ထိုင်းမှာမွေးတဲ့ မိဘမဲ့ မြန်မာကလေးတွေကို ထိုင်းမှတ်ပုံတင်တွေ ဒီကနေ့ ထုတ်ပေးမယ် |
ထိုင်းနိုင်ငံမှာ နိုင်ငံမဲ့မရှိစေရဆိုပြီး ပြဌာန်းလိုက်တဲ့ ဥပဒေအရ ဒီကလေးငယ်တွေကို မှတ်ပုံတင်ထုတ်ပေးတာဖြစ်တယ်ဆိုပြီး ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
'ကလေးတွေကို ထိုင်းနိုင်ငံမှာ မွေးဖွားကြောင်း အထောက်အထားစစ်တယ်၊ သူတို့မှာ ဆွေမျိုးသားချင်းလုံးဝမရှိတာ၊ အသက် ၁၀ နှစ်အထက် အရွယ်ရှိသူတွေဖြစ်တယ်ဆိုတဲ့ အချက်တွေကို ၃ လ ကနေ ၆ လ အတွင်း အသေအချာစစ်ခဲ့ပြီးမှ မှတ်ပုံတင်ထုတ်ပေးတာ ဖြစ်တယ်' လို့ SAW အဖွဲ့က နာယက နိုင်ဆူရဖုန်ကောင်ကျန်တစ် က ပြောပါတယ်။
SAW ဂေဟာရဲ့ ဒါရိုက်တာဒေါ်အေးအေးမာကလည်း အခုမှတ်ပုံတင်ထုတ်ပေးဖို့ စိစစ်တဲ့အဖွဲ့ဟာ ပထမဆုံးအသုတ်ဖြစ်ပြီး နောက်ထပ်စိစစ်နေတဲ့ ကလေးငယ် ၇၀၀ ကျော် ရှိသေးတယ်လို့လည်း ပြောပါတယ်။
BBC Burmese
https://www.bbc.com/burmese
No comments:
Post a Comment