CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Monday, January 14, 2019
ျမန္မာေဆး ေလငန္းထုိးေဆးဆုိၿပီး ကပ္ထားတဲ့ တံဆိပ္ကုိ ခြာၾကည့္လုိက္ေတာ့
ျမန္မာေဆး ေလငန္းထုိးေဆးဆုိၿပီး ကပ္ထားတဲ့ တံဆိပ္ကုိ ခြာၾကည့္လုိက္ေတာ့
ေျပာမယုံ ၾကဳံမွသိ
ယေန႔ ကို္ယ့္ဆီ အၿမဲ လာျပေနတ႔ဲ အဘြားတစ္ေယာက္ ေရာက္လာတယ္။ အသက္က ၇၀ ေလာက္ ပဲျပဳတ္ေရာင္းၿပီး ဆင္းရဲတ့ဲၾကားတ့ဲ ၿပီးခ့ဲတ့ဲ နွစ္ကမွ ဆိုင္ကယ္က တိုးေတာ့ ခဗ်ာ ပဲျပဳတ္ေလးေတာင္ ေကာင္းေကာင္းမေရာင္းနိူ္င္ရွာေတာ့ ကိုယ့္ဆီ လာတိုင္းလဲ အၿမဲ FOC ေပး ရင္တြင္းျဖစ္ေလးေတြ အန္ခ်နဲ႔ရင္းနွီးေနတာ။
ဒီေန႔မွ “ ဆရာရယ္ ေလငန္းေဆးေလး ထိုးခ်င္လို႔ ´´ တ့ဲ “ ဆရာ႕ကိုလဲ ျပၿပီးမွ ထိုးခ်င္လို႔ ယူလာတာ´´ ဆိုေတာ့ကား အင္း အာေပါက္ေအာင္ ထပ္ရွင္းျပရဦးမယ္ ထင္တယ္ လို႔ စိတ္ထဲေတြးၿပီး သကာလ “ ဟုတ္က့ဲ ျပၾကည့္ပါဦး အဘြားရယ္´´ ဆိုေတာ့ ထိုးေဆးတစ္ဘူး ထုတ္ျပရွာတယ္။
“ အယ္ ျမန္မာေဆးထိုးေဆးဟ´´ ဆိုၿပီး ေမာင္ဥကၠာတစ္ေယာက္ အ့ံၾသသံေလးထြက္သြားတယ္ (တကယ္လဲ ယခုထိ ျမန္မာေဆးထိုးေဆး ရိွေကာင္းရိွနိင္ေသာ္လည္း ကြၽန္ုပ္ မျမင္ဖူးပါ) “ဟုတ္တယ္ ဆရာရဲ႕ ျမန္မာေဆးေပမယ့္ နားမလည္ဘူးေလ ငါ့ဆရာရိွတယ္ ျပၾကည့္ဦးမယ္ ဆိုၿပီး ယူလာတာ ဆရာေရ´´ တ့ဲ အာ့နဲ႔ ကိုယ္လဲ အထူးအဆန္းဆိုၿပီး ၾကည့္ေန တုန္း ထိပ္ပိတ္ေပၚက စာကို သြားေတြ႕တယ္ဗ်။
“ အယ္ ျမန္မာေဆးက အင္းဂိတ္လိုေရးထားတာလားဗ် ´´ ဆိုၿပီး ေမးလဲေမး ၾကည့္လဲၾကည့္ ငင့္ Sterile water for injectionတ့ဲ အာ့နဲ႔ စကၠဴဖက္ေလးကြာေနလို႔ ကပ္ေပးမလို႔လုပ္တုန္း ဟင္တဆက္တည္း မဟုတ္ဘူးဟ ဆိုၿပီး ျဖည္းျဖည္း ခ်င္းဆီ ခြာၾကည့္ေတာ့ ေအာင္မငီး ကိုယ္က်ိဳးနဲ ေလငန္းေဆးေတာ္ႀကီး ေတြ႕ပါေလေကာဗ်ာ ေဆးဘူးကိုၾကည့္ၿပီး အားရပါးရ ရီေနေသာ အက်ြႏ္ုပ္အား လူနာအဘြားမွ ေၾကာင္တတ္တတ္နွင့္“ ၾဆာေလးဘာျဖစ္လို႔လဲဟင္´´ တ့ဲ သူ႔စိတ္ထဲ ၾဆာေတ်ာက္ ေလငန္းေဆးျမင္ၿပီး ေဂါက္သြားၿပီလား ထင္မလားပဲ “ အဘြားရယ္ မိုးေရေတပါ ´´ လို႔ ကိုယ့္မွာ တခိြခိြနဲ႔ ျပန္ေျဖေပးရတယ္ ။
အ့ဲမွာ သေဘာက်မိတာက ေလငန္းေဆးဆိုၿပီး ေပါက္ကရေဆးေတြကို မလုပ္ပဲ sterile water ေလးပဲ လုပ္တ့ဲ စိတ္ကူးေလးေတာ့ သေဘာက်မိပါရဲ႕
Mg Okkar
#Unicode Version#
မြန်မာဆေး လေငန်းထိုးဆေးဆိုပြီး ကပ်ထားတဲ့ တံဆိပ်ကို ခွာကြည့်လိုက်တော့
ပြောမယုံ ကြုံမှသိ
ယနေ့ ကိုယ့်ဆီ အမြဲ လာပြနေတဲ့ အဘွားတစ်ယောက် ရောက်လာတယ်။ အသက်က ၇၀ လောက် ပဲပြုတ်ရောင်းပြီး ဆင်းရဲတဲ့ကြားတဲ့ ပြီးခဲ့တဲ့ နှစ်ကမှ ဆိုင်ကယ်က တိုးတော့ ခဗျာ ပဲပြုတ်လေးတောင် ကောင်းကောင်းမရောင်းနိူ်င်ရှာတော့ ကိုယ့်ဆီ လာတိုင်းလဲ အမြဲ FOC ပေး ရင်တွင်းဖြစ်လေးတွေ အန်ချနဲ့ရင်းနှီးနေတာ။
ဒီနေ့မှ “ ဆရာရယ် လေငန်းဆေးလေး ထိုးချင်လို့ ´´ တဲ့ “ ဆရာ့ကိုလဲ ပြပြီးမှ ထိုးချင်လို့ ယူလာတာ´´ ဆိုတော့ကား အင်း အာပေါက်အောင် ထပ်ရှင်းပြရဦးမယ် ထင်တယ် လို့ စိတ်ထဲတွေးပြီး သကာလ “ ဟုတ်ကဲ့ ပြကြည့်ပါဦး အဘွားရယ်´´ ဆိုတော့ ထိုးဆေးတစ်ဘူး ထုတ်ပြရှာတယ်။
“ အယ် မြန်မာဆေးထိုးဆေးဟ´´ ဆိုပြီး မောင်ဥက္ကာတစ်ယောက် အံ့သြသံလေးထွက်သွားတယ် (တကယ်လဲ ယခုထိ မြန်မာဆေးထိုးဆေး ရှိကောင်းရှိနိင်သော်လည်း ကျွန်ုပ် မမြင်ဖူးပါ) “ဟုတ်တယ် ဆရာရဲ့ မြန်မာဆေးပေမယ့် နားမလည်ဘူးလေ ငါ့ဆရာရှိတယ် ပြကြည့်ဦးမယ် ဆိုပြီး ယူလာတာ ဆရာရေ´´ တဲ့ အာ့နဲ့ ကိုယ်လဲ အထူးအဆန်းဆိုပြီး ကြည့်နေ တုန်း ထိပ်ပိတ်ပေါ်က စာကို သွားတွေ့တယ်ဗျ။
“ အယ် မြန်မာဆေးက အင်းဂိတ်လိုရေးထားတာလားဗျ ´´ ဆိုပြီး မေးလဲမေး ကြည့်လဲကြည့် ငင့် Sterile water for injectionတဲ့ အာ့နဲ့ စက္ကူဖက်လေးကွာနေလို့ ကပ်ပေးမလို့လုပ်တုန်း ဟင်တဆက်တည်း မဟုတ်ဘူးဟ ဆိုပြီး ဖြည်းဖြည်း ချင်းဆီ ခွာကြည့်တော့ အောင်မငီး ကိုယ်ကျိုးနဲ လေငန်းဆေးတော်ကြီး တွေ့ပါလေကောဗျာ ဆေးဘူးကိုကြည့်ပြီး အားရပါးရ ရီနေသော အကျွန်ုပ်အား လူနာအဘွားမှ ကြောင်တတ်တတ်နှင့်“ ဆြာလေးဘာဖြစ်လို့လဲဟင်´´ တဲ့ သူ့စိတ်ထဲ ဆြာတျောက် လေငန်းဆေးမြင်ပြီး ဂေါက်သွားပြီလား ထင်မလားပဲ “ အဘွားရယ် မိုးရေတေပါ ´´ လို့ ကိုယ့်မှာ တခွိခွိနဲ့ ပြန်ဖြေပေးရတယ် ။
အဲ့မှာ သဘောကျမိတာက လေငန်းဆေးဆိုပြီး ပေါက်ကရဆေးတွေကို မလုပ်ပဲ sterile water လေးပဲ လုပ်တဲ့ စိတ်ကူးလေးတော့ သဘောကျမိပါရဲ့
Mg Okkar
ျမန္မာေဆး ေလငန္းထုိးေဆးဆုိၿပီး ကပ္ထားတဲ့ တံဆိပ္ကုိ ခြာၾကည့္လုိက္ေတာ့
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
January 14, 2019
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment