မြို့နယ်ပညာရေးမှူးရုံးက လက်ထောက်ကွန်ပြူတာလုပ်ဆောင်ရေးမှူးတစ်ဦးတွေ့ကြုံနေရတဲ့အခက်အခဲတွေကြောင့် နောက်ဆုံးမှာ အလုပ်ကထွက်လိုက်ပြီးသူ့တွေ့ကြုံခဲ့ရတဲ့အခြေအနေတွေကိုရေးသားထားတဲ့စာပဲဖြစ်ပါတယ်။
PGDMA ဆယ်လ(ကိုယ့်စရိတ်နဲ့ကိုယ်)တက်ပြီး လယ်ပြ(မီဒီယာ)ပေးမယ်လို့သတင်းစာထဲက ဂျင်းစားမိတာ မင်းအမှားမဟုတ်ဘူး
လ/ကွန် ဘဝနဲ့ ရုံးပိတ်ရက်ဖုန်းမည်သံ ကြားရမှာကို ကြောက်ပီး စက်ပိတ်ထားမိရင် မင်းအမှားဖြစ်သွားပီ...
လက်ရေးနဲ့ပို့လို့ရတဲ့ စာတစ်ရွက်မှ မရှိဘဲ...
ဘာလာလာ ကွန်ပျူတာနဲ့ စာစီရိုက်ပေး...
ုမေးခွန်းရော စာရင်းဇယားပါမကျန် ပေါက်ကြားရင် မှားရင် ကွန်ပျူတာ သမားတာဝန်ခံရမယ်ဆိုတဲ့ စကားကို အံကြိတ် ငုံ့ခံနေခဲ့ရင်တော့ မင်းအမှားဖြစ်သွားပီ....
ပြောပါဦး...
ရိုက်လဲပေးရသေး တာဝန်လဲ ယူပေးရသေးတဲ့အကြောင်းလေး...
ပြောပါဦး...
စာရွက်ထုတ်ခါနီး A4 လုံလောက်စွာ မသုံးရတဲ့ အကြောင်းလေး...
(ကွန်ပြူတာ သမားရှိတာ ဆေးတွေ ကတ်ထရစ်တွေကုန်တယ်က ပါသေး)
ပြောပါဦး...
ရုံးပိတ်ရက်ဆိုတာ မရှိဘူး...အချိန်နဲ့ တစ်ပြေးညီ အလုပ်လုပ်ရမယ်ဆိုတဲ့အကြောင်းလေး
ပြောပါဦး...
တစ်မနက်လုံး ဒီတိုင်းနေပြီး ရုံးဆင်းမိုးချုပ်မှ စာဝင်လို့ ခုချက်ချင်း ခုလုပ်ပေးဆိုတဲ့ အကြောင်းလေး...
ပြောပါဦး....
Email ပို့တိုင်း လက်ခံတိုင်း ကိုယ့်ဖုန်းနဲ့ကိုယ် Wifi လွှင့်ပြီး....
Data ကုန်ခဲ့ရတဲ့အကြောင်းလေး....
ပြောပါဦး....
ခရီးစရိတ်တွေ တင်ကြတိုင်း တကယ်သွားတဲ့သူတွေ ခေါက်ရေအပြည့်မရဘဲ....
အပိုထိုးလာခဲ့တဲ့ Mo စာရွက်အကြောင်းလေး....
ကိုယ်တော့ မပြောတော့ဘူး...
စိတ်နာလို့...
ယူတို့ပဲ ဆက်ပြောကြတော့😂
We are PGDMA ဘာညာသာရကာ
ပြုံးပြုံးလေး ဟုတ်ကဲ့လုပ်နေရစ်ကြ😎
(ကျောင်းဆင်းချင်းတူတူ ဘယ်သူ့ကို ဘာအတွက်နဲ့ကျောင်းချပြီး ကိုယ်တွေ ဘာမှမကပ်လို့ ရုံးရောက်ခဲ့လေသလားပဲ ပြောပြ)
တကယ်မသိလို့မေးမိတာ😆
ကိုယ်ဆိုတာနည်းနည်းဦးနှောက်နည်းတဲ့ လူသား😁
အေး မြတ် ကေ ခိုင်
No comments:
Post a Comment