ သင်္ဘောသီးဖျော်ရည်မျိုးကို သောက်လို့ရတယ်ဆိုရင် ကော်ဖီ လက်ဖက်ရည်လည်း သောက်လို့ရသင့်ပါတယ်။ ဒါ့အပြင် မြန်မာပြည် အချို့ဒေသတွေမှာတော့ ကြက်သွန်သုတ်၊ ဂျင်းသုတ်တွေကို ညနေပိုင်းအချိန်တွေမှာ ရဟန်းတော် များ ဘုဉ်းပေးသုံးဆောင်ကောင်းတယ်လို့ယူဆပြီး ဆက်ကပ်လှူဒါန်း ဘုဉ်းပေးသုံးဆောင်နေတာကို တွေ့ဘူးပါတယ်။ ခြုံကြည့်လိုက်ရင် ရဟန်းတော် များအနေနဲ့ ကိုယ်နေနေတဲ့ဂေါစရဂါမ်ပတ်ဝန်းကျင်က ဒကာ ဒကာမတွေအလိုအတိုင်း ကျင့်သုံးနေကြတယ်လို့ထင်မိပါတယ်။ ကော်ဖီ လက်ဖက်ရည်ကို ညနေပိုင်းအချိန်မှာ ရဟန်းတော်သောက်ရင် မြန်မာဒကာ ဒကာမများက ဝိနည်းတော်နဲ့ အညီမနေဘူးဆိုပြီး အထင်သေးတတ်ပါတယ်။ ဒီတော့ ညနေပိုင်းအချိန်တွေမှာ မြန်မာရဟန်းတော်များ ကော်ဖီလက်ဖက်ရည်မသောက်ကြပါဘူး။ ထောပတ်သီးဖျော်ရည်၊ သင်္ဘောသီးဖျော်ရည်လိုဟာမျိုးတွေကို သောက်ရင်တော့ ဝိနည်းတော်နဲ့ညီတယ်လို့ ထင်တတ်ကြပါတယ်။ ဆိုတော့ ညနေပိုင်းအချိန်တွေမျာ မြန်မာရဟန်းတော်များ ထောပတ်သီးဖျော်ရည်၊ သင်္ဘောသီးဖျော်ရည် လိုဟာမျိုးတွေကို သောက်ကြပြန်ပါတယ်။ မြန်မာနိုင်ငံက ထင်ရှားတဲ့ဆရာတော်ကြီးတစ်ပါးကတော့ ညနေပိုင်း ဘိလပ်ရည် (ဟိုးတုန်းကပေါ်ခဲ့တဲ့ စိမ်းစိမ်းအရည်) ကိုတောင် ရဟန်းတော် များ ညနေပိုင်းသောက်သင့် မသောက်သင့် စဉ်းစားသင့်တယ်လို့ မိန့်ဘူးတယ်ဆိုတာကို တဆင့်စကားကြားဘူးပါတယ်။ ဘာအစားအစာကို ဘယ်အချိန်မှာပဲစားစား ဘာကြောင့်စားတယ်ဆိုတာကို သတိမူရပါမယ်။ ရဟန်းတော် များအနေနဲ့ အစားအစာ စားတဲ့နေရာမှာ ဘုရားရှင် က ဒီလို ဆင်ခြင်ပြီး စားရမယ်လို့ မိန့်မှာခဲ့ပါတယ်။ “ဤသည့်စားဖွယ်၊ အမယ်မယ်ကို၊ မြူးရယ်မာန်ကြွ၊ လှပရေဆင်း၊ ပြည့်ဖြိုးခြင်းငှာ၊ မသုံးပါဘူး၊ လေးဖြာဓာတ်ဆောင်၊ ဤကိုယ်ကောင်သည်၊ ရှည်အောင်တည်လျက်၊ အသက်မျှတန်း၊ မမောပန်းငြား၊ ဘုရားသာသနာ၊ ကျင့်နှစ်ဖြာကို၊ ကျင့်ပါနိူင်စေ၊ စေဒနာဟောင်း-သစ်၊ မဖြစ်စေရ၊ ယာပိုက်မျှလစ် ခပ်သိမ်းပြစ်ကို မဖြစ်လေအောင်၊ချမ်းမြေ့အောင်ဟု သုံးဆောင်မှီဝဲပါသတည်း။”
ကိုးကား: လဋုကိကောပမသုတ်၊ မဇ္ဈိမနိကာယ် ကီဋာဂိရိသုတ်၊ မဇ္ဈိမနိကာယ် ဝိနယပိဋက၊ ပါစိတ်ပါဠိတော်
မြန်မာအင်တာနက်စာကြည့်တိုက်
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Thursday, February 7, 2019
ရဟန္းေတာ္ မ်ား ေန့လြဲညစာ မစားရျခင္းအေၾကာင္း
ရဟန္းေတာ္ မ်ား ေန့လြဲညစာ မစားရျခင္းအေၾကာင္း
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
February 07, 2019
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment