မြင်စိုင်းနားမှာ ထုံးကျောက်တောင်တွေ ပေါ |
မြင်စိုင်းဟာ ပုဂံပြီးရင် နောက်ကလာတဲ့ ပင်းယခေတ် သမိုင်းကို ဖော်ပြနိုင်တဲ့ သမိုင်းလက်ရာတွေ အဓိက တည်ရှိရာဒေသ ဖြစ်ပါ တယ်။
ပင်းယမြို့ မတည်ခင် မြင်စိုင်းမှာ အခြေစိုက်တဲ့ ရှမ်းညီနောင်သုံးပါးက ကျူးကျော်လာတဲ့ တရုတ်တပ်တွေကို ဒီမြို့ကနေ ခုခံခဲ့လို့ မြန်မာသမိုင်းမှာ ထင်ရှားခဲ့ပါတယ်။
ဒီမြင်စိုင်းဇုန်ထဲမှာ ထည့်သွင်းမထားပေမယ့် ပင်းယခေတ် လက်ရာ နံရံပန်းချီ တွေကျန်နေသေးတဲ့ ဂူတွေလည်း ဇုန်အနီးမှာ ရှိနေ ပါတယ်။
ပင်းယမြင်စိုင်းကောင်းစားတုန်းက စဥ့်ကွင်းအုတ်ချပ် |
ရှေးဟောင်းဇုန်ထဲမှာ မပါတဲ့ ဂူတွေဟာ ထုံးကျောက်တောင်တွေအနားမှာ ရှိလို့ မိုင်းခွဲတဲ့အခါ ပြိုကျပျက်စီးတာတွေ ရှိတယ်လို့ မြန်မာ နိုင်ငံ ရှေးဟောင်း သုတေသန ပညာရှင်အသင်းရဲ့ အတွင်းရေးမှူး ဦးသူရအောင်က ဘီဘီစီကို ပြောပြပါတယ်။
ပင်းယက ရှေးဟောင်းနံရံပန်းချီ |
မိုင်းခွဲတာတွေကြောင့် နံရံပန်းချီတွေထိခိုက် နေတာတွေ ဆက်မဖြစ်အောင် ရပ်ခိုင်းဖို့ ဒေသဆိုင်ရာ အာဏာပိုင်တွေကို အကြောင်း ကြားပြီး ဒီဂူတွေကို သွားစစ်ဆေး နေတယ်လို့ ရှေးဟောင်းသုတေသနနဲ့ အမျိုးသား ပြတိုက် ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်က ဘီဘီစီကို ပြောပြပါတယ်။
ပင်းယဒေသက ရှေးဟောင်းဘုရားတဆူ |
ဒီလက်ရာတွေ မပျောက်ပျက်ဖို့ ဇုန်ဧရိယာကို တိုးချဲ့ပြီး အစိုးရက ထိန်းသိမ်း ဖို့ လိုနေပြီ လို့လည်း ရှေးဟောင်း သုတေသန ပညာရှင် အသင်းက ထောက်ပြပါတယ်။
BBC Burmese
https://www.bbc.com/burmese
No comments:
Post a Comment