မုဒိန်းကျင့်ရန်ကြံစည်သူ |
ကော့သောင်းမြို့ (၂.၁.၂၀၁၉)ရက်နေ့ (၁၉းဝဝ)အချိန်ခန့်တွင် မြေနီလမ်း ကော့သောင်းမြို့နေသူ ဒေါ် ......၏ သမီးဖြစ်သူ မ..........အသက်(၇)နှစ်အရွယ်အား သိန်းဇော်(ခ)ချိုတူး (၅၇)နှစ် (ဘ)ဦးလှတင်
၆/ကသန(နိုင်)၀၀၆၁၅၂၊ စက်ပြင်၊ မြေနီလမ်း၊ရွှေဇင်ယော်ရပ်ကွက် ကော့သောင်းမြို့နေသူမှ သားမယားပြုကျင့်ရန်ကြံစည်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။
ဖြစ်စဉ်မှာ (၂.၁.၂၀၁၉)ရက်နေ့ (၁၉းဝဝ)အ
ချိန် ကော့သောင်းမြို့ ရွှေဇင်ယော်ရပ်ကွက် ပျဉ်းမလမ်း ဂျာမေဗလီတွင် ကျောင်းတက်နေသော သားဖြစ်သူ အသက် (၁၁)နှစ်နှင့် သမီးဖြစ်သူ မ.......အသက်(၇)နှစ်အား ကျောင်းကြိုရန်သွားရောက်ခဲ့ရာ ကျောင်းရှေ့ ဈေးရောင်းနေသော မစိန်ဒါးဘီမှ အဘိုးကြီးတစ်ဦး ဆိုင်ကယ်ဖြင့်လာကြိုသွားကြောင်းပြောပြသဖြင့်
အိမ်သို့ပြန်လာပြီး သားနှင့်သမီးကိုစောင့်၍ မေးမြန်ရာ အဆိုပါအဘိုးကြီးဆိုသူ သိန်းဇော်(ခ)ချိုတူး မှ သားဖြစ်သူအား မြေနီးလမ်းဆီဆိုင်ရှေ့တွင်ထားခဲ့၍..သမီးဖြစ်သူအားမုန့်ဖိုး (၅၀၀)ကျပ်ပေးကာ ခေါ်ဆောင်သွားပြီး မြေနီလမ်းဘေး (ခန့်မှန်း ပမည
MM038518)တွင် ကလေးမ၏အပေါ်အကျီင်္ကိုချွတ်ကာ နောက်မှနေ၍ သားမယားအဖြစ်ပြုကျင့်ရန်ကြံစည်သဖြင့် တရာလိုမိခင်မှ ကော့သောင်းမြို့မရဲစခန်းတွင် လာရောက်တိုင်တန်းရာ ပြစ်မှုကျူးလွန်သူ သိန်းဇော်(ခ)ချိုတူး အား (ပ)၅/၂၀၁၉ဖြင့် အမှုလက်ခံပြီး
ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁ အရ အရေးယူဆောင်
ရွက်ထားကြောင်း သတင်းရရှိပါသည်။
C.Mcra
Pl
No comments:
Post a Comment