CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, January 23, 2019
ကိုကင်းကောင်အတွက် ဒါဒါမိသားစုရဲ့ဝမ်းနည်းစကား
"တစ်ချိန်က သမီးတွေရုပ်ရှင်ရိုက်တဲ့နောက်တကောက်ကောက်
လိုက်ရင်း ကိုကင်းတို့တွေနဲ့ပျော်ရွှင်ခဲ့တာတွေသတိရမိတယ်။
အင်မတန်သဘောကောင်းသလို အားလုံးကိုပျော်ရွှင်စေခဲ့သူပါ။
အိုက်တင်မှာလဲသူကတဘာသာထိုးထွက်သူပါ။
သူအိုက်တင်လုပ်ရင်ကို ရီနေရတဲ့အနုပညာရှင်ကြီးပါ။
ကိုကင်းရေ,ဂျပန်မှာရုပ်ရှင်ရိုက်ရင်းပျော်ခဲ့ကြတာတွေသတိရမိတယ်။
ဂျပန်က မြန်မာသွားဆရာဝန်ဆီမှာ ရုပ်ရှင်တစ်ဖွဲ့လုံးသွားတွေပြုပြင်ခဲ့ကြတာလေ။
မှတ်မိသေးတယ်,ကွမ်းစားလွန်းတဲ့ကိုကင်းသွားလေးတွေ ဖြူဖွေးသွား
တာလေ။
နောက်ထပ်ကွမ်းမစားနဲ့တော့နော်လို့တောင် တိုက်တွန်းခဲ့မိသေးတယ်။
တစ်လခွဲကြာတဲ့ ဂျပန်ပြည်ခရီးစဉ်မှာ အိမ်ကိုလွမ်းကြတော့ ညဖက်ကြီး………
အိမ်ဘေးကပင်လယ်ကမ်းစပ်မှာ ငယ်သံပါအောင် အိမ်ကို လှမ်းအော်ပြီး
လွမ်းခဲ့ကြသေးတာနော်။
လွမ်းလွမ်းနဲ့ရီမောခဲ့ကြရတာအူတက်တယ်။
အခုချိန်မှာလဲ ကိုကင်းပါတဲ့ရုပ်ရှင်ကားလေးတွေမြင်ရင် ကြည့်ပြီး
ရယ်မောနေသေးတာပါပဲ။
ကိုကင်းလိုမျိုးခပ်ဆင်ဆင် အိုက်တင်လုပ်တဲ့ မင်းသားနှစ်ယောက်ကားတွေ
လာရင်လဲ တူလိုက်တာဆိုပြီး အန်တီကြည်တို့စုံတွဲက သဘောကျအားပေးတာပါပဲ။
အထူးသဖြင့် အန်ကယ်ကြီးက ကိုကင်းအိုက်တင်ကို အရမ်းသဘောကျခဲ့တာ.. "
"ခုတော့သွားပေအုန်းတော့ကိုကင်းရေ…………
မွေးကတဲက ဘယ်အချိန်သံသရာခရီးဆက်ထွက်ရမယ်ဆိုတာ
သတ်မှတ်ပြီးသားပါ။
ကိုကင်းရဲ့မိသားစုနဲ့အတူ အထူး နှမြောဝမ်းနည်းမိပါတယ်။
မြင့်မြတ်တဲ့ဘုံဘဝမှာစံမြန်းနိုင်ပါစေကိုကင်းရေ။
အန်ကယ်,အန်တီကြည်,စိုးစိုး ဒါဒါမိသားစု.."
ကိုကင်းကောင်အတွက် ဒါဒါမိသားစုရဲ့ဝမ်းနည်းစကား
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 23, 2019
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 23, 2019
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment