ဓမ္မရံကြီး သမိုင်းကို သိပီးမှသွားရင် ပိုပြီး ထိရောက်မယ်လို့ ယူဆတယ် အဲ့တွက်လဲ တလမ်းလုံး ကိုယ့်ယောက်ျားဆီ စပ်စုလာတယ် သူကလဲ သိသမျှ စိတ်ရှည်စွာ ဖြေရှာတယ် ကိုယ်မကြုံခင် အဖြစ်ထပ်သမိုင်းအရင်ပြောပြမယ်နော်
နဖူးတွေ့ဒူးတွေ့
……………………..
မှတ်ချက်
#တနေရာရောက်ရင် ဆိုင်ရာတွေ အတွက် ပွဲထိုးပြီး သူတို့ကို ဖိတ်ခေါ်လေ့ ရှိတယ် စမ်းသပ် ကြည့်တယ် တပည့်လေးတွေကို ပြန်ပြီး ဝေမျှနိုင်အောင်လို့ ပွဲထြိးပြီးကို တမင်ခေါ်တာ ပေးကျွေးပြီး အကူညီ တောင်းလို့လည်း ရသလို သူတို့လုပ်ရင်လဲ ကံနိမ့်ရင် ခံရသေးတယ် ခုဖြစ်တဲ့ ကိစ္စမှာ ကိုယ်က ခေါ်ပြီး မိန်းမလုပ်သူက ပရိတ်အရံအတားတွေ မရှိ ကိုယ်နဲ့လဲ အဝေးရောက်နေတော့ ကျေနပ်တဲ့ ပရလောကသားတွေက ဘာမှမလုပ်ပဲ နေတယ် မကျေနပ်တဲ့ ပရလောကသားတွေက ကိုယ့်ကို လုပ်မရတော့ သူတို့ကိုခြောက်တာပေါ့ အမှန်က ကိုယ်လိုသွားတာ (ကျမလင်ရဲ့ ရှင်းတမ်းပွဲဘာကြောင့် ပေးလဲ ရှင်းထားတာ)
Crd…..ကိုကို
စာရေးဆရာမ မဟုတ်ပါ
ရေးသူ HoneyWyne
(Unicode)
ဓမ္မရံကြီး အဖြစ်အပျက် ကိုယ်တွေ့နှင့် ကြားဖူးခဲ့တဲ့ သမိုင်း
ည ၉ နာရီ တိတိမှာ ပွဲထိုးရမှာ ဆိုတော့ ၈ ခွဲလောက် ထွက်ခဲ့တယ်
ဓမ္မရံကြီး သမိုင်းကို သိပီးမှသွားရင် ပိုပြီး ထိရောက်မယ်လို့ ယူဆတယ် အဲ့တွက်လဲ တလမ်းလုံး ကိုယ့်ယောကျ်ားဆီ စပ်စုလာတယ် သူကလဲ သိသမျှ စိတ်ရှည်စွာ ဖြေရှာတယ် ကိုယ်မကြုံခင် အဖြစ်ထပ်သမိုင်းအရင်ပြောပြမယ်နော်
ဓမ္မရံကြီးက အလောင်းစည်သူမင်းကြီးကို သူ့သား နရသူကရွှေဂူကြီး ဘုရားမှာ မကျန်းမာတာကို အခွင့်ရေးယူပီး ခေါင်းအုံးနဲ့ ဖိသတ်ခဲ့တယ်
အဲ့နောက် သူ့အပြစ်တွေ ဆေးကျောဖို့ ဓမ္မရံကြီးကို ခမ်းခမ်းနားနားနဲ့အကြီးကြီး တည်ဆောက်ဖို့လုပ်တယ် ပန်းရံဆရာတွေ ငှါးတယ် ဗိသုကာပညာရှင်တွေ ငှါးတယ် ဘုရားပတ်ပတ်လည် အသေပိတ်တယ် ပီးတော့ ပန်းရံဆရာတွေ ဗိသုကာပညာရှင်တွေကို နုတ်ပိတ်သတ်ပစ်တယ် ပိုဆိုးတာက မသတ်ခင် သူတို့ကိုယ်သူတို့ ကျိန်ဆို ခိုင်းတာပဲ (ကျိန်တာ သိပ်ကြောက်ဖို့ ကောင်းတယ်နော်) ဒီဓမ္မရံကြီးကို အမြဲစောင့် ရှောက်ပါ့မယ် ဆိုပြီး ကျိန်ဆိုခိုင်းတယ် အဲ့တော့ ခုထိမကျွတ်ကြတာ မဆန်းပါဘူး ဘာလို့အသေပိတ်ခိုင်းလဲ အဲ့ထဲဘာရှိလဲ ဆိုတာ ပန်းရံဆရာများ ဗိသုကာပညာရှင်တွေနဲ့ နရသူသာ သိလိမ့်မယ်
မယားကိုလဲ သတ်တဲ့ နရသူ အကိုကိုလဲ ထီးနန်းပေးသလို။နဲ့အစာအဆိပ်ခတ်ပစ်သတ်တဲ့ ကြမ်းကြုတ်ယုတ်မာတဲ့ နရသူ အိမ်သာတတ်ပြီး တိုင်းရေဆေးမချလို့ မယားက ရွံစရာ ညစ်ပတ်တဲ့ ဘုရင်လို့ပြောလို့ အပိုင်းပိုင်း ခုတ်ထစ်သတ်ခဲ့တဲ့ နရသူ ထိုသူတည်ထားတဲ့ ဓမ္မရံကြီးသွေးမြေတွေ ကျခဲ့ရတာမနည်း
ဓမ္မရံကြီးအဆောက်ဦးမှာ အပ်နဲ့ထိုးကြည့်ရင်တောင် ထိုးမရအောင် အပိတ် တည်ဆောက်ခိုင်းတဲ့ နရသူ သူစစ်ဆေးချိန် အပ်လေးနဲ့ထိုးကြည့် ရာမှာ အပ်ပေါက်လေးဖြစ်သွားလို့တဲ့ အဲ့နေရာအုပ်စီတဲ့ပန်းရံဆရာ လက်ဖြတ်ခံရသတဲ့ ကြမ်းကြုတ် လိုက်တဲ့မင်း
နောက်ဆုံးတော့ သူ့ယောက္ခမတော် သံလျက်နဲ့ အသက်ထွက် ခဲ့ရတယ် ဝဋ်ပေါ့နော်
နဖူးတွေ့ဒူးတွေ့
……………………..
ကဲရှိစေတော့သူ့သမိုင်းမသိခင် အဖကိုသတ် အကိုကိုသတ် မယားကိုသတ်တဲ့သူတည်ခဲ့တာဆိုတာပဲကိုယ်သိထားသေးတဲ့ အချိန်လေးပေါ့ ပွဲစပေး ဖယောင်းတိုင်စထွန်းကားပေါ်ကဆင်း ၊ အရှေ့ဘက်ကနေစပီးသြော် အရှေ့ဘက်မှာ မီးလင်းတော့ အထဲမီးထွန်းမယ် ထင်တာ သူက အရှေ့ဘက်လေးသာမီးထွန်းထားတာပါ အထဲမှာ လုံးဝ မထွန်းထားဘူး
ဓမ္မရံကြီးသွားရင် ကြည့်ကြည့်ပါ အမှောင်ထု အားကြီးလေ ထုထည်ကြီးက နေ့ဘက်နဲ့ တခြားစီပါ ထုထည်ကြီးမားလေပဲ အမြဲ နှစ်ထပ် နှစ်ထပ်ဖြစ်နေတယ် သူ့ပုံက
ညမှာ အပုတ်နံ့ကြီးက လှိုင်နေတာပဲ ငယ်ငယ်နဲ့ကိုယ်က နေ့လည်လဲ သွားထားတော့ လင်းနို့ချီးအနံ့လို့ပဲ ထင်နေတာ သွေးညှီနံ့ကြီးကဟောင်နေတာပဲ
(အမျိုးသားက အရှေ့ဘက်က ဘုရားမှာ ဂေါပကဘကြီးနဲ့ စကားပြောကျန်ခဲ့ချိန် ကိုယ်က ငယ်ငယ့်ခေါ်ပြီးဝင်ချလာတာ)
ရှေ့ဆက်လာပြီး အပြင်ဘက် မဟုတ်တဲ့ အတွင်းထဲက အနောက်ဘက် ဘုရားနား ရောက်တော့ ဇာတ်လမ်းစတော့တာပဲ ကိုယ်တွေ ခြေလမ်းက ၃ ယောက်သွားတာ ကားမောင်းတဲ့ အကိုရယ် လမ်းလျှောက်သံက အနောက်ကနေ ဆက်ဆက် ကြားလိုက်တာ
ကိုယ်တယောက်ထဲ ကြားတာမဟုတ်တော့ မယုံလို့မရဘူး လမ်းလျှောက်သံက လူအများကြီးလမ်းလျှောက်သံ ည ၉ နာရီ ထိုးခါနီပြီးအဲ့ချိန် ဘာလို့ နာရီခဏခဏ ကြည့်တာလဲ ဆိုတော့ အပြင်ဆောင်အနောက်ဘက်မှာ ပွဲစွန့်ရမှာ ၉ နာရီ ၁၀ မိနစ်ပါ
ဘယ်ရမလဲ မပြေးရုံတမယ် ထွက်ခဲ့ရတယ် အမြန် ကိုကိုက သင်ပေးထားဖူးတယ်လေ အဲ့လ ိုကြားရမြင်ရရင် မသိချင်ယောင် ဆောင်ပစ်လိုက်တဲ့ မသိချင်ယောင် ဆောင်လို့မှ မရတာ ခြေသံတွေကပြင်းသလားမမေးနဲ့ အဆောက်ဦးတွင်းတောင် လှိုင်သံ ပေါက်တယ်
ပြန်ထွက်လာတော့ အဆူတော့ ခံရတယ် လျှောက်ဝင်လို့တဲ့ ကံသာနိမ့်နေရင်ဘယ်အခြေနေထိဖြစ်တတ်လဲသူHotelရောက်မှပြောပြမှ ကြက်သီးတောင်ထတယ် ကံနိမ့်ရင် ပုံမှန်မဟုတ်တဲ့ပုံတွေမြင်ရတတ်ပြီး အဲ့ထပ်ဆိုးတဲ့အသံ ငိုသံ နားကျည်းစွာအော်ဟစ်သံအကုန်ကြားရတာတဲ့
အနောက်ဘက်ပွဲစွန့်ချိန် ၉နာရီ၁၀မိနစ် အနောက်ဘက်ကိုကားနဲ့ပတ်လာတာ ချိုင့်လဲမရှိပဲကားကြီးက အိကျသွားတယ် အပင်အောက်နားလေးကားထိုးရပ် အနောက်တံခါးဝထောင့်လေးမှာဖယောင်းတိုင်အနက်ထွန်း ရှိသမျှ အကုန်မေတ္တာပို့ အမျှဝေ ကိုကိုကသူ့ကိစ္စသူလုပ်ချိန် ကိုယ့်ယောင်းမက ကိုယ့်အနားကပ်လာပြီး ဟိုအပေါ်ထပ်အပေါက်ကိုကြည့်ကြည့်တဲ့ ကိုယ်လဲကြည့်တာပေါ့ ငါတို့အနောက်ဘက်တံခါးဝတည့်တည့်ကိုကြည့်နေတာတဲ့ ကိုယ်လဲဓာတ်မီးထိုးကြည့်တယ်မတွေ့ဘူး သူကကြောက်လို့ကားထဲကကိုထွက်မလာတော့ဘူး
လုပ်သင့်တာလုပ်ပြီး ကိုကိုပြောနေတာလေး ကြားတာက ခင်ဗျားတို့တွက် ပွဲလာလှူတာ ပါတဲ့ ကျန်တာတော့ သူပြောနေတာသိပ်မကြားတော့ဘူး အနောက်တံခါးဝ တည့်တည့် အနောက်မှာ ဘုရားလေးတစ်ဆူကို အုပ်မိုးထားတဲ့ အုတ်ကျောင်းအသေးလေးရှိတယ် ပုဂ္ဂိုလ်တစ်ဦးက အနောက်တံခါးဝ တည့်တည့်ကို လက်ညှိုး ထိုးပြီး ကျိန်စာတိုက်ခဲ့တဲ့ နေရာ ထိုကျိန်စာတိုက်သူကို အဲ့နေရာမှာပဲ ပြန်မြှုပ်ခဲ့တာတဲ့ ကြားခဲ့သိခဲ့ရတယ်
သူ့သမိုင်းက လူမသိကြသေးတဲ့ အကြောင်းတွေ အများကြီးတဲ့ အဲ့ကဘဘပြောပြတယ် ကိုကို့ကို
အနောက်ဘက်ကို သွားချင်ကြစမ်း ချင်ကြရင် လူညီမှ သွားစေချင်တယ် အရမ်းကြောက်တတ်တဲ့သူ လိပ်ပြာငယ်တဲ့ သူတွေ မသွားစေချင်ဘူး အမျိုးသားက သူတွေ့တာမြင်တာကြားတာ ပြောပြပေမယ့် ရေးခွင့် မပေးလို့ မရေးတော့ဘူးနော် ယောင်းမ မြင်တာကတော့ အနောက်ဘုရား နှစ်ဆူဘေးမှာ ထိုင်ပြီးကိုယ်တွေ ဘက်ကြည့် နေတာ
အပေါ်ထပ် အပေါက်ကနေ အနောက်ဆောင်ကို ကြည့်နေတာ သူမြင်ခဲ့တွေ့ခဲ့တာ ပေါ့နော် ကိုယ်တော့မမြင်ဘူး
ကိုယ်ကြားတာကတော့ ငြီးငြူသံသေးသေးလေးတွေ စကားပြောနေ ကြတာ ဘာမှ နားမလည်ပေမယ့် ဆူညံနေတာပဲ လေသံတိုးတိုး ရှဲရှဲနဲ့ ပြောနေသံ အမှန်တကယ် ကြားခဲ့ရတာ အဲ့ကြားရတဲ့ ဘက်သွားကြည့် မီးနဲ့ထိုးကြည့် ဘာမှမရှိဘူး
ကွေ့ရတဲ့ အကွေ့တွေဘက် မရောက်ခင် စကားတွေပြောပြီး သူတို့ကရှေ့က သွားနေတဲ့ အတိုင်းပဲ အမှီလိုက်လဲ မမှီသလိုရှိလဲ ရှိမနေဘူးလုံးဝ ခြေသံက အနောက်ဘက်ကနေ တဖြည်းဖြည်း ကျော်လာတော့ဝေးပြီး ကျန်ခဲ့တဲ့ပုံစံ အရှေ့ဘက် ရောက်ခါနီးတော့ မကြားရတော့ဘူး
တချို့ ကိုယ့်ထပ် ဆိုးတာကြုံဖူးကြမှာပါ မန့်မှာ ဝေမျှပေးသွားနော် ကိုယ်လဲဖတ်လို့ရတာပေါ့
ဗဟုသုတရတာပေါ့ နောက်နေ့ ကျိန်စာတွေသင့်နေတဲ့ မင်းနန်သူ အမတ်ကြီး အချုပ်ကျခဲ့တဲ့ နေရာရောက်ခဲ့တာ ကြုံခဲ့ရတာ ရေးတင်ပေးမယ်နော် တကယ်ကြုံရတော့ ရေးရတာ ပိုကောင်းတယ်
သူငယ်ချင်းတို့ ကြုံခဲ့ရတာ ဝေမျှပေးလေ အပျင်းလဲ ပြေ ဗဟုသုတလဲရတာပေါ့
မှတ်ချက်
အနောက်ဘက် အပြင်ဆောင်က ဘုရားအား ဓာတ်ပုံရိုက်ယူမခါတာ ကျိန်စာဘုရားဖြစ်နေလို့ပါ ပီးတော့ဦးမချခဲ့ဘူး ဦးမချခိုင်းလို့ အဲ့နေရာကနေ ပုဂ္ဂိုလ်တစ်ဦးက ကျိန်စာတိုက်ပြီး သေဆုံးခဲ့လို့ပါတဲ့ အနောက်ဘက် တည့်တည့်က ဘုရားလေးပါ သံဗန်းခက်ထားလိုက်ပြီ မည်သူမှ မသွားကြဘူး သွားရောက် လေ့လာချင်ရင် သွားနိုင်ပါတယ်
( ကျမအမျိုးသားရဲ့ရှင်းတမ်း ဘာကြောင့် ပွဲပေးသလဲ ဘာကြောင့် သွားသလဲဆိုတာ)
#ကိုယ်တွေက လောကီလမ်း လိုက်သူတွေ ဆိုတော့ ပရလောကသားတွေ အကူညီယူရတဲ့ အခါ ရှိတယ် သူတို့လက်မခံလို့ ခြောက်လန့်တာတွေလည်း ကြုံခဲ့ရတယ်
#တနေရာရောက်ရင် ဆိုင်ရာတွေ အတွက် ပွဲထိုးပြီး သူတို့ကို ဖိတ်ခေါ်လေ့ ရှိတယ် စမ်းသပ် ကြည့်တယ် တပည့်လေးတွေကို ပြန်ပြီး ဝေမျှနိုင်အောင်လို့ ပွဲထိြးပြီးကို တမင်ခေါ်တာ ပေးကျွေးပြီး အကူညီ တောင်းလို့လည်း ရသလို သူတို့လုပ်ရင်လဲ ကံနိမ့်ရင် ခံရသေးတယ် ခုဖြစ်တဲ့ ကိစ္စမှာ ကိုယ်က ခေါ်ပြီး မိန်းမလုပ်သူက ပရိတ်အရံအတားတွေ မရှိ ကိုယ်နဲ့လဲ အဝေးရောက်နေတော့ ကျေနပ်တဲ့ ပရလောကသားတွေက ဘာမှမလုပ်ပဲ နေတယ် မကျေနပ်တဲ့ ပရလောကသားတွေက ကိုယ့်ကို လုပ်မရတော့ သူတို့ကိုခြောက်တာပေါ့ အမှန်က ကိုယ်လိုသွားတာ (ကျမလင်ရဲ့ ရှင်းတမ်းပွဲဘာကြောင့် ပေးလဲ ရှင်းထားတာ)
Crd…..ကိုကို
စာရေးဆရာမ မဟုတ်ပါ
မိမိခရီးသွားတိုင်း ကြုံခဲ့သမျှအား မိမိအကောင့်ထဲမှ သူငယ်ချင်းများအား ဝေမျှခံစားခြင်းဖြစ်သည်
ရေးသူ HoneyWyne
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, January 13, 2019
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 13, 2019
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment