Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 23, 2019

စမ်းချောင်း ဗဟိုလမ်းမီး လူ ၃ ဦးသေ၊ ဒဏ်ရာ တစ်ချို့ရ၊ ကားတစ်ချို့ မီးဟပ်


Photo - Myanmar Fire Services Department
စမ်းချောင်းမြို့နယ်၊ ဗဟိုလမ်းနှင့်ကျိုက်လတ်လမ်းထောင့်မှာ ဒီကနေ့(၂၀၁၉ ဇန်န၀ါရီ ၂၃)မနက်အစောပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး လူသုံးဦးသေဆုံးခဲ့တယ်လို့ စမ်းချောင်းရဲစခန်းကနေ သိရပါတယ်။

ဂတ်စ်အိုးယိုစိမ့်နေတာကို မသိပဲနဲ့ ဖွင့်လိုက်လို့ ခုလိုဖြစ်သွားတာ ဖြစ်ပြီး လက်ရှိချိန်မှာတော့ စိစစ်ကာ စစ်ဆေးနေတယ်လို့ စမ်းချောင်းရဲစခန်းက တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။

ငွေတောင်လက်ဖက်ရည်ဆိုင်ကနေတဆင့် မီးဟာ ဘေးကပ်ရပ်တိုက်ခန်းကို ကူးပြီး တိုက်တစ်ခြမ်းလုံး ထပ်မံလောင်ကျွမ်းခဲ့ရတာပါ။

မနက် ၅ နာရီဝန်းကျင်က စတင်လောင်ကျွမ်းခဲ့တဲ့မီးဟာ တစ်နာရီ နီးပါးကြာမြင့်ခဲ့တာဖြစ်ပြီး သေဆုံးသူ အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသား နှစ်ယောက် သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် လက်ဖက်ရည်ဆိုင်အနား ရပ်ထားတဲ့ အိမ်စီးကား အချို့လည်း မီးလောင်ကျွမ်းမှုရှိခဲ့တယ်လို့ သိရပြီး ကားအစီး အရည်အတွက်နဲ့ ပျက်စီးဆုံးရှုံးမှု အခြေအနေကိုတော့ အသေးစိတ် မသိရသေးပါဘူး။

ဒီမီးလောင်မှုကို မီးသတ်ယာဉ် အစီး ၃၀ ကျော်၊ မီးသတ်တပ်ဖွဲ့ အင်အား ၁၀၀ ကျော်နဲ့ငြိမ်းသတ်ခဲ့ရတယ်လို့လည်း သိရပါတယ်။

သတင်း - စုစုစံ
One News Myanmar
https://www.facebook.com/onenewsmyan

No comments:

Post a Comment