CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, January 2, 2019
ရန်ကုန် passport ရုံးက ဦးဇင်း ခင်မိုးအေး
ဒီနေ့ တော်တော်ကို စိတ်တိုမိတယ် passport သက်တန်းတိုးတာ
၁၀ ရက်ရှိပါပြီ ဒီနေ့ ထုတ်ရမယ်ဆိုလို့ ထုတ်တယ် ထွက်လာတော့ pp ကိုင်ဆောင်သူရဲ့ လက်မှတ်နေရာမှာ ဦးဇင်း လက်မှတ်မဟုတ်ဘဲ
အမျိုးသမီး တစ်ယောက်ရဲ့ လက်မှတ်ကြီး ဖြစ်နေတယ်။
ခင်မိုးအေး - တဲ့
ဦးဇင်း အမြဲ ထိုးမြဲ လက်မှတ်ကို ဘယ်တော့မှ မြန်မာလို မထိုးဘူး
အင်္ဂလိပ်လိုပဲ ထိုးနေကြပါ မှားစရာလည်း ဘာအကြောင်းမှ
မရှိပါဘူး။
သက်တန်းတိုးတဲ့ အချိန်တုန်းက ဦးဇင်းရဲ့ ရှေ့မှာ လုပ်နေတဲ့သူက
အမျိုးသမီးပါ ကလေး ၂ ယောက်နဲ့ ကလေးတွေရဲ့ လက်မှတ်နေရာမှာ သူပဲ ထိုးတာ တွေ့ရပါတယ် သူနဲ့ပဲ မှားတာ ဖြစ်ပါလိမ့်မယ်။
သူ့လက်မှတ်ကို မဖျက်ဘဲ ဦးဇင်း ဝင်တဲ့အလှည့်မှာ သူ့လက်မှတ်ကြီးပဲ ဆက်ထည့်တဲ့ သဘော။
ခုက ဦးဇင်းလည်း အမှားမလုပ်ဘူး pp ကို ထုတ်ပြီးပြီးချင်း
ချက်ချင်းစစ်တယ် လက်မှတ်မှားနေတယ် အမျိုးသမီး လက်မှတ်ဖြစ်နေတယ်ဆိုပြီး ချက်ချင်း တင်ပြတယ်။
ဒါပေမယ့် မရဘူး အစက ပြန်လုပ်ရတယ် တခန်းဝင် တခန်းထွက်နဲ့
ရဲမူးတွေကို လိုက်တင်ပြပြီး ပြင်ဖို့ ပြန်လုပ်ရတယ် ပိုပြီး အလုပ်ရှုပ်သွားတယ် ဘဏ်ကို ငွေ ၂ သောင်း ပြန်သွင်းရတယ်
ကိုယ်ဘာမှ အမှားမလုပ်မိဘဲ အမှားလုပ်မိသလို အချိန်ကုန် ငွေကုန်
ပြန်လုပ်ရတာပဲ တာဝန်ခံမယ့်သူ ဘယ်သူမှ မရှိဘူး။
ခံပြင်းတာ ငွေထပ်ကုန်လို့ မဟုတ်ဘူး ကိုယ်မလုပ်မိတဲ့ အမှားအတွက်နဲ့ အချိန်ကုန် လူပင်ပန်းရတာ ခံပြင်းတာ။
unlucky 2019 ပဲ
အရှင်သာမိ
ရန်ကုန် passport ရုံးက ဦးဇင်း ခင်မိုးအေး
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 02, 2019
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment