နိုင်ငံကြီးသား ပီသတာ လေးစား အတုယူစရာကောင်းလိုက်တာဗျာ…
Line Walker -2 ရုပ်ရှင်ဇာတ်ကားရိုက်ကူးရန် ရန်ကုန်မြို့တွင် ရိုက်ကူးနိုင်ရေး ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ကြပါတယ်..။ ရန်ကုန်မြို့နေလူသူအများလည်း လာရောက်ကြည့်ရှုသူတွေ အများအပြားရှိခဲ့တယ်လို့ သိရပါတယ်..။
ထူးခြားတာလေးတစ်ခု မြန်မာတွေ အတုယူစရာလေးတစ်ခု ထင်ထင်ရှားလုပ်သွားတဲ့ စရိုက်လေးကို လေးစားလွန်းလို့ မျှဝေပေးလိုက်ပါတယ်..။
ရန်ကုန်မှာ ရုပ်ရှင်လာရိုက်တဲ့ အဖွဲ့က ရှုတင်ပြီးသွားချိန်မှာ ရိုက်ကွင်းတဝိုက်က အမှိုက်တွေ အကုန်ကောက် တဲ့အပြင် ဘေးကကြည့်နေသူတွေပစ်တဲ့ စီးကရက် တိုက အစ လိုက်ကောက်ပေးသွားတယ်..
ကျတော်တို့ မြန်မာတွေ နမူနာ ယူထားကြပါ
Photo : Soe Myat Thu
Line Walker -2 ရုပ်ရှင်ဇာတ်ကားရိုက်ကူးရန် ရန်ကုန်မြို့တွင် ရိုက်ကူးနိုင်ရေး ကြိုတင်ပြင်ဆင်
တရုတ်နိုင်ငံ၊ ဟောင်ကောင်မြို့ရှိ Shaw Brother Pictures Internation Ltd rမှ Line Walker-2 ရုပ်ရှင်ကားကို ရိုက်ကူးနိုင်ရန် အတွက် ရန်ကုန်မြို့၊မဟာဗန္ဓုလပန်းခြံလမ်း(အလယ်ဘလောက်)တွင် ယနေ့(ဖေဖော်ဝါရီ ၁၇ရက်)နံနက်ပိုင်းက ကြိုတင်ပြင်ဆင်မှုများ စတင်နေပြီဖြစ်ကြောင်းသိရသည်။
အဆိုပါ Line Walker-2 ရုပ်ရှင်ကားအား ရန်ကုန် မြို့တွင် လာရောက်ရိုက်ကူးစဉ် လမ်းပိတ်/လွှဲများ ဆောင်ရွက် သွားမည်ဖြစ် ကြောင်း ကိုလည်း ရန်ကုန်တိုင်းဒေသကြီး ယာဉ် စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီမှ ကြိုတင် အသိပေးထုတ်ပြန် ထားပြီး ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ စတင်ဆောင်ရွက်နေသည့် ယနေ့ (ဖေဖော်ဝါရီ ၁၇ရက်)တွင် နံနက် ၁၁နာရီမှ ညနေ ၄နာရီအထိ၊ မ ဟာဗန္ဓုလပန်းခြံလမ်းအား အနော်ရထာလမ်းမှ City Star ဟိုတယ်အထိ လမ်းပိတ်ထားကြောင်းသိရသည်။
ထို့အပြင် ဖေဖော်ဝါရီ ၁၈ ရက်နေ့ ၊ နံနက် ၀၆း၀၀ နာရီမှ မွန်းလွဲ ၁ နာရီအထိ ကြားတောရလမ်းအား ရွှေတိဂုံဘုရား၊ အရှေ့ ဘက်မုဒ်မှ ရေ တာရှည် လမ်းအထိ လည်း ကောင်း၊ ရိုက်ကူးမည့် ဖေဖော်ဝါရီ ၂၁ နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ၊ မဟာဗန္ဓုလပန်းခြံလမ်းအား အနော်ရထာလမ်းမှ
City Star ဟိုတယ်အထိ လည်းကောင်း၊ ဖေ ဖော် ၀ါရီ ၂၂ မှ ၂၆ ရက်နေ့အထိ၊ နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ဆူးလေဘုရား လမ်းအား အနော်ရထာလမ်း လူကူး ခုံး ကျော် တံတားမှ ဆူးလေဘုရား လူကူး မျဉ်းကျား (မီးသတ် ဘက်အခြမ်း)အထိ လည်း ကောင်း၊ လမ်းပိတ်/ရွက်မည် ဖြစ်၍ မော် တော်ယာဉ် မောင်းနှင်နေသူများအနေဖြင့် အခြားသင့်လျော် သည့်လမ်းများမှ မောင်းနှင် သွားလာ ကြရန် ယာဉ် စည်းကမ်း ထိန်း သိမ်းရေးကြီးကြပ်မှုကော်မတီမှ အသိပေးနှိုးဆော်ထားသည်။
သတင်း/ဓါတ်ပုံ – TCM – News Watch
No comments:
Post a Comment