Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, January 6, 2019

သင့္ကို အက်ပ္အတည္း အမ်ိဳးမ်ိဳးမွ လြတ္ေျမာက္ေစမည့္ အဓိဌာန္ဝင္နည္း


တနဂၤေႏြ ေန႔ကေန စၿပီး အဓိဌာန္ဝင္ပါ။

တနဂၤေႏြေန႔ – တနဂၤေႏြေထာင့္ ေမတၱာသုတ္ေတာ္ ၆ ေခါက္၊ တနဂၤေႏြေန႔ဖြား ျမတ္စြာဘုရားရွင္ အေပါင္းကို ရည္မွန္းၿပီး ကန္ေတာ့ပါ။ မိမိကုသိုလ္ အလုပ္ အားလုံးၿပီးစီးသည့္အခါ တနဂၤေႏြၿဂိဳဟ္ နတ္မင္းႀကီးကို အမႈးထားၿပီး ေဝေနယ်တို႔ကို ေမတၱာပို႔အမွ််ေဝပါ။

တနလၤာေန႔ – ေသာၾကာေထာင့္ ေမတၱာသုတ္ေတာ္ ၂၁ ေခါက္၊ ေသာၾကာေန႔ဖြား ျမတ္စြာဘုရားရွင္ အေပါင္းကို ရည္မွန္းၿပီး ကန္ေတာ့ပါ။ မိမိကုသိုလ္ အလုပ္ အားလုံးၿပီးစီးသည့္အခါ ေသာၾကာၿဂိဳဟ္ နတ္မင္းႀကီးကို အမႈးထားၿပီး ေဝေနယ်တို႔ကို ေမတၱာပို႔ အမွ််ေဝပါ။

စသည္ျဖင့္ အထက္ပါအတိုင္း အတိုခ်ဳံးခြင့္ျပဳပါခင္ဗ်ာ

အဂၤါေန႔ – ရာဟုေထာင့္ ေမတၱာသုတ္ေတာ္ ၁၂ ေခါက္
ဗုဒၶဟူးေန႔ – ၾကာသာပေတးေထာင့္၊ ေမတၱာသုတ္ေတာ္ ၁၉ ေခါက္
ၾကာသပေတးေန႔ – စေနေထာင့္၊ ေမတၱာသုတ္ေတာ္ ၁၀ ေခါက္
ေသာၾကာေန႔ – ဗုဒၶဟူးေထာင့္၊ ေမတၱာသုတ္ေတာ္ ၁၇ ေခါက္
စေနေန႔ – အဂၤါေထာင့္၊ ေမတၱာသုတ္ေတာ္ ၈ေခါက္
တနဂၤေႏြေန႔ – တနလၤာေထာင့္ ေမတၱာသုတ္ေတာ္ ၁၅ ေခါက္။
ေမတၱာသုတ္ေတာ္ အဓိဌာန္ ၿပီးပါၿပီ။ တနဂၤေႏြေန႔မွာ တနဂၤေႏြေထာင့္ကေန စၿပီး အဓိဌာန္ဝင္လာခဲ့တာပါ။ တနဂၤေႏြေန႔ မွာပဲ တနလၤာေထာင့္မွာ အဓိဌာန္ ပထမအဆင့္ ၿပီးသြားတာပါ။ လုပ္ႏိုင္ရင္ ဆက္တိုက္ ထိုေန႔မွာပဲ ေမာရသုတ္ေတာ္ကို အထက္ပါ အတိုင္းပဲ တနဂၤေႏြေထာင့္ကေန စၿပီး အဓိဌာန္ ဆက္ဝင္သြားပါမယ္။

အထက္က ေရးေပးထားသည့္ အစဥ္အတိုင္းပဲ ေမတၱာသုတ္ေတာ္ ေနရာမွာ ေမာရသုတ္ေတာ္ကို အစားထိုး ႐ြတ္ဖတ္သြားၿပီး ဆိုင္ရာေန႔ဖြား ဘုရားရွင္ေတြကိုလည္း နည္းတူကန္ေတာ့ ဆိုင္ရာ ၿဂိဳဟ္မင္းေတြကိုလည္း ထုံးစံအတိုင္း အမွ်ေပးေဝၿပီး ဆက္တိုက္ ဆက္သြားပါ။

႐ြတ္ရင္းဖတ္ရင္းနဲ႔ မိမိသည္ တစ္ရက္ၿပီးတစ္ရက္ ဘုရားေစတီကို လက္ဝဲရစ္လွည့္ၿပီး ပူေဇာ္သြားေနတာကို သတိျပဳမိလာႏိုင္ပါတယ္။ ဒီအဓိဌာန္ကို တစ္ကယ္အခက္အခဲ ႀကဳံေနသူမ်ားသာ လုပ္သင့္ပါတယ္။ ( အလုပ္အကိုင္ ပိုမိုေကာင္းခ်င္လို႔ ေငြပိုဝင္ခ်င္လို႔ အစရွိသျဖင့္ ေလာဘျဖင့္ လုံးဝမလုပ္သင့္ပါ။ )



ဟိုတစ္ခါ ကြၽန္ေတာ္ တင္ေပးဖူးသည့္ အလုပ္အကိုင္ ရရွိေစသည့္ အဓိဌာန္မ်ိဳးကဲ့သို႔ မဟုတ္ပါ။ အဲဒီ့အဓိဌာန္ကေတာ့ အလုပ္မရွိလု႔ိ့ပဲ ျဖစ္ျဖစ္ အလုပ္ပိုေကာင္းခ်င္လို႔ပဲ ျဖစ္ျဖစ္ ဝင္ႏိုင္ေလ ေကာင္းေလပါပဲ။

ဒီအဓိဌာန္ကေတာ့ တစ္ကယ္အက်ပ္အတည္းဆိုက္ၿပီး ျပႆနာေပါင္းစုံတက္ေနသည့္ အေျခအေနမ်ိဳး ေရာက္ေနသည့္ သူေတြအတြက္ သီးသန႔္ ျဖစ္ပါတယ္။ ပိုမိုထက္ျမက္ခ်င္သူမ်ား သန႔္ရွင္းေရး ကုသိုလ္ေလးနဲ႔ တြဲၿပီး လုပ္ပါ။

ကံေႂကြး ဝဋ္ေႂကြးမး မဟုတ္ခဲ့ရင္ေတာ့ သိသိသာသာကိုပဲ အဓိဌာန္ ျပည့္ေျမာက္ၿပီး တစ္ပတ္ခန႔္ အတြင္းမွာကို အခက္အခဲမ်ား ေျပေလ်ာ့ သြားတတ္ပါတယ္ခင္ဗ်ား။ လက္ေတြ႕လည္း လူအမ်ားကို ကြၽန္ေတာ္ ၫႊန္ေပးေနသည့္ အဓိဌာန္ဝင္နည္းေလးသာ ျဖစ္ပါတယ္။

ကြၽန္ေတာ္ကိုယ္တိုင္လည္း ဒုကၡသုကၡသိပ္ေရာက္လာရင္ ဘုရားမွတစ္ပါး ကိုးကြယ္ရာမရွိ၊ တရားမွတစ္ပါး ကိုးကြယ္ရာမရွိ၊ သံဃာမွတစ္ပါး ကိုးကြယ္ရာ မရွိပါခင္ဗ်ား။ ကိုယ္လုပ္မွ ကိုယ္ရႏိုင္သလို တစ္ကယ္ျဖစ္ခ်င္ တစ္ကယ္လုပ္ႏိုင္ဖို႔သာ လိုအပ္ပါေၾကာင္း။ အခက္အခဲ အက်ပ္အတည္းတို႔မွ လြတ္ေျမာက္ၾကပါေစသတည္း။

ဤပညာဒါနကုသိုလ္သည္ ျဖစ္ေလရာ ဘဝတိုင္းတြင္ တပည့္ေတာ္အား အခက္အခဲ အက်ပ္အတည္း ဆိုက္ေရာက္သည္တိုင္းတြင္ မ်ားမၾကာမီ လြတ္ေျမာက္ေစသည့္ အေထာက္အပံ့ေကာင္း ျဖစ္ပါေစသတည္း။

ေလးျမတ္စြာျဖင့္

ကိုဖုန္း။ သုေတသီေဝသာလီေမာင္ဖုန္း။ ကိုစိုးမိုးထြန္း (ေဗဒင္ပညာသုေတသီ)

UniCodeဖြင့်ဖတ်ရန်

သင့်ကို အကျပ်အတည်း အမျိုးမျိုးမှ လွတ်မြောက်စေမည့် အဓိဌာန်ဝင်နည်း

တနင်္ဂနွေ နေ့ကနေ စပြီး အဓိဌာန်ဝင်ပါ။

တနင်္ဂနွေနေ့ – တနင်္ဂနွေထောင့် မေတ္တာသုတ်တော် ၆ ခေါက်၊ တနင်္ဂနွေနေ့ဖွား မြတ်စွာဘုရားရှင် အပေါင်းကို ရည်မှန်းပြီး ကန်တော့ပါ။ မိမိကုသိုလ် အလုပ် အားလုံးပြီးစီးသည့်အခါ တနင်္ဂနွေဂြိုဟ် နတ်မင်းကြီးကို အမှုးထားပြီး ဝေနေယျတို့ကို မေတ္တာပို့အမျှျဝေပါ။

တနင်္လာနေ့ – သောကြာထောင့် မေတ္တာသုတ်တော် ၂၁ ခေါက်၊ သောကြာနေ့ဖွား မြတ်စွာဘုရားရှင် အပေါင်းကို ရည်မှန်းပြီး ကန်တော့ပါ။ မိမိကုသိုလ် အလုပ် အားလုံးပြီးစီးသည့်အခါ သောကြာဂြိုဟ် နတ်မင်းကြီးကို အမှုးထားပြီး ဝေနေယျတို့ကို မေတ္တာပို့ အမျှျဝေပါ။

စသည်ဖြင့် အထက်ပါအတိုင်း အတိုချုံးခွင့်ပြုပါခင်ဗျာ

အင်္ဂါနေ့ – ရာဟုထောင့် မေတ္တာသုတ်တော် ၁၂ ခေါက်

ဗုဒ္ဓဟူးနေ့ – ကြာသာပတေးထောင့်၊ မေတ္တာသုတ်တော် ၁၉ ခေါက်

ကြာသပတေးနေ့ – စနေထောင့်၊ မေတ္တာသုတ်တော် ၁၀ ခေါက်

သောကြာနေ့ – ဗုဒ္ဓဟူးထောင့်၊ မေတ္တာသုတ်တော် ၁၇ ခေါက်

စနေနေ့ – အင်္ဂါထောင့်၊ မေတ္တာသုတ်တော် ၈ခေါက်

တနင်္ဂနွေနေ့ – တနင်္လာထောင့် မေတ္တာသုတ်တော် ၁၅ ခေါက်။

မေတ္တာသုတ်တော် အဓိဌာန် ပြီးပါပြီ။ တနင်္ဂနွေနေ့မှာ တနင်္ဂနွေထောင့်ကနေ စပြီး အဓိဌာန်ဝင်လာခဲ့တာပါ။ တနင်္ဂနွေနေ့ မှာပဲ တနင်္လာထောင့်မှာ အဓိဌာန် ပထမအဆင့် ပြီးသွားတာပါ။ လုပ်နိုင်ရင် ဆက်တိုက် ထိုနေ့မှာပဲ မောရသုတ်တော်ကို အထက်ပါ အတိုင်းပဲ တနင်္ဂနွေထောင့်ကနေ စပြီး အဓိဌာန် ဆက်ဝင်သွားပါမယ်။

အထက်က ရေးပေးထားသည့် အစဉ်အတိုင်းပဲ မေတ္တာသုတ်တော် နေရာမှာ မောရသုတ်တော်ကို အစားထိုး ရွတ်ဖတ်သွားပြီး ဆိုင်ရာနေ့ဖွား ဘုရားရှင်တွေကိုလည်း နည်းတူကန်တော့ ဆိုင်ရာ ဂြိုဟ်မင်းတွေကိုလည်း ထုံးစံအတိုင်း အမျှပေးဝေပြီး ဆက်တိုက် ဆက်သွားပါ။

ရွတ်ရင်းဖတ်ရင်းနဲ့ မိမိသည် တစ်ရက်ပြီးတစ်ရက် ဘုရားစေတီကို လက်ဝဲရစ်လှည့်ပြီး ပူဇော်သွားနေတာကို သတိပြုမိလာနိုင်ပါတယ်။ ဒီအဓိဌာန်ကို တစ်ကယ်အခက်အခဲ ကြုံနေသူများသာ လုပ်သင့်ပါတယ်။ ( အလုပ်အကိုင် ပိုမိုကောင်းချင်လို့ ငွေပိုဝင်ချင်လို့ အစရှိသဖြင့် လောဘဖြင့် လုံးဝမလုပ်သင့်ပါ။ )

ဟိုတစ်ခါ ကျွန်တော် တင်ပေးဖူးသည့် အလုပ်အကိုင် ရရှိစေသည့် အဓိဌာန်မျိုးကဲ့သို့ မဟုတ်ပါ။ အဲဒီ့အဓိဌာန်ကတော့ အလုပ်မရှိလု့ိ့ပဲ ဖြစ်ဖြစ် အလုပ်ပိုကောင်းချင်လို့ပဲ ဖြစ်ဖြစ် ဝင်နိုင်လေ ကောင်းလေပါပဲ။

ဒီအဓိဌာန်ကတော့ တစ်ကယ်အကျပ်အတည်းဆိုက်ပြီး ပြဿနာပေါင်းစုံတက်နေသည့် အခြေအနေမျိုး ရောက်နေသည့် သူတွေအတွက် သီးသန့် ဖြစ်ပါတယ်။ ပိုမိုထက်မြက်ချင်သူများ သန့်ရှင်းရေး ကုသိုလ်လေးနဲ့ တွဲပြီး လုပ်ပါ။

ကံကြွေး ဝဋ်ကြွေးမး မဟုတ်ခဲ့ရင်တော့ သိသိသာသာကိုပဲ အဓိဌာန် ပြည့်မြောက်ပြီး တစ်ပတ်ခန့် အတွင်းမှာကို အခက်အခဲများ ပြေလျော့ သွားတတ်ပါတယ်ခင်ဗျား။ လက်တွေ့လည်း လူအများကို ကျွန်တော် ညွှန်ပေးနေသည့် အဓိဌာန်ဝင်နည်းလေးသာ ဖြစ်ပါတယ်။

ကျွန်တော်ကိုယ်တိုင်လည်း ဒုက္ခသုက္ခသိပ်ရောက်လာရင် ဘုရားမှတစ်ပါး ကိုးကွယ်ရာမရှိ၊ တရားမှတစ်ပါး ကိုးကွယ်ရာမရှိ၊ သံဃာမှတစ်ပါး ကိုးကွယ်ရာ မရှိပါခင်ဗျား။ ကိုယ်လုပ်မှ ကိုယ်ရနိုင်သလို တစ်ကယ်ဖြစ်ချင် တစ်ကယ်လုပ်နိုင်ဖို့သာ လိုအပ်ပါကြောင်း။ အခက်အခဲ အကျပ်အတည်းတို့မှ လွတ်မြောက်ကြပါစေသတည်း။

ဤပညာဒါနကုသိုလ်သည် ဖြစ်လေရာ ဘဝတိုင်းတွင် တပည့်တော်အား အခက်အခဲ အကျပ်အတည်း ဆိုက်ရောက်သည်တိုင်းတွင် များမကြာမီ လွတ်မြောက်စေသည့် အထောက်အပံ့ကောင်း ဖြစ်ပါစေသတည်း။

လေးမြတ်စွာဖြင့်

ကိုဖုန္း။ သုေတသီေဝသာလီေမာင္ဖုန္း။ ကိုစိုးမိုးထြန္း (ေဗဒင္ပညာသုေတသီ)

No comments:

Post a Comment