သရ၀ဏ္(ျပည္)
သူဟာ၀န္ၾကီးခ်ဳပ္ျဖစ္ေနျပီး ဦးခင္ညြန့္ဟာ သာမန္လူတစ္ေယာက္ျဖစ္ေနျပီမို ့ အာဃာတမထားပဲ သေဘာထားၾကီးေၾကာင္းျပတဲ့အေနနဲ့ ရင္ၾကားေစ့ေရးမူ၀ါဒအရ စာေရးဆရာၾကီးဦးခင္ညြန့္ကို ထိုင္ကန္ေတာ့တာျဖစ္ပါေၾကာင္း ရန္ကုန္တိုင္း၀န္ၾကီးခ်ဳပ္ျဖိဳးမင္းသိမ္းက ရွင္းျပန္ေတာ့ အံ့ၾသျခင္းၾကီးစြာျဖစ္ရျပန္ပါတယ္ ။ ျဖိဳးမင္းသိန္းကိုလည္း ယခင္က ပုထုဇဥ္အဆင့္ပဲထင္ထားရာက ဘုရားျဖစ္မယ့္ အေလာင္းအလ်ာ မွန္း မေန့က( ၃၀.၁၂.၂၀၁၈ )ေန့က်မွသိရပါတယ္။ သူေျပာခ်င္တဲ့သေဘာကေတာ့ ဦးခင္ညြန့္ကို သူမမုန္းဘူး။သေဘာထားၾကီးတယ္ ၊အာဃာတမရွိဘူး ဆိုတဲ့သေဘာမ်ိဳးေျပာသြားရွင္းသြားပါတယ္ ။ အဲဒိေတာ့ ေ၀ဖန္သံေတြ ၾကြက္ၾကြက္ညံေနတဲ့ စာေရးဆရာေတြကပဲ သေဘာထားမၾကီးသလိုလို ၊ နိုင္က်ဥ္းေတြကပဲ အာဃာတေတြၾကီးေနသလိုလို ၊ ကိုမင္းကိုနိုင္တို့ ေမာင္စိန္၀င္း(ပုတီးကုန္း)တို ့ ၊ ကိုေလး(အင္း၀ဂုဏ္ရည္)တို့ ေမာင္သစ္လြင္(လူထု)တို ့၊ နိုင္ျမန္မာတို့ ၊သန္လ်ွင္ေမာင္ေမာင္ဦးတို ့ ၊ သ်ွီ(အင္ၾကင္း)တို ့၊ေမာင္ခ်စ္(သူရဲသမိန္)တို့၊ သရ၀ဏ္(ျပည္)တို့ကပဲ ခြင့္လြွတ္စိတ္နည္းေနသလိုလို အဓိပါယ္ျဖစ္ေနပါတယ္ ။ ၂၉.၁၂.၂၀၁၈ ေန့က ထူးျခားတဲ့သတင္းတစ္ပုဒ္တက္လာပါတယ္ ။ က်ြန္ေတာ္ကလည္း အဲဒိအခ်ိန္မွာ ေညာင္ေရြွစာေပေဟာေျပာပြဲ အတြက္ ရန္ကုန္ကေနေညာင္ေရြွကို အေ၀းေျပးလမ္းအတိုင္းကားနဲ့သြားေနတဲ့အခ်ိန္ပါ ။ ဟိုကဖုန္းဆက္ ဒီကဖုန္းဆက္ ၊ မေၾကမနပ္ေတြေျပာလြန္လြန္းလို့ေဖ့စ္ဘြတ္ၾကည့္လုိက္ေတာ့ လားလား ျမန္မာနုိင္ငံစာေရးဆရာအသင္းသက္ၾကီးပူေဇာ္ပြဲ သတင္းျဖစ္ေနတာကိုး ။ ဒီသက္ၾကီးပူေဇာ္ပြဲဟာ ယခင္နွစ္မ်ားစြာက အလြန္က်က္သေရရွိတဲ့ပြဲၾကီးေပါ့ ။ ကိုယ့္ကိုဖိတ္ဖိတ္မဖိတ္ဖိတ္ စာေရးဆရာ အငယ္ ၊စာေရးဆရာအလတ္ေတြက စာေရးဆရာၾကီးေတြကိုသြားကန္ေတာ့ၾကတဲ့ပြဲေပါ့ ။ ဒီနွစ္လဲအဲဒိလိုမွတ္လို့သြားၾကတာေပါ့ ။ အဲဒိမွာ ကန္ေတာ့ပြဲက်င္းပရာျမိဳ့ေတာ္ခမ္းမထဲကိုေရာက္ကာမွ ကန္ေတာ့ခံ သက္ၾကီးစာေပပညာရွင္ေတြၾကားမွာ စစ္ေထာက္လွမ္းေရး ညြွန္ၾကားေရးခ်ဳပ္ေဟာင္း ၊နိုင္ငံေတာ္ျငိမ္၀ပ္ပိျပားမွုတည္ေဆာက္ေရးအဖြဲ ့ (န.၀.တ) ၊ နိုင္ငံေတာ္ေအးခ်မ္းသာယာေရးနွင့္ဖြံ့ျဖိဳးေရးေကာင္စီ (န.အ.ဖ) အတြင္းေရးမွူး (၁) ၊ ၀န္ၾကီးခ်ဳပ္ ဗိုလ္ခ်ဳပ္ၾကီးေဟာင္းဦးခင္ညြန့္က မိန့္မိန့္ၾကီးထိုင္ေနတာကိုေတြ ့ရေတာ့တာပါပဲ ။ အခ်ိဳ့လဲ ကန္ေတာ့ပြဲကိုမတက္ပဲျပန္သူျပန္ ။ တခ်ိဳ့လဲၾကိတ္မနိုင္ခဲမရ ေဒါသထြက္သူထြက္ ။ အခ်ိဳ့လဲ ဆဲသူဆဲေပါ့ ။စာေပသမားစစ္စစ္ေတြက ဒီလိုခံစားခ်က္ေတြျဖစ္ေနေပမယ့္ ရန္ကုန္တိုင္းေဒသၾကီး၀န္ၾကီးခ်ဳပ္ကေတာ့ ဗိုလ္ခ်ဳပ္ခင္ညြွန့္ေရွ့မွာ ယို ့ယို့ေလးရပ္လို့ ။ ေလာကၾကီးဘာေတြျဖစ္ကုန္ျပီတုန္းရယ္ လို့ေတြးမိပါတယ္ ။တဆက္တည္းစဥ္းစားမိတာကေတာ့ စာေရးဆရာဆိုတာဘယ္လိုလူကိုေခါ ္တာလဲ လို့ လည္းေတြးမိပါတယ္ ။
စာေရးဖူးသူမွန္သမ်ွကိုစာေရးဆရာေခါ ္မလား။ ကိုယ့္မွာ ပိုက္ဆံရွိလို့စာအုပ္ထုပ္ဖူးသူတိုင္းကိုစာေရးသူေခါ ္မလား ။ အလုပ္တာ၀န္သေဘာအရ ရံုးေတြမွာ ၊ေက်ာင္းေတြမွာ ၊ သုေတသနလုပ္ငန္းေတြမွာ ၊စာၾကည့္တိုက္ေတြမွာ ၊ ေမာ္ကြန္းတိုက္ေတြ ၊ျပတိုက္ေတြ ၊မွတ္တမ္းဌာနေတြမွာ စာေတြေရးေနရသူကိုစာေရးဆရာလို့ေခါ ္မွာလား ။ ေသခ်ာတာတစ္ခုကေတာ့ စာေရးဖူးရံုနဲ့ေတာ့ စာေရးဆရာလို့ေခါ ္လို့မရဘူးထင္ပါတယ္ ။ စာအုပ္ထုပ္ဖူးရံုနဲ့လည္း စာေရးဆရာ လို့ ေခါ ္လို ့မျဖစ္ဖူးထင္တယ္ ။ ဟစ္တလာလဲ စာအုပ္ထုတ္ဖူးတယ္ ။ ေဒးဗစ္ဘက္ခမ္းလဲ သူ့ဘ၀အေၾကာင္းကို စာအုပ္ထုတ္ဖူးတယ္ ။ ၀ိန္းရူနီလဲ ဘ၀ဇာတ္ေၾကာင္းစာအုပ္ထုတ္ဖူးတယ္ ။ စိုးျမတ္သူဇာလဲစာေရးဖူးတယ္ ။စိုင္းစိုင္းခမ္းလွိုင္လဲစာေရးဖူးတယ္ ။သူမ်ားနိုင္ငံေတြမွာေတာ့ ကိုယ္တုိင္ေရး ရသစာအုပ္မဟုတ္ပဲ ကိုယ့္ဘ၀အေၾကာင္းကို စာေရးဆရာတစ္ေယာက္ကို ေျပာျပျပီးစာေခ်ာေအာင္ေရးခိုင္းတာကို စာေရးဆရာလို့မသတ္မွတ္ပါဘူး ။ သူ့အေၾကာင္းစာအုပ္ထြက္တယ္လို့ပဲေျပာပါတယ္ ။ ဒီလို ကိုယ့္ဘ၀အေၾကာင္းသူမ်ားေရခိုင္းျပီးထုတ္တဲ့ ကမၻာေက်ာ္ ဆယ္လီေတြအမ်ားၾကီးရွိပါတယ္ ။ စာေရးတယ္ဆိုတာ ဖန္တီးမွုအနုပညာပါရပါတယ္ ။ ကိုယ္ပိုင္ဖန္တီးမွု ( Own Creation ) နဲ့ အနုပညာ ေပါင္းစပ္နိုင္သူကိုမွ နာမည္ၾကီးၾကီးမၾကီးၾကီး စာေရးဆရာလို့ ေခါ ္ခံထိုက္မယ္ထင္ပါတယ္ ။ ဒီလိုမွမဟုတ္ရင္ ထမင္းဟင္းခ်က္နည္းေရးသူ ၊ဆပ္ျပာခ်က္နည္းေရးသူ ၊ နွစ္လံုးထီဂဏန္းေကာင္းေကာင္းတြက္နည္းေရးသူ ၊ နြားေဂြးသင္းနည္း ေရးသူစသည္ျဖင့္ ကိုယ္သန္ရာသန္ရာ ေတြကိုေလ်ွာက္ေရးေနသူတိုင္းကိုေတာ့ စာေရးဆရာ အျဖစ္ ေခါ ္နိုင္မယ္မထင္ပါဘူး ။ တခ်ိဳ့ကလည္း ပိုက္ဆံလည္းရွိ ၊ လုပ္ပိုင္ခြင့္အာဏာလည္းရွိေတာ့ တသက္လံုးမဟုတ္တာလုပ္ခဲ့ျပီး ဘ၀ေန၀င္ခ်ိန္ေရာက္မွ သူဘယ္ေလာက္ေကာင္းခဲ့တာ ဘယ္ေလာက္ေတာ္ခဲ့တာစတဲ့ အေၾကာင္းေတြကို ကိုယ့္ပိုက္ဆံနဲ့ကိုယ္စာအုပ္ထုတ္ျပီး သမိုင္းက်န္ခဲ့ေအာင္ဇြတ္လုပ္သူေတြလဲရွိပါတယ္ ။ ေနာက္ကြယ္ကေန ရွဲဒိုးေရးေပးသူေတြလဲ စာေပေလာကမွာ စုန္းျပူးေတြရွိပါတယ္ ။ဒါေတြဟာ စာေပတန္းမ၀င္သလို ၊စာေရးဆရာတန္းထဲလဲ ဘယ္လိုမွထည့္လို့မရပါဘူး ။
၁၉၆၂ ဗိုလ္ခ်ဳပ္ေန၀င္းလက္ထက္ကေန ၂၀၁၀ ေရြးေကာက္ပြဲ က်င္းပတဲ့အခ်ိန္အထိ ျမန္မာနုိင္ငံမွာ စာေပနဲ့ပတ္သက္တဲ့အသင္းအဖြဲ့ဆိုလို ့ အစိုးရအလိုက်ဖြဲ့ခဲ့ရတဲ့ စာေပလုပ္သားအဖြဲ့ (ေနာင္ျမန္မာနုိင္ငံစာေရးဆရာအသင္း ) ပဲဖြဲ့ခြင့္ရွိခဲ့ပါတယ္ ။ ၂၀၁၀ ေနာက္ပိုင္းမွာေတာ့ စာေပအသင္းအဖြဲ့ေတြကိုပိုျပီးလြတ္လပ္စြာ စုၾကဖြဲ့ၾကတဲ့ေနရာမွာ မတူကြဲျပားတဲ့အသင္းအဖြဲ့ေတြ ျဖစ္ေပါ ္လာပါတယ္ ။
စာေရးဆရာအသင္းအဖြဲ့ (၅ )ဖြဲ့ေလာက္အျပင္ ၊ ပံုနွိပ္ထုတ္ေ၀သူမ်ားအသင္းတို ့၊ ထုတ္ေ၀ျဖန့္ခ်ိအသင္းတို ့ ၊သတင္းစာဆရာအသင္းတို ့ နိုင္ငံျခားသတင္းေထာက္မ်ားအသင္းတို ့ အထက္ျမန္မာနုိင္ငံစာေရးဆရာအသင္းတို ့ စာနယ္ဇင္းေကာင္စီတို ့ ၊ ကာတြန္းဆရာမ်ားသမဂၢတို့ စသည္ျဖင့္ အျခားအဖြဲ့အစည္းမ်ားလည္း၇ွိၾကပါတယ္ ။ ကိုယ္နဲ့ မူ၀ါဒတူသူခ်င္းစုစည္းျပီး လူမွုေရး၊နိုင္ငံေရး၊ သာေရးနာေရး၊ အနုပညာ စသည္ျဖင့္လုပ္ၾကတာပါ ။ ဘယ္အဖြဲ့ထဲမွမပါပဲ ကိုယ့္ဘာသာ တစ္ကိုယ္ေတာ္ သီးသန့္ေနသူေတြလဲရွိပါတယ္ ။ စာေရးဆရာရဲ့တာ၀န္ဟာ စာေပဖန္တီးေရးသားျခင္းျဖစ္ပါတယ္ ။ အသက္ေမြး၀မ္းေက်ာင္းမွုသေဘာအရ နိုင္ငံေရးသမားစာေရးဆရာ ( ဥပမာသခင္နု ၊သိန္းေဖျမင့္) ၊ စစ္ဗိုလ္စာေရးဆရာ (ဥပမာတင္သန္းဦး) ၊ဆရာ၀န္စာေရးဆရာ (ဥပမာ ဂ်ဴး ၊ တင္ေမာင္သန္း ၊လကၤာရည္ေက်ာ္ စသည္ျဖင့္ ) ၊ အစိုးရ၀န္ထမ္းစာေရးဆရာ (မ်ားစြာရွိလို့ဥပမာမေပး) ၊ သရုပ္ေဆာင္စာေရးဆရာ ( ေမာင္သင္ ၊၀င္းဦး )၊ ေရွ့ေနစာေရးဆရာ ( ေမာင္ကိုယု ၊ ခ်စ္ကိုကိယု )စသည္ျဖင့္ ရွိၾကပါတယ္ ။ဒီေတာ့ တျခားအလုပ္တြဲလုပ္တိုင္းလည္း စာေရးဆရာအစစ္မဟုတ္ဘူးလို့ေတာ့ မဆိုနိုင္ပါ ။ ထမင္းစားဖို ့ (ဒါမွမဟုတ္ ) ဘြဲ့ယူထားလို ့ (ဒါမွမဟုတ္ ) အျခားအေၾကာင္းေၾကာင့္ စာေရးျခင္းနဲ့မဆုိင္တဲ့အလုပ္ကိုလုပ္ေနၾကရင္းတဖက္မွာ စာေရးေနတဲ့အနုပညာသမားစစ္စစ္ေတြလဲရွိနိုင္ပါတယ္ ။ တကယ္ေတာ့ စာေရးဆရာစစ္စစ္ဆိုတာ စာေရးတာကလြဲလို့အျခားအလုပ္ လုပ္တာမလုပ္တာ က အဓိကမက်ပဲ စာေရးျခင္းအလုပ္အေပါ ္မွာ အေလးအနက္ ခံယူျပီး ကိုယ့္စာေပလက္ရာေတြကို တစ္သက္လံုး စိုက္လုိက္မတ္တပ္ ဖန္တီးသူေတြကိုသာ စာေရးဆရာလို့ေခါ ္ရမွာျဖစ္ပါတယ္ ။ ေခ်ာင္လို့၀င္ေရး၊နာမည္လိုခ်င္လို့၀င္ေရး ၊ ကိုယ့္ဂုဏ္ကိုယ္ေဖာ္ခ်င္လို့၀င္ေရး သူမ်ား ကိုေတာ့ စာေရးဆရာအျဖစ္သတ္မွတ္နိုင္မယ္မဟုတ္ပါ ။ ဘာစာေတြေရးသလဲဆိုတာ အေရးၾကီးသလို ၊ ဘ၀ရဲ့အခ်ိန္ေတြ ဘယ္ေလာက္ေပးျပီး စာေရးဆရာဘ၀ကိုခံယူခဲ့သလဲဆိုတာလဲအေရးၾကီးပါတယ္ ။ အဲဒိေတာ့ ျပန္ခ်ဳပ္ရရင္ စာေရးဆရာအစစ္ဆိုတာ
(၁) ကိုယ္ပိုင္အားစိုက္ဖန္တီးတဲ့လက္ရာ မယ္မယ္ရရျပနိုင္ရမယ္
(၂) အနုပညာပါရမယ္
(၃) စာေရးျခင္းအေပါ ္မွာ ဘ၀ရဲ့အခ်ိန္အေတာ္မ်ားမ်ားေပးျပီးျဖတ္သန္းခဲ့ရမယ္ ။
(၄) စာေပအနုပညာသမားစိတ္ရွိရပါမယ္ ။
အဲဒိ ဆန္ကာ (၄) ခ်က္နဲ့တိုက္စစ္ၾကည့္တဲ့အခါ စာေလးတစ္ပုဒ္နွစ္ပုဒ္ေရးဖူးရံု၊ စာအုပ္ သံုးေလးအုပ္ထုတ္ဖူးရံုနဲ့ စာသမားအစစ္လို့မေခါ ္နိုင္ပဲ ဘ၀တစ္ခုလံုးနွစ္ျပီး စာေပအနုပညာကိုဖက္တြယ္လာခဲ့ၾကသူမ်ားကိုသာ စာေပသမားအစစ္လို ့ ေခါ ္ဆိုနိုင္မွာျဖစ္ပါတယ္ ။ နိဂံုးခ်ဳပ္အေနနဲ့ ကိုယ္ရာထူးအာဏာရေနစဥ္က စာေပအနုပညာသမားေတြအေပါ ္မွာ ရန္သူလိုဆက္ဆံနွိပ္ကြပ္ခဲ့သူ ၊ေက်ာင္းသားေတြအေပါ ္မွာ လူမဆန္စြာနွိပ္စက္ခဲ့သူ ၊ စာေရးဆရာၾကီးေမာင္ေသာ္ကအပါအ၀င္ စာေရးဆရာေတြရဲ့အသက္ဇီ၀ိန္ကိုနရသိမ္အက်ဥ္းေထာင္ထဲမွာနွုတ္ယူေစခဲ့သူ ၊ စာေပအေပါ ္မွာ စာေရးဆရာေတြအေပါ ္မွာ စာနာနားလည္မွု မုဒိတာမရွိခဲ့လြန္းသူ ၊ တိုင္းျပည္ကေအာ့နွလံုးနာရသူဟာ အိမ္နိမ့္စံဘ၀ေရာက္မွ စာအုပ္ေတြ ေရးပါတယ္လို့ ေၾကြးေၾကာ္ရံုနဲ့ အနုပညာသမား ျဖစ္ျပီလို့ ယူဆခဲ့ရင္ အဲဒိလိုယူဆလို့ဖိတ္ၾကားသူေတြေရာ ၊ ဖိတ္ၾကားခံရသူကာယကံရွင္ ေရာ စာေပသူငယ္နာမစင္ေသးတဲ့ သူေတြသာျဖစ္နိုင္ပါတယ္ ။
မိမိတစ္ေယာက္ျခင္းအေနနဲ့ ဗိုလ္ခ်ဳပ္ခင္ညြန့္ကို ကိုျဖိဳးမင္းသိမ္းအေနနဲ့ ကန္ေတာ့ခ်င္ရင္ကန္ေတာ့ခြင့္ရွိပါတယ္ ။ဦးခင္ညြန့္အိမ္အထိလုိက္သြားျပီး ကိုျဖိဳးမင္းသိမ္းက ရွိခိုးကန္ေတာ့ဂါရ၀ျပဳခ်င္ျပဳလို့ရပါတယ္ ။ NLD အထိမ္းအမွတ္ ပင္နီတိုက္ပံုၾကီး၀တ္ျပီး စစ္အာဏာရွင္ေရွ့မွာဒူးေထာက္တာေတာ့ျပည္သူလူထုနဲ့ နိုင္ငံေရးလုပ္ေဖာ္ကိုင္ဘက္ေတြကိုမထီမဲ့ျမင္ျပဳရာက်ပါတယ္။ အာဏာရွင္ေဟာင္းၾကီးေတြကိုေလးစားခ်င္ရင္ေလးစားခြင့္ရွိပါတယ္ ။ ဒါက ကိုျဖိဳးမင္းသိမ္းရဲ့ တစ္ကိုယ္ေတာ္ ပုဂၢလိက ကိစၥပါ ။ ဒါေပမယ့္ အမ်ားကိုေတာ့ ဒီလို လုပ္သင့္တယ္လို့နွပ္ေၾကာင္းေပးလို့မရသလို အေမစုေျပာေနတဲ့အမ်ိဳးသားရင္ၾကားေစ့ေရးနဲ့ေရာခ်လို့လဲမရပါဘူး ။ စာေရးဆရာျဖစ္မွုမျဖစ္မွု ၊ကန္ေတာ့ခံအဆင့္ရွိမုွမရွိမွုဆိုတဲ့ဂုဏ္ရည္ေတြကို အေပါ ္မွာေျပာျပျပီးသြားပါျပီ ။ကိုျဖိဳးမင္းသိမ္းကန္ေတာ့ခ်င္ရင္ ဦးခင္ညြန့္ကိုကန္ေတာ့လို့ရပါတယ္ ။ဒါေပမယ့္ အားလံုးက ရွိခိုးကန္ေတာ့ထိုက္တဲ့ ျမင့္ျမတ္ေသာစာေပပညာရွင္ၾကီးလိုလိုဘာလိုလိုေတာ့မလုပ္ပါနဲ့ ။
ခ်ဥ္ဖတ္အိုးထဲက်သြားတဲ့မုန္လာတစ္ဖတ္လို ျဖိဳးမင္းသိမ္းပါေရာျပီးျပည္သူ့ခ်ဥ္ဖတ္ျဖစ္သြားမယ္ ၊သမိုင္းတရားခံ ျဖစ္သြားမယ္ဆိုတာေတာ့ သတိရေစခ်င္ပါတယ္။ လူဆိုတာ မူရွိရပါတယ္ ။ သေဘာထားၾကီးတယ္ဆိုတာကသတ္သတ္ပါ ။ ဥပမာအားျဖင့္ ဘုန္းၾကီးေတြလဲကတုံး ၊ လမ္းထိပ္ကအရက္သမား ငထြားလဲ ကတံုး ၊ ကတံုးခ်င္းအတူတူမို ့သေဘာထားၾကီးတဲ့အေနနဲ့ သံဃာစင္ေပါ ္အတူထိုင္ခိုင္းလို ့မရဘူးဆိုတာ ေတာ့ ကိုၾကီးျဖိဳးနဲ့ ပြဲစီစဥ္ဖိတ္ၾကားသူေတြသိဖို့လိုပါေၾကာင္း။
သရ၀ဏ္(ျပည္)
သူရိယေန၀န္းဂ်ာနယ္
၅.၁.၂၀၁၉
Cartoon : Thiha SktCartoon
.............
unicode
ချဉ်ဖတ်အိုးထဲကျသွားသော မုန်လာဥတစ်ဖတ်
By သတင်းစုံ ပျော်ဝင်အိုးကြီး January 05, 2019 article, Gov, NLD
သရဝဏ်(ပြည်)
သူဟာဝန်ကြီးချုပ်ဖြစ်နေပြီး ဦးခင်ညွန့်ဟာ သာမန်လူတစ်ယောက်ဖြစ်နေပြီမို ့ အာဃာတမထားပဲ သဘောထားကြီးကြောင်းပြတဲ့အနေနဲ့ ရင်ကြားစေ့ရေးမူဝါဒအရ စာရေးဆရာကြီးဦးခင်ညွန့်ကို ထိုင်ကန်တော့တာဖြစ်ပါကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်ဖြိုးမင်းသိမ်းက ရှင်းပြန်တော့ အံ့သြခြင်းကြီးစွာဖြစ်ရပြန်ပါတယ် ။ ဖြိုးမင်းသိန်းကိုလည်း ယခင်က ပုထုဇဉ်အဆင့်ပဲထင်ထားရာက ဘုရားဖြစ်မယ့် အလောင်းအလျာ မှန်း မနေ့က( ၃၀.၁၂.၂၀၁၈ )နေ့ကျမှသိရပါတယ်။ သူပြောချင်တဲ့သဘောကတော့ ဦးခင်ညွန့်ကို သူမမုန်းဘူး။သဘောထားကြီးတယ် ၊အာဃာတမရှိဘူး ဆိုတဲ့သဘောမျိုးပြောသွားရှင်းသွားပါတယ် ။ အဲဒိတော့ ဝေဖန်သံတွေ ကြွက်ကြွက်ညံနေတဲ့ စာရေးဆရာတွေကပဲ သဘောထားမကြီးသလိုလို ၊ နိုင်ကျဉ်းတွေကပဲ အာဃာတတွေကြီးနေသလိုလို ၊ ကိုမင်းကိုနိုင်တို့ မောင်စိန်ဝင်း(ပုတီးကုန်း)တို ့ ၊ ကိုလေး(အင်းဝဂုဏ်ရည်)တို့ မောင်သစ်လွင်(လူထု)တို ့၊ နိုင်မြန်မာတို့ ၊သန်လျှင်မောင်မောင်ဦးတို ့ ၊ သျှီ(အင်ကြင်း)တို ့၊မောင်ချစ်(သူရဲသမိန်)တို့၊ သရဝဏ်(ပြည်)တို့ကပဲ ခွင့်လွှတ်စိတ်နည်းနေသလိုလို အဓိပါယ်ဖြစ်နေပါတယ် ။ ၂၉.၁၂.၂၀၁၈ နေ့က ထူးခြားတဲ့သတင်းတစ်ပုဒ်တက်လာပါတယ် ။ ကျွန်တော်ကလည်း အဲဒိအချိန်မှာ ညောင်ရွှေစာပေဟောပြောပွဲ အတွက် ရန်ကုန်ကနေညောင်ရွှေကို အဝေးပြေးလမ်းအတိုင်းကားနဲ့သွားနေတဲ့အချိန်ပါ ။ ဟိုကဖုန်းဆက် ဒီကဖုန်းဆက် ၊ မကြေမနပ်တွေပြောလွန်လွန်းလို့ဖေ့စ်ဘွတ်ကြည့်လိုက်တော့ လားလား မြန်မာနိုင်ငံစာရေးဆရာအသင်းသက်ကြီးပူဇော်ပွဲ သတင်းဖြစ်နေတာကိုး ။ ဒီသက်ကြီးပူဇော်ပွဲဟာ ယခင်နှစ်များစွာက အလွန်ကျက်သရေရှိတဲ့ပွဲကြီးပေါ့ ။ ကိုယ့်ကိုဖိတ်ဖိတ်မဖိတ်ဖိတ် စာရေးဆရာ အငယ် ၊စာရေးဆရာအလတ်တွေက စာရေးဆရာကြီးတွေကိုသွားကန်တော့ကြတဲ့ပွဲပေါ့ ။ ဒီနှစ်လဲအဲဒိလိုမှတ်လို့သွားကြတာပေါ့ ။ အဲဒိမှာ ကန်တော့ပွဲကျင်းပရာမြို့တော်ခမ်းမထဲကိုရောက်ကာမှ ကန်တော့ခံ သက်ကြီးစာပေပညာရှင်တွေကြားမှာ စစ်ထောက်လှမ်းရေး ညွှန်ကြားရေးချုပ်ဟောင်း ၊နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ ့ (န.၀.တ) ၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (န.အ.ဖ) အတွင်းရေးမှူး (၁) ၊ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွန့်က မိန့်မိန့်ကြီးထိုင်နေတာကိုတွေ ့ရတော့တာပါပဲ ။ အချို့လဲ ကန်တော့ပွဲကိုမတက်ပဲပြန်သူပြန် ။ တချို့လဲကြိတ်မနိုင်ခဲမရ ဒေါသထွက်သူထွက် ။ အချို့လဲ ဆဲသူဆဲပေါ့ ။စာပေသမားစစ်စစ်တွေက ဒီလိုခံစားချက်တွေဖြစ်နေပေမယ့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ကတော့ ဗိုလ်ချုပ်ခင်ညွှန့်ရှေ့မှာ ယို ့ယို့လေးရပ်လို့ ။ လောကကြီးဘာတွေဖြစ်ကုန်ပြီတုန်းရယ် လို့တွေးမိပါတယ် ။တဆက်တည်းစဉ်းစားမိတာကတော့ စာရေးဆရာဆိုတာဘယ်လိုလူကိုခေါ ်တာလဲ လို့ လည်းတွေးမိပါတယ် ။
စာရေးဖူးသူမှန်သမျှကိုစာရေးဆရာခေါ ်မလား။ ကိုယ့်မှာ ပိုက်ဆံရှိလို့စာအုပ်ထုပ်ဖူးသူတိုင်းကိုစာရေးသူခေါ ်မလား ။ အလုပ်တာဝန်သဘောအရ ရုံးတွေမှာ ၊ကျောင်းတွေမှာ ၊ သုတေသနလုပ်ငန်းတွေမှာ ၊စာကြည့်တိုက်တွေမှာ ၊ မော်ကွန်းတိုက်တွေ ၊ပြတိုက်တွေ ၊မှတ်တမ်းဌာနတွေမှာ စာတွေရေးနေရသူကိုစာရေးဆရာလို့ခေါ ်မှာလား ။ သေချာတာတစ်ခုကတော့ စာရေးဖူးရုံနဲ့တော့ စာရေးဆရာလို့ခေါ ်လို့မရဘူးထင်ပါတယ် ။ စာအုပ်ထုပ်ဖူးရုံနဲ့လည်း စာရေးဆရာ လို့ ခေါ ်လို ့မဖြစ်ဖူးထင်တယ် ။ ဟစ်တလာလဲ စာအုပ်ထုတ်ဖူးတယ် ။ ဒေးဗစ်ဘက်ခမ်းလဲ သူ့ဘဝအကြောင်းကို စာအုပ်ထုတ်ဖူးတယ် ။ ၀ိန်းရူနီလဲ ဘဝဇာတ်ကြောင်းစာအုပ်ထုတ်ဖူးတယ် ။ စိုးမြတ်သူဇာလဲစာရေးဖူးတယ် ။စိုင်းစိုင်းခမ်းလှိုင်လဲစာရေးဖူးတယ် ။သူများနိုင်ငံတွေမှာတော့ ကိုယ်တိုင်ရေး ရသစာအုပ်မဟုတ်ပဲ ကိုယ့်ဘဝအကြောင်းကို စာရေးဆရာတစ်ယောက်ကို ပြောပြပြီးစာချောအောင်ရေးခိုင်းတာကို စာရေးဆရာလို့မသတ်မှတ်ပါဘူး ။ သူ့အကြောင်းစာအုပ်ထွက်တယ်လို့ပဲပြောပါတယ် ။ ဒီလို ကိုယ့်ဘဝအကြောင်းသူများရေခိုင်းပြီးထုတ်တဲ့ ကမ္ဘာကျော် ဆယ်လီတွေအများကြီးရှိပါတယ် ။ စာရေးတယ်ဆိုတာ ဖန်တီးမှုအနုပညာပါရပါတယ် ။ ကိုယ်ပိုင်ဖန်တီးမှု ( Own Creation ) နဲ့ အနုပညာ ပေါင်းစပ်နိုင်သူကိုမှ နာမည်ကြီးကြီးမကြီးကြီး စာရေးဆရာလို့ ခေါ ်ခံထိုက်မယ်ထင်ပါတယ် ။ ဒီလိုမှမဟုတ်ရင် ထမင်းဟင်းချက်နည်းရေးသူ ၊ဆပ်ပြာချက်နည်းရေးသူ ၊ နှစ်လုံးထီဂဏန်းကောင်းကောင်းတွက်နည်းရေးသူ ၊ နွားဂွေးသင်းနည်း ရေးသူစသည်ဖြင့် ကိုယ်သန်ရာသန်ရာ တွေကိုလျှောက်ရေးနေသူတိုင်းကိုတော့ စာရေးဆရာ အဖြစ် ခေါ ်နိုင်မယ်မထင်ပါဘူး ။ တချို့ကလည်း ပိုက်ဆံလည်းရှိ ၊ လုပ်ပိုင်ခွင့်အာဏာလည်းရှိတော့ တသက်လုံးမဟုတ်တာလုပ်ခဲ့ပြီး ဘဝနေဝင်ချိန်ရောက်မှ သူဘယ်လောက်ကောင်းခဲ့တာ ဘယ်လောက်တော်ခဲ့တာစတဲ့ အကြောင်းတွေကို ကိုယ့်ပိုက်ဆံနဲ့ကိုယ်စာအုပ်ထုတ်ပြီး သမိုင်းကျန်ခဲ့အောင်ဇွတ်လုပ်သူတွေလဲရှိပါတယ် ။ နောက်ကွယ်ကနေ ရှဲဒိုးရေးပေးသူတွေလဲ စာပေလောကမှာ စုန်းပြူးတွေရှိပါတယ် ။ဒါတွေဟာ စာပေတန်းမဝင်သလို ၊စာရေးဆရာတန်းထဲလဲ ဘယ်လိုမှထည့်လို့မရပါဘူး ။
၁၉၆၂ ဗိုလ်ချုပ်နေဝင်းလက်ထက်ကနေ ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပတဲ့အချိန်အထိ မြန်မာနိုင်ငံမှာ စာပေနဲ့ပတ်သက်တဲ့အသင်းအဖွဲ့ဆိုလို ့ အစိုးရအလိုကျဖွဲ့ခဲ့ရတဲ့ စာပေလုပ်သားအဖွဲ့ (နောင်မြန်မာနိုင်ငံစာရေးဆရာအသင်း ) ပဲဖွဲ့ခွင့်ရှိခဲ့ပါတယ် ။ ၂၀၁၀ နောက်ပိုင်းမှာတော့ စာပေအသင်းအဖွဲ့တွေကိုပိုပြီးလွတ်လပ်စွာ စုကြဖွဲ့ကြတဲ့နေရာမှာ မတူကွဲပြားတဲ့အသင်းအဖွဲ့တွေ ဖြစ်ပေါ ်လာပါတယ် ။
စာရေးဆရာအသင်းအဖွဲ့ (၅ )ဖွဲ့လောက်အပြင် ၊ ပုံနှိပ်ထုတ်ဝေသူများအသင်းတို ့၊ ထုတ်ဝေဖြန့်ချိအသင်းတို ့ ၊သတင်းစာဆရာအသင်းတို ့ နိုင်ငံခြားသတင်းထောက်များအသင်းတို ့ အထက်မြန်မာနိုင်ငံစာရေးဆရာအသင်းတို ့ စာနယ်ဇင်းကောင်စီတို ့ ၊ ကာတွန်းဆရာများသမဂ္ဂတို့ စသည်ဖြင့် အခြားအဖွဲ့အစည်းများလည်းရှိကြပါတယ် ။ ကိုယ်နဲ့ မူဝါဒတူသူချင်းစုစည်းပြီး လူမှုရေး၊နိုင်ငံရေး၊ သာရေးနာရေး၊ အနုပညာ စသည်ဖြင့်လုပ်ကြတာပါ ။ ဘယ်အဖွဲ့ထဲမှမပါပဲ ကိုယ့်ဘာသာ တစ်ကိုယ်တော် သီးသန့်နေသူတွေလဲရှိပါတယ် ။ စာရေးဆရာရဲ့တာဝန်ဟာ စာပေဖန်တီးရေးသားခြင်းဖြစ်ပါတယ် ။ အသက်မွေးဝမ်းကျောင်းမှုသဘောအရ နိုင်ငံရေးသမားစာရေးဆရာ ( ဥပမာသခင်နု ၊သိန်းဖေမြင့်) ၊ စစ်ဗိုလ်စာရေးဆရာ (ဥပမာတင်သန်းဦး) ၊ဆရာဝန်စာရေးဆရာ (ဥပမာ ဂျူး ၊ တင်မောင်သန်း ၊လင်္ကာရည်ကျော် စသည်ဖြင့် ) ၊ အစိုးရဝန်ထမ်းစာရေးဆရာ (များစွာရှိလို့ဥပမာမပေး) ၊ သရုပ်ဆောင်စာရေးဆရာ ( မောင်သင် ၊၀င်းဦး )၊ ရှေ့နေစာရေးဆရာ ( မောင်ကိုယု ၊ ချစ်ကိုကိယု )စသည်ဖြင့် ရှိကြပါတယ် ။ဒီတော့ တခြားအလုပ်တွဲလုပ်တိုင်းလည်း စာရေးဆရာအစစ်မဟုတ်ဘူးလို့တော့ မဆိုနိုင်ပါ ။ ထမင်းစားဖို ့ (ဒါမှမဟုတ် ) ဘွဲ့ယူထားလို ့ (ဒါမှမဟုတ် ) အခြားအကြောင်းကြောင့် စာရေးခြင်းနဲ့မဆိုင်တဲ့အလုပ်ကိုလုပ်နေကြရင်းတဖက်မှာ စာရေးနေတဲ့အနုပညာသမားစစ်စစ်တွေလဲရှိနိုင်ပါတယ် ။ တကယ်တော့ စာရေးဆရာစစ်စစ်ဆိုတာ စာရေးတာကလွဲလို့အခြားအလုပ် လုပ်တာမလုပ်တာ က အဓိကမကျပဲ စာရေးခြင်းအလုပ်အပေါ ်မှာ အလေးအနက် ခံယူပြီး ကိုယ့်စာပေလက်ရာတွေကို တစ်သက်လုံး စိုက်လိုက်မတ်တပ် ဖန်တီးသူတွေကိုသာ စာရေးဆရာလို့ခေါ ်ရမှာဖြစ်ပါတယ် ။ ချောင်လို့ဝင်ရေး၊နာမည်လိုချင်လို့ဝင်ရေး ၊ ကိုယ့်ဂုဏ်ကိုယ်ဖော်ချင်လို့ဝင်ရေး သူများ ကိုတော့ စာရေးဆရာအဖြစ်သတ်မှတ်နိုင်မယ်မဟုတ်ပါ ။ ဘာစာတွေရေးသလဲဆိုတာ အရေးကြီးသလို ၊ ဘဝရဲ့အချိန်တွေ ဘယ်လောက်ပေးပြီး စာရေးဆရာဘဝကိုခံယူခဲ့သလဲဆိုတာလဲအရေးကြီးပါတယ် ။ အဲဒိတော့ ပြန်ချုပ်ရရင် စာရေးဆရာအစစ်ဆိုတာ
(၁) ကိုယ်ပိုင်အားစိုက်ဖန်တီးတဲ့လက်ရာ မယ်မယ်ရရပြနိုင်ရမယ်
(၂) အနုပညာပါရမယ်
(၃) စာရေးခြင်းအပေါ ်မှာ ဘဝရဲ့အချိန်အတော်များများပေးပြီးဖြတ်သန်းခဲ့ရမယ် ။
(၄) စာပေအနုပညာသမားစိတ်ရှိရပါမယ် ။
အဲဒိ ဆန်ကာ (၄) ချက်နဲ့တိုက်စစ်ကြည့်တဲ့အခါ စာလေးတစ်ပုဒ်နှစ်ပုဒ်ရေးဖူးရုံ၊ စာအုပ် သုံးလေးအုပ်ထုတ်ဖူးရုံနဲ့ စာသမားအစစ်လို့မခေါ ်နိုင်ပဲ ဘဝတစ်ခုလုံးနှစ်ပြီး စာပေအနုပညာကိုဖက်တွယ်လာခဲ့ကြသူများကိုသာ စာပေသမားအစစ်လို ့ ခေါ ်ဆိုနိုင်မှာဖြစ်ပါတယ် ။ နိဂုံးချုပ်အနေနဲ့ ကိုယ်ရာထူးအာဏာရနေစဉ်က စာပေအနုပညာသမားတွေအပေါ ်မှာ ရန်သူလိုဆက်ဆံနှိပ်ကွပ်ခဲ့သူ ၊ကျောင်းသားတွေအပေါ ်မှာ လူမဆန်စွာနှိပ်စက်ခဲ့သူ ၊ စာရေးဆရာကြီးမောင်သော်ကအပါအဝင် စာရေးဆရာတွေရဲ့အသက်ဇီဝိန်ကိုနရသိမ်အကျဉ်းထောင်ထဲမှာနှုတ်ယူစေခဲ့သူ ၊ စာပေအပေါ ်မှာ စာရေးဆရာတွေအပေါ ်မှာ စာနာနားလည်မှု မုဒိတာမရှိခဲ့လွန်းသူ ၊ တိုင်းပြည်ကအော့နှလုံးနာရသူဟာ အိမ်နိမ့်စံဘဝရောက်မှ စာအုပ်တွေ ရေးပါတယ်လို့ ကြွေးကြော်ရုံနဲ့ အနုပညာသမား ဖြစ်ပြီလို့ ယူဆခဲ့ရင် အဲဒိလိုယူဆလို့ဖိတ်ကြားသူတွေရော ၊ ဖိတ်ကြားခံရသူကာယကံရှင် ရော စာပေသူငယ်နာမစင်သေးတဲ့ သူတွေသာဖြစ်နိုင်ပါတယ် ။
မိမိတစ်ယောက်ခြင်းအနေနဲ့ ဗိုလ်ချုပ်ခင်ညွန့်ကို ကိုဖြိုးမင်းသိမ်းအနေနဲ့ ကန်တော့ချင်ရင်ကန်တော့ခွင့်ရှိပါတယ် ။ဦးခင်ညွန့်အိမ်အထိလိုက်သွားပြီး ကိုဖြိုးမင်းသိမ်းက ရှိခိုးကန်တော့ဂါရဝပြုချင်ပြုလို့ရပါတယ် ။ NLD အထိမ်းအမှတ် ပင်နီတိုက်ပုံကြီးဝတ်ပြီး စစ်အာဏာရှင်ရှေ့မှာဒူးထောက်တာတော့ပြည်သူလူထုနဲ့ နိုင်ငံရေးလုပ်ဖော်ကိုင်ဘက်တွေကိုမထီမဲ့မြင်ပြုရာကျပါတယ်။ အာဏာရှင်ဟောင်းကြီးတွေကိုလေးစားချင်ရင်လေးစားခွင့်ရှိပါတယ် ။ ဒါက ကိုဖြိုးမင်းသိမ်းရဲ့ တစ်ကိုယ်တော် ပုဂ္ဂလိက ကိစ္စပါ ။ ဒါပေမယ့် အများကိုတော့ ဒီလို လုပ်သင့်တယ်လို့နှပ်ကြောင်းပေးလို့မရသလို အမေစုပြောနေတဲ့အမျိုးသားရင်ကြားစေ့ရေးနဲ့ရောချလို့လဲမရပါဘူး ။ စာရေးဆရာဖြစ်မှုမဖြစ်မှု ၊ကန်တော့ခံအဆင့်ရှိမုှမရှိမှုဆိုတဲ့ဂုဏ်ရည်တွေကို အပေါ ်မှာပြောပြပြီးသွားပါပြီ ။ကိုဖြိုးမင်းသိမ်းကန်တော့ချင်ရင် ဦးခင်ညွန့်ကိုကန်တော့လို့ရပါတယ် ။ဒါပေမယ့် အားလုံးက ရှိခိုးကန်တော့ထိုက်တဲ့ မြင့်မြတ်သောစာပေပညာရှင်ကြီးလိုလိုဘာလိုလိုတော့မလုပ်ပါနဲ့ ။
ချဉ်ဖတ်အိုးထဲကျသွားတဲ့မုန်လာတစ်ဖတ်လို ဖြိုးမင်းသိမ်းပါရောပြီးပြည်သူ့ချဉ်ဖတ်ဖြစ်သွားမယ် ၊သမိုင်းတရားခံ ဖြစ်သွားမယ်ဆိုတာတော့ သတိရစေချင်ပါတယ်။ လူဆိုတာ မူရှိရပါတယ် ။ သဘောထားကြီးတယ်ဆိုတာကသတ်သတ်ပါ ။ ဥပမာအားဖြင့် ဘုန်းကြီးတွေလဲကတုံး ၊ လမ်းထိပ်ကအရက်သမား ငထွားလဲ ကတုံး ၊ ကတုံးချင်းအတူတူမို ့သဘောထားကြီးတဲ့အနေနဲ့ သံဃာစင်ပေါ ်အတူထိုင်ခိုင်းလို ့မရဘူးဆိုတာ တော့ ကိုကြီးဖြိုးနဲ့ ပွဲစီစဉ်ဖိတ်ကြားသူတွေသိဖို့လိုပါကြောင်း။
သရဝဏ်(ပြည်)
သူရိယနေဝန်းဂျာနယ်
၅.၁.၂၀၁၉
Cartoon : Thiha SktCartoon
No comments:
Post a Comment