၁၀ဦး ေျမာက္ သမၼတႀကီး ဦးဝင္းျမင့္ ၏ ပိုင္ဆိုင္မွူ လႊတ္ေတာ္ မတင္နိုင္..သမၼတသစ္ျဖစ္လာသည့္ဦးဝင္းျမင့္တြင္ကိုယ္ပိုင္အိမ္ႏွင့္ေျမမရွိပါ။သမၼတျဖစ္လာသည့္အခါ ပိုင္ဆိုင္မွူ စာရင္းတင္သြင္းရမည္ျဖစ္သျဖင့္ပိုင္ဆိုင္မွု႔မျပနိုင္ေသာ ျမန္မာနိုင္ငံ၏ပထမဆုံးသမၼတျဖစ္လာခဲ့သည္။
ဦးဝင္းျမင့္သည္ တရားလႊတ္ေတာ္ေရွ႕ေနအျဖစ္လုပ္ကိုင္ခဲ့ဖူးၿပီးတာေမြၿမိဳ႕နယ္ ေျခာက္လႊာတိုက္ခန္း တစ္ခန္းတြင္ဇနီး/သမီးျဖစ္သူႏွင့္အတူ မိသားစုသုံးဦးေနထိုင္ခဲ့ပါသည္။၂၀၁၂ခုႏွစ္ၾကားျဖတ္ေရြးေကာက္ပြဲတြင္ လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္အေရြးခံ ရေသာအခါ ေနျပည္ေတာ္စည္ပင္ရိပ္သာတြင္တစ္ဦးတည္းေနထိုင္ခဲ့ၿပီး မိသားစုမွာ ရန္ကုန္တြင္က်န္ခဲ့ပါသည္။
၂၀၁၅တြင္လႊတ္ေတာ္ဥကၠဌျဖစ္လာသည့္ အခါက်မွ လႊတ္ေတာ္ဥကၠဌအိမ္ေတာ္သို႔ ေျပာင္းေရႊ႕ေနထိုင္ခဲ့ၾကပါသည္။ယခုအခါသမၼတအိမ္ေတာ္သို႔ေျပာင္းေရႊ႕ေနထိုင္မည္ျဖစ္ေသာ္လည္းကိုယ္ပိုင္အိမ္(လုံးျခင္း)ႏွင့္ေျမပိုင္ဆိုင္မွု႔ လုံးဝမရွိေသးပါ။ဦးဝင္းျမင့္၏သမီးမဂၤလာေဆာင္ကိုလည္း တခမ္းတနားက်င္းပျခင္းမျပဳလုပ္ခဲ့ဘဲ လက္ဖြဲ႕ျခင္းသီးခံပါဟုဖိတ္စာတြင္ေဖၚျပ၍ မဂၤလာေဆာင္မွအက်ိဳးအျမတ္ရွာေဖြျခင္း လုံးဝမျပဳလုပ္ခဲ့ဟုသိရပါသည္။
ဘဏ္အပ္ႏွံေငြလည္းမရွိပါ။
(7dayဂ်ာနယ္မွထုတ္ႏွုတ္၍အက်ဥ္းခ်ဳံး ေဖၚျပပါသည္)
OoAye/ khukhit
၁၀ဦး မြောက် သမ္မတကြီး ဦးဝင်းမြင့် ၏ ပိုင်ဆိုင်မှူ လွှတ်တော် မတင်နိုင်..သမ္မတသစ်ဖြစ်လာသည့်ဦးဝင်းမြင့်တွင်ကိုယ်ပိုင်အိမ်နှင့်မြေမရှိပါ။သမ္မတဖြစ်လာသည့်အခါ ပိုင်ဆိုင်မှူ စာရင်းတင်သွင်းရမည်ဖြစ်သဖြင့်ပိုင်ဆိုင်မှု့မပြနိုင်သော မြန်မာနိုင်ငံ၏ပထမဆုံးသမ္မတဖြစ်လာခဲ့သည်။
ဦးဝင်းမြင့်သည် တရားလွှတ်တော်ရှေ့နေအဖြစ်လုပ်ကိုင်ခဲ့ဖူးပြီးတာမွေမြို့နယ် ခြောက်လွှာတိုက်ခန်း တစ်ခန်းတွင်ဇနီး/သမီးဖြစ်သူနှင့်အတူ မိသားစုသုံးဦးနေထိုင်ခဲ့ပါသည်။၂၀၁၂ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ်အရွေးခံ ရသောအခါ နေပြည်တော်စည်ပင်ရိပ်သာတွင်တစ်ဦးတည်းနေထိုင်ခဲ့ပြီး မိသားစုမှာ ရန်ကုန်တွင်ကျန်ခဲ့ပါသည်။
၂၀၁၅တွင်လွှတ်တော်ဥက္ကဌဖြစ်လာသည့် အခါကျမှ လွှတ်တော်ဥက္ကဌအိမ်တော်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြပါသည်။ယခုအခါသမ္မတအိမ်တော်သို့ပြောင်းရွှေ့နေထိုင်မည်ဖြစ်သော်လည်းကိုယ်ပိုင်အိမ်(လုံးခြင်း)နှင့်မြေပိုင်ဆိုင်မှု့ လုံးဝမရှိသေးပါ။ဦးဝင်းမြင့်၏သမီးမင်္ဂလာဆောင်ကိုလည်း တခမ်းတနားကျင်းပခြင်းမပြုလုပ်ခဲ့ဘဲ လက်ဖွဲ့ခြင်းသီးခံပါဟုဖိတ်စာတွင်ဖေါ်ပြ၍ မင်္ဂလာဆောင်မှအကျိုးအမြတ်ရှာဖွေခြင်း လုံးဝမပြုလုပ်ခဲ့ဟုသိရပါသည်။
ဘဏ်အပ်နှံငွေလည်းမရှိပါ။
(7dayဂျာနယ်မှထုတ်နှုတ်၍အကျဉ်းချုံး ဖေါ်ပြပါသည်)
OoAye/ khukhit
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Sunday, January 13, 2019
၁၀ဦး ေျမာက္ သမၼတႀကီး ဦးဝင္းျမင့္၏ ပိုင္ဆိုင္မႉ လႊတ္ေတာ္ မတင္ႏိုင္
၁၀ဦး ေျမာက္ သမၼတႀကီး ဦးဝင္းျမင့္၏ ပိုင္ဆိုင္မႉ လႊတ္ေတာ္ မတင္ႏိုင္
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
January 13, 2019
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment